ဘာရယ်ညာရယ်မဟုတ် လူရှိန်တာပေါ့....
အသက်ရှူ မမှားကြေး
ဝင်မလာခင်အခိုက်အတန့်လေးမှာ
အသက်ကို ဖျော့တယ်ဆိုယုံလောက်လေးပဲ
ရှူ
ရှိုက်
ခဲ့
ခေါင်းလေးကိုပါ ဘယ်ညာခါယမ်း
လှစ်ဟာပြမယ်လို့ဆိုသော ဒီသုညအက္ခရာငယ်လေး
သူ သေ သွား ပြီ။
ဂျစ်တိုက်တက်တဲ့
လောကနဲ့ အနုအရွ မပါတဲ့ ရသ
ပေါင်းစပ်ပြီး အတွေးတွေ ခဝါချ၊
ပြာကျလဲ နင်ကတော့ ပြုံးလျှက်ပဲ။
ပေါင်းစပ်ပြီး အတွေးတွေ ခဝါချ၊
ပြာကျလဲ နင်ကတော့ ပြုံးလျှက်ပဲ။
ယုံနိုင်စရာ
မရှိပေမယ့် သူပုံပြင်ဆန်ခဲ့တယ်၊
ဘ၀မှာ ရုပ်သေးရုပ်တွေ ဘယ်လောက်တောင်များခဲ့လည်း
နောက်စေ့တည့်တည့်မှာ ရောင်ခြည်တန်းလေး
ဝေ့ကာ ၀ိုက်ကာ သူဖြာကျနေလျက်လေး
လွယ်လင့်တကူ အိပ်ယာနိုးခဲ့တယ်။
ဘ၀မှာ ရုပ်သေးရုပ်တွေ ဘယ်လောက်တောင်များခဲ့လည်း
နောက်စေ့တည့်တည့်မှာ ရောင်ခြည်တန်းလေး
ဝေ့ကာ ၀ိုက်ကာ သူဖြာကျနေလျက်လေး
လွယ်လင့်တကူ အိပ်ယာနိုးခဲ့တယ်။
မာနတွေ
လှောင်တိုက်သွင်း
ဆူးခင်းလမ်းကိုမှ ရွေး
အနုအရွ မရှိတဲ့ စရိုက်ကြမ်းကြမ်းနဲ့
လောကကို အရွဲ့တိုက်ဖို့
ပဝါပါးပါး တစ်ချက်
အသင့်ရှိဖို့တော့ ကောင်းတယ်။
ဆူးခင်းလမ်းကိုမှ ရွေး
အနုအရွ မရှိတဲ့ စရိုက်ကြမ်းကြမ်းနဲ့
လောကကို အရွဲ့တိုက်ဖို့
ပဝါပါးပါး တစ်ချက်
အသင့်ရှိဖို့တော့ ကောင်းတယ်။
မလည်မ၀ယ်မဟုတ်ဘူး
အမှန်တကယ်လည်းမဟုတ်ဘူး
ကန်ပတ်လမ်းမှာ လူသတ်မှုဖြစ်တုန်းက ဆို့ကနဲဖြစ်ပေါ်လာတဲ့
ခံစားချက်။
ကြားပါတယ် ရှင့် လို့ဆိုအပ်သော တယ်လီဖုန်းသံ သဲ့ သဲ့
တိတ်စမ်းတော့ အပိုအလိုနဲ့ မပိုမသာလေး
ခပ်သော့သော့ နှင်လိုက်စမ်း။
စောင့်နေလိုက် အဲ့ဒီမှာ ထိုင်သာဆောင့်နေလိုက်
နွေရာသီ မကုန်မချင်း။
ကန်ပတ်လမ်းမှာ လူသတ်မှုဖြစ်တုန်းက ဆို့ကနဲဖြစ်ပေါ်လာတဲ့
ခံစားချက်။
ကြားပါတယ် ရှင့် လို့ဆိုအပ်သော တယ်လီဖုန်းသံ သဲ့ သဲ့
တိတ်စမ်းတော့ အပိုအလိုနဲ့ မပိုမသာလေး
ခပ်သော့သော့ နှင်လိုက်စမ်း။
စောင့်နေလိုက် အဲ့ဒီမှာ ထိုင်သာဆောင့်နေလိုက်
နွေရာသီ မကုန်မချင်း။
ခပ်သောသောအပြောရယ်
ခပ်လှောင်လှောင်အပြုံးတွေက
ရံဖန်ရံခါ ဝင်ရောက်လာ တက်သလို
မုန်တိုင်းပဲ ထန်တော့မလို ကမ္ဘာပဲ ပျက်တော့မလို
စကားလုံးဆန်းဆန်းတွေနဲ့ ငါ့ရာဇဝင် ကိုပိုင်စားလို့
အတ္တတွေ မြေခ တယုတယမဆန်လဲ
အနတ္တ ဘဝမို့ ဆန်းတယ်လို့ မပြောတော့ပါဘူး
ရံဖန်ရံခါ ဝင်ရောက်လာ တက်သလို
မုန်တိုင်းပဲ ထန်တော့မလို ကမ္ဘာပဲ ပျက်တော့မလို
စကားလုံးဆန်းဆန်းတွေနဲ့ ငါ့ရာဇဝင် ကိုပိုင်စားလို့
အတ္တတွေ မြေခ တယုတယမဆန်လဲ
အနတ္တ ဘဝမို့ ဆန်းတယ်လို့ မပြောတော့ပါဘူး
အဆင်ပြေလား
နေရထိုင်ရတာ။
No comments:
Post a Comment