ယနေ့အတွက် ပုံပြင်လက်ဆောင်
တခါတုန်းက ဘုရင်ကြီးတစ်ပါးမှာ
ဥာဏ်အမျှော်အမြင်ရှိပြီး ရုပ်ရည်ချောမောလှပတဲ့ မိဖုရားတစ်ပါးရှိပါတယ်။
ဘုရင်ကြီးရဲ့ ပညာရှိအမတ်ကြီးကလည်း အင်မတန်မှ အားကိုးရပါတယ်တဲ့... ညီလာခံ
ကျင်းပတဲ့အခါမှာ ဘုရင်ကြီးဟာ မိဖုရားရော အမတ်ကြီးကိုပါ
ခေါ်ယူဆွေးနွေးတိုင်ပင်တတ်ပါတယ်။
တခါမှာတော့ ညီလာခံအပြီး
ဘုရင်ကြီးနဲ့ မိဖုရား ပြန်လည်ထွက်ခွာသွားချိန်မှာ အမတ်ကြီးက မထင်မှတ်ဘဲ
မော့ကြည့်မိလိုက်ပါတယ်။ အဲ့ဒီ့အခါမှာ အဆင်းလှပတဲ့ မိဖုရားရဲ့
မမြင်အပ်တဲ့အပိုင်း (အနောက်ပိုင်း) ကို မြင်လိုက်ရပါတယ်။
အဲ့ဒီ့အချိန်က စလို့ အမတ်ကြီးလည်း မိဖုရားကို စွဲလန်းတဲ့ တဏှာစိတ်ကြောင့်
မစားနိုင်၊ မအိပ်နိုင်ဖြစ်ခဲ့ရပါတယ်။ တိုင်းရေးပြည်ရေမှာလည်း ယခင်လို
တက်ကြွစွာပါဝင်ဆွေးနွေးမှုမရှိတော့ဘဲ မမှီတော့တဲ့ပန်းကို
ဘယ်လိုမျှော်မှန်းရမယ် မသိ ဖြစ်လို့နေပါတော့တယ်။
ဒါကို
ရိပ်စားမိတဲ့ မိဖုရားကြီးဟာ အမတ်ကြီးကို ဆင့်ခေါ်ပြီး ရွှေခွက်၊ ငွေခွက်၊
ကြေးခွက်တို့ထဲမှာ ရေထည့်ကာ အမတ်ကြီးအား သောက်သုံးစေပါတယ်။ အမတ်ကြီး
သောက်သုံးပြီးတဲ့အခါ.. မိဖုရားကြီးက ဘယ်ရေခွက်က ရေဟာ အကောင်းဆုံးပါလဲလို့
မေးလိုက်ပါတယ်။
ထိုအခါ အမတ်ကြီးက ဘယ်ရေခွက်ထဲမှာဘဲ ထည့်ထည့်.. ရေ
ဟာ ရေပါဘဲ.. ရေရဲ့အရသာဟာ အတူတူပါဘဲလို့ဖြေလိုက်ပါတယ်။ အမတ်ကြီးလည်း
ပညာရှိသူဖြစ်လေတော့ မိဖုရားကြီးရဲ့ ဆိုလိုရင်းကို သဘောပေါက်
နားလည်သွားပါတယ်... အဲ့ဒီအချိန်ကစလို့ အမတ်ကြီးလည်း စွဲလန်းစိတ်များကို
ဖြေဖျောက်နိုင်သွားပြီး သူ့ရဲ့ မိသားစုနှင့်အတူ ပျော်ရွှင်စွာ
နေထိုင်သွားပါတော့တယ်....
ဘယ်ရေခွက်ထဲက သောက်သောက်.. ရေ ဟာ ရေ ပါဘဲ....
အာကာသနှင့် စကြ၀ဠာ
No comments:
Post a Comment