Monday, November 4, 2013

မှတ်သားစရာ ဘဝစည်းမျဉ်းများ

ပျင်းလိုက်တာဗျာ...
ကိုယ်တိုင်လဲအသစ်တွေဘာမှမရေးနိုင်ဘူး
ရေးပီးသားတွေကိုလည်း ပြန်မတင်ပေးနိုင်သေးဘူး...

INterNet ပေါ်မှာ တွေသမျှလေးတွေကိုပဲ မရှက်မကြောက် ပြန်ရှဲလိုက်ဦးမှပဲ....
ပုံ ကျော်စံလင်း

မှတ်သားစရာ ဘဝစည်းမျဉ်းများ - - - - - - - - - - - - - - - - - - 

၁) ဘယ်သူ့အတွက်ကြောင့်မှ ဘယ်တော့မှ လက်မလျှော့ပါနဲ့... မမျှော်မှန်းနိုင်တဲ့ အခြေအနေတွေဟာ နေ့စဉ်နဲ့အမျှ ဖြစ်နေတတ်ပါတယ်... 
 ၂) သတ္တိရှိပါ... သင့်မှာသတ္တိမရှိရင်တောင်မှ ရှိချင်ဟန်ဆောင်ပါ... သတ္တိတကယ်ရှိမရှိဆိုတာ ဘယ်သူမှ သေချာမပြောနိုင်ပါဘူး... 
၃) ကြီးကြီးမားမားတွေးတောကြံစည်ပါ... ကျေနပ်မှု အသေးစားလေးတွေကို နှစ်သက်ခံစားပါ... ၄) နားထောင်တတ်ပါစေ.... အခွင့်အရေးဆိုတာ တစ်ခါတစ်လေမှာ သင့်တံခါးဝကို ခပ်ဖြည်းဖြည်းပဲခေါက်တတ်ပါတယ်..
၅) လူတစ်ယောက်ရဲ့ မျှော်လင့်ချက်ကို ဘယ်တော့မှ မပိတ်ပင်ပါနဲ့... သူတို့မှာရှိတဲ့ တစ်ခုတည်းသောအရာက အဲ့ဒီမျှော်လင့်ချက်ဖြစ်နေ တတ်ပါတယ်... 
၆) အကောင်းဆုံးဖြစ်အောင် ကြိုးစားပါ... အပြည့်စုံဆုံးဖြစ်ဖို့ မကြိုးစားပါနဲ့... 
၇) အတိတ်ကအမှားတွေအပေါ် ဝမ်းနည်းကြေကွဲရင်း အချိန်ကိုမဖြုန်းပါနဲ့... အမှားကနေ သင်ခန်းစာယူပါ... ရှေ့ဆက်သွားပါ... 
၈) တစ်ယောက်ယောက်က သင့်ကိုထွေးပွေ့ထားတဲ့အခါ သင်ကစပြီး မခွဲခွာလိုက်ပါနဲ့... သူတို့ဘာသာ ပြန်လွှတ်တဲ့အထိ စောင့်ပေးလိုက်ပါ... 
၉) ပေါင်းစည်းလို့ရတဲ့ အရာတွေကို ဘယ်တော့မှ မဖြတ်တောက်ပစ်ပါနဲ့... 
၁၀) အမြဲတမ်း မျှတတဲ့ဘဝကိုရနိုင်ဖို့ မမျှော်လင့်ပါနဲ့... 
၁၁) အောင်စိတ်ရှိတဲ့သူဆီကို အောင်မြင်မှုက အရင်ဆုံးရောက်လာတတ်တယ်ဆိုတာ သတိရပါ... 
၁၂) တစ်စုံတစ်ယောက်ကို ချစ်ခင်နှစ်သက်ကြောင်းပြောဖို့ အခွင့်အရေးကို ဘယ်တော့မှ ဖြုန်းတီးမပစ်ပါနဲ့... 
၁၃) ဘယ်သူမှ တစ်ယောက်ထဲ ရပ်တည်လို့မရဘူးဆိုတာကို သတိရပါ... ကြီးမြတ်တဲ့ နှလုံးသားရှိပါ... သင့်ကိုကူညီတဲ့သူကို အမြန်ဆုံး ကျေးဇူးတင်လိုက်ပါ... 
၁၄) ကြင်နာတဲ့စကားလေးတစ်ခွန်းရဲ့ စွမ်းအင်နဲ့ လေးနက်မှုအပေါ် ဘယ်တော့မှ လျှော့မတွက်ပါနဲ့... 
၁၅) အားပါးတရ ရယ်မောလိုက်ပါ... ဘဝရဲ့ ဝေဒနာအားလုံးနီးပါးကို အပျော်စိတ်လေးနဲ့ ကုစားနိုင်ပါတယ်... 
၁၆) ပြဿနာကြီးတွေကို သေချာစောင့်ကြည့်ပါ... သူတို့ဟာ အခွင့်အရေးကြီးကြီးမားမားတွေကို ဖုံးကွယ်ထားတာဖြစ်နိုင်ပါတယ်... 

Ref: Daily Health Tips နှိုင်းရင့်နွေ

No comments:

Post a Comment