အကြွေး
အသိတစ်ယောက်ရှိပါတယ်..။ သူ့ အကျင့်က
ပိုက်ဆံချေးပြီးရင် ပြန်မဆပ်တတ်ပါဘူး။ အချိန်ကြာလို့ ကိုယ်က
သတိပေးရင်တော့ပြောရှာပါတယ်... " အာ.. မေ့နေလို့ ကွာ...ဘာတွေဝယ်လိုက်တာ
ကုန်သွားတယ်... ဘယ်သူ့ ကိုချေးလိုက်ရလို့  " နဲ့ ပေါ့။ ကျွန်တော်လည်း
ဒီကောင်နောက် တစ်ခါလိုရင်တော့ လား...ဆိုပြီး ဒဏ်ခတ်ထားလိုက်ပါတယ်။ ကိုယ်မှာ
သုံးစရာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကိုယ် ချေးထားတဲ့ပိုက်ဆံကို
ပြန်လိုချင်တာ သဘာဝကျမယ်လို့ ထင်ပါတယ်...။ ဒီမှာ ကျွန်တော်စဉ်းစားမိပါတယ်
ကိုယ်တိုင်တောင် ဒီလောက်ပိုက်ဆံကို ပြန်မဆပ်လို့ ဆိုပြီး ဒဏ်ခတ်သလို သဘာဝတရားကြီးကရော
မိဘအကြွေးမဆပ်သူတွေကို ဒဏ်မခတ်နိုင်ဘူးလားပေါ့ ကျွန်တော်ဥာဏ်မှီသလောက်
အကြွေးမဆပ်ဖြစ်တဲ့ အကြောင်းရင်းတွေကိုစဉ်းစားကြည့်တော့...
(၁) သတိမေ့နေလို
့မဆပ်ဖြစ်တဲ့လူတွေရှိမယ်..
(၂) ဆပ်ခွင့်မရလိုက်လို
့မဆပ်ရသူရှိမယ်...
(၃) ဆပ်နိုင်တဲ့ အခြေနေရှိပါရက်နဲ့ 
တစ်ခြားကိစ္စတွေအတွက်ကုန်ပြီး မဆပ်ဖြစ်တာရှိမယ်...
(၄) မိမိကိုယ်တိုင်
ဆင်းရဲကျပ်တည်းစွာရုန်းကန်နေရတဲ့အတွက် မပြေလည်လို့  ပြန်မဆပ်နိုင်တာရှိမယ်...
(၅) ဆပ်ဖို့ မလိုအပ်ဘူးထင်လို့ 
ပြန်မဆပ်သူတွေရှိမယ်...
(၆) အကြွေးသစ်တွေချည်းပဲ ပေးနေရလို့ 
ကြွေးဟောင်းကို ပြန်မဆပ်နိုင်တာရှိမယ်။
(၇) အကြွေးဆိုတာ ပြန်ဆပ်သင့်တယ်
ဆိုတဲ့ အသိပညာဥာဏ် မရှိလို့ မဆပ်ဖြစ်တာရှိမယ်...
ဒိအထဲက တစ်မျိုးမျိုးမှာ
အကျူံးဝင်နေသူတွေအတွက်ဆို ကောင်းမယ်မထင်ပါဘူး။ ဒီလိုအကြောင်းတရားတွေ ရှိခဲ့လို့ 
ဒီလိုအကျိုးဆက်တွေဖြစ်လာတာပါလား ဆိုတဲ့ အကြောင်းအကျိုး ဆက်စပ်မှု့ ကို
နားလည်ရင်တော့ ဒီကမ္ဘာလောကကြီးမှာ သားသမီး ပြန်လည်စောင့်ရှောက်ခြင်းကို မခံရတဲ့
အသက်ကြီးရွယ်အိုတွေ ဒုနဲ့ ဒေး တွေ့ နေရအုံးမယ်ထင်ပါတယ်။
ငယ်ငယ်က သင်ခဲ့ဘူးတဲ့ ဘုရားအလောင်း
ကျေးမင်း နဲ့ လယ်ပိုင်ရှင်ပုဏ္ဏားအမေးဖြေကို ကြားဘူးကြမယ်ထင်ပါတယ်။
"ငါဟာ သင့်ရဲ့ သလေးစပါးကို
ဆောင်ယူသွားပြီး ကြွေးဟောင်း ကို ဆပ်ပါတယ်။ ကြွေးသစ်ကို ပေးပါတယ်၊ လက်ပံပင်တောမှာ
ဘ၀ သံသရာမှာပါမယ့် ရွှေအိုးတစ်အိုးကိုလည်း မြှုပ် နှံပါတယ်။"
အဓိပ္ပါယ်က...
" ပုဏား၊ ငါ့မှာ
မိအို ဖအိုတွေ ရှိပါတယ်။ သူတို့အတွက် နှုတ်သီးနဲ့ ချီသွားပြီး သူတို့အား
ကျေးဇူးကြွေးဟောင်းကို ဆပ်ပေးပါတယ်။"
" ပုဏား၊ ငါ့မှာ
အတောင်မပေါက်သေးတဲ့ သားငယ်၊ သမီးငယ် လေးတွေ လည်းရှိပါတယ်။ ငါကျွေးမွေး
ပြုစုစောင့်ရှောက်ထားတဲ့ သူတို့က ငါ့ကို ပြန်ပြီး ကျွေးမွေး ပြုစုစောင့် ရှောက်ကြ
ပါလိမ့်မယ်။ ဒါကြောင့် ငါဟာ သူတို့အား ကြွေးသစ်ကို ပေးပါတယ်။"
"အဲဒီလက်ပံပင်မှာ
တောင်ပံကျိုးတဲ့ အခြားငှက်တွေ အလွန်အားနည်းနေတဲ့ ငှက်တွေ ရှိပါသေးတယ်။ သူတို့အား
ကုသိုလ်ပြုလိုလို့ ချီပေးသွားပါယတ်။ အဲဒီ အလျှုကို ပညာရှိတွေက ရွှေအိုးလို့
ဆိုကြပါတယ်။"
သူငယ်ချင်းတို့ ရော ....
ကြွေးဟောင်းတွေဆပ်ဖြစ်ရဲ့ လား...? ကြွေးသစ်တွေချည်းပေးနေသူလား...? ဒါမှမဟုတ်
ရွှေအိုးတွေမြုပ်နေသူလား......???
Cradit to ကိုပုလေး
No comments:
Post a Comment