ပြဿနာကို ကိုင်တွယ်ဖြေရှင်းခြင်း
ပြဿနာကို ကိုင်တွယ်ဖြေရှင်းခြင်း
*************************
အရူးတွေဟာ ပြဿနာနဲ့ ရင်ဆိုင်တွေ့တဲ့အခါ ခြေမကိုင်မိ လက်မကိုင်မိဖြစ်တတ်ပါတယ် ။
ဒါနဲ့ပဲ နောက်ထပ်ပြဿနာအသစ်တွေနဲ့ တွေ့ရတော့တယ် ။
လူတော်တွေကတော့ ပြဿနာနဲ့ ရင်ဆိုင်ရတဲ့အခါ ပြဿနာကို ဝေဖန်ပိုင်းခြားကြည့်ရှူ့တော့တာပဲ ။ ဒါပေမဲ့ သူတို့ဟာ ပတ်ချာလည်နေတဲ့ ပြဿနာ ရဲ့ မဆုံးနိုင်တဲ့ သံသရာထဲ ၀င်ရောက်သွားလေတော့တယ် ။
ပညာရှိတွေကျတော့ ပြဿနာနဲ့ ရင်ဆိုင်ရတဲ့ အခါ
အပြင်ဘက် ကိုထွက်ခါ
အခြေအနေကို ဝေဖန်ပိုင်းခြားတယ် ။
ဒါကြောင့် သူတို့ဟာ ပြဿနာကို ပိုပြီးလွယ်ကူစွာ
ဖြေရှင်းနိုင်ကြတယ် ။
(ဒေါက်တာခင်မောင်ညို )
No comments:
Post a Comment