Monday, November 4, 2013

အမူးသမား အပါး(၃၀)


အမူးသမား အပါး(၃၀)
..............................



(၁) ခွေးမူး.... မူးလာသည်နှင့် အခြားသူများကို ဒေါသထွက်ကာ ရန်ရှာတတ်သူ

(၂) ဆိတ်မူး..... တွေ့သမျှ စားစရာများ အမြည်းများကို တယောက်တည်း ဒိုင်ခံ အားပေးသောသူ

(၃) ကြက်မူး.... ရေချိန်မှန်လာလျှင် မိန်းကလေးများကိုသာ စိတ်ဝင်စားတော့သူ

(၄) မျောက်မူး....ခုန်ချင်ပေါက်ချင် ကချင်လာသူ

(၅) ၀က်မူး....တွေ့ရာနေရာတွင် ထိုးအိပ်တတ်သူ

(၆) ဆက်ရက်မူး..... အဆက်မပြတ် တော်ကီလွှတ်သောသူ

(၇) တောက်တဲ့မူး.....ခွါမရတော့အောင် ကပ်ရစ်၍ တိုင်ပတ်သောသူ

(၈) နွားမူး....မူးလာလျှင် ချည်တိုင်ကို သတိရ၍ ပြန်ရန်ပြင်တတ်သူ

(၉) ဖွတ်မူးပုတတ်မူး.... အမူးပြေသွားလျှင် မူးနေစဉ် လုပ်သည်များကိုဘာမျှမမှတ်မိဟု ပြောတတ်သူ

(၁၀) မြွေမူး... မည်မျှသောက်သောက် တွင်းဝင်ဖြောင့်သူ(လုပ်စရာရှိသည်များကို မမှားဘဲလုပ် နိုင်သူဟု ဆိုလိုသည်

(၁၁) သာလိကာမူး... နှစ်ပက်လောက်သောက်ပြီးတိုင်း ငါမူးနေပြီကွ ဟုအမြဲပြောတတ်သူ

(၁၂) ခိုမူး ....မူးလာရင် မပြေလည်တဲ့အကြောင်းတွေပြောပြီးညည်းတတ်သူ

(၁၃) ခြင်္သေ့မူး - မူးလာပါက လူတကာကို ဟိန်းလားဟောက်လား နှင့် သတ္တိကောင်းလာသူ

(၁၄) ကြောင်မူး - မူးလာပါက မိန်းကလေးများနှင့် ပွတ်သီးပွတ်သပ် နေချင်သူ

(၁၅) လဒမူး - မူးလာလေလေ မှိုင်လာလေလေ ဖြစ်လာသူ

(၁၆) တောခွေးမူး - မူးလာပြီး ဘော်ဒါစုံပါက အဖွဲ့အားကို နဲ့ မိုက်ချင်သူ

(၁၇) ဖားကပ်မူး - မူးသာမူးပြီး အိပ်ထဲက ပိုက်ဆံကို မထုတ်သူ

(၁၈) အိမ်မြှောင်မူး - မူးလာပါက ဆုံးရှုံးခဲ့သမျှကို စုတ်သတ်ပြီး ညည်းညူတတ်သူ

(၁၉) တောဝက်မူး - မူးလာပါက မြင်မြင်သမျှ အစွယ်နှင့် လိုက်ပက်သကဲ့သို့ရန်ရှာတတ်သူ

(၂၀)ပုတ်သင်မူး...မူးလာလျှင်ဘယ်သူပြောပြောမပြောပြောခေါင်းတညိမ့်ညိမ့် လုပ်နေတတ်သူ...

(၂၁) ခွေးမူးနောက်တမျိုး - မူးလာလျှင် မြင်မြင်ရာကားဘီး လမ်းဘေးသစ်ပင်၊
ဓါတ်တိုင်၊ အခန်းထောင့်တို့ကို ရှူရှူးပေါက်တတ်သူ။

(၂၂) မြင်းမူး - မူးလာလျှင် တဟီးဟီး တဟားဟား ရယ်တတ်သူ

(၂၃) ငှက်မူး - မူးလာရင် ငှက်ကဲ့သို ပျံတော့မတတ် တက်ကြွသူ

(၂၄) ပုရွက်ဆိတ်မူး - မူးလာလျှင် အလုပ်ကို မရပ်မနားတန်း လုပ်တတ်သူ

(၂၅) ဆင်မူး - မူးလာလျှင် လမ်းမှန်းမသိ ခြုံမှန်းမသိ တိုးချင်းရာ တိုးသူ

(၂၆) လိပ်မူး - မူးလာပါက လိပ်ကဲ့သို့ လုပ်သမျှ ပြောသမျှ နှေးကွေးသွားသူ

(၂၇) ပက်ကျိမူး - မူးလာရင် ဂျီကျ ချွဲနွဲ့တတ်သူ

(၂၈) ဆော်လမွန်ငါးမူး - ဘယ်လောက်မူးမူး အိမ်ပြန်ချိန်တွင် အိမ်ကိုအရောက်ပြန်သူ

(၂၉) ချေမူး - မူးလာပါက ချေ ( ဂျီ ) တစ်ကောင်ကဲ့သို့ အရာရာကို ကြောက်လာတတ်သူ

(၃၀) လင်းဆွဲမူး - မူးလာပါက ထိုင်နေလျှက် ကြမ်းပြင်ပေါ် ခေါင်းစိုက် သွားတတ်သူ

(ရွှေမြို့ တော် မှကူးယူဖော်ပြပါသည် )


ကျော်စံလင်း

No comments:

Post a Comment