သင် မည်သည့် ဘ၀ တွင် ရှိသနည်း
24.7.2014
ဘုရားသခင်က ပထမဆုံးအဖြစ် တိရစ္ဆာန် တစ်ကောင်အား ဖန်ဆင်းတော်မူသည်။
ထို့နောက် ထိုသတ္တ၀ါအား “သင်ဟာအခုချိန် မှစ၍ မြက်ပင်တို့ကို စားသောက်ကာ
သင်ဧ။်ကျောပေါ်တွင် ၀န်စည်စလယ်များ တင်ဆောင်ပြီး နေ၀င်မိုးချုပ် အလုပ်လုပ်စေခါ ထုံထိုင်းသော မြည်းအဖြစ်နှင့် သက်တမ်း နှစ် ၅၀ အထိ ရှင်သန်နေထိုင်စေ။”
ဒီအခါမှာ မြည်းပုလေးက “ အရှင်....ကျွန်ုပ်က မြည်းတစ်ကောင်အဖြစ် နှစ်ပေါင်း
၅၀ အထိ နေထိုင်ရတာ များလွန်းပါတယ်။ ဒါကြောင့် ကျွန်ုပ်အား နှစ်၂၀ ပဲပေးပါ”
လို့ အသနားခံ လျှောက်လိုက်တယ်။
ဒီအခါမှာ ဘုရားသခင်က သဘောတူ ခွင့်ပြုလိုက်လေသည်။
အဲ့ဒီနောက် ဘုရားသခင်က ဒုတိယအကြိမ် ခွေးတစ်ကောင်ကို ဖန်ဆင်းတော် မူလေသည်။
“သင်ဟာ အခုချိန်မှစ၍ လူသားတွေရဲ့ မိတ်ဆွေသူငယ်ချင်း အဖြစ်နှင့် နေထိုင်ရမည်
ဖြစ်ပြီး ထိုသူတို့ဧ။် အိုးအိမ်ကို စောင့်ရှောက်ခါ လူသားတို့ ကျွေးသော
စားကျွန်းစားကျန်များကို စားသောက်၍ ခွေးအဖြစ်နှင့် သက်တမ်းနှစ်ပေါင်း (၃၀)
အထိ နေထိုင်စေ” လို့ပြောဆို လိုက်ပါတယ်။
အဲဒီအခါမှာ ခွေးက “အရှင်
ကျွန်ုပ်က ခွေးတစ်ကောင်အဖြစ် နှစ်ပေါင်း (၃၀) အထိ နေထိုင်ရ မယ်ဆိုတာ
များလွန်းပါတယ်။ ဒါကြောင့် ကျွန်ုပ်ကို (၁၅) နှစ်ပဲ နေထိုင်ခွင့် ပေးပါ”
လို့တောင်းဆို လိုက်ပါတယ်။ ဘုရားသခင်ကလည်း ခွေးဆန္ဒကို လိုက်လျှောသဘောတူ
ပေးလိုက်ပါတယ်။
ဘုရားသခင်က တတိယ အကြိမ်အဖြစ် မျောက်တစ်ကောင်ကို
ဖန်ဆင်းတော် မူပြန်လေသည်။ “သင်ဟာအခုချိန် မှစ၍ သစ်ကိုင်းတစ်ကိုင်းမှ
တစ်ကိုင်းသို့ ဒီကိုင်းသို့ လွှဲယမ်းလှုပ်ရှား ကူးပြောင်း၍ ပျော်ရွှင်စွာ
နေထိုင်စေပြီး မျောက်အဖြစ်နှင့် သက်တမ်း (၂၀) အထိ နေထိုင်စေ ”
ဒီအခါမှာ မျောက်က “အရှင် မျောက်တစ်ကောင်အတွက် နှစ်ပေါင်း(၂၀) ဆိုတာများ
လွန်းပါတယ်။ ကျွန်ုပ်ကို (၁၀) နှစ်ပဲ ပေးပါ ” လို့ တောင်းဆိုလိုက်ပါတယ်။
ဘုရားသခင်ကလဲ မျောက်ဧ။်ဆန္ဒအား သဘောတူ ခွင့်ပြုခဲ့လေသည်။
နောက်ဆုံး
အနေနဲ့ ဘုရားသခင်က လူသားကို ဖန်ဆင်းတော် မူလေသည်။ သင်ဟာ အခုချိန်မှစ၍
ကိုယ်ပိုင်ဥာဏ်စွမ်းဖြင့် အကျိုးအကြောင်းကို ဝေဖန်ပိုင်းခြားနိုင်ခါ
ဆင်ခြင်တုံ တရားနှင့် ပြည့်စုံ၍ တိရစ္ဆာန် အားလုံးတို့ အပေါ်တွင်
ဆရာတစ်ဆူဖြစ်ပြီး တစ်ကမ္ဘာလုံးကို ပိုင်စိုးသော လူသားအဖြစ်နှင့် သက်တမ်း
(၂၀) အထိ အသက်ရှင် နေထိုင်စေ ”
ဒီအခါမှာ လူသားကလည်း
“အရှင်...လူသားအဖြစ် နေထိုင်ရပြီး သက်တမ်း (၂၀)အထိပဲ နေခွင့်ရတာ
ကျွန်တော်မျိုးအတွက် အင်မတန် နည်းပါးလွန်းပါတယ်။ ဒါကြောင့်
ကျွန်တော်မျိုးအား မြည်းပုလေး ငြင်းပယ်ခဲ့သော နှစ်ပေါင်း (၃၀) ရယ် ၊
ထိုခွေး မယူချင်သော နှစ်ပေါင်း (၁၅)နှစ်ရယ် ၊ ထိုမျောက် ငြင်းပယ်ခဲ့သော
နှစ်ပေါင်း (၁၀) နှစ်ရယ်ကို ကျွန်တော့ကို ပေးသနားပါ” လို့ မြည်းပု ၊ ခွေး ၊
မျောက် တို့ကို လက်ညိုးညွှန်၍ တောင်းဆိုလေသည်။ ဘုရားသခင်မှလည်း သဘောတူ
ခွင့်ပြုလေသည်။
ထိုအချိန်မှ စ၍ လူသားသည် သူရရှိထားသော နှစ်(၂၀)အထိ
လူငယ်ဘ၀ဖြင့် နေထိုင်ရပြီး ထိုမှတဖန် အိမ်ထောင်ပြု၍ ကိုယ်ပိုင် မိသားစု
ဘ၀သို့ ရောက်ရှိသွား သောအခါ မြည်းတစ်ကောင်ဧ။် ဘ၀ကဲ့သို့ တာဝန်နှင့် ၀တ္တရား
မြောက်များစွာကို သယ်ဆောင်၍ ပင်ပန်းဆင်းရဲစွာဖြင့် နှစ်ပေါင်း (၃၀)
အားနေထိုင် ဖြတ်သန်းရလေသည်။
ထို့နောက် အသက်ကြီးလာ၍ သားသမီးများ
အရွယ်ရောက်လာကြ သောအခါ အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ရင်း သားသမီးတို့ဧ။်
ပေးကမ်း ကျွေးမွေးမှုနှင့် နေစားသောက်ရခါ ခွေးတစ်ကောင်ဧ။် ဘ၀ကဲ့သို့
နှစ်ပေါင်း (၁၅) နှစ်အား ဖြတ်ကျော် နေထိုင်ရလေသည်။
အဲဒီနောက်
အိုမင်းမစွမ်းနှင့် အသက်အရွယ် ရလာသောအခါ သားသမီးများဧ။် အိမ်များသို့
တစ်အိမ်မှ တစ်အိမ်ဆီ ကူးသန်းသွားလာ၍ သားသမီး ၊မြေးမြစ်များအား
ထိန်းကျောင်းကြည့်ရှု့ စောင့်ရှောက်ရင်း ပျော်ပျော်ပါးပါး နေထိုင်ရင်းဖြင့်
မျောက်တစ်ကောင်ဧ။် ဘ၀ကဲ့သို့ နှစ်ပေါင်း(၁၀) နှစ်တိုင်အောင် နေထိုင်ရလေသည်။
ထိုအရာများသည် လူသားတို့ဧ။် ဘ၀ပင် ဖြစ်လေသည်။
လူ့ဘ၀ဧ။် ဖြစ်စဉ် အစအဆုံးတွင် ပထမအရွယ်၌ ပျိုတုန်းရွယ်တုန်း အချိန်တွင်
လွတ်လပ်ပျော်ရွှင်စွာဖြင့် မိမိတို့ဧ။် ကိုယ်ပိုင် လူငယ်ဘ၀အား
ဖြတ်သန်းနေထိုင်ခွင့် ရကြလေသည်။
ဒုတိယ အရွယ်၌
အိမ်ထောင့်တာဝန်များနှင့် ၀န်ထုတ်ဝန်ပိုးများကို ကျောပိုး၍
မြည်းတစ်ကောင်အလား ပင်ပန်းဆင်းရဲ စီးပွားရှာရင်း မိသားစု ဘ၀ကို
ဖြတ်သန်းခွင့် ရလေသည်။
တတိယ အရွယ်၌ မိမိမွေးဖွားလိုက်သော
သားသမီးတို့ အရွယ်ရောက်လာကြစဉ်တွင် မိမိတို့မှာ အနားရ၍ အိမ်စောင့်ဘ၀ဖြင့်
ထိုသားသမီးတို့က တဖန်ကြည့်ရှု့ကျွေးမွေးမှုဖြင့် စားသောက်ရပြီး
အိမ်တစ်အိမ်အား စောင့်ခွင့်ရနေသော ခွေးတစ်ကောင်ဧ။် ဘ၀ကဲ့သို့ မိမိတို့
ဘ၀အား ရှင်သန်ဖြတ်သန်း ရလေသည်။
စတုတ္ထ အရွယ်၌ အိုမင်းလာသော အခါ
မိမိတို့ သားသမီးများမှ မွေးဖွားလာသော မြေးမြစ်များကို
ထိန်းကျောင်းရင်းဖြင့် တစ်အိမ်မှ တစ်အိမ်သို့ သွားကာ မြေးမြစ်များနှင့်
ပျော်ပါးစွာ နေထိုင်ရင်း တစ်ပင်မှ တစ်ပင်သို့ ကူးပြောင်း၍ ပျော်ရွှင်စွာ
ဆော့ကစားတတ်သော မျောက်တစ်ကောင်ဧ။် ဘ၀ကဲ့သို့ မိမိတို့ ဘ၀ကို
နေထိုင်ရှင်သန်ခွင့် ရလေသည်။
မိတ်ဆွေ ယခုစာဖတ်နေသည့် အချိန်တွင် သင့်ကိုယ်သင် မည်သည့်ဘ၀ဖြင့် ရှင်သန်နေထိုင် သနည်းကို သင်ဂရုပြု မိလေပြီလား?
ထိုဂရုပြုမိသော သင်သည် လူငယ်လူရွယ် အဖြစ်မှ ကျော်လွန်၍ မြည်းတစ်ကောင်
သို့မဟုတ် ခွေးတစ်ကောင် သို့မဟုတ် မျောက်တစ်ကောင် ဧ။် ဘ၀၌ ဖြစ်နေပြီလား?
dream
No comments:
Post a Comment