သာယာတဲ့ အိမ်ထောင်တစ်ခု တည်ဆောက်လိုပါလျှင်
အများစုက
အိမ်ထောင်တစ်ခု တည်ထောင်ရမှာကို စိုးရွံ့နေကြတယ်။ ဘာကြောင့်လဲဆိုတော့
အိမ်ထောင်ကျပြီးနောက် သဟဇာတမဖြစ်မှု ၊ ပြဿနာရှုပ်ထွေးလာမှုတွေ ဖြစ်လာမှာကို
ကြောက်ကြလို့ပါပဲ။
ဒီလူတွေကတော့ အိမ်ထောင်တစ်ခုအတွက် မရှိမဖြစ် သိထားရမယ့် ဒီအချက်(၅)ချက်ကို မေ့လျော့နေတာကြောင့်ပဲ ဖြစ်ပါတယ်။ ဖတ်ကြည့်လိုက်ရအောင်။
(၁) နွေးထွေးပါ ။
ဆယ်စုနှစ်တစ်စုအကြာ အိမ်ထောင်သက်တမ်းရလာတဲ့အခါ လင်မယားတွေမှာ သူတို့ရဲ့
ကြင်စဦးဆက်ဆံရေးမျိုး ပျောက်ဆုံးလာတတ်ကြပါတယ်။ စိတ်ကျေနပ်စရာကောင်းတဲ့
ဆက်ဆံရေး မရှိတော့တဲ့အခါ အချိန်အတော်ကြာ မေ့ထားတဲ့ စိတ်ကူးယဉ်ဆန်မှု၊
နူးညံ့မှုတွေကို ပြန်လည်အသုံးချရ ပါတော့မယ်။ သူမဆီကိုသွားပါ။
သူမရဲ့လက်ကလေးကိုကိုင်ပြီး ဒီနေ့ သူမဘာတွေ ကြုံတွေ့ခဲ့ရတယ်ဆိုတာ မေးပါ။
ဒီလိုမျိုးကြင်နာတဲ့ အမူအရာတွေဟာ သင်တို့နှစ်ဦးကြား ဆက်သွယ်မှုကို
ပြန်လည်ကောင်းမွန်လာစေနိုင်ပါတယ်။ အကျင့်တစ်ခုဖြစ်တဲ့အထိ
စွဲစွဲမြဲမြဲလုပ်ဆောင်ပေးနေရင် သူမဟာ ပျော်ရွှင်မှုကို
ပြန်လည်ရရှိလာနိုင်ပါလိမ့်မယ်။
(၂) ကျေးဇူးတင်တတ်ပါ။
သင့်ရဲ့
အပြုအမူတွေက တစ်ဖက်သတ်မဆန်နေဖို့ လိုအပ်ပါတယ်။ ၀တ္တရားရှိလို့
လုပ်ပေးတာမျိုးပဲလို့ မှတ်ယူနေမယ့်အစား သူမရဲ့ဂရုစိုက်မှုတွေကို
တန်ဖိုးထားပါ။ သူမကို ပျော်ရွှင်စေနိုင်တဲ့သူဟာ သင်ဖြစ်နိုင်တယ်ထင်လို့
တစ်ဒါဇင်လောက်ရှိတဲ့သူတွေကနေ သင့်ကို ရွေးချယ်ထားတယ်ဆိုတာ မမေ့ပါနဲ့။
အပြန်အလှန်လေးစားခြင်းနဲ့ ကျေးဇူးသိတတ်ခြင်းဟာ အိမ်ထောင်တစ်ခုရဲ့
အစာအဟာရပါပဲ။
(၃) စိတ်ခံစားတက်ကြွှမှုနှင့် ရှင်သန်ပါ။
စိတ်လှုပ်ရှား တက်ကြွရတဲ့ အခိုက်အတန့်လေးတွေကို သူမအတွက် ပြုလုပ်ပေးပါ။
အိမ်ထောင်အများစုဟာ ဒီလို စိတ်ထက်သန်တက်ကြွတဲ့ အခိုက်အတန့်လေးတွေ
ဆုံးရှုံးသွားတဲ့အတွက် သက်တမ်းကုန်ဆုံးသွားရပါတယ်။ ဒီလို ခဏတာလေးတွေဟာ
ရတာလွယ်သလောက် ဆုံးရှုံးတာလည်းမြန်ပါတယ်။ ဒါဆို ဘာကြောင့်များ
ဒီအခိုက်အတန့်လေးတွေ ပြန်ယူလို့မရနိုင်ရမှာလဲ။ ရမ္မက်ဆန်တဲ့ ဒီလိုခဏတာ
အပြုအမူလေးတွေက သူမအတွက်လည်း စိတ်လုံခြုံမှု ရစေတယ်လေ။
(၄) အဓိက အရာကို ခွဲခြားသိပါ။
ပြည့်စုံတဲ့ဘ၀ဆိုတာမရှိပါဘူး။ မျှော်လင့်ထားတဲ့အရာ အတော်များများ
ဖြစ်မလာနိုင်တဲ့အခါမှာ အိမ်ထောင်ရေးကို သွားပြီး
အပြစ်မြင်မိတာမျိုးဖြစ်တတ်ပါတယ်။ မျှော်လင့်ထားတာနဲ့ ထပ်တူမကျတော့တဲ့အခါမှာ
လက်ထပ်မှုကို အမှားလို့ယူဆပြီး နောက်ထပ်ဘ၀အသစ်တစ်ခုကို
ရှာဖွေချင်မိကြပါတယ်။ လူနှစ်ဦးရဲ့ မြင့်မြတ်တဲ့ပေါင်းစည်ခြင်း
တစ်ခုတည်ဆောက်မယ်ဆိုတဲ့ အတွေးဟာ တစ်ဦးကိုတစ်ဦး ဘယ်အခြေအနေမှာမဆို
မြဲမြံစွာ လက်ခံထားနိုင်ရပါမယ်။ နှစ်ဦးသား လက်ထပ်ချိန်က ဒီကတိစကားတွေကို
မေ့ပစ်လိုက်ကြတာဟာ ၀မ်းနည်းစရာ အကောင်းဆုံးအပိုင်း ပါပဲ။ ပျော်ရွှင်စေဖို့
၄၂လက်မ LCD တီဗွီကြီးမလိုပါဘူး။ အဲဒီအစား သင့်အိမ်ထောင်ဖက်ရဲ့ ချစ်ခင်တဲ့
မျက်ဝန်းတွေကိုပဲ ဂရုတစိုက်ကြည့်ပါ။ သူရှိနေရာဟာ ကောင်းကင်ဘုံကြီး
တည်ရှိနေရာပါပဲ။
(၅) ရိုးရှင်းစွာ ပျော်ရွှင်နိုင်အောင်ကြိုးစားပါ။
အိမ်ထောင်ရှင်များအတွက် အကောင်းဆုံးနေထိုင်မှုဘ၀ဟာ လိုအင်ဆန္ဒတွေ ပြည့်နေတဲ့
ဇိမ်ခံဘ၀ကြီး မဟုတ်ပါဘူး။ စားသောက်ဆိုင်ကောင်းတွေမှာ အပတ်စဉ်
ညစာထွက်စားမယ့်အစား သင့်ဇနီးနဲ့ မီးဖိုထဲမှာ အတူချက်ပြုရတာကို
ပိုပျော်ရွှင်သင့်ပါတယ်။ ဒီလို ရိုးရှင်းတဲ့ ဘ၀မှာ ပျော်ရွှင်နိုင်အောင်
ကြိုးစားတာမျိုးကသာ သင်တို့ရဲ့အိမ်ထောင်ရှင်ဘ၀ကို အမှန်တကယ်
ချမ်းမြေ့စေမှာပါ။
Ref:mensxp
No comments:
Post a Comment