Thursday, November 21, 2013

စိန်စီထားသော စကားလုံးများ

“ စိန်စီထားသော စကားလုံးများ ”

၁ ။ သင်ဆင်းဆင်းရဲရဲ မွေးဖွားလာတာ သင့်အပြစ်မဟုတ်ပါဘူး ဒါပေမယ့် ဆင်းဆင်းရဲရဲနဲ့သေဆုံးသွားရင်တော့ သင့်အပြစ်ပါပဲ ။

၂ ။ သင်မွေးဖွားစဉ်က ကိုယ်ရည်ကိုယ်သွေး ညံ့ဖျဉ်းတာသင့်အပြစ်မဟုတ်ပါဘူး ။ ဒါပေမယ့် သေဆုံးသွားသည်အထိ ကိုယ်ရည်ကိုယ်သွေးညံ့ဖျင်းခဲ့ရင်တော့သင့်အပြစ်ပါပဲ ။

၃ ။ သင့်အိပ်မက်တွေ တကယ်ဖြစ်မလာသေးတာ သင့်အပြစ်မဟုတ်ပါဘူး ။ ဒါပေမယ့် အိပ်မက်ကို အိပ်မက်အတိုင်းပဲထားပြီး စလုပ်ဖို့မကြံစည်သေးတာ သင့်အပြစ်ပါပဲ ။

၎ ။ မလုပ်ဖူးပဲနဲ့မဖြစ်နိုင်ဘူးလို့မပြောပါနဲ့ ။ လုပ်ကြည့်ပြီးမှ ဖြစ်နိုင်မဖြစ်နိုင်ဆိုတာကိုပြောပါ ။

၅ ။ ကိုယ့်ကိုယ်ကို စည်းကမ်းတကျနေထိုင်ခြင်းဟာ ကိုယ့်ကိုယ်ကို အဆင့်မြှင့်တင်ခြင်းတစ်မျိုးပါပဲ ။

၆ ။ ဥာဏ်မရှိတဲ့လူက တစ်ခါရှုံးတယ် ၊ ၀ိရိယမရှိတဲ့လူက ၂ ခါ ရှုံးတယ် ။ ပျင်းတဲ့လူက အကြိမ်ကြိမ်ရှုံးတယ် ။

၇ ။ အကောင်းမြင်စိတ်များတဲ့သူတွေကို အောင်မြင်သူဖြစ်လာတယ် အဆိုးမြင်စိတ်များတဲ့သူက ရှုံးနိမ့်သူဖြစ်လာတယ် ။

၈ ။ ရှင်သန်ခြင်းရဲ့သော့ချက်က အသက်ရှုနေဖို့မဟုတ်ဘူး ဘာကြောင့် အသက်ရှူနေရတာလဲဆိုတာ “ သိ ” ဖို့ဖြစ်တယ် ။

၉ ။ ဘယ်ရာမှာမှ အဆုံးသတ်ဆိုတာမရှိဘူး အဆုံးသတ်လို့ထင်ရတဲ့အရာတွေရဲကနောက်ကွယ်မှာ အဆုံးမသတ်နိုင်သေးတဲ့ “ သံသရာ ” ခရီးရှည်ကြီးရှိတယ် ။

၁၀ ။ အမှားတွေလုပ်ခဲ့မိတဲ့အတွက် အပြစ်အတွက် အမှားတွေကို ပြန်လည်မပြင်ဆင်နိုင်တဲ့ သင့်အပြစ်က ပိုပြီးကြီးမားပါတယ် ။

ဘ၀အင်အားတွေ တိုးပွားကြပါစေ။
credit~~သက်တန့်ချို

No comments:

Post a Comment