ကျေးဇူး....
လောကမှာ သူတပါးက ကိုယ့်အပေါ်ပြုမူလိုက်တဲ့အပြုအမူကို လက်ခံလိုက်ပြီးရင်
ကျေးဇူး Thank U လို့ပြောလိုက်ရတာ မပင်ပန်းပါဘူး ဒါဟာ သူ့ရဲ့အပြုအမူကို
ကျေနပ်ပါတယ် အသိအမှတ်ပြုပါတယ်လို့ အဓိပ္ပယ်ရပါတယ်.. နောက်ဆုံး သူက
တာဝန်အရလုပ်တယ်ဆိုရင်တောင် သူ့ဘက်က ပေးဆပ်မှုအနည်းအကျဉ်းပါကိုပါလိမ့်မယ်
ဒါကို ကျေးဇူးပါပဲလို့ အသိအမှတ်ပြုပေးလိုက်ရင် ကိုယ်ကိုယ်တိုင်လဲ လူယဉ်ကျေး
တစ်ယောက် ဖြစ်ပြီး သူတပါးလဲ ဒါမျိုးကျေးဇူးပြုရတဲ့အတွက်
ဝမ်းမြောက်ဝမ်းသာဖြစ်ရမှာပါ... ဒါပင်မဲ့ ကျေးဇူးပါပဲလို့
ပြောရမှာလောက်တောင် နှမျှောတတ်နေရင် အဲဒီသူကို လူလို့ခေါ်ဆိုဖို့
နောက်ထပ်အဓိပ္ပယ်ဖွင့်ဆိုချက် ထပ်ရှာသင့်ပါတယ်....
(ဘာရယ်မဟုတ် စဉ်းစားမိတာပါ)
ကျော်စံလင်း
No comments:
Post a Comment