Monday, November 25, 2013

ရွှေချထားရမယ် (ဟာသ)

တရားသူကြီး ဦးဏှောက် ရွှေချထားရမယ် ..

တရားမျှတလိုက်ပုံက....................

တစ်ခါကဆိတ်တစ်ကောင်က မောင်အေးရဲ့ ခြံထဲက ဟင်းသီးဟင်းရွက်တွေ စားပြီးဖျက်ဆီးပစ်လို့  မောင်အေးကရိုက်သတ်လိုက် သတဲ့။ အဲ့ဒီတော့ ဆိတ်ပိုင်ရှင်မောင်ခွေးက တင်းပြီးထင်တုံးနဲ့ ပေါက်လိုက်တာ မောင်အေး မိန်းမကိုမှန်ပြီး ကိုယ်ဝန်သုံးလ ပျက်ကျသွားတယ်။ ဒီလိုနဲ့ အချင်းများပြီး ရပ်ကွက်ကောင်စီ တရားရုံးကို ရောက်လာတော့ တရားသူကြီးက အဖြစ်အပျက်အစုံအလင်ကို နားထောင်ပြီး စီရင်ချက်ချလိုက်ပုံက မောင်အေးက မောင်ခွေးရဲ့ဆိတ်ကို သတ်လို့ ဆိတ်တစ်ကောင်ပြန် အစားပေးစေ။ မောင်ခွေးက မောင်အေးမိန်းမ ကိုယ်ဝန်သုံးလ ပျက်ကျအောင်လုပ်လို့  မောင်အေးမိန်းမကို ကိုယ်ဝန်သုံးလ ရှိအောင်ပြန်လုပ်ပေးစေတဲ့။

Credit - Original Writer


ကျော်စံလင်း
 ရှာဖွေဖော်ပြပါသည်။

No comments:

Post a Comment