ခိခိ ဒီတခါတော့ ဘာရယ်မဟုတ်ဘူး ခံစားမိလို့ ပြန်ဝေမျှလိုက်တယ်...
ကောင်မလေး က ချစ်သူကောင်လေးကို မေးတယ်။
ကောင်မလေး ။ ။နင် ငါ့ကို ဘာလို့ချစ်တာလဲ?
ကောင်လေး ။ ။ငါ့မှာ အကြောင်းပြချက်မရှိဘူး။
ကောင်မလေး ။ ။ မရဘူး။ တခုဖြစ်ဖြစ်ပေး။
ကောင်လေး ။ ။ ကောင်းပြီ။ နင်က လှတယ်။ ချစ်ဖို့ကောင်းတယ်။
ကောင်မလေး ကျေနပ်သွားတယ်။
တစ်နေ့ ကောင်မလေး ကားတိုက်ပြီး မျက်နှာပျက်စီးသွားတယ်။
ကောင်မလေး ။ ။နင် ငါ့ကို ချစ်သေးရဲ့လား တဲ့?
ကောင်လေး ။ ။ နင် အခု မလှတော့ဘူး။ ချစ်ဖို့ကောင်းတဲ့ မျက်နှာလည်းမရှိတော့ဘူး။
ကောင်မလေး ငိုတော့....သူမ လက်ကိုဆုတ်ကိုင်ပြီး..
ကောင်လေး ။ ။နင် အခု နားလည်ပြီလား။
" ငါ့အချစ်မှာ အကြောင်းပြချက်မရှိဘူး။ နင် ဆိုတဲ့ အသိလေးနဲ့တင် နင် ဘာကြီးဖြစ်နေနေ နင့်ကို ငါချစ်နေအုန်းမှာပဲ။ "
(ချစ်သူတိုင်း ဒီလိုချစ်ခြင်းမျိုးနဲ့ ချစ်နိုင်ကြပါစေ။)
IT Care မှပြန်လည်ဝေမျှပါသည်၊
ကျော်စံလင်း
No comments:
Post a Comment