Wednesday, November 6, 2013

ဒိုင်ယာရီ မှ

လူက အားလည်းအား ပျော်လည်းပျော်ဆိုရင် သူများတွေကိုပါ ကူးစေချင်တဲ့ဓါတ်ခံလေးကရှိလေတော့...

ဖေ့ဘုတ်ပေါ်က တစ်ခုလောက်ဝေမျှမယ်....

စဉ်းစားကြည့်တာပါ


'ရေကူးခြင်း' ဟာ ကိုယ်ခန္ဓာ သွယ်လျဖို့ အားကစားနည်းကောင်း တစ်ခုဆိုရင် ဘာလို့များ 'ဝေလငါး' တွေဟာ ဝဝဖြိုးဖြိုး ဖြစ်နေရတာလဲ? :D အားကစားရုံတွေမှာ ကျွန်တော်တို့ ထိုင်ကြည့်တဲ့ နေရာကို ဘာလို့ စတန်း( Stand) လို့ခေါ်ရတာလဲ? :D စစ်တုရင် အားကစားနည်းမှာတောင် လူမျိုးရေးခွဲခြားတာရှိတယ် အမြဲတမ်း အဖြူကောင် က စတင် လှုပ် ရှား ရ တယ် :D ငါတို့ နိုင် ငံ မှာ လွတ် လပ် စွာ စကားပြောဆိုခွင့်ရှိတယ် ဒါဆိုရင် ဘာလို့များ Phone Bill တွေ ပေး နေ ရ တာ လဲ? :D နိုင် ငံ တိုင်း ဟာ အ ကြွေး နဲ့ မ ကင်း ဘူး ဒါဆို အဲဒီ ပိုက်ဆံတွေ ဘယ်နားရောက်သွားတာလဲ? :D 'Copyright' ဆိုတဲ့ စကားလုံးကို ဘယ်သူပိုင် လဲ? :D 'Black Box' ဆိုတဲ့ Flight Recorder ဟာလေယာဉ်တစ်စီးလုံး ပျက်ကျသွားရင်တောင် မပျက်စီးဘဲ ရှိနေခဲ့တယ် ဒါဆိုရင် ဘာလို့များ လေယာဉ်တစ်စီးလုံးကို Black Box ဆိုတဲ့ အရာနဲ့ မတည်ဆောက်ကြတာလဲ? :D တကယ်တော့ ကျွန်တော်တို့နေတဲ့ ဟောဒီ ကမ္ဘာကြီးက နေတတ် ရင် ရယ်မောစရာကြီး ပါ ဗျာ :D ဒိုင်ယာရီ (8.10.2013)

No comments:

Post a Comment