Monday, December 16, 2013

နောက်ဆုံးတော့လည်း ရေနွေးနဲ့ပဲ သေရတယ်

နောက်ဆုံးတော့လည်း ရေနွေးနဲ့ပဲ သေရတယ်
 
နောက်ဆုံးတော့လည်း ရေနွေးနဲ့ပဲ သေရတယ်
******************
ရှေးရှေးတုန်းကပေါ့ဗျာ.... ငတက်လုံးဆိုတဲ့လူတစ်ယောက်ဟာ တိုင်းပြည်မှာအလုပ်အကိုင်ကရှားပါးတော့ ကြံရာမရဖြစ်ပြီး ရှင်ဘုရင်ရဲ့ ရွှေတိုက်ကိုဝင်ခိုးသတဲ့...ရှင်ဘုရင်ရဲ့ ရွှေတိုက်ကိုမှဝင်ခိုးရတာကလည်း အကြောင်းရှိတယ်ဗျ...တိုင်းပြည်ထဲမှာ

သူဝင်ခိုးရလောက်အောင် ဘယ်သူမှ မချမ်းသာဘူးလေ (ရှင်ဘုရင်ရဲ့ အမျိုးတွေကလွဲပြီးပေါ့)...ဒါနဲ့ရှင်ဘုရင်ရဲ့ရွှေတိုက်ကို

ဝင်ခိုးရာမှာ ကံဆိုးစွာနဲ့ပဲရဲမက်တွေသိသွားပြီး အဖမ်းခံရတော့တယ်...ရဲမက်တွေက ငတက်လုံးကို ဘုရင်ဆီခေါ်သွားတော့

ဘုရင်ကစစ်ဆေးမေးမြန်းမရှိ ပြစ်မှုထင်ရှားတယ်ဆိုပြီး တခါတည်း အမိန့်ချလိုက်တယ်..“ငါကိုယ်တော်မြတ်ရဲ့ရွှေတိုက်ကို

ဝင်ခိုးတဲ့ဒီငမိုက်သားကို ရွှေတစ်ပိဿာအရည်ဖျော်ပြီး ပါးစပ်ထဲလောင်း၍သတ်စေ”

ဒီလိုနဲ့ တိုင်းပြည်ရဲ့ တရားသူကြီးချုပ်ဆီရောက်တော့ တရားသူကြီးချုပ်ကစဉ်းစားတယ်..“အင်း....ဒီကောင်ကိုသတ်ဖို့ရွှေတစ်

ပိဿာမလိုပါဘူး ရွှေငါးဆယ်သားနဲ့လည်းသေနိုင်တာပဲ”လို့စဉ်းစားပြီးရွှေငါးဆယ်သားကို သူယူပြီး“ဒီ ငမိုက်သားကို ရွှေငါးဆယ်

သားအရည်ဖျော်ပြီးပါးစပ်ထဲလောင်း သတ်စေ”ဆိုပြီးမြို့တော်ဝန်ဆီ ပို့လိုက်တယ်...

မြို့တော်ဝန်ကလည်း ဒီလိုပဲ စဉ်းစားပြီး “ရွှေအစိတ်သားအရည်ဖျော်ပြီး ပါးစပ်ထဲလောင်းသတ်စေ”ဆိုကာသတ်မဲ့အာဏာပါးကွက်

သားဆီပို့လိုက်တယ်..သူကလည်းဘာထူးမှာလည်း ငတက်လုံးကိုခေါ်ပြီး“ဟဲ့ ငတက်လုံး မောင်မင်းကို ရေနွေးပူနဲ့လောင်းပြီးသတ်

စေလို့ရှင်ဘုရင်က အမိန့်တော်ချလိုက်တယ်...ကဲ ကဲပါးစပ်ဟထားရေနွေးပူနဲ့လောင်းပြီး သေဖို့တာပြင်ပေတော့”တဲ့

ကျော်စံလင်း
ဝေမျှပါသည်
 
No comments:

Post a Comment