Friday, December 20, 2013
ခွေးမပါရ(ဟာသ)
ခွေးမပါရ
*ကုမ္ပဏီ တစ်ခု ရှေ့တွင် ကြော်ငြာတစ်ခု ကပ်ထားသည်။ဝန်ထမ်းအလိုရှိသည်။လက်နှိပ်စက်
ရိုက်တတ်ရမည်။ကွန်ပျူတာကို ကောင်းကောင်း ကိုင်တွယ် အသုံးပြုတတ်ရမည်။ဘာသာစကား
နှစ်မျိုး ပြောတတ်ရမည်။တန်းတူ အခွင့်အရေးပေး ဆက်ဆံသည့် အလုပ်ရှင်ဖြစ်သည်။
အဆိုပါကြော်ငြာကို ဖတ်မိသော ခွေးတစ်ကောင် ကုမ္ပဏီရုံးခန်းထဲသို့
ဝင်လာသည်။သဘောပေါက်သွားသော ဧည့်ကြို စာရေးမက ခွေးအား မန်နေဂျာနှင့် ပေးတွေ့သည်။
ခွေးက မန်နေဂျာ စားပွဲရှေ့ရှိ ကုလားထိုင်ပေါ် ခုန်တက်ပြီး မန်နေဂျာအား
စိုက်ကြည့်သည်။
မန်နေဂျာ>>>“သြော်...မင်းက အလုပ်လာလျှောက်တာလား..၊ဒါပေမဲ့ မင်းကို ငါဘယ်လို
အလုပ်ခန့်ရမှာလဲကွ ၊ အလုပ်လျှောက်တဲ့သူက လက်နှိပ်စက် ရိုက်တတ်ရမယ်လို့ဆိုထားတာ”
ခွေးက ကုလားထိုင်ပေါ်မှ ခုန်ဆင်းပြီး ရုံးခန်းထဲရှိ လက်နှိပ်စက် တစ်လုံးတွင်
လက်နှိပ်စက် ရိုက်ပြသည်။ခွေးဆွဲထုတ်ပြီး မန်နေဂျာအားပြသော စာရွက်ကို
ကြည့်လိုက်တော့ အမှားအယွင်း တစ်စုံတစ်ခုမျှမတွေ့ ။
ကုလားထိုင်ပေါ် ပြန်တက်လာသော ခွေးအား တအံ့တသြကြည့်၍ မန်နေဂျာ ဆက်ပြောသည်။
မန်နေဂျာ>>>“ကြော်ငြာထဲမှာ အလုပ်လျှောက်တဲ့သူ ကွန်ပျူတာကို ကောင်းကောင်း
သုံးတတ်ရမယ်လို့ ပါသေးသကွ”
ခွေးလည်း ကုလားထိုင်ပေါ်မှ ခုန်ဆင်းပြီး ကွန်ပျူတာတစ်လုံးရှိရာ သွား၍ ပရိုဂရမ်
တစ်ခုကို အသာလေး ဆွဲပြသည်။
မန်နေ၈ျာ မျက်လုံးပြူးသွားသည် ။ မှင်တက်မိနေပြီ ။ ဒါပေမဲ့ ခွေးအား
အားနာပါးနာပြောသည်။
မန်နေဂျာ>>>“မင်းက အသိဥာဏ် အင်မတန်ရှိတဲ့ ခွေးမှန်း ငါသိပါပြီကွာ
၊လုပ်ရည်ကိုင်ရည်လည်း ရှိပါတယ် ၊ ဒါပေမဲ့ ငါမင်းကို ဘယ်လိုမှ အလုပ်ခန့်လို့
မရဘူးကွ”
ဒီစကား အကြားမှာ ကုလားထိုင်ပေါ်ကခွေး ခုန်ဆင်းပြီး အခန်းထဲ ကပ်ထားသော
အလုပ်ကြော်ငြာရှေ့ သွား၍ တန်းတူ အခွင့်အရေး ဆက်ဆံသည့် အလုပ်ရှင် စာတန်းကို
လက်နှင့်ထိုးပြသည်။
ဒါလည်း မန်နေဂျာက အလျှော့ မပေးသေး ။
မန်နေဂျာ>>>“ဟုတ်ပါတယ် ၊ ဟုတ်ပါတယ် ၊ တန်းတူ အခွင့်အရေး ပေးပါတယ် ၊ ဒါပေမဲ့
ကြော်ငြာထဲမှာ ဘာသာစကား နှစ်မျိုး ပြောတတ်ရမယ်လို့ ဆိုထားသေးတယ် ၊
မင်းပြောတတ်လို့လား”
ဒါလည်း ခွေးက အသာလေး မန်နေဂျာကို ခေါင်းညိတ်ပြပြီး စကားတစ်ခွန်းပြောလိုက်လေသည်။
ခွေး>>>>“မီးညှောင်”*
ကျော်စံလင်း....ဝေမျှသည်....
Subscribe to:
Post Comments (Atom)
No comments:
Post a Comment