သံသယကြီးသူ…
သောကြာတစ်ည၏ညဥ့်နက်ပိုင်းတွင်
ရဲအရာရှိတစ်ယောက်သည် လမ်းပေါ်တွင် ကားကိုယိမ်းထိုးမောင်းနှင်လာသည့်
လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ရဲသားက ထိုလူမောင်းလာသည့်ကားကို ရပ်တန့်စေပြီး
ယနေ့ညနေပိုင်းတွင်
အရက်သောက်ထားခြင်းရှိ၊မရှိ မေးမြန်းလေသည်။
“အာ..သောက်ဖြစ်တာပေါ့။ ဒီနေ့သောကြာနေ့ပဲဟာ။ ကျွန်တော်နဲ့အပေါင်းအသင်းတစ်ယောက် ဆိုင်မှာဝင်ပြီး ခြောက်ခွက်၊ခုနစ်ခွက်လောက်တော့ သောက်ဖြစ်လိုက်တယ်။ အဲဒီနောက် ဆိုင်က အထူးအစီအစဉ်လေးလုပ်ပေးလို့ လေး၊ ငါးခွက်လောက်ထပ်ချဖြစ်လိုက်သေးတယ်။ အဲ..နောက်တော့ ကျွန်တော့်သူငယ်ချင်းကို အိမ်လိုက်ပို့ပြီး
နည်းနည်းထပ်တင်လိုက်ရသေးတယ်။ ပြီးမှ အိမ်ပြန်လာရင်း လိုလိုမယ်မယ် တစ်လုံးဆွဲလာခဲ့တယ်ဗျ…”
ပြောပြီးသူက ကုတ်အင်္ကျီထဲ ဟိုစမ်းသည်စမ်းလုပ်၍ ၀ီစကီတစ်ပုလင်းကိုဆွဲထုတ်လိုက်ကာ ထောင်ကြည့်နေသည်။
ရဲအရာရှိက
သက်ပြင်းချလိုက်ပြီး
“ဆရာ…စိတ်မကောင်းပါဘူး။ ကားထဲကထွက်ပြီး အယ်လ်ကိုဟောစစ်တဲ့ကရိယာနဲ့ အစစ်ဆေးခံရပါမယ်ခင်ဗျာ”
“ဆရာ…စိတ်မကောင်းပါဘူး။ ကားထဲကထွက်ပြီး အယ်လ်ကိုဟောစစ်တဲ့ကရိယာနဲ့ အစစ်ဆေးခံရပါမယ်ခင်ဗျာ”
ထိုအခါ
စိတ်ဆိုးမာန်ဆိုးဖြင့် သူပြန်မေးလိုက်သည်မှာ
“ ဘာဗျ…ခင်ဗျားကကျုပ်သောက်ထားတယ်ဆိုတာ မယုံဘူးပေါ့…ဟုတ်လား”
“ ဘာဗျ…ခင်ဗျားကကျုပ်သောက်ထားတယ်ဆိုတာ မယုံဘူးပေါ့…ဟုတ်လား”
ကျော်စံလင်း...
No comments:
Post a Comment