နူနာအမြစ်ပြတ်ဆေး
*************
ကမ္မဋ္ဌာန်းဝင်တဲ့အခါ အာရုံနဲ့ မှတ်စိတ် နှစ်မျိုးကို သိရမယ်။
အဲဒီအာရုံနဲ့ မှတ်စိတ် တည့်တည့်နေအောင်ရှုရမယ်။
အရှုခံအာရုံထဲက ရှုမှတ်စိတ် ထွက်မသွားရအောင် သတိထား။
ဘာမှ မစဉ်းစားနဲ့၊ ဘာအာရုံမှ မဝင်စေနဲ့။
ဒီစိတ်တစ်လုံးကို နိုင်အောင်ဆုံးမနိုင်ရင် ကိလေသာနူနာ အမြစ်ပြတ်နိုင်တယ်။
ဒီလိုမှ စိတ်တစ်လုံး မနိုင်ရင်တော့
လောကီအလိုလည်း ချမ်းသာရာရမှာမဟုတ်ဘူး။
လောကုတ္တရာအလိုနဲ့လည်း တစ်ထောင့်ငါးရာကိလေသာနူနာဟာ
အမြစ်ပြတ်မှာ မဟုတ်ဘူး။
*** သစ္စာလေးချက်ကိုက်ပုံ ***
ဝိပဿနာတရားဆိုတာ ခန္ဓာကိုကြည့်တာပါ။ ခန္ဓာ ကြည့်တော့ ခန္ဓာငါးပါး။
အဲဒီခန္ဓာငါးပါးက မဖြစ်မပျက်တဲ့ အချိန်ရှိရဲ့လား။ အမြဲတမ်းဖြစ်လိုက်
ပျက်လိုက်။
ခန္ဓာငါးပါးဖြစ်ပျက်က ဒုက္ခသစ္စာ၊ ရှုကြည့်လို့ သိတဲ့ဥာဏ်က
မဂ္ဂသစ္စာ။ မဂ္ဂသစ္စာပေါ်ပြီဆိုတော့ တဏှာ၊ ဥပါဒါန်၊ ကံ သေ မသွားဘူးလား၊ သေတာက
သမုဒယသစ္စာ။
သမုဒယသစ္စာ (ဆင်းရဲဖြစ်ကြောင်းအမှန်) သေမှတော့ နောင်ဇာတိ
ရစရာလိုသေးလား၊ နောင်ဇာတိမှ မရတာ အို နာ သေ ကြုံပါဦးမလား။ အိုနာသေ
မကြုံရင် ဘယ်ရောက်မယ်၊ နိဗ္ဗာန်ပါ။
နိဗ္ဗာန်ကို သစ္စာအနေနဲ့ပြောတော့ နိယောဓ သစ္စာပါ။
သစ္စာဘယ်နှစ်ချက် ကိုက် (၄)ချက်ပါ။
ဤကဲ့သို့ သစ္စာလေးချက် တပြိုင်နက်ကိုက်သောကြောင့် သတိပဋ္ဌာန်တရား
လက်ကိုင်ထားပြီး ခန္ဓာအစဉ် ဥာဏ်နဲ့ယှဉ်၍ ခန္ဓာအရှိ ဖြစ်ပျက်ကို ဥာဏ်အသိမဂ်
နှင့်ကိုက်အောင် ကျင့်ကြံအားထုတ်ကြပါလို့ တိုက်တွန်းရင်း ဒီကနေ့အချိန်လဲ
စေ့ပြီမို့ ဒီနေ့တရားပွဲဒီမှာတွင်တော်ကြအုံးစို့ ။
No comments:
Post a Comment