နွားသတ်သမားတစ်ဦးသည် နွားမတစ်ကောင်ကို မွေးမြူ၏
ထိုနွားမကို သားသတ်ရုံသို့ ဆွဲခေါ်သွားပြီးလျှင် တိုင်တစ်တိုင်၌ ချည်နှောင်၏
နွားမကို မတ်တတ်ရပ်စေပြီးလျှင် ရက်စက်စွာ သတ်၏
ထို့နောက် သေနေသောနွားမကိုကြည့်၏
ဤအချိန်အားလုံး၌ 'နွားမ' ဟူသော အမှတ်သညာကိုသာလျှင် သူ နှလုံးသွင်းထား၏။
သို့သော် သေနေသော နွားမကို ခုတ်ဖြတ်၍ အတုံးငယ်များအဖြစ်သို့
ခွဲခြမ်းစိတ်ဖြာပြီးသော် အသားကိုရောင်းရန် အနီး၌ထိုင်၏
ထိုအခါ 'နွားမ' ဟူသော အမှတ်သညာသည် သူ့စိတ်၌ ကွယ်ပျောက်သွားပြီးလျှင်
'အမဲသား' ဟူသော အမှတ်သည် ပေါ်ပေါက်လာ၏။
သူသည် နွားမ တစ်ကောင်ကို ရောင်းချနေသည်ဟူ၍လည်းကောင်း
လူတို့က သူ့ထံမှ နွားမ၀ယ်နေသည်ဟူ၍လည်းကောင်းမထင်မှတ်တော့ချေ။
အရောင်းအ၀ယ်လုပ်နေသောအရာမှာ 'အမဲသား' သာ ဖြစ်သည်ဟု သူ့စိတ်တွင် ထင်မြင်လာ၏။
ထို့နည်းတူစွာ
ရဟန်းဖြစ်စေ လူဝတ်ကြောင်ဖြစ်စေ
မသိတက်သော ပုထုဇဉ်တစ်ဦးသည် သူ၏ ခန္ဓာကိုယ်ကို
ရပ်နေသည်ဖြစ်စေ သွားနေသည်ဖြစ်စေ
စိတ်ဖြင့် ခွဲခြမ်းစိတ်ဖြာ၍ သူ စူးစိုက်ဆင်ခြင်မှု မပြုသေးသမျှ ကာလပတ်လုံး
'သတ္တ၀ါ', 'လူ', 'ပုဂ္ဂိုလ်' စသည့် အမှတ်သညာများကို စွဲယူထားလိမ့်မည်။
သို့သော် သူ့ခန္ဓာကိုယ်ကို ဓာတ်သားများအဖြစ် ရှုမြင်နိုင်လာသောအခါ
'ပုဂ္ဂိုလ်' စသော အမှတ်သညာသည် ပပျောက်သွားလိမ့်မည်။
ထို့အပြင် သူ၏ စိတ်သည် ဓာတ်များအဖြစ် စူးစိုက်ဆင်ခြင်မှု၍ မြဲမြံစွာ တည်နေလိမ့်မည်။
(၀ိသုဒ္ဓိမဂ္ဂ ၊ ၁၃၊ ၂ )
ဒေါက်တာမင်းတင်မွန် - (ဗုဒ္ဓစကားတော်) မှ ကောက်နှုတ်ရေးသားပါသည်။

No comments:
Post a Comment