အင်တာဗျုး
မေး။ ။အကောင်းမြင်တဲ့လူ ဟာ ဘယ်လိုလူမျိုးလဲ။
ဖြေ။ ။သတင်း အပြည့်အစုံ မရ တဲ့ သူ ပါ။
မေး။ ။လူတယောက်ကို တစ်နေ့လုံးမနားရအောင်ခိုင်းနည်း။သိပါသလား။
ဖြေ။ ။စာရွက်အလွတ် တစ်ရွက်ယူပီး။နောက်ကျောကို ကြည့် လို့ နှစ်ဖက်လုံးမှာရေးလိုက်ပါ။
မေး။ ။နိဗ္ဗာန် နဲ့ ငရဲ ဘယ်ဟာကပိုသာတယ် ထင်သလဲ။
ဖြေ။ ။ရာသီဥတု ရှူ့ထောင့်ကကြည့်ရင်...နိဗ္ဗာန်..ကပိုသာပါတယ်။ဒါပေမဲ့ ငရဲမှာက အပေါင်းအသင်းပိုများပါတယ်။
မေး။ ။ဆေးရုံနဲ့ထောင်ဘာကွာလဲ။
ဖြေ။ ။ဘာမှမကွာပါဖူး။ဒါပေမဲ့ ထောင်မှာက ကိုယ်နေရမဲ့ သက်တမ်းကိုသိပါတယ်။
မေး။ ။ဆံပင်မဖြူအောင် ဘာလုပ်ရမလဲ။
ဖြေ။ ။ကတုန်း တုန်း ရပါမယ်။
မေး။ ။ရိုးသားတဲ့လူကို ၀ယ်လို့ရလား။
ဖြေ။ ။ဝယ်လို့မရပါဖူး။ရောင်း....လို့တော့ရပါတယ်။
မေး။ ။သားဖွားတာ ဘယ်နှစ်မျိုးရှိပါသလဲ။
ဖြေ။ ။သုံးမျိုးရှိပါတယ်။ မင်္ဂလာမဆောင်ခင်တနှစ်အလိုမှာမွေးဖွားရင် အချိန်မရောက်ပဲ..မွေးဖွားခြင်း။
ယောက်ကျားသေပီး တစ်နှစ်အကြာမှာမွေးရင် နောက်ကျပီးမွေးဖွားခြင်း ။
ကိုယ့်မိန်းမမဟုတ်ပဲ အိမ်နားနီးချင်းမိန်းမက မွေးဖွားရင် မှားယွင်းသောမွေးဖွားခြင်း။
မေး။ ။ပျော်ရွှင်ခြင်းနဲ့ ၀မ်းနဲခြင်း ကိုဥပမာပေးပါ။
ဖြေ။ ။ပိုက်ဆံအိပ်ကောက်ရ ရင်ပျော်ရွှင်ရပါတယ်။
အဲ။....အဲဒီပိုက်ဆံအိတ်ပိုင်ရှင် ပေါ်လာရင် တော့ ၀မ်းနည်းရပါတယ်။
မေး။ ။အကောင်းဆုံးပိန်နည်း ကဘာလဲ။
ဖြေ။ ။ဗိုက်ထဲမှာ ဘာမှ မရှိရင် ဘာမှ မစားပါနဲ့။
မေး။ ။ရေဒီယိုနဲ့ ရုပ်မြင် သံကြားဘာကွာပါသလဲ။
ဖြေ။ ။ရေဒီယိုမှာက စိတ် အနှောက်အယှက်ကို ကြားပဲကြားရပါတယ်....ရုပ်မြင်သံကြားမှာကြတော့ သူတို့ကို မြင်ပါမြင်ရပါတယ်။
မေး။ ။ချစ်သူနဲ့ဖက်ရမ်းနမ်း ရှုပ်စဉ်မှာ အမျိုးသမီးများ ဟာ ဘာလို့ မျက်စိမှိတ်ထားကြပါသလဲ။
ဖြေ။ ။အရင်က...နမ်းခဲ့တဲ့ သူတွေအကြောင်းကို စဉ်းစားနေလို့ပါ။
မေး။ ။ဘယ်အချိန်မှာ မိန်းမတွေ အတင်း အဖျင်းအနဲဆုံး ပြောကြပါသလဲ။
ဖြေ။ ။ဖေဖော်ဝါရီလပါ။ အတိုဆုံးလ ဖြစ်လို့ပါ။
ရယ်မောပျော်ရွှင်ကြပါစေ။
credit~~zawmyo~
ဝေမျှပါသည်...
ကျော်စံလင်း
No comments:
Post a Comment