Tuesday, July 15, 2014

ကော်ဖီဆိုင်မှာအလုပ်လုပ်နေသော

ကော်ဖီဆိုင်မှာအလုပ်လုပ်နေသော.....Brooklyn Beckham
==========================================
အသက်၁၅နှစ်ပဲရှိသေးတဲ့ဒေးဗစ်ဘက်ခမ်းနှင့်ဗီတိုးရီးယားဘက်ခမ်းတို့၏
အကြီးဆုံးသားဘရွတ်ကလင်းဘက်ခမ်းသည် အလုပ်သင်တစ်ဦးအနေနဲ့
“Guy Ritchie`s ” ကုမ္ပဏီမှာအလုပ်ဝင်ခဲ့ပါသည်။ သူ၏ပထမဦးဆုံးအချိန်ပိုင်းအလုပ်သည်ကော်ဖီ စားပွဲထိုးအလုပ်
ဖြစ်ပါသည်။ အခုချိန်မှာတော့“Guy Ritchie ” ရုပ်ရှင်ကုမ္ပဏီ၏ရုံးခန်တွင်အလုပ်ဆင်းနေပါသည်။သူသည်သူ့ အဖေဒေးဗစ်ဘက်ခမ်း၏ဂျာဂွာကားဖြင့်ရုံးတက်ပါသည်။အ၀တ်အစား
ကိုရိုးစင်းစွာဝတ်ဆင်ထားပြီး၊လက်ထဲမှာတော့မှတ်စုစာအုပ်လေးကိုင်
ထားပြီးအလုပ်ကိုစိတ်ဝင်တစားမှတ်သားတတ်ပါသည်။သူအတွက်တော့
အလုပ်တွေကိုရွေးချယ်နေတုန်းပါပဲ။
ဒေးဗစ်ဘက်ခမ်းနှင့်ဗစ်တိုးရီးယားတို့ကတော့“သူတို့သားကိုယ်ခြေထောက်ပေါ်ကိုရပ်တည်နိုင်အတွက်လိုလားနေပါသည်။” ဘရွှတ်ကလင်းသည်အချိန်ပိုင်းအလုပ်များစွာကိုလုပ်ခဲ့ပါသည်။အလုပ်လုပ်
လို့ရလာတဲ့အတွေ့အကြုံတွေသည်သူ့ဘ၀အတွက်ဘာကိုရွေးချယ်ရမလဲဆိုတာကိုဆုံးဖြတ်နိုင်မှာဖြစ်ပါသည်။ဒေးဗစ်ဘက်ခမ်းနှင့်ဗီတိုးရီးယားတို့လည်းအခု
ဘရွှတ်ကလင်းအ ရွယ်မှာပဲအလုပ်လုပ်ခဲ့တဲ့အတွက်သူတို့၏သားကိုလည်းသူတို့လိုအတွေ့ အကြုံတွေရဖို့အတွက်စိတ်အားထက်သန်နေပုံပါပဲ။ဘရွတ်ကလင်းသည် လိုချင်တာမှန်သမျှကိုအလွယ်တကူရနိုင်ပေမဲ့၊သူ့မိဘတွေကတော့သူတို့ရဲ့ သားကြီးကိုအလုပ်ရဲ့တန်ဖိုးကိုနားလည်တန်ဖိုးထားတတ်ဖို့ပိုအားသာနေခဲ့ ပါသည်။သူတို့ကလေးတွေရဲ့ဘ၀ကိုကောင်းမွန်စွာစတင်နိုင်ဖို့အတွက်ဒေးဗ စ်နှင့်ဗီတိုးရီးယားတို့ကလိုလားခဲ့ကြပါသည်။ဒါကြောင့်လည်းဘရွှတ်ကလင်း ရဲ့အလုပ်မှန်သမျှကိုမိဘနှစ်ဦးစလုံးကအားပေးခဲ့ကြပါသည်။ဘရွတ်ကလင်း သည်ရုပ်ရှင်လုပ် ငန်းတွေကိုပိုစိတ်ဝင်စားပုံရနေပါတယ်။
“ကျွန်မတို့ရဲ့နံနက်ခင်းကော်ဖီကိုဘရွှတ်ကလင်းဘက်ခမ်းကထည့်ပေးနေတာကတော့ကျွန်မတို့အတွက်တော့ အံ့သြစရာပါပဲ။သူ့သတင်းတွေကိုကောလဟလလို့ပဲထင်မှတ်ခဲ့တာ။ကော်ဖီယူအုံးမလား၊သူပြောခဲ့တယ်။”
သက်(source:Evening Standard)




No comments:

Post a Comment