တရားတွေများများတင်ချင်ပါတယ် (ကိုယ်တိုင်ဖတ်ဖို့ပါ)
တစ်ခါတုံးက နတ်သားနှစ်ပါးဟာ ၇
ရက်ကြာရင်နတ်သက်ကြွေတော့မယ်ဆိုတာသိလို့ သူတို့ ဘယ်ဘဝ ရောက်မယ်ဆိုတာ
ကြည့်လိုက်တော့ နတ်သားတစ်ယောက်က ကျီးကန်း ဖြစ်မယ်
နောက်တစ်ယောက်ကအိမ်သာထဲက လောက် ဖြစ်မယ်
အိမ်သာထဲကလောက်ဖြစ်မယ့် နတ်သားက သူ့သူငယ်ချင်း ကျီးကန်းဖြစ်မယ့်နတ်သားကို ပြောတယ်
ငါ အိမ်သာထဲက လောက်တော့ မဖြစ်ချင်ဘူး ငါ့ကို လာစားပါလို့ပြောတယ်
နတ်သက်ကြွေတော့ ကျီးကန်းဘဝ ရောက်တဲ့နတ်သားက သူ့သူငယ်ချင်း လောက် ဘဝမှာ
စိတ်ညစ်နေ မယ် မပျော်လောက်ဘူး ထင်ပြီး ကတိရှိခဲ့တဲ့ အတိုင်း လာခဲ့တယ်
အိမ်သာ နားရောက်တော့ သူ့သူငယ်ချင်း လောက် က ပြောတယ်
သူငယ်ချင်းရယ် ငါ့ကို မစားပါနဲ့ကွာ ဒီဘဝမှာ ငါ လောက်မ လေးတွေနဲ့ ပျော်နေပြီ '"တဲ့
တဏှာရဲ့ အရောင်ဆိုးခြင်း မျက်လှည့်ပညာ ကတော့
ကြောက်ဖို့ကောင်းပါတယ်
Tuntunnaing Tuntunnaing
No comments:
Post a Comment