Tuesday, November 5, 2013

အရေးပေါ် (ဟာသ)

အရေးပေါ်


အရေးပေါ်လူနာတင်ကားတစီး ရန်ကုန်ဆေးရုံကြီးသို့ အမြန်မောင်းကာရောက်လာ၏။
ဆေးရုံရှိ ၀န်ထမ်းများ ပြေးဆင်းလာကြ၏။
ဝန်ထမ်းတဦးမှ ကားထဲသို့ ချောင်းကြည့်ပီး နားမလည်သောအသံဖြင့် လူနာတင်ကား ဒရိုင်ဘာကို လှမ်းမေး၏။
" မင်း တယ်လီဖုန်းကနေ သတင်းပို့တော့ ကားတိုက်ခံရတဲ့ လူနာတစ်ယောက်ကို တင်လာမှာဆို။အခု လေးယောက်တောင် ဖြစ်နေပါလားကွ "
ဒရိုင်ဘာက ဂုဏ်ယူဝင့်ကြွားသံဖြင့်ပြန်ပြောလိုက်တာက....
" ကျန်တဲ့ လူတွေက အလာလမ်းမှာ ကျနော်တိုက်လာခဲ့တာ.." ..တဲ့

Credit - Original Writer


ဒီရက်ပိုင်း ဟာသတွေချည်းပဲတင်နေတယ် မထင်ပါနဲ့ဗျာ စိတ်ညစ်လို့ပါ...
ကျော်စံလင်း

No comments:

Post a Comment