Monday, November 25, 2013

မာ***နိမ်း (ဟာသ)

မာ***နိမ်း

တစ်ခါက နိုင်ငံခြားသား တစ်ယောက်ဟာ အိန္ဒိယကို ရောက်တော့ တက္ကစီ ငှားစီးပါတယ်။ တက္ကစီနဲ့ လျှောက်သွားရင်း တစ်နေရာ ရောက်တော့
အလွန်ခမ်းနားတဲ့ အိမ်ကြီး တစ်အိမ်ကို တွေ့ပါတယ်။ အဲဒါနဲ့ သူက တက္ကစီ
ဒရိုင်ဘာကို “ဒါဘယ်သူ့ အိမ်ကြီးလဲ။” လို့ မေးတော့ တက္ကစီသမားက “မာ***နိမ်း”
လို့ ပြန်ဖြေပါတယ်။

အဲဒီလိုနဲ့ ဆက်သွားရင်း တနေရာ အရောက်မှာ အပျံစား ကားကြီး တစ်စီးကို တွေ့ပြန် ပါတယ်။ အဲဒီ အခါမှာလည်း သူက “ဒါဘယ်သူ့
ကားကြီးလဲ။” လို့ မေးကြည့်ပါတယ်။ တက္ကစီ ဒရိုင်ဘာက “ မာ***နိမ်း” လို့
ပြန်ဖြေ ပြန်ပါတယ်။ နိုင်ငံခြားသားကတော့ မာ***နိမ်းဆိုတဲ့သူ အတော်
ချမ်းသာတာပဲ လို့ တွေးပါတယ်။

အဲဒီလိုနဲ့ ဆက်သွားရင်း လမ်းမှာ အသုဘ တစ်ခုကို တွေ့ပြန်ပါတယ်။ အဲဒီအခါမှာ နိုင်ငံခြားသားက ဒါဘယ်သူ့ အသုဘလည်း
မေးတော့ တက္ကစီသမားက “မာ***နိမ်း” လို့ ပြန်ဖြေပါတယ်။ နိုင်ငံခြားသားကတော့
“အော်။ မာ***နိမ်းကြီး သေရှာပြီကိုး။” လို့ သနားတဲ့ အသံနဲ့ ရေရွတ်
လိုက်ပါတယ်။
(မာ***နိမ်း= မသိဘူး။)

cr >> original writer
ဦးမောင်ကြီး

No comments:

Post a Comment