စဉ်းစားဖို့ပါ
တစ်ခါတုန်းက ဖတ်ဖူးတာ မူလတန်းကျောင်းသားလေး တစ်ဦးက သူ့အမေကို မေးပါတယ်။ရေသန့်ဘူးမှာ ရေတစ်မျိုးပဲ ပါပြီးတော့ ၁ ဒေါ်လာေ
တာင်ပေးရတယ်။ဆိုဒါ အချိုရည် တစ်ဗူးမှာ ပါဝင်ပစ္စည်းတွေ အများကြီးပါပြီးတော့ ဘာလို့ ၆၀ ဆင့်ပဲပေးရတာလဲ ဆိုတာမျိုးတွေပေါ့
အဓိက ကတော့ ပြုပြင်ထားတဲ့ အစားအစာတွေကြောင့်ပါ။ခုနကကလေးမေးသလို
ရေက ပါဝင်ပစ္စည်းတစ်ခုထဲ ဖြစ်ပါတယ်။သူ့ကို သန့်စင်ထားတာ
တစ်ခုထဲရှိပါတယ်။ဆိုဒါ အချိုရည်တွေရဲ့ ပါဝင်ပစ္စည်းတွေကတော့
အများကြီးပါ။ဒါပေမယ့် ရေသန့်နဲ့ နှိုင်းယှဉ်တဲ့ အခါမှာတော့
ပိုမိုဈေးပေါပါတယ်။ဒီလို အချိုရည်တွေမှာ သုံးတဲ့ ဓါတုပစ္စည်းတွေဟာ
အလွန်ဈေးပေါပါတယ်။ရေထက်ကို တော်တော်ဈေးသက်သာပါတယ်။ကျန်းမာရေး အတွက်လဲ ဆိုးကျိုးအလွန်များပါတယ်။
တစ်ချို့က အချိုရည်ထုတ်လုပ်ပုံတွေကို သိပ်နားမလည်တဲ့လူတွေ ရှိပါတယ်။ကျွန်တော် နဲနဲရှင်းပြပါမယ်။မြန်မာနိုင်ငံမှာတော့ အချိုရည်တွေကို မြေအောက်ရေနဲ့ ထုတ်လုပ်ကြပါတယ်။မြေအောက်ရေပေါလို့ ဖြစ်ပါတယ်။အခြားနိုင်ငံတွေမှာတော့ မြစ်ရေ၊ချောင်းရေ လိုဟာမျိုး ဒါမှမဟုတ်ရင် ပြန်လည်သန့်စင်ထားတဲ့ ရေမျိုးကို အသုံးပြုကြပါတယ်။အဲဒီလိုရေတွေကို ပြန်လည်သန့်စင်တယ်(ပြန်လည်သန့်စင်တယ်ဆိုတာကလဲ
ရေသန့်တွေလို မဟုတ်ပါ)ပြီးရင်တော့ အချိုအရသာအတွက် သကြားထည့်ပါမယ်။လူတွေ
တော်တော်သိထားတာက သကြားလို့ ပဲသိထားတာပါ။ကိုလာတစ်ဗူးမှာ
သကြားပမာဏဘယ်လောက်ပါတယ်ဆိုတာမျိုးပါ။တကယ်က
သကြားမဟုတ်ပါဘူး။အများစု အသုံးပြုနေတာကတော့ Aspertame
တွေဖြစ်ပါတယ်။သကြားထက် အဆ ရာနဲ့ချီချိုပါတယ်။၂၀၀ နီးပါး
ပိုချိုပါတယ်။အဲဒီပစ္စည်းတွေ အသုံးပြုချင်းအားဖြင့် တွက်ခြေကိုက်စေပါတယ်။
သကြားက ပိုဈေးကြီးတဲ့ အတွက် မသုံးနိုင်ကြပါဘူး။အခုဆို ရန်ကုန်နဲ့
နယ်မြို့တွေမှာ Aspertame တွေ လွယ်လွယ်ကူကူ ၀ယ်ယူလို့ ရပါတယ်။ကြားမိတာကတော့
တစ်ပေါင်ကို ၃၀၀၀ နီးပါးပဲပေးရပါတယ်။သကြား ပေါင်ထုပ် ၂၀၀ ၀ယ်ရင်
ပိုဈေးကြီးတဲ့အတွက် ဖြစ်ပါတယ်။ဆေးသကြားတောင် သိပ်မသုံးတော့ ပါဘူး။
နောက်ပြီးတော့ အရောင်တွေထည့်မယ်။စတော်ဘယ်ရီဆို
အနီရောင်လေးပေါ့။ဒီတော့ ပြောစရာတစ်ခုဖြစ်လာပါတယ်။ဒီ အရောင်တွေက
ခွင့်ပြုထားတဲ့ အရောင်တွေလေ။ဟုတ်ပါတယ်။ နိုင်ငံတကာက ခွင့်ပြုထားတဲ့
အရောင်တွေ၊အစားအသောက်ဆိုးဆေးတွေပါ။တကယ်နားလည်ထားရမှာက သုံးနိုင်တယ်ဆိုပြီး ခွင့်ပြုထားတာပါ။အန္တာရာယ်ကင်းတယ်လို့ ဘယ်သူမှအာမမခံထားကြပါဘူး။ပြီးရင်တော့
ဘူးထဲထည့် တာရှည်ခံဆေးတွေထည့် (များသောအားဖြင့် Sodium Benzonate
)ထည့်ကြပါတယ်။ဒီပစ္စည်းရဲ့ အန္တာရာယ်တွေကို အွန်လိုင်းမှာ
လေ့လာကြည့်ရင်တွေ့နိုင်ပါတယ်။ပြီးတော့ ဂက်စ်တွေထည့်ပြီး ထုတ်ပိုးရောင်းချကြပါတယ်။ပြီးတော့ ဘူးခွံမှာ အာဟာရတန်ဖိုးဇယား တောင်ပါလိုက်သေးတယ်။
အဲဒီတော့ အန္တာရာယ်ရှိနိုင်လား။ဒေါက်တာခင်မောင်လွင်(FAME)
ရဲ့ အဆိုအရတော့ လူ့ခန္ဓာကိုယ်မှာ Chemical တွေ တစ်နေ့ကို ၅ ဂရမ်ပဲ
အ၀င်ခံနိုင်ပြီးတော့ အသည်းကလဲ အဲဒီလောက်ပို ချေဖျက်နိုင်ပါတယ်။၅
ဂရမ်ထက်ပိုနေရင်တော့ အသည်းထိခိုက်မှုတွေ စတင်လာနိုင်ပါတယ်။ဒီတော့
သူကပြောပါတယ်။ကျွန်တော်တို့ နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေထဲမှာ
အနည်းနဲ့အများကတော့ Chemical တွေပါဝင်ကြပါတယ်။ဆေးတွေသောက်တာလဲ Chemical ပါပဲ။အားဆေးတွေမှာလဲ ပါဝင်နေကြပါတယ်။အခုနောက်ပိုင်းရောဂါတွေအဖြစ်များကြတဲ့ လူတွေကို ကြည့်ရင် ဓါတုများများပါဝင်တာတွေကို များများ အသုံးပြုနေကြတဲ့ သူတွေဖြစ်ပါတယ်။
တစ်ခါကဆေးရုံပေါ်မှာ အဘွားကြီးတစ်ယောက်လာတက်ပါတယ်။နယ်ဘက်ကလာတာထင်ပါတယ်။သူ့ကို ရေဆာတဲ့အချိန်မှာ ရေမတိုက်ကြပါဘူး။အားရှိအောင်လို့
ဆိုပြီးတော့ Energy drink တွေ(အဲဒီအချိန်တုန်းက ကျွဲရိုင်း)တွေ
တိုက်ကြပါတယ်။တစ်နေ့ကို ၆ ဘူးလောက်ကုန်တယ်လို့
ပြောပါတယ်။ဆေးရုံတက်နေတုန်းမှာပဲ အဘွားကြီး သွေးချိုတက်ပါတယ်။၂၀၀ နီးပါးတက်ပါတယ်။စိတ်တွေလဲ ခြောက်ခြားပြီးနေပါတယ်။ဒါဟာ ဒီ Chemical ရဲ့ဆိုးကျိုးတွေပါပဲ။
အခုနောက်ပိုင်း ဘုန်းတော်ကြီးတွေနဲ့ သီလရှင်တွေ သွေးချိုဆီးချို အများအပြားဖြစ်လာကြပါတယ်။ဘုန်းတော်ကြီးတွေကို
အချိုရည်တွေအများက ၀ိုင်းကပ်လှူကြပြီး ဆရာတော်တွေကလဲ ဒါနမြောက်အောင်
ဘုန်းပေးကြပါတယ်။ဆရာတော် တစ်ယောက်ပြောတာကတော့ "ညနေပိုင်း အိမ်တွေက
ပင့်ပြီးတော့ ပရိတ်ရွတ်တာတို့၊ပဌာန်း ရွတ်တာတို့
လုပ်ပေးလေ့ရှိပါတယ်။ရန်ကုန်မှာတော့
သိပ်မရှိပေမယ့် နယ်မှာတော့ တစ်ရက်ကို သုံးအိမ်လောက်က လာပင့်ပါတယ်။ပြီးတော့
ညနေပိုင်းဖြစ်တဲ့ အတွက် အချိုရည်တွေ ကပ်ပါတယ်။ဒါနမြောက်အောင်ဆိုပြီးတော့ ဘုန်းပေးရပါတယ်။တစ်ခါတစ်လေ သုံးလေးအိမ်လောက်က အချိုရည်ဝိုင်းတိုက်ရင် ဘယ်လိုမှမရှောင်နိုင်ဘူး။သောက်ခဲ့ရတာပဲ" လို့ပြောပါတယ်။
အခုဆိုရင် အနောက်နိုင်ငံတွေက ဓါတုဆေးဝါးတွေမဟုတ်တော့ဘဲ ပိုမိုပြီး
ဘေးထွက်ဆိုးကျိုးနည်းတဲ့ အပင်တွေ၊သတ္တ၀ါတွေက ထုတ်လုပ်တဲ့ ဆေးတွေကို
ပိုမိုလက်ခံလာကြပါတယ်။ဒါပေမယ့် အစားအစာတွေကိုတော့
ရွေးချယ်မစားသောက်နိုင်သေးပါဘူး။များသောအားဖြင့် GMO အစားအစာတွေကို စားသောက်နေရပါတယ်။အဲဒီအစားအစာတွေဟာ သာမန်အစားအစာတွေထက် ဈေးပေါပြီးတော့ အရသာလဲ ပိုရှိအောင်စီမံထားပါတယ်။လူတွေဆိုတာကလဲ ဈေးနှုန်းပေါတဲ့နောက်ကို လိုက်နေကြရတယ်ဆိုတော့ မရှောင်လွှဲနိုင်တော့တာဖြစ်ပါတယ်။အဲဒီတော့ နောက်ဆုံးအကြံပြုချင်တာကတော့ အစားအသောက်တွေထဲမှာ ဓါတုပစ္စည်းတွေပါဝင်နေတာဖြစ်တဲ့အတွက် မလိုအပ်တဲ့ ဓါတ်ုပစ္စည်းတွေကို မသုံးစွဲပါနဲ့။အအေးတို့၊ဆိုဒါတို့ ဆိုတာ နေ့စဉ်ဘ၀မှာ မလိုအပ်သလို အန္တာရာယ်ဖြစ်စေတဲ့ အတွက် အတတ်နိုင်ဆုံး လျော့ချသောက်သုံးသင့်ပါတယ်။တစ်ခါတစ်ရံမှသာ သောက်သုံးပါ။အကောင်းဆုံးကတော့ မသောက်ပဲနေတာ ကောင်းပါတယ်။အခုခေတ်မှာ အရက်သောက်မှ သေတာမဟုတ်ပါဘူး။အချို၇ည်သောက်လဲ သေပါတယ်ဆိုတာ. . .
မောင်စိုင်း
ကျော်စံလင်း
No comments:
Post a Comment