Monday, December 16, 2013

မှတ်ပီလား (ရူးသွားမယ်)

 မှတ်ပီလား (ရူးသွားမယ်)

အမေရိကန် သိပ္ပံပညာရှင်တွေက လွန်စွာရှုပ်ထွေးပြီး ခေတ်မှီတဲ့ ကားအင်ဂျင်တစ်ခုကို တီထွင်ထုတ်လုပ်လိုက်တယ်။
ပြီးတာနဲ့ ဂျပန်တွေကို ပညာစမ်းချင်တော့ အဲဒီကားအင်ဂျင်ကို ဂျပန်နိုင်ငံ ပို့လိုက်တယ်။

ဂျပန်တွေက အပေါ့ဆုံး အမာဆုံး သံမဏိတွေနဲ့ လုပ်ထားတဲ့ ကားဘော်ဒီနဲ့ ဖရိန်တွေကို ထုတ်လုပ်လိုက်ပြီး အမေရိကန်တွေပို့လိုက်တဲ့ အင်ဂျင်ကိုတပ်လိုက်တယ်။
ပြီးတာနဲ့ ရုရှားတွေကို ပညာစမ်းချင်တော့ ရုရှားကို ပို့လိုက်တယ်။

ရုရှားတွေကလည်း နှစ်တရာတိုင်အောင် မပေါက်မပြဲနိုင်တဲ့ ကားဘီးတွေနဲ့ လေးတွေကို တီထွင်လိုက်ပြီး အဲဒီကားမှာ တပ်ဆင်ပေးလိုက်တယ်။
ပြီးတာနဲ့ အင်္ဂလိပ်တွေကို ပညာစမ်းတဲ့အနေနဲ့ အင်္ဂလန်ကို ပို့လိုက်တယ်။

အင်္ဂလိပ်တွေက နောက်ဆုံးပေါ်နည်းပညာတွေနဲ့ ကားကိုထိန်းချုပ်နိုင်တဲ့ စနစ်တွေ တပ်ဆင်ပေးလိုက်တယ်။
ပြီးတာနဲ့ မြန်မာတွေကို ပညာစမ်းချင်တော့ မြန်မာတွေ ဘာများလုပ်နိုင်မလဲ သိချင်တာနဲ့ မြန်မာပြည်ကို ပို့လိုက်တယ်။

မြန်မာပညာရှင်တွေက ကားကိုသေချာကြည့်ရှု့စစ်ဆေးတယ်။
-ဘောင်တွေ ဖရိန်တွေ၊ တောင့်မတောင့်၊
-အင်ဂျင်ပိုင်းကောင်းမကောင်း၊
-ဘရိတ်လီဗာ အလုပ်ကောင်းကောင်း လုပ်မလုပ်၊
-ကားတာရာတွေ ပွန်းမပွန်း၊
-ဆေးသား ညံ့မညံ့ အဖန်ဖန်စစ်ဆေးတယ်
စိတ်ကျေနပ်အောင် စစ်ဆေးပြီးပြီဆိုတော့မှ ….
“မြန်မာ့စက်မှုဇုံထုတ်ကား”
… လို့ တံဆိပ် ဖမ်းရိုက်ထည့်လိုက်တယ်။


Credit to todayMyanmar
ကျော်စံလင်း 

No comments:

Post a Comment