Tuesday, July 1, 2014

ဆင်ခြေထောက်ရောဂါ

ဆင်ခြေထောက်ရောဂါ ( Filariasis or elephantiasis )
_______________________________________
ဆင်ခြေထောက်ရောဂါ သည်ြ ခင် မှတဆင့် ကူးစက်သောရောဂါဖြစ်သည်။ Filariasis ဟုခေါ် ပါသည်။ တုပ်ကောင် မျိုး နွယ်စုဝင်ဖြစ်သော Filarial worm Wucherreria bancrofti နှင့် Brugia malayi တို မှကူးစက်နိုင်သည်။ ည ဘက်ကိုက်သောခြင် ဖြစ်သည့် Culex or Anopheline ခြင်များ မှ ရော ဂါ ကူးစက်စေသည်။
Wucherreria bancrofti သည် ခြင် ကိုက်ခံ၇ခြင်း မှတဆင့် လူ၏ ကိုယ်ထဲ သို. ၀င်ရောက်သွာ ပြီး ၊ ၄ - ၁၀ စင်တီ မီတာ ရှည်သော တုပ်ကောင် အဖြစ်သို. ကြီး ထွားသွား သည်။ ထိုတုပ်ကောင်မှ microfilariae များ မွေး ထုတ်ပြီး ၊ သွေးထဲ တွင် ပျံ.နှံ. စေ သည် ။ ထို microfilariae များ ကို ခြင် က သယ်ဆောင်သွားပြီး ၊ တခြားလူထံ ရောဂါ ကူးစက်စေသည်။
လူကိုယ်ထဲ ရှိ ဆင်ခြေထောက်ရောဂါ တုပ်ကောင်မှ တဆင့် အဆိပ်များ ထုတ် ခြင်း ၊ ပြန် ရည်ကြော / သငန်ရည် ကြော အ ဖွဲ. စည်း ( lymphatic system ) ကို ပိတ်ဆို.ခြင်း ၊ ပျက်စီးစေခြင်း ၊ရောင် ယမ်းစေခြင်းဖြင့် ရောဂါ စတင်ဖြစ်လာသည်။

ဆင်ခြေထောက်ရောဂါ လက္ခဏာများ
အဖျား တက်ခြင်း
ကိုက်ခဲခြင်း
ရောင် ရမ်း နေ သော၊ ပြန် ရည်ကြော တလျှောက် တွင် နာကျင်ခြင်း ၊နီရဲ ရောင်ရမ်း လာခြင်း၊
ကပ် ပယ်အိတ် နှင့် ဝှေး စေ့ ရောင်ရမ်း လာခြင်း ၊
ပေါင်ခြံ အကျိတ်များ ကြီးထွား လာခြင်း ၊
ရက် အနဲငယ် သက် သာ သွားသော်လည်း ၊ ခ ဏခဏ ပြန်ဖြစ်ခြင်း ၊
ပေါင်ခြံ အကျိတ်များ ကြီးထွား ရာမှ ရောင်ရမ်း ပိတ်ဆို. လာ သဖြင့် ခြေ ထောက် တဖြည်း ဖြည်း ရောင် ကိုင်းလာခြင်း
မကုသ ဘဲထားပါက ရောဂါ ပိုဆိုးလာပြီး ၊ ရေပြား မာကျော ၊ ဖုဖောင်း ၊ ကြမ်းတမ်း ၊အက်ကွဲ လာ ကာ ၊ ပြန် မကောင်းနိုင်တော့သော ၊ ခြေထောက် ကြီးထွား ပျက်စီး သည့် ဆင်ခြေထောက်ရောဂါဖြစ်လာလေသည်။
ရေမုတ် ခေါ် ကပ် ပယ်အိတ် အရည် များ ဖြင့်ပြည့် တင်း ဖောင်းကား သည့်ရောဂါ ကိုပါ တွဲ တွေ.ရတတ်သည်။
ကုသခြင်း
Diethylcabamazine ( DEC) ဆေးကို 6 mg / kg / day တွက် ကာ တနေ. သုံးကြိမ် ဖြင့် ၁၂ ရက် သောက်ရမည်။
Ivermectin / Albendazole တ ကြိမ် တွဲသောက်နိုင်သည်။
ဆေး မှ microfilariae များကို တိုက်ခိုက် စဉ် response အဖြစ် ဖျားခြင်း ၊ ကိုယ်လက် ကိုက်ခဲခြင်း ၊ ခေါင်းကိုက်ခြင်း ၊ မူးဝေ ပျို. အန်ခြင်း ၊ မအီမသာ ဖြစ်ခြင်း တို.ကို ၂၄ - ၃၆ နာရီ အတွင်း ခံစားရနိုင်သည်။ ထိုသို. ခံစားရပါက ၊ ဆေး ၏ ဘေးထွက်ဆိုးကျိုး သို.မဟုတ် ဆေးမတဲ့ ခြင်းကြောင့် မဟုတ်ဘဲ ၊ မိမိတွင် ရောဂါပိုးရှိနေသဖြင့် ခန္ဓာ ကိုယ် မှ တုံ.ပြန်မှု များပေါ်လာခြင်း ဖြစ်ပါသည်။ ထို တုံ.ပြန်မှု များကို antihistamine , steroid ဆေးများဖြင့် သက်သာစေနိုင်ပါသည် ကာကွယ်ခြင်း
ညပိုင်းခြင်ကိုက်မခံရစေရန် ခြင်ထောင်ဖြင့် အိပ်ခြင်း-အိမ်တွင်းခြင်းများအား ဆေးဖြန်ူ၍၄င်းမိုင်းတိုက်၍ ၄င်း မောင်းထုတ်ပါ
ရောဂါ အဖြစ်များသော ဒေ သများ တွင် ၊ လူတိုင်း ကို တပြိုင်ထဲဆေး ကျွေး ကာကွယ်နိုင်သည်။
Diethylcabamazine ( DEC) ဆေးကို 6 mg / kg ကို တကြိမ် တိုက်နိုင်သည်။ Ivermectin / Albendazole တ ကြိမ် တွဲသောက်နိုင်သည် ။ ခြင်နှိမ်နင်းရေးကို ပါ တပြိုင်ထဲ လုပ်ဆောင်သင့် သည်။

 Min Burma မှကူးယူဖော်ပြသည်

No comments:

Post a Comment