လူသုံးများလာသော Torrent ၊ လူသိနည်းနေသေးသော Torrent
----------------------------------------------------------------------
ကျွန်တော်တို့ လိုချင်တဲ့ ဖိုင်တစ်ခုခုကို
အင်တာနက်ပေါ်ကနေ ရှာလို့မရဘူးဆိုတာ အလွန်ပဲရှားပါတယ်။ ကွန်ပျူတာအတွက် Full
Version ဆော့ဝဲလိုချင်လား ၊ ဖုန်းအတွက်ဆော့ဝဲလိုချင်လား ၊ ဘာဇာတ်ကား ၊
ဘာသီချင်းဖိုင်လိုချင်လဲ ၊ အင်တာနက်ပေါ်မှာအကုန်နီးပါးရှာလို့ရပါတယ်။
ဒီဖိုင်တွေကိုဘယ်တွေမှာတင်ထာ်းလဲဆိုရင်
လူသုံးများတဲ့ File Sharing
Site အများစုမှာပါ။ ယခင်ကတည်းက ဖိုင်တွေမျှဝေချင်ရင် ဒီလို File Sharing
Site တွေပေါ်မှာတင်ပြီး မျှဝေခဲ့ကြတာပါပဲ။ ဒါပေမယ့် ၂၀၁၁
နှောင်းပိုင်းလောက်ကစလို့ အမေရိကန်မှာ Online နဲ့ပတ်သက်တဲ့ DCMA Policy
အကူးအပြောင်းကြီးစတင်ဖြစ်ပေါ်လာပါတယ်။ အဲဒီ Policy အသစ်ကြောင့် Copyright
နဲ့ငြိနေတဲ့ ဖိုင်တွေအများအပြား File Sharing Site တွေကနေအဖျက်ခံရသလို
အချို့ File Sharing Site တွေဟာလည်း FBI ကပိတ်သိမ်းအရေးယူတဲ့အခြေအနေတွေ
အထိရှိလာခဲ့ပါတယ်။ အဲဒီကာ့လနောက်ပိုင်းတွေမှာတော့ ဆော့ဝဲ ၊ ဂိမ်း Full
version ဖိုင်တွေ ၊ Windows OS (Full version) crack တွေ ၊
ရုပ်ရှင်ဇာတ်ကားကြီးတွေ ၊ သီချင်းတွေစတဲ့ Copyright
နဲ့ငြိမယ့်ဖိုင်တော်တော်များများဟာ သာမန် File Sharing Site
တွေမှာသိပ်မတွေ့ရတတ်တော့ပါဘူး ။ Uploader တစ်ဦးတစ်ယောက်ကတင်လည်း
နာရီပိုင်း ၊ ရက်ပိုင်းအတွင်း အဖျက်ခံရပါတယ်။ ဒါကတော့
တင်သမျှဖိုင်ပေါင်းစုံကိုလက်ခံနေတဲ့ File Sharing Service တွေနဲ့ အမေရိကန်
Policy အပြောင်းအလဲမှာ File Sharing Site တစ်ချို့အရေးယူခံရပုံ ၊
ပိုက်ဆံပေးသုံးစွဲရမယ့် ဖိုင်မျိုးတွေကို Share ထားရင် Copyright
နဲ့ငြိတာကြောင့်ယင်းဖိုင်တွေကိုခဏလေးနဲ့ ပြန်ဖျက်ခံရတဲ့အကြောင်း ၊
အဲဒီနောက်ပိုင်း သာမန် File Sharing Site တော်တော်များများမှာ Full version
Software တွေ ၊ Music ၊ Video တွေကိုအတွေ့နည်းသွားရပုံကိုသိစေချင်တာပါ။
ဒီနောက်ပိုင်းမှာ အဲ့ဒီလို ဆော့ဝဲ ၊ ဂိမ်း Full version ဖိုင်တွေ ၊
Windows OS (Full version) crack တွေ ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေ ၊
သီချင်းတွေစတဲ့ Copyright နဲ့ငြိမယ့်ဖိုင်တော်တော်များများကို Online
ပေါ်တင်ချင်သူတွေ ၊ ယင်းဖိုင်တွေကိုရရှိနိုင်မယ့်နေရာဟာ သာမန် File Sharing
Service တွေကနေ torrent လို့ခေါ်တဲ့ File Sharing Service
ဘက်ကိုပိုမိုရွေ့လျားလာခဲ့ပါတယ်။
Torrent လို့ခေါ်တဲ့ File Sharing စနစ်ဟာပေါ်ပေါက်ခဲ့တာတော့ ၂၀၀၁ ခုနှစ်လောက်ကတည်းကပါ။၂၀၁၀ နောက်ပိုင်းမှာတော့ တော်တော်လေးကျယ်ပြန့်
အသုံးများလာပါတယ်။ Torrent စနစ်ကဘယ်လိုအလုပ်လုပ်လဲဆိုရင် File
ကိုမျှဝေပေးထားသူနဲ့ ဖိုင်ကို download
ရယူလိုသူတို့ကိုချိတ်ဆက်ပေးလိုက်ပြီး Download Speed ကောင်းကောင်းနဲ့ File
ကို Download လုပ်လို့ရစေမယ့် Service ဖြစ်ပါတယ်။ File ကို download
လုပ်ပြီးသွားသူတွေရဲ့ ဖိုင်သိမ်းဆည်းထားရာ ကွန်ပျူတာ၊ ဖုန်းကိုလည်း ခုနက
download ရယူခဲ့တဲ့ဖိုင်ကို ပြန်လည် share ပေးရတဲ့ Peer-to-peer network
အဖြစ်ပြောင်းလဲပေးလိုက်ပါတယ်။ ဒါကြောင့် သာမန် File Sharing Site
တွေမှာဆိုရင် File ကို upload လုပ်ထားတဲ့ပင်မ Server ဆီကနေ
ကမ္ဘာ့နေရာအနှံ့အပြားက Users တွေက download ရယူတဲ့ FTP Service
ပုံစံဖြစ်ပြီး ဖိုင်အား download ရယူသူများတာနဲ့အမျှ Download Speed
နှေးမှာဖြစ်ပြီး ယခု Torrent File Sharing ပုံစံကတော့ ဖိုင်ကိုမျှဝေထားတဲ့ ၊
Download ရယူထားတဲ့သူတွေအကုန်လုံးဆီကနေ
ဖိုင်ကိုတိုက်ရိုက်လှမ်းယူတဲ့ပုံစံဖြစ်ပါတယ်။ ဖိုင်ကိုမျှထားသူ ၊ Torrent
စနစ်ကနေ Download
ရယူထားသူတွေအကုန်လုံးဆီကနေဖိုင်ကိုမျှဆွဲယူတဲ့ပုံစံဖြစ်တဲ့အတွက် Download
ရယူပြီးသူများလေ ကျန်တဲ့သူတွေကလည်း ယင်းဖိုင်ကို Download
ရယူရတာမြန်လေဖြစ်ပါတယ်။
Torrent စနစ်ကိုအသုံးပြုပြီး
ဖိုင်ကိုမျှဝေမယ့်သူတွေအနေနဲ့လည်း ကိုယ်တင်မယ့် ဖိုင်တစ်ခုလုံးကို
အင်တာနက်ပေါ်ကို upload လုပ်စရာမလိုပါဘူး ။ ကိုယ့်ကွန်ပျူတာထဲမှာရှိနေတဲ့
မျှဝေလိုတဲ့ဖိုင်ရဲ့တည်နေရာ address ကို Torrent ဆော့ဝဲတစ်ခုခုအသုံးပြုပြီး
torrent file အဖြစ်နဲ့ဖန်တီးပေးလိုက်ရုံသာဖြစ်ပါတယ်။
တစ်နည်းအားဖြင့်ပြောရရင် ကိုယ်ဖန်တီးလိုက်တဲ့ (.torrent) ဖိုင်ဟာ
ကွန်ပျူတာထဲမှာရှိနေတဲ့ ကိုယ်မျှဝေလိုတဲ့ဖိုင်တည်ရှိနေတဲ့ address
ကိုညွှန်ပြပေးတဲ့ မြေပုံဖိုင်သဘောမျိုးပါပဲ။ address သာပါဝင်တာကြောင့် ဖိုင်
size အရွယ်အစားသေးငယ်ပြီး KB ခန့်သာရှိပါတယ်။ ယင်း torrent file လေးကို
Torrent File Sharing Site တစ်ခုခု (ဥပမာ- PirateBay.se) မှာသွားပြီး
upload လုပ်လိုက်ရုံပါပဲ။ (နောက်ပိုင်းမှာ Torrent File
ပြုလုပ်ပုံကိုအသေးစိတ်ရေးပေးပါဦးမယ်)
ွှTorrent စနစ်မှာ
အဓိကအားဖြင့် Seeder , Leecher , Tracker , Index , Share Ratio ဆိုပြီး
ရှိပါသေးတယ်။ အဲဒီထဲကမှ Seeder နဲ့ Leecher အကြောင်းကိုတော့ User
တစ်ယောက်အနေနဲ့ သိထားသင့်ပါတယ်။
Seeder ဆိုတာကတော့ Uploader
ကမျှဝေထားတဲ့ Torrent File ကနေတစ်ဆင့် ဖိုင်ကို ပြီးဆုံးအောင် download
လုပ်ပြီးတဲ့အခါမှာ ၄င်းရဲ့ ဖုန်း (သို့) ကွန်ပျူတာကိုလည်း ခုနက download
ပြုလုပ်ထားတဲ့ဖိုင်ကို တခြား users တွေကနေလာရောက် ဆွဲယူနိုင်အောင်
ပြုလုပ်ပေးထားသူကိုခေါ်ပါတယ်။ Seeder
တစ်ယောက်ဖြစ်ဖို့ဘာမှထူးထွေလုပ်စရာမလိုပါဘူး ။ ဖိုင်ကို download
လုပ်ပြီးရင် ဖိုင်ကို မဖျက်ဘဲ ဒီအတိုင်းသာ ထားလိုက်ပါ ။
ကိုယ့်ကွန်ပျူတာထဲမှာသွင်းထားတဲ့ Torrent ဆော့ဝဲက အလိုအလျောက် seeding
process ကိုပြုလုပ်ပေးနေမှာဖြစ်ပါတယ်။
Leecher ဆိုတာကတော့ ဖိုင်ကို
မျှဝေထားသူဆီကနေ ဖိုင်ကို Download ရယူနေဆဲ ၊
ရယူနေသူများကိုခေါ်ဝေါ်သုံးနှုန်းပါတယ်။ File ကိုအပြည့်အ၀ download
ရယူပြီးရင်တော့ သူ့ကွန်ပျူတာထဲမှာသွင်းထားတဲ့ Torrent ဆော့ဝဲက Seeding
process ကိုစတင်လုပ်ဆောင်နေပြီဖြစ်လို့ Leecher Level ကနေ Seeder Level
ကိုရောက်ရှိမှာဖြစ်ပါတယ်။
ဒါကြောင့် torrent site တွေကနေ
ဖိုင်တစ်ခုခုဒေါင်းမယ်ဆိုရင် ယင်းဖိုင်ရဲ့ seeder နဲ့ leecher level
ကိုကြည့်နိုင်ပါတယ်။ Seeder အရေအတွက်များနေမှသာ ဖိုင်ကို download
လုပ်ရတာအလွန်မြန်ဆန်မှာဖြစ်ပြီး Seeder အရေအတွက်နည်းနေရင်တော့ ကိုယ့်ဘက်က
အင်တာနက်လိုင်းကောင်းသော်လည်း ဖိုင်ကို download လုပ်ရတာ speed
နှေးနေမှာပဲဖြစ်ပါတယ်။
Popular ဖြစ်တဲ့ Torrent Downloader ဆော့ဝဲကတော့ BitTorrent နဲ့ uTorrent ဖြစ်ပါတယ်။ အောက်က link မှာရယူနိုင်ပါတယ်။
www.utorrent.com/
www.bittorrent.com/
ဖုန်းတွေအတွက်ဆိုရင်တော့ Android ဖုန်းတွေအတွက် aTorrent
လို့ခေါ်တဲ့ဆော့ဝဲကို Google Play ကနေရယူအသုံးပြုနိုင်ပြီး iPhone
တွေအတွက်ကတော့ iTransmission 4 လို့ခေါ်တဲ့ Cydia Tweak
ကိုထည့်သွင်းအသုံးပြုနိုင်ပါတယ်။
Torrent File အနေနဲ့ ဆော့ဝဲ၊
သီချင်း ၊ ဗီဒီယို အစရှိတဲ့ဖိုင်များစွာကိုရရှိနိုင်တဲ့ နာမည်ကြီး torrent
site တွေကတော့ အောက်ပါအတိုင်းပါ။
http://kickass.to/
http://thepiratebay.se/
https://torrentz.eu
ဒီလောက်ဆိုရင်တော့ Torrent File Sharing Service
အကြောင်းကိုသိရှိကြမယ်လို့ထင်ပါတယ်။ မိတ်ဆွေတို့အတွက် ဗဟုသုတရစေမယ်ဆိုရင်
ဒီပို့စ်ကို သူငယ်ချင်းတွေအတွက် ပြန်လည် Share ပေးနိုင်ပါတယ်။
No comments:
Post a Comment