Monday, July 14, 2014

Oil filter နှင့် Automatic Transmission စနစ်ထိန်းသိမ်းခြင်း

Oil filter နှင့် Automatic Transmission စနစ်ထိန်းသိမ်းခြင်း
Oil Filterထိန်းသိမ်းခြင်း
ဆီစစ်ဘူးသည် အင်ဂျင်အတွင်း ပိုင်း အစိတ်အပိုင်းများပွန်းစားခြင်း နှင့် အချိန်မတိုင်မီပျက်စီးခြင်းတို့ကို ဖြစ်စေသော အင်ဂျင်ဝိုင်အတွင်းမှ အညစ်အကြေးများကို သန့်စင်ပေး သည်။ Lubricating System တွင် ဆီစစ်ဘူးသည် မရှိမဖြစ်လိုအပ်သည်။ အင်ဂျင်ဆီလိုင်းများအတွင်း လည်ပတ်နေသော ချောဆီများတွင် အညစ်အကြေးအနယ်အနှစ်များ၊ ကာဗွန်အမှုန်အမွှားများကို ဆီစစ်ဘူးက ထောင်ချောက်သဖွယ် ဖမ်းယူသိမ်း
ဆည်းလိုက်သည်။ ဆီစစ်ဘူးကို ဖြတ် သန်းစီးဆင်းပြီးထွက်လာသော ချော ဆီများသည် သန့်စင်ပြီးဖြစ်သည်။
အင်ဂျင်ဝိုင်လည်ပတ်သုံးစွဲမှု ကြာလာသည်နှင့်အမျှ ဆီစစ်ဘူးတွင် ပိတ်မိနေသော အညစ်အကြေးများ ပြည့်လျှံလာမည်။ အင်ဂျင်ဝိုင်လဲလှယ် တိုင်း ဆီစစ်ဘူးအသစ်လဲလှယ်ပေး ခြင်းသည် အကောင်းဆုံးဖြစ်သည်။ ဆီစစ်ဘူးလဲလှယ်လျှင် မူလတံဆိပ် နံပါတ်အရွယ်အစားအတိုင်း လဲပေး သင့်သည်။ အရည်အသွေးညံ့ဈေး သက်သာသော ဆီစစ်ဘူးများသည် သင့်ကားအင်ဂျင်၏ သက်တမ်းကို တိုစေမည်။

Automatic Transmission ကို ထိန်းသိမ်းခြင်း
အော်တိုဂီယာများတွင် Trans-mission Fluid သည် အသက်ဖြစ် သည်။ ခရီးမိုင် (၁၀၀၀၀၀) မတိုင်မီ ATF (Auto Transmission Fluid) ဆီကိုလဲလှယ်ပေးရန် ယေဘုယျသတ်မှတ်ထားသော်လည်း အထူးကျွမ်းကျင် သူများ၏အဆိုအရ ခရီးမိုင် (၃၀၀၀၀) မောင်းပြီးတိုင်း ATF ဆီ ကိုလဲလှယ်ပေးသင့်သည်။ ကားထုတ် လုပ်သူ ညွှန်ကြားထားသော ATF ဆီအမျိုးအစားကို ရွေးချယ်သုံးစွဲသင့် သည်။ ATF ဆီအမျိုးမျိုးရှိသည်။ ထုတ်လုပ်သူရည်ညွှန်းသော ATF အမျိုးအစားကို သုံးစွဲပါမှ Auto Transmission ၏ သက်တမ်းပိုရှည်မည်။
Ref : www.awjmyanmar.com
MMautotrader

No comments:

Post a Comment