Tuesday, July 1, 2014

မီးရထားတောင်မှ (ဟာသ)

မီးရထားတောင်မှ  (ဟာသ)

လူတစ်ယောက် ဝမ်းကိုက်ရောဂါ ဖြစ်သည်။ ဆရာဝန်တွေနဲ ကုသည်။ မပျောက်။
တိုင်းရင်းဆေးဆရာတွေဆီ သွားသည်။ ဘယ်လိုမှ မထူးခြား။ လူမှာ တစ်ချိန်လုံး
ဝမ်းသွားနေ၍ ဖြူဖတ်ဖြူရော် တောင် ဖြစ်နေပြီ။ အားလည်းမရှိတော့။
မိတ်ဆွေတစ်ယောက်က အကြံပေးသည်။
"မြို့ကနေ ဆယ်မိုင်ဝေးတဲ့ 'ရွာသာယာ' မှာ ဦးဖြိုး ဆိုတဲ့ အဘိုးကြီးတစ်ယောက် ရှိတယ်။
ပျောက်စေ ဆရာလို့ နာမည်ကြီးတာပဲ။ ဘာရောဂါကို မဆို လက်ခံကုသတယ်။
သွားပြကြည့်ပါလား"
ဝေဒနာ ခံစားနေရသူ ဦးဖြိုးဆီ ရောက်လာသည်။ မိမိခံစားနေရသည့် ဝေဒနာကို ရှင်းပြသည်။
ဦးဖြိုးက ပြောသည်။
"အဝတ်အစားကို ချွတ်ပြီး ခါးကို ကုန်းလိုက်ပါ"
အဘိုးကြီး မီးသီးအနီးတွင် ထွန်းထားသော မီးအိမ်ကို ယူလိုက်သည်။ ထို့နောက် လူနာ၏
စအိုရှေ့တွင် မီးအိမ်ကို ဝှေ့ယမ်းသည်။
ကုန်းနေရင်းက လူနာက မယုံတစ်ဝက်။ ယုံတစ်ဝက် ဖြင့် မေးသည်။
"အဘ။ မီးအိမ်ကို ပြတာနဲ့ ဝမ်းသွားတာ ရပ်ပါ့မလားဗျ"
"ဘာဖြစ်လို့ မရပ်ရမှာလဲ။ မီးရထားတောင် ရပ်သေးတာပဲ ဥစ္စာ"

No comments:

Post a Comment