Friday, December 20, 2013

နႏၵမာတာ ဥပါသိကာမၾကီးရဲ့ ဂုဏ္အဂါၤ (၇) ပါး

နႏၵမာတာ ဥပါသိကာမၾကီးရဲ့ ဂုဏ္အဂါၤ (၇) ပါး
(၁) ဝေဿ၀ဏ်နတ်မင်းကြီးနှင့် မျက်နှာချင်းဆိုင် စကားပြောဆိုရခြင်းဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုပဲ
(၂) မင်းချင်းယောက်ျားတို့ဟာ အကြောင်းတစ်စုံတစ်ခုကြောင့် တစ်ဦးတည်းသောသားဖြစ်တဲ့ နန္ဒကို ဖမ်းဆီးချုပ်နှောင်ကာ ရိုက်ပုတ်ညှင်းဆဲ ပြီးတော့ သတ်ပြစ်ကြသော်လည်း နန္ဒမာတာရဲ့စိတ်ထဲမှာ ၀မ်းနည်းကြေကွဲမှု ဖောက်ပြန်တုန်လှုပ်မှု လုံးလုံးမရှိခြင်း၊ ဒါက ဂုဏ်ပုဒ်တစ်ခုပဲ။
(၃) အိမ်ရှင်ယောက်ျားကွယ်လွန်ပြီးနောက် မထင်းမရှားသော ဘုမ္မစိုးနတ် ဖြစ်သွားခဲ့တယ်။ အဲဒီ ဘုမ္မစိုးနတ်က ရှေးယခင်မသေခင်က အိမ်ရှင်ယောက်ျားအသွင် ဖန်ဆင်းကာ ကိုယ်ထင်ရှားလာပြတယ်။ အဲဒီအခါမှာလည်း နန္ဒမာတာရဲ့ စိတ်ဓာတ်ဟာ ဖောက်ပြန်တုန်လှုပ်မှု ၀မ်းသာမှုဆိုတာ လုံးဝမဖြစ်ခဲ့ဘူး။ ဒါလည်း သူ့ရဲ့ ဂုဏ်ပုဒ်တစ်ခုပဲ။
(၄) ငယ်ရွယ်စဉ် အိမ်ထောင်ပြုပြီးကတည်းက အိမ်ရှင်ယောက်ျားကို ကျော်လွှားပြီး အခြားယောက်ျားများနှင့် ဖောက်ပြားမှုဆိုတာ ကိုယ်ထိလက်ရောက်မဆိုထားနှင့် စိတ်နဲ့သော်လည်း တစ်ခါမျှ မဖောက်ပြားခဲ့ဖူးဘူး။ ဒါလည်း သူ့ရဲ့ ဂုဏ်ပုဒ်တစ်ခုပဲ။
(၅) ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်တက်သည့် ဥပါသိကာမအဖြစ် လျှောက်ထားသည့်နေ့က စပြီးတော့ ငါးပါးသီလကို စိတ်ပါလက်ပါ တစ်ကြိမ် တစ်ခါမျှသော်လည်း မချိုးမဖောက် ခဲ့ဖူးဘူး။ ဒါလည်း သူ့ရဲ့ ဂုဏ်ပုဒ်တစ်ခုပဲ။
(၆) ပထမဈာန် ဒုတိယဈာန် တတိယဈာန် စတုတ္ထဈာန် ဆိုတဲ့ ရူပါဝစရဈာန်တွေကို အလိုရှိသလောက် ၀င်စားပြီးနေနိုင်တယ်။ ဒါလည်း သူ့ရဲ့ ဂုဏ်ပုဒ်တစ်ခုပဲ။
(၇) (က) သက္ကာယဒိဋ္ဌိ = ခန္ဓာငါးပါး တို့ကို အတ္တဟုစွဲလမ်းယုံကြည်ခြင်း
(ခ) ၀ိစိကိစ္ဆာ = ရတနာသုံးတန် ကံကံ၏အကျိုးတရားစသည်တို့ အပေါ်မှာ ယုံမှားသံသယရှိခြင်း။
(ဂ) သီလဗ္ဗတပရမာသ = နွားအကျင့် ခွေးအကျင့် စသည်ဖြင့် ကိလေသာ တွေမှ စင်ကြယ် နိုင်တယ် သံသရာဝဋ်ဆင်းရဲဒုက္ခမှ လွတ်မြောက်နိုင်တယ်လို့ အမှားမှားအယွင်းယွင်း သုံးသပ်တက်ခြင်း၊
(ဃ) ကာမရာဂ = ကာမတစ်ဆယ့်တစ်ဘုံနဲ့ သက်ရှိသက်မဲ့ ကာမ၀တ္တု အစုစုအပေါ်မှာ တွယ်တာမက်မောခြင်း။
(င) ဗျာပါဒ = စိတ်ဓာတ် ခက်ထန်ကြမ်းတမ်းခြင်း ဒေါသ
ပေါင်းလိုက်တော့ သံယောဇဉ် ငါးပါးဖြစ်ကြတယ်။ ဒီသံယောဇဉ် ငါးပါးကို အောင်ပိုင်း ကာမတစ်ဆယ့်တစ်ပုံမှ မလွတ်မြောက်အောင် ဆွဲဆောင်ထားတဲ့ ကြိုးငါးချောင်းနဲ့တူလို့ သြရ မ္တာဂိယ သံယောဇဉ်တွေလို့ ခေါ်ဆိုပါတယ်။ ဒီသံယောငါးပါးကိုလည်း သူက ပယ်ရှားထားပြီးဖြစ်နေတယ်။ ဒါလည်း သူ့ရဲ့ ဂုဏ်ပုဒ်တစ်ခုပဲ။

No comments:

Post a Comment