Monday, December 30, 2013

ရန်သူ

"ကြောက်မက်ဖွယ်ရန်သူ" .....
=================
ဓားနှင့် ၀င်လာသော ရန်သူထက် ...
စကားနှင့် ၀င်လာသောရန်သူက ပို၍ ကြောက်စရာကောင်း၏ ....။

စကားနှင့် ၀င်လာသော ရန်သူထက် ...
အကြွားနှင့် ၀င်လာသောရန်သူက ပို၍ ကြောက်စရာကောင်း၏ ...။

အကြွားနှင့် ၀င်လာသော ရန်သူထက် ...
အမှားနှင့် ၀င်လာသောရန်သူက ပို၍ ကြောက်စရာကောင်း၏ ...။

ပြင်ပမှလာသော ရန်သူထက် ကိုယ်ဖြစ်မှဖြစ်သော ရန်သူက
ပို၍ ကြောက်စရာကောင်း၏ ...။

ကိုယ်တွင်းမှဖြစ်သော ရန်သူထက် စိတ်တွင်းမှဖြစ်ပေါ်သော ရန်သူသည်ကား မကောင်းသော ကြောက်စရာဖြစ်သဖြင့် ကြောက်စရာ အကောင်းဆုံးအောက် "ကြောက်စရာအကောင်းဆုံး" ဟု ဆုံးဖြတ်ထား ကြရာ၏ ...။

မလုပ်နဲ့

"မလုပ်နဲ့"
=====
တနေ့က... ...
ကျနော်တို့ရဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်(Site) ထဲက ဆေးခန်းမှာ တွေ့ခဲ့တာလေးပါ
ဆောက်လုပ်ရေး လုပ်သား၊ ဘင်္ဂလားတစ်ယောက် ဆရာဝန်လာပြတယ်

"ကျနော်ဝမ်းချုပ်နေလို့ ဆရာ၊ ဗိုက်ကတော့နာပြီး ဝမ်းသွားလို့ မရဘူးဖြစ်နေတာ"
"ဘယ်လောက်ကြာပြီလဲ"
"နှစ်ရက် သုံးရက်လောက် ရှိပြီ ဆရာ"

ဒါနဲ့ ဆရာဝန်က စစ်ဆေးကြည့်တယ်... ...
ပြီးတော့ အဲဒီဘင်္ဂလားကို ကုတင်ပေါ်မှာ ဖင်ကုန်းခိုင်းလိုက်တယ်၊ စအိုအဝကို ရေနဲ့လောင်းပြီး တူနဲ့လေးငါးချက် ထုထည့်လိုက်တယ်...

'တုန်.. တုန်... တိန် တိန် တောင်'

ပြီးတာနဲ့ ဆရာဝန်က ပြောတယ်... ...

"ကဲ... ခု အိမ်သာသွားတက်ကြည့်စမ်း"
"ဟုတ်ကဲ့"

... ဆိုပြီး အိမ်သာဘက် ထွက်သွားတယ်
တော်တော်လေးကြာတော့ ကိုဘင်္ဂလားတယောက် ပြုံးပြုံး ပြုံးပြုံးနဲ့ ပြန်လာတယ်။
ပြီးတော့ ဆရာဝန်ကို ပြောတယ်... ...

"ဟား.... ခုမှ ပေါ့သွားတော့တယ် ဆရာရယ်"
"အင်း.."
"နောက်ကို ဝမ်းမချုပ်အောင် ဘာလုပ်ရမလဲ ဆရာ"

ဆိုတော့ ဆရာဝန်က ပြောတယ်... ...

"ဘိလပ်မြေအိတ်ခွံနဲ့ အီးမကုန်းနဲ့"... တဲ့။


သန်၎ကို-ဘာသာပြန်သည်

တုံးအတဲ့မိန်းမ နဲ့ ထက်မြက်တဲ့မိန်းမ

တုံးအတဲ့မိန်းမ နဲ့ ထက်မြက်တဲ့မိန်းမ
===================

တုံးအတဲ့မိန်းမက ယောက်ျားနဲ့အတိုက်အခံပြုတယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားကို အားပေးကူညီတယ်။

တုံးအတဲ့မိန်းမက ယောက်ျားရဲ့ချွတ်ယွင်းချက်ကိုပဲ ထိုးဆွပြီး အမြဲစိတ်တိုတယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားရဲ့အားသာချက်ကိုပဲကြည့်ပြီးအမြဲပျော်ရွှင်တယ်။

တုံးအတဲ့မိန်းမက နေရာ၊ အခြေအနေမခွဲဘဲ ယောက်ျားနဲ့ငြင်းခုန်ရန်ဖြစ်တယ်၊ ယောက်ျားကို လူပုံအလယ်မှာ မျက်နှာသာမဲ့စေတယ်။

ထက်မြက်တဲ့မိန်းမက လူတွေကြားမှာ ယောက်ျားကိုမျက်နှာသာပေးတယ်။ ဆုံးမစရာ၊ ပြောစရာရှိရင် နှစ်ကိုယ်ကြားမှာပဲပြောတယ်။

တုံးအတဲ့မိန်းမက ယောက်ျားကို သိမ်ငယ်အောင်လုပ်တယ်။ ယောက်ျားကိုသိမ်ငယ်စေတာဟာ ကိုယ့်ကိုသိမ်ငယ်စေတယ်ဆိုတာကို သူမေ့နေလို့ဖြစ်တယ်။

ထက်မြက်တဲ့မိန်းမက ယောက်ျားကို တန်ဖိုးထားလေးစားတယ်။ ယောက်ျားကို လေးစားတာဟာ ကိုယ့်ကိုပိုပေါ်လွင်စေကြောင်း သူနားလည်လို့ဖြစ်တယ်။

တုံးအတဲ့မိန်းမက အတိတ်ဟောင်းကို ခဏခဏထုတ်ပြီး ယောက်ျားကို တဗျစ်တောက်တောက်ပြောတယ်။

ထက်မြက်တဲ့မိန်းမက ယောက်ျားနဲ့အတူ လှပတဲ့အနာဂတ်ရောက်ဖို့ ဦးတည်တယ်။

တုံးအတဲ့မိန်းမက ယောက်ျားရဲ့အမှားကို မလွတ်တမ်းဆုပ်ကိုင်ပြီး ယောက်ျားအကြောင်းအကုန်သိသူလို့ ကိုယ့်ကိုယ်ကိုထင်တယ်။

ထက်မြက်တဲ့မိန်းမက ယောက်ျားရဲ့အမှားကိုခွင့်လွှတ်ပြီး ယောက်ျားဆိုတာ ဘယ်တော့မှ မကြီးပြင်းတတ်တဲ့ကလေးလို့ဆိုတယ်။

တုံးအတဲ့မိန်းမက "နင် ထွက်သွား!" လို့ အော်ဟစ်တယ်။

ထက်မြက်တဲ့မိန်းမက "ငါ့အနားက မခွာနဲ့"လို့ဆိုတယ်။

တုံးအတဲ့မိန်းမက ယောက်ျားကို မြားတစ်စင်းလို တင်းတင်းဆွဲတယ်။ တင်းတင်းဆွဲလေ ဝေးဝေးကိုရောက်လေပါပဲ။

ထက်မြက်တဲ့မိန်းမက ယောက်ျားကို လေတံခွန်လို လွှတ်တယ်။ လက်ထဲက ကြိုးကို စိတ်အေးလက်အေးကိုင်တယ်။

တုံးအတဲ့မိန်းမက ကိုယ်တော်၊ ကိုယ်တတ်ကြောင်းကို ပိုအရေးစိုက်တယ်။

ထက်မြက်တဲ့မိန်းမက ထောက်ပံ့၊ မှီခိုအားထားဖို့ကို ပိုနားလည်တယ်။

တုံးအတဲ့မိန်းမက ယောက်ျားအနား တဖဝါးမှမခွာ ထိန်းကျောင်းတယ်။

ထက်မြက်တဲ့မိန်းမက ယောက်ျားအနား ခွာလိုက်၊ ကပ်လိုက်လုပ်တယ်။

တုံးအတဲ့မိန်းမက ချက်ပြုတ်လျှော်ဖွပ်တာကို သိပေမယ့် ကိုယ့်ကိုယ်ကို မပြုပြင်၊ မဖီးလိမ်းချင်ဘူး။

ထက်မြက်တဲ့မိန်းမက ချက်ပြုတ်လျှော်ဖွပ်တာကို သိသလို ကိုယ့်ကိုယ်ကိုလဲ ဖီးလိမ်းပြုပြင်ဖို့ မမေ့ဘူး။

တုံးအတဲ့မိန်းမက ယောက်ျားကို ဖိအားနဲ့ စိတ်ဖိစီးမှုတွေပေးတယ်။

ထက်မြက်တဲ့မိန်းမက ယောက်ျားကို စိတ်အားထက်သန်မှုနဲ့ လှုပ်ရှားမှုကိုပေးတယ်။

တုံးအတဲ့မိန်းမက သူ့မျက်ရည်ကြားမှာ ယောက်ျားကိုကျရှုံးစေတယ်။

ထက်မြက်တဲ့မိန်းမက သူ့အရယ်အပြုံးကြားမှာ ယောက်ျားကိုအောင်မြင်စေတယ်။

မူရင်း---http://www.duwenzhang.com/wenzhang/jingdianwenzhang/yuju/20101221/165373.html

နိုင်းနိုင်းစနေ (Monday, February 13, 2012)

ပိဋကတ်သုံးပုံကို

ပိဋကတ်သုံးပုံကို သူရဿတီ တကယ်စောင့်သလား ?
=====================================
ထေရ၀ါဒဗုဒ္ဓဘာသာအထွန်းကားဆုံးဟု ဂုဏ်ယူကြွေးကြော်လေ့ရှိတဲ့
မြန် မာနိုင်ငံတော် မှာ ထေရ၀ါဒဗုဒ္ဓဘာသာနှင့် လုံးဝဆန်ကျင်သော အယူမှား၊အသိမှား၊အမြင်မှားတွေ မြောက်များစွာ ရှိပါတယ်။ ထိုအမှားများထဲတွင် “သူရဿတီနတ်သမီးသည် ပိဋကတ်သုံးပုံစောင့်တဲ့သူဖြစ်တယ်” ဆိုသော အမှားဟာ အဆိုးဝါးဆုံးပင်ဖြစ်၏။ ဗုဒ္ဓ၀ါဒသည် “၀ိဘဇ္ဇ၀ါဒ”ဖြစ်ပါတယ်၊ ၀ိဘဇ္ဇဆိုသ ည်မှာ ဖြစ်နိုင်တယ်၊မဖြစ်နိုင်ဘူး၊ဟုတ်တယ်၊မဟုတ်ဘူး စသည်ဖြင့် မိမိ၏အသိဉာဏ်ပညာဖြင့် ဝေဖန်ဆုံးဖြတ်လေ့လာရတဲ့ဝါဒဖြစ်၏။ ထိုဗုဒ္ဓဘာသာ ၀ိဘဇ္ဇ၀ါဒီဆိုသော ဂုဏ်ကိုပင်မထောက်ထား ဘဲ မြှူဆွယ်လိမ်လည်နေကြတဲ့ ဓါတ်ဆရာ၊နတ်ဆရာ၊ဓါတ်၊ဗေဒင်အမည်ခံ လူလိမ်တစ်စု၏ စားပေါက်ချောင်အောင် ဖန်တီးထားကြတဲ့ လုပ်ဇာတ်များကို အဟုတ်အဟုတ်ထင်နေကြ၏။

ဝိဘဇ္ဖ၀ါဒီ ခေါ်ဝေဘန်သုံးသတ်မှုကို လက်ကိုင်ထား၍ လေ့ လာဝေဘန်ကြမည်ဆိုလျှ င် ထေရ၀ါဒဗုဒ္ဓဘာသာအတွင်းသို့ စိမ့်ဝင်နေသော ဘာသာရေးအမှောက်ပယောဂများ၏ အဖြေ ကိုရှာဖြေတွေ့ရှိနိုင်မှာဖြစ်ပါတယ်။ ယခုလည်း သူရဿတီပြဿနာကို ၀ိဘဇ္ဇဖြင့်ဝေဘန်သုံးသတ် အဖြေရှာကြည့်ပါက မိမိကိုယ်တိုင်ပင် အဖြေထုတ်အမှန်တွေ့နိုင်မည်ဖြစ်၏။
ယခုလက်ရှိတွင် ပိဋကတ်စာပေများကို သင်အံလေ့ကျက် ဟောကြားဆိုဆုံးမလမ်းပြပေးပြီး ပရိယတ္တိသာသနာတော် သို့မဟုတ် ပိဋကတ်တော်များကို မည်သူတွေ စောင့်ရှောက်နေကြပါသန ည်း။ ဘုရားသားတော် သံဃာတော်များသာဖြစ်ပါ၏။ ဘုရားရှင်လက်ထက်တော်ကာလကစ၍ ယခုတိုင်ကျအောင် များပြားလှသောဆင်းရဲမျိုးစုံကို ဂရုပြုတော်မမူကြဘဲ ဆင်းရဲပင်ပန်းခံကာဖြင့် ပိဋကတ်တော်များကို အခက်အခဲမျိုးစုံကြားမှ စောင့်ထိန်းလာကြသည်မှာ ထိုဆရာတော်များပ င်ဖြစ်၏၊ သီဟိုဠ်ကျွန်းတွင် ကျေးကုလားတို့၏သူဘုန်ဘေးကြီးသင့်၍ အစားအစာပင်ပန်းဆ င်းရဲရှားပါးကြပ်တည်းနေချိန်မှာပင် စာအံ့၊စာကျက်မပြုလုပ်ပါက ပိဋကတ်တော်များ မေ့ပျောက် သွားမည်စိုးသဖြင့် ၀မ်းမီးအပူသက်သာစေရန် ၀မ်းဗိုက်ပေါ်တွင် သဲများတင်၍ ပိဋကတ်တော်များ ကို သံဃာတော်များမှ ကာကွယ်ကျက်မှတ်ခဲ့ရကြောင်းကို သာသနာဝင်ကျမ်းများတွင် ကြည်ညိုဖွယ်ရာ တွေ့ရှိရ၏။
ယခုထက်တိုင် မြန်မာပြည်အနှံ့ ပရိယတ္တိစာသင်တိုက်များတွင် ကလေးအရွယ် လူမမည် သာမဏေလေးများမှစ၍ သက်တော်ဝါတော်ကြီးရင့်တော်မူသော ထေရ်ကြီးဝါကြီး ဆရာတော် ကြီးများအထိ မိကွဲ၊ဖကွဲဖြင့် နည်းမျိုးစုံဖြင့် သက်ဆုံးတိုင် ပိဋကတ်တော်များကို လေ့ကျက် ပို့ချ၊ ဟောပြနေကြသည့် သံဃာတော်များကိုပင်အားမနာ သူရဿတီက ပိဋကတ်သုံးပုံစောင့်သည် ဆိုသော အယူမှားအထင်မှားစကားမှာ မိမိတို့ဘာသာသာသနာတော်ကို ပြန်၍စော်ကားရာကျနေေ ပ၏။
သူရဿတီသည် ပိဋကတ်သုံးပုံစောင့်သည်ဆိုရအောင် သူသည် မည်သည့်ပရိယတ္တိစာသင်တိုက် မှာမှ ပရိယတ္တိစာပေများကို သင်ကြားခဲ့ခြင်းမရှိ၊ မည်သည့်စာသင်တိုက်မှ မည်သည့်ပရိ ယတ္တိဆိုင်ရာ အတန်းများကို အောင်မြင်ခဲ့ခြင်းမရှိပါဘဲ သူများညာတိုင်း အယုံလွယ်အညာ ခံနေကြသည်မှာ ဗုဒ္ဓဘာသာ ၀ိဘဇ္ဇ၀ါဒီဆိုသော နာမည်ကိုအတော်အားနာစရာကောင်းလှ၏။
အာသဝေါကင်းကွာ ရဟန္တာအရှင်သူမြတ်များသည်ပင် ရဟန္တာတိုင်း ပိဋကတ်တော်များကို နားလည်တတ်ကျွမ်းကြသည်မဟုတ်၊”ပဋိသမ္ဘိဒါပတ္တရဟန္တာ”တို့သာ ပိဋကတ်တော်များကို တတ် ကျွမ်းတော်မူကြ၍ “သုက္ခ၀ိပဿက ရဟန္တာ”တို့မှာမူ အာသဝေါကင်းကွာ ၀ိပဿနာဉာဏ်တော်ရရှိ ပါသော်လည်း ပိဋကတ်တော်များကို တတ်ကျွမ်းနားလည်းခြင်းမရှိပေ။ ထို့သို့ ရဟန္တာမထေရ်မြတ် များပင် ရဟန္တာတိုင်း ပိဋကတ်တော် မတတ်ကျွမ်းကြလျှင် သူရဿတီကား အဘယ်သို့ ပိဋကတ်ေ တ်ာများကို စောင့်ထိန်းနိုင်ပါမည်လော?
သူရဿတီထက် အဆင့်မြင့်ကြသော သိကြား၊ဗြဟ္မာ၊နတ်ဒေ၀ါများပင်လျှင်၊ ဘုရားရှင်နှင့် ဆရာတော်သံဃာတော်အရှင်မြတ်တို့ထံ တရားတော်များကို မေးမြန်းလျှောက်ထားနားကြရကြောင်း ကျမ်းဂန်များတွင် အတိအလင်းဖော်ပြထား၏။ သူ့ထက်မြင့်သော နတ်ဗြဟ္မာသိကြားများပင် ပိဋကတ်တော်များကို မသိလျှင်၊ အိန္ဒိယကုလားတွေ မစင်စွန့်တဲ့ မြစ်ကမ်းနဘေးမှာေ နရတဲ့ ခေါင်းမူးခြုံကုလားမ သူရဿတီမှာ မည်သို့ပိဋကတ်သုံးပုံစောင့်ရှောက်နိုင်မည်နည်း??
သူရဿတီသည်လည်း အမှန်တကယ် နတ်သ္မီးပေလော ? သို့တည်းမဟုတ် “လူသားေ တွကို ဘုရားသခင် (God) ကဖန်ဆင်းခြင်းမဟုတ်၊ ဘုရားသခင်ကိုသာ လူသားတို့က ဖန်ဆင်းခြင်းဖြ စ်တယ် ”ဆိုသော အနောက်တိုင်းပညာရှင်တစ်ဦး၏ အဆိုအမိန့်ကဲ့သို့ ရှေးဦးအိန္ဒိယသားတို့ကဘဲ သူရဿတီကို စိတ်ကူပုံဖော်၍ ဖန်တီးခဲ့သလော ? ဆိုတာကို အားလုံးဖေ၀ဘန်ဆန်းစစ်နိုင်ကြစေ ဘို့ ဖော်ပြပေးပါမည်။
သူရဿတီဆိုသည်မှာ အိန္ဒိယနိုင်ငံ ကမ်ဗလ်နယ် (ယခု-အာဒ်ဓ်ရီ)ရှိဟိမ၀န္တာတောင်ကြီး၏ ဆိဝါလိတ် နှင့် ဆိရ်မုတ်ဟုခေါ်သည့်တောင်တန်းများအနီးမှ စီးဆင်းနေသည့် မြစ်တခု၏အမည်ဖြစ် ၏၊ အိန္ဒိယတို့သည်၎င်းသူရဿီမြစ်ကို”ဆရဆ်ဝတီ”ဟုခေါ်ဆို၏ ခေါ်ဆို၏ သူရဿတီဆိုသည်မှာ ထိုဆရဆ်ဝတီဟူသော အိန္ဒိယအမည်ကို သူရဿတီဟု မြန်မာလေသံဖြင့် အလွယ်ခေါ်ဆိုကြ ခြင်းဖြစ်၏။
သူရဿတီ (ဆရဆ်ဝတီ)ဟူသော အဓိပ္ပါယ်မှာ (Watery) ရေရှိသည့်အရာ (မြစ်)ဟုအဓိ ပ္ပါယ်ရပါသည်။ ရှေးဦးအာရိယာန်လူမျိုးတို့သည် အိန္ဒိယပြည်၏အနောက်မြောက် ပန်ဂျပ်ပြည် နယ်တစ်ဝိုက်တွင် အခြေချနေထိုင်ကြစဉ် ထိုဆရဆ်ဝတီမြစ်မှ ရေကိုအဓိကအာားထားပြု၍ ထွန်ယ က်စိုက်ပျိုးကြ၏။ မြေဆီမြေလွှာကလည်းကောင်း ရာသီဦးတုကလည်း မှန်ကန်သဖြင့် ကောက်ပဲ၊ သီးနှံတို့သည် ဖြစ်ထွန်းအောင်မြင်ကြ၏။ အသိပညာကမဖွင့်ဖြိုး၊ ကိုးကွယ်စရာကလည်း မည်မည် ရရမရှိသေးသည့် ကာလမို့ ထုံးစံအတိုင်း လူသားတို့သည် အားထားကိုးကွယ်စရာကို မိမိတို့အေ တွးဖြင့် ဖန်ရှင်းလိုက်ကြသဖြင့်။ ဆရဆ်ဝတီဆိုသည့်မြစ်သည် နတ်သမီးအဖြစ်သို့ နေခြင်းညခြင်း ကြီးပွား၍ သွားလေတော့၏။
ဆရဆ်ဝတီမြစ်၏ရေစီးသည် ကြမ်းကြမ်းတမ်းတမ်းမစီးဆင်းဘဲ ဖြေးညင်းစွားစီးဆင်းခြင်း ကိုထောက်၍ ထိုမြစ်ကိုအပိုင်စားရသည့်နတ်သည် နတ်သားမဖြစ်နိုင် နတ်သမီးသာဖြစ်နိုင်သည်ဟု ဆိုကာ ဆရဆ်ဝတီမှာ နတ်သားမဖြစ်ဘဲ နတ်သမီးဖြစ်သွားရရှာ၏။ ထို့အပြင် ထိုဆရဆ်ဝတီမြစ် သည် တောင်ထွတ်တောင်စွယ်အကွေ့အ၀ိုက်များကြားမှ စီးဆီးလာသဖြင့် မြစ်ရေ၏ အသံသည် သာယာနာပျော်ဖွယ်ရှိသဖြင့် ဆရဆ်ဝတီနတ်သမီးသည် တေးသီချင်းများ ဂီတများကိုစောင့်သည် ဟု စိတ်ကူးဖြင့်ပုံဖော်၍ ကိုးကွယ်လာကြ၏။
ဒေ၀ခေတ်သို့ရောက်သည့်အခါတွင်မူ အလွန်အမင်းဂုဏ်တင်ပြောဆိုရေးသားလာကြ၍ ဆ်ရဆ၀တီနတ်သမီးမှာ များစွာတန်ခိုးကြီးထွားလာ၏။ ဟိန္ဒူတို့သည် ၄င်းတို့အထွဋ်အ မြတ်ထားရာ “ဗေဒင်သုံးပုံ”ကို ဆရဆ်ဝတီနတ်သမီးစောင့်သည်ဟု အဆင့်တိုးပူဇော်လာကြ၏။ ထို့သို့ဆရဆ်ဝတီကို အမွန်းတင်ရေးသားပြောဆိုကြသည်မှာ တစ်ဦးနှင့်တစ်ဦးတူညီမှုမရှိဘဲ ကိုယ့်သဘောနှင့် ကိုယ် သန်ရာသန်ရေးသားချီးကျူးအမွန်းတင်နေကြသည်ကိုတွေ့ရှိရလေ၏။
ဝါဂ်ျဆနေဟိတကျမ်း၌ ဗြဟ္မာမင်း၏ ကြင်ယာမယားဟုဆို၍ တဖန်၊အသ္မိန်းအမည်ရှိသည့် နတ်ညီနောင်တို့၏ ဇနီးမယားဟု၎င်း၊ တဖန် တိုက်ထိုရိယဗြဟ္မဏကျမ်းတွင် ကမ္ဘာကြီးကိုဖန် ဆင်းထားသည့် ပဇာပတိဗြဟ္မာကြီး၏ ဇနီးအဖြစ်လည်းကောင်း၊ ဣန္ဒြသိကြား၏ ဇနီးဟူ၍လည်းကောင်း ရေးသားထားပြန်၏။
ထိုဆရဆ်ဝတီနတ်သမီးအကြောင်းအရာတို့သည် ပါးစပ်ပြော ပုံပြင်တို့မှ တစ်စတစ်စယုံကြ ည်မှု၊ဂုဏ်တင်မှုလွန်ကဲလာကြခြင်းဖြစ်၏။ အချို့ကျမ်းတို့၌ မဟာမုနိရသေ့ကြီးနှင့် သမုဒ္ဒရာ နတ်သမီးတို့မှ မွေးဖွားသူဖြစ်ပြီး၊ သမုဒ္ဒရာမှ ဟိမ၀န္တာတောင်ထွတ်တစ်ခုသို့ ဟင်္သာစီး၍သွား ရာလမ်းတစ်လျှောက်တွင် ဟင်္သာကိုယ်ပေါ်မှ ကျလာသော ရေပေါက်တို့သည် မြစ်ဖြစ်သွားကြောင်း စသည်ဖြင့် အိပ်ရာဝင်ပုံပြင်အနေဖြင့် တစ်ယောက်တစ်မျိုး ပြောဆိုကြ၏။
ဗြဟ္မဏပူရာဏ်ကျမ်းတွင် ဗြဟ္မာကြီး၏သမီးဟုဖော်ပြပြီး နောက်ပိုင်းတွင် ထိုသမီးကို ပင် ဗြဟ္မာကြီးက ပြန်လည်သိမ်းပိုက်လိုက်ကြောင်းဖော်ပြထားလေ၏။ ပဒ်မပူရဏ်ကျမ်းအရဆိုရသော ဆရဆ်ဝတီသည် ဒက္ခဆိုသူ၏ဇနီးဟူ၍လည်းကောင်းရေးသားထား၏။ထို့ကြောင့် ဆရဆ၀တီ သည် သမီးအဖြစ်မှ ဇနီးအဖြစ်သို့ တဖန်သိကြားဇနီး ဒက္ခမယားစသည်ဖြင့် တကယ်မရှိသ ည့်နတ်သမီးခမြာ ဘ၀မျိုးစုံကျင်လည်သွားရရှာလေ၏။
၎င်းဆရဆ်ဝတီ ခေါ်သူရဿတီနတ်သမီးသည် အိန္ဒိယတိုင်းသားတို့နှင့်အတူ မြန်မာပြည် သို့ ရောက်ရှိလာပြီး၊ ထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံဖြစ်သည့် မြန်မာပြည်၌ကား ဆရဆ်ဝတီသည် ဟိန္ဒူတို့၏ ဗေဒင်သုံးပုံစောင့်သည်ဆိုလျှင် ဗုဒ္ဓဘာသာဝင်များလက်မခံနိုင်သောကြောင်းသိ သဖြင့် ဗေဒင်အစား ပိဋ ကတ်သုံးပုံကို ဆရဆ်ဝတီလက်တွင်းသို့ ထည့်ပေးလိုက်ကြ၍ ဗေဒင်စောင့်ဆရ ဆ်ဝတနတ် သမီး အဖြစ်မှသည် ပိဋကတ်သုံးပံစောင့် သူရဿတီနတ်သမီးအဖြစ်သို့ရောက်ရှိသွားပြီး ပညာနွမ်း ပါးဝေ ဘန်ဆန်းစစ်ဉာဏ်မွဲပြာကျနေသည့် ဗုဒ္ဓဘာသာဘာသာအမည်ခံလူတစုနှင့် ဓါတ်၊နတ်အယောင်ပြ လူ့ကလိမ်ဆရာတို့၏ ကောင်းမှုကြောင့် အိန္ဒိယတို့၏ စိတ်ကူးယဉ်ဇာတ်ကောင် ဆာရီခြုံကု လားမဘ ၀မှ ပတ်စပို့ ဗီဇာမလိုဘဲ ပြည်တွင်ဖြစ် ၃၇-မင်း နတ်စာရင်းဝင်သွားလေတော့၏။
သူရဿတီဂါထာဆိုသည်မှာလည်း ပါဠိနားလည်သည့် ဘုန်းကြီးလူထွက် ဓါတ်ဆရာတုများ၏ လက်ချက်ပင်ဖြစ်သည်။ မည်သည့်ဘာသာစကားမဆို သဒ္ဒါနည်းနှင့် ဝေါဟာရသိထားပါက မိမိလိုချင်ရာ ၀ါကျကို ရေးနိုင်၊စီနိုင်သကဲ့သို့ ယခုလည်းထိုသို့ ရေးသားစီထားခြင်းသာဖြစ်၏။ ပါဠိပုဒ်မြင်တိုင်း ဘုရားဟောဟု တထစ်ချမသတ်မှတ်ထားသင့်ပေ။ ပါဠိနားလည်တတ်ကျွမ်းပါက သမီးရည်းစားလ ည်းရေးလို့ရသလို အကြွေးတောင်းစာကိုလည်း ရေးလို့ရ၏။
ဒီလောက်ဆိုလျှင် ပိဋကတ်တော်တို့အား မည်သူများစောင့်ရှောက်နေကြသည်ကို ရှင်းလင်းစွားသိမြင်ကြမည်ဟု ထင်မြင်မိပါသည်။ ထိုအမှန်မရှိသည့် သူရဿတီကို အမှန်တကယ်ရှိ ထင်နေလျှင် မိစ္ဆာဒိဋ္ဌိဖြစ်မှန်းမသိဖြစ်သွား၍ ရတနာမြတ်သုံးပါးထက် ပို၍အားကိုးရာဖြစ်သည်ဟု မှတ်ထင်၍ ကိုးကွယ်ဆည်းကပ်ပါက သရဏဂုံပျက်၍ ဗုဒ္ဓဘာသာဟု အမည်ခံထားပါသော်လည်း ဗုဒ္ဓဘာသာဝင် စစ်စစ်မဖြစ်တော့ဘဲ အမည်ခံဗုဒ္ဓဘာသာသာဖြစ်သွားနိုင်သောကြောင့် ငွေလည်း ရှုံး၊အချိန်းလည်းကုန်၊ဘာသာလည်းမှုန်၍ ၊အပါယ်ဘေးမကျရလေအောင်၊ ထေရ၀ါဒဗုဒ္ဓဘာသာဝင် ၀ိဘဇ္ဇ၀ါဒီများပီပီ အရာရာကို “သဒ္ဓါနောက်တွင် ပညာယှဉ်၍ “ဝေဘန်ဆန်းဆစ်လေ့လာနိုင်ကြဘို့ အထူးအရေးကြီးလှပါသည်။

(၀ိဘဇ္ဇဉာဏ်ရောင်၊ ထွန်းလင်းပြောင်၍၊ အမှားအမှန်း၊ခွဲဝေဖန်နိုင်ကြပါစေ)

ဓမ္မ၀ီရ အရှင်တေဇနိယ
ဗုဒ္ဓဂယာ၊အိန္ဒိယ

ကိုယ်တကယ်ပိုင်ဆိုင်တဲ့အရာ

ကိုယ်တကယ်ပိုင်ဆိုင်တဲ့အရာ
================

လူတစ်ယောက်ဟာ သေသွားပါတယ်…။ သူသတိထားမိတဲ့အချိန်မှာတော့ သေမင်းက အထုတ်တစ်ထုတ်ကိုလက်ကဆွဲပြီး သူ့အနားရောက်နေတာတွေ့တယ်…။ သေမင်းက ပြောတယ်…

“ ကဲ…သွားရအောင်…”

တဲ့…။ အဲ့ဒီလူတော်တော် အံ့အားသင့်သွားပြီး သေမင်းကိုပြန်ပြောတယ်…

“ ခုချက်ချင်းကြီးလားဗျ… နေပါဦး …ကျုပ်သွားလို့မဖြစ်သေးဘူး …ကျုပ်မှာလုပ်စရာတွေအများကြီးကျန်သေးတယ်…”

“ ငါလည်း စိတ်မကောင်းပါဘူးကွာ… ဒါပေမယ့် မင်းကိုခေါ်ရမယ့် အချိန်ရောက်ပြီ…”

“ ဒါနဲ့…လက်ထဲကအထုတ်ကဘာထုတ်လဲဗျ…” လို့ အဲ့ဒီလူက သေမင်းကိုမေးတယ်…။

“ ဒါ…မင်းရဲ့ ပိုင်ဆိုင်မှုတွေလေ…မင်းယူသွားနိုင်မယ့်အရာတွေ…”

“ ဗျာ…ခင်ဗျားပြောတာက … အဲ့ဒါ ကျနော့ပစ္စည်းတွေ .. အဝတ်အစားတွေ…ပိုက်ဆံတွေလား…”

“ အဲ့ဒါတွေက မင်းပိုင်တာတွေမဟုတ်ဘူး…မင်းဘဝဟောင်းကသာပိုင်တယ်…”

“ ဒါဆို…ကျနော့ မှတ်ဥာဏ်တွေလား…”

“ မင်း မှတ်ဥာဏ်တွေကလည်း မင်းမပိုင်ပါဘူး…အချိန်ကာလကသာပိုင်ပါတယ်…”

“ ဒါဆို… ကျနော့ရဲ့  ပင်ကိုယ်အရည်အသွေးတွေလား…”

“ မင်းရဲ့  ပင်ကိုယ်အရည်အသွေးဆိုတာလည်း မင်းမပိုင်ပါဘူး… အခြေအနေတစ်ခုကသာပိုင်ပါတယ်…”

“ ကျနော့မိတ်ဆွေသူငယ်ချင်းတွေ…ကျနော့မိသားစုတွေလား “

“ မင်းမိတ်ဆွေတွေ မင်းမိသားစုတွေဆိုတာလည်း မင်းမပိုင်ပါဘူး သေမင်းဆိုတဲ့ ငါပဲပိုင်တာပါ…”

“ ကျနော့မိန်းမနဲ့ သားလေးလား “

“ မင်းမိန်းမနဲ့ မင်းသားကလည်း မင်းမပိုင်ပါဘူး…မင်းရဲ့  နှလုံးသားကသာပိုင်တာပါ…”

“ ကျနော့ ခန္ဓာကိုယ်ကြီးလား…”

“ မင်းခန္ဓာကိုယ်ကလည်း မင်းမပိုင်ပါဘူး…မြေကြီးကသာပိုင်တာပါ…”

“ ကျနော့ရဲ့  အသက်လိပ်ပြာလား..”

“ မင်းအသက်က မင်းမပိုင်ပါဘူး…ငါပဲပိုင်တာ…”

ဒီတော့ သူဟာစိုးရိမ်ကြောက်ရွံ့ မှု စိတ်လှုပ်ရှားမှုတွေနဲ့ သေမင်းပေးတဲ့ သူ့ကိုယ်ပိုင်အထုတ်လေးကို ဖွင့်ကြည့်လိုက်တော့ …



အထဲမှာ ဗလာနတ္ထိဘာမှမရှိတာတွေ့လိုက်ရတယ်…။
ပါးပြင်ပေါ်မျက်ရည်တွေလှိမ့်ဆင်းလာရင်… ထပ်မေးလိုက်တယ်…

“ ဒါဆို…ကျနော်ဘာမှမပိုင်ဆိုင်ခဲ့ဘူးပေါ့…”
သေမင်းကပြန်ဖြေတယ်…။

“ အေး…ဒါအမှန်ပဲ…မင်းနေထိုင်ခဲ့တဲ့ ပစ္စုပ္ပန်အခိုက်အတန့်လေးတွေသာ မင်း တကယ်ပိုင်ဆိုင်တဲ့အရာတွေပဲ…ဘဝဆိုတာလည်း အခိုက်အတန့်လေးတစ်ခုပါပဲ…အခိုက်အတန့်လေးသာမင်းပိုင်ခဲ့တာပါ…။ ။

## သယ်ရင်း…
မင်းတကယ်ပိုင်ဆိုင်တဲ့ လက်ရှိအချိန်အခိုက်အတန့်လေးတွေကို ပျော်ရွှင်စွာဖြတ်သန်းပါ…မင်းပိုင်ဆိုင်မယ်လို့ထင်ထားတဲ့ အခြားအရာတွေအတွက် မင်းရဲ့  အဖိုးတန်တဲ့ လက်ရှိအခိုက်အတန့်လေးတွေကို မဖျက်ဆီးလိုက်ပါနဲ့…ပျော်ရွှင်ဖွယ်ဘဝတစ်ခုဖြစ်ဖို့ ပြင်ဆင်ရင်း…ဘဝမှာမနေလိုက်ရဘဲ ပြင်ဆင်နေရုံနဲ့ ဘဝကိုမကုန်ဆုံးသွားပါစေနဲ့ …ခုချက်ချင်းပဲ အခုအခိုက်အတန့်လေးကစလို့ စိတ်ကိုပျော်ရွှင်စွာနဲ့ ဘဝကိုဖြတ်သန်းလိုက်စမ်းပါ…
သေမင်းကိုယ့်အနားရောက်လာတဲ့အခါ ငါတို့ဆုတ်ကိုင်ဖက်တွယ်ထားတာမှန်သမျှ ချန်ခဲ့ကြရမှာပါ… ဒါကြောင့် တို့တွေတကယ်ပိုင်ဆိုင်တဲ့ ပစ္စုပ္ပန်အခိုက်အတန့်လေးတွေကို ပျော်ရွှင်စွာနဲ့ ဖြတ်သန်းကြပါစို့လား ကွာ… ##

ဦးသုည... စကားလုံးဖလှယ်သည်

မှတ်ချက်...။ ။ ဒီစာလေးကတော့ အနောက်တိုင်းကစာတိုလေးကို နည်းနည်းပြုပြင်ထားတာပါ...။ ကျနော်တို့ မြန်မာဗုဒ္ဓဘာသာတွေအနေနဲ့တော့ ထပ်တူကျချင်မှကျပါလိမ့်မယ်...အဓိကပြောချင်တာက ဘာသာရေးအယူတွေမဟုတ်ဘဲ...ပစ္စုပ္ပန်အခိုက်အတန့်လေးတွေမှာ စိတ်ပျော်ရွှင်စွာနေဖို့...အဖိုးတန်တဲ့ကိုယ်ပိုင်အခိုက်အတန့်လေးတွေက မဆုံးရှုံးစေဖို့ သတိပေး အားပေးထားတာလေးပါ...

Credit To ဦးသုည
နှစ်ပေါင်း ၆၇ ခုနှစ်အတွင်း ၁၉၄၇ ခုနှစ် နှင့် ၂၀၁၄ ခုနှစ် ပြက္ခဒိန် ရက်စွဲများ တူညီနေ


ကမ္ဘာပေါ်မှာ များသောအားဖြင့် လူသားတိုင်း ပြောလေ့ပြောထရှိသည့် စကားတစ်ခွန်းမှာ အချိန်ကို နောက်ပြန်လည်လို့မရတော့ဘူး၊ ဒီနေ့ ဒီလ လို ရက်စွဲမျိုး တူညီမှုတွေ မရှိနိုင်တော့ဘူးဆိုတဲ့ လက်သုံးစကားကို ၂၀၁၄ ခုနှစ် ပြက္ခဒိန် ရက်စွဲများက တော်လှန်လိုက်တာကို တွေ့ရပါသည်။

အဘယ့်ကြောင့်ဆိုသော် ၂၀၁၄ခုနှစ်ထဲက ရက်လများက ပြီးခဲ့သော နှစ်ပေါင်း (၆၇)နှစ်က ပြက္ခဒိန်ရက်စွဲများအတိုင်း ထပ်တူထပ်မျှ ကျစေတာတွေကြောင့်ပါ။

ကမ္ဘာလောကကြီးထဲ ထူးခြားမှုတွေဟာ အံ့သြတုန်လှုပ်စရာအဖြစ် အမြဲဖြစ်ပေါ်နေသည့်အတွက် အခုလည်း မထင်ထားတဲ့ ခုနှစ်သက္ကရာဇ်တစ်ခုစီက ရက်စွဲကို ပြန်လည်၍ တစ်ထပ်တည်း ကျရောက်စေတော့မှာ ဖြစ်တဲ့အတွက် များသောအားဖြင့် မည်သူမျှ မယုံကြည်နိုင်စရာ တခုဖြစ်နေတာကို တွေ့ရပါသည်။

၁၉၄၇ ခုနှစ် ပြက္ခဒိန် နှင့် ၂၀၁၄ ခုနှစ် ပြက္ခဒိန်တို့ရဲ့ နေ့လရက်တွေ တွက်ချက်ပုံ သွားတူနေပေမဲ့လည်း မတူညီသည်က လပြည့်/လကွယ်ရက်များဖြစ်ကြောင်း နှိုင်းယှဉ်ချက်အရလည်း သိရပါသည်။

"၁၉၄၇ ခုနှစ်က ပြက္ခဒိန်ရက်စွဲနဲ့ ၂၀၁၄ ခုနှစ် ပြက္ခဒိန်ရက်စွဲ တူတယ်ဆိုတော့ နိုင်ငံရေးအရ ပြောရရင် ၁၉၄၇ ခုနှစ်မှာ မြန်မာတစ်ပြည်လုံး ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေခဲ့တယ်။ အဲ့လိုပဲ ၁၉၄၇ခုနှစ်က ဒီမိုကရေစီ အရေးနဲ့ ၂၀၁၄ ရဲ့ ဒီမိုကရေစီအရေးရော တူညီနိုင်ပါ့မလား ဆိုတာလေးကိုတော့ စိတ်ဝင်စားမိတယ် "ဟု ပြည်ပရောက် နိုင်ငံရေးသမားတစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ သုံးသပ်ပြောဆိုလာသည်။

"တကယ့်ကို အံ့သြစရာကောင်းပါတယ်၊ ကျွန်တော်တို့လည်း မယုံနိုင်လို့ သေချာတိုက်ကြည့်တော့ လပြည့်လကွယ်က လွဲရင် နေ့ ရက် လ တွေကအစ သွားတူနေတာကို တွေ့ရတယ်"ဟု တာချီလိတ်မြို့မှ မြို့မိမြို့ဖ တစ်ဦးကလည်း တာချီလိတ်အွန်လိုင်းသို့ အံ့သြမှုဖြင့် ပြောကြားလာသည်။

လေ့လာတင်ပြသူ ။ ။ ကိုဇောင်း

ဖတ်ကြည့်ပါ..


အိန္ဒိဝန်ကြီးချုပ်ပြောတဲ့ မိန့်ခွန်းထဲက လက်ရှိမြန်မာလူမျိုး အတော်များများရဲ့ စိတ်ဓါတ်ကို ထင်ဟပ်စေတဲ့ အကြောင်းလေးပါ။ အချိန်နည်းနည်းပေးပြီးဖတ်ပေးပါ။ သဘောတူတယ်ဆိုရင် ကျန်တဲ့လူတွေ သိအောင်ရှယ်ပေးစေချင်ပါတယ်။

" မင်းနိုင်ငံအတွက် အချိန် ၁၀မိနစ်ရမလား..? ရတယ်ဆိုမှ ဒီစာကိုဆက်ဖတ်ပါ…အချိန်မရှိရင်တော့ မင်းသဘောပဲ…
တို့အိန္ဒိယအစိုးရက လုပ်ဆောင်မှုတွေမထိရောက်ဘူး မင်းပြောတယ်…တို့နိုင်ငံရဲ့ဥပဒေတွေကလဲ အိုဟောင်းပြီး ခေတ်မမီတော့ဘူး မင်းပြောတယ်…စည်ပင်ကလဲ အမှိုက်တွေမရှင်းဘူး မင်းပြောတယ်….ဖုန်းလိုင်းတွေကလဲ အလုပ်မလုပ်တာခပ်များများလို့ မင်းပြောတယ်… မီးရထားဆိုတာ ဟာသတစ်ခုပဲ..အဲလိုင်းတွေဆို ကမ္ဘာမှာ အဆိုးဆုံး…စာပို့စနစ်မှာလဲ ဘယ်တော့မှ ပို့တဲ့စာက မရောက်ဘူး…တို့တိုင်းပြည်မှာ အားလုံးက ခွေးစာကျွေးပစ်ရတော့မလောက် ပျက်စီးစုတ်ပြတ်မှုတွေချည်းပဲ လို့ မင်းပြောတယ်…
မင်းပြော… မင်းအဲ့ဒါတွေချည်းပဲ ပါးစပ်ကနေပြောပြီး…မင်းကရောဘာတစ်ခုလုပ်လဲ…?
ကောင်းပြီ..မင်းစင်ကာပူကိုရောက်တဲ့အခါကျတော့...
စင်ကာပူကလမ်းတွေပေါ် မင်းဆေးလိပ်လွှင့်မပစ်ရဲဘူး..စတိုးဆိုင်မှာ မုန့်မစားရဲဘူး..
ညနေ ၅ နာရီနဲ့ ၆ နာရီကြား အောခတ်လမ်းပေါ်ကားဖြတ်မောင်းဖို့ ၅ ဒေါ်လာ မင်းပေးတယ်…
အဲ့လိုစင်ကာပူမှာ မင်းတစ်ခုခုများပြောလား..ပြောခဲ့လား…?
ဒူဘိုင်းမှာ ဥပုသ်လမျိုး လူမြင်ကွင်းမှာ မင်းအစားစားရဲလား…
မကာရ်မှာ ခေါင်းမဆောင်းပဲ မင်းအပြင်ထွက်ရဲလား..
ဝါရှင်တန်မှာ တစ်နာရီ ၅၅မိုင်ထက်ကျော်ပြီး မင်းကားမောင်းရဲလား…
မောင်းမိလို့ ရဲလာဖမ်းရင် ငါ့ကိုဘာမှတ်နေလဲ ငါဘာကောင်လဲ သိလား ငါဘယ်သူ့သားလဲ သိလားလို့ ရဲကို မင်းပြောရဲလား….
အော်ဇီနဲ့ နယူးဇီလန်ကမ်းခြေတွေမှာ စားပြီးသား အုန်းခွံတွေကို တွေ့ကရာမင်းလျှောက်ပစ်ရဲလား….
တိုကျိုကလမ်းတွေပေါ်မှာ မင်းကွမ်းတံတွေးလျှောက်ထွေးရဲလား….
ဒါတွေက မင်းကိုမေးနေတာ….
သူများတိုင်းပြည်မှာ သူ့စည်းကမ်းနဲ့အညီ အတိအကျလေးစားလိုက်နာနိုင်ပြီး ကိုယ့်နိုင်ငံပြန်ရောက်မှ စည်းကမ်းကိုမလေးစား စည်းကမ်းပျက်တတ်တဲ့ မင်းကိုပဲ မေးနေတာ…..
အိန္ဒိယမြေကို စနင်းပြီဆိုတာနဲ့ စိတ်ထင်သလို ဆေးလိပ်တွေ စက္ကူစတွေ အမှိုက်လျှောက်ဖွတတ်တဲ့ မင်းလိုလူတွေကို မေးနေတာ….
တခြားတိုင်းတပါးမှာ စည်းကမ်းလိုက်နာလေးစားတတ်ခဲ့တဲ့မင်းက ကိုယ့်မွေးရပ်နိုင်ငံမှကျတော့ ဘာလို့ ပုံစံအတူတူမလုပ်နိုင်ရတာလဲ….
အင်တာဗျူးတစ်ခုမှာ အငြိမ်းစားဘုံဘေမြို့စည်ပင်အရေးပိုင်ကြီး Mr.Tinaikar ဘာပြောသွားလဲသိလား…
လူ့မလိုင်တွေက သူတို့ခွေးတွေနဲ့လမ်းလျှောက်ထွက်ပြီး လမ်းတွေပေါ်မှာ ခွေးအညစ်အကြေးတွေထားခဲ့ကြတယ်…
ပြီးတာ့ အဲ့လူတွေကပဲ တစ်ခါပြန်ပြီး ညစ်ပေနေတဲ့လူသွားလမ်းတွေအတွက် တာဝန်ရှိသူအဖွဲ့အစည်းတွေ ညံ့ဖျင်းလှချည်ရဲ့ဆိုပြီး အပြစ်တင်တတ်ကြတယ်…
တာဝန်ရှိသူတွကို သူတို့ကဘယ်လိုလုပ်ပေးစေချင်တာလဲ…
သူတို့ခွေးတွေနောက်ကနေ တံမြက်စည်းတစ်ချောင်းကိုင်ပြီး ခွေးစွန့်ခဲ့သမျှ အညစ်အပတ်တွေကို တကောက်ကောက်လိုက်ရှင်းပေးစေချင်တာလား…..
အမေရိကားမှာကိုယ့်အိမ်မွေးတိရစ္ဆာန်ဆီက ထွက်တဲ့ အညစ်အကြေးတွေ သန့်စင်ပေးဖို့ ပိုင်ရှင်ကတာဝန်ယူရတယ်..ဂျပန်မှာလဲဒီလိုပဲ…
ဒီ အိန္ဒိယကလူတွေ အဲ့လိုလုပ်လား..?
တို့လူတွေကကျတော့ မဲပေးပွဲသွား…မဲလေးပေးပြီး..ဖြစ်သမျှ အကုန်ကို တာဝန်လွှဲချခေါင်းခံပေးဖို့ လူတစ်ယောက်ရွေးလိုက်သလိုပဲ…..
ကိုယ်ကိုယ်တိုင်ကဘာတာဝန်မှမရှိသလိုနေပြီး အရာအားလုံးကို အစိုးရကပဲ ကကြီး ခခွေးကအစ လိုက်ဖြေရှင်းပေးဖို့ ထိုင်မျှော်လင့်နေကြတယ်….ကိုယ်တိုင်ပါဝင်အားဖြည့်မှု သုည….
အမှိုက်လေးတွေ ကြုံသလိုလျှောက်ပစ်ရင်း မြို့တော်သာယာလှပဖို့ အာဏာပိုင်တွေကို ထိုင်စောင့်နေကြတယ်…အဲဒီ့အစား အမြင်မတော်တဲ့ စက္ကူတစ်စကို အမှိုက်ပုံးလေးထဲရောက်အောင်ထည့်လိုက်ဖို့တော့ မသိချင်ယောင်ဆောင်ထားတယ်…..
ရထားဘူတာရုံတွေမှာ သန့်စင်ခန်းတွေ ထားပေးစေချင်ကြတယ်..ဒါပေမဲ့အဲဒီ့သန့်စင်ခန်းတွေကို ကျကျနနဘယ်လိုသုံးရမလဲတော့ အလေးမထားဘူး…
အိန္ဒိယအဲလိုင်းတွေမှာ အကောင်းဆုံးအစားအသောက်တွေ ရေအိမ်တွေရှိစေချင်ကြတယ်..
ဒါပေမဲ့ လစ်ရင်လစ်သလို ရသလောက်လေး ပိုယူလာဖို့ ခိုးလာဖို့လဲ ၀န်မလေးဘူး….
ကဲ..ဒီတော့ ပျက်စီးပုပ်သိုးနေပါတယ်ဆိုတဲ့ ဒီစနစ်ကြီး အဖွဲ့အစည်းအတွက် ဘယ်သူ့မှာ တာဝန်ရှိတာလဲ….
ဘယ်သူတွေက ပြောင်းလဲဖို့လိုနေတာလဲ…
အဲဒီ့စနစ်ကြီးမှာ ဘယ်သူတွေ ပါဝင်လှုပ်ရှားလည်ပတ်နေတာလဲ….
ကိုယ့်အိမ် ကိုယ့်ပတ်ဝန်းကျင် ကိုယ့်မြို့ ကိုယ့်အဖွဲ့အစည်း တခြားအဖွဲ့အစည်းတွေနဲ့ အစိုးရ အကုန်လုံးပါဝင်နေတာမဟုတ်ဘူးလား….
ဒါပေမဲ့ သေချာပါတယ်..တကယ်တမ်း လက်တွေ့ကျကျ ပါဝင်ပြောင်းလဲလုပ်ဆောင်ရမယ့်အချိန်ကျတော့
အားလုံးက ကိုယ့်မိသားစုလေးနဲ့အတူတူ စိတ်ချလုံခြုံတဲ့အိမ်လေးထဲအတူတူထိုင်နေကြပြီး ပြတင်းပေါက်ကနေ ခပ်လှမ်းလှမ်းပဲ စောင့်ကြည့်နေကြမှာပါ…
သူတို့စိတ်ထဲမှာတော့ မောင်သန့်ရှင်းကြီးတစ်ယောက် မိုးပေါ်ကနေကျလာပြီး အာလုံးကိုနေရာတကျပြန်ဖြစ်သွားအောင် လှဲကျင်းရှင်းလင်းပြောင်းလဲပေးသွားလိမ့်မယ်လို့ မျှော်လင့်ရင်လဲ မျှော်လင့်နေကြမှာပေါ့……
ဒါမှမဟုတ်လဲ တတ်နိုင်သူတွေက တခြားတိုင်းတပါးကို ပြောင်းရွှေ့သွားရင်လဲသွားလိမ့်မယ်….
ဘာနဲ့တူလဲဆိုတော့ အမဲလိုက်ခွေးကြီးလက်ကနေ ကိုယ်လွတ်ရုန်းပြေးတဲ့ သူရဲဘောလေးတွေလိုပဲ…သူတို့စိတ်ထဲမှာ ကြီးကျယ်ခမ်းနားတယ်လို့ထင်ရတဲ့ အမေရိကားရဲ့ ဂုဏ်သရေတော်အောက်မှာနေပူစာလှုံခွင့်တောင်းခံကြပြီး အမေရိကားရဲ့ လူနေမှုစနစ်တွေကို တဖွဖွချီးမွန်းခန်းဖွင့်နေကြလိမ့်မယ်…..
အဲ့လိုနေရင်းနဲ့မှာ နယူးယောက်က မလုံခြုံဘူးလို့ ခံစားလာရရင် အင်္ဂလန်ကိုဆက်ပြေးကြ…
အင်္ဂလန်မှာ အလုပ်အကိုင်ရှားပါးလာရင် ပင်လယ်ကွေ့ကို လေယာဉ်နဲ့ပြေး...
ပင်လယ်ကွေ့မှာ စစ်ဖြစ်လာတဲ့အခါကျတော့ လူမှုကယ်တင်ရေးအစီအစဉ်နဲ့ အိန္ဒိယကိုပြန်ပို့ပေးဖို့ တောင်းဆိုကြ….
ကိုယ့်နိုင်ငံရဲ့ စနစ် ခေတ်ကို အားပြည့်တိုးတက်လာဖို့တော့ ဘယ်သူမှ အပင်ပန်းခံပြီး မစဉ်းစားချင်ကြဘူး…
အကောင်းအဆိုး ပိုင်းခြားနိုင်တဲ့အသိဥာဏ်ကို ငွေကြေးပကာသနတွေနဲ့ အပေါင်ခံထားကြလိုက်သလိုဖြစ်နေတယ်……
၃၅ ယောက်မြောက် အမေရိကန်သမ္မတ J F Kennedy က သူ့နောက်လိုက်အမေရိကန်တွေကို တောင်းဆိုခဲ့တဲ့ စကားလေးနဲ့ပဲ နိဂုံးချုပ်လိုက်မယ်….
“DO NOT ASK WHAT YOUR COUTRY DO FOR YOU..
ASK WHAT YOU CAN DO FOR YOUR COUNTRY..”
တိုင်းပြည်က သင့်ကို ဘာပေးနိုင်လဲလို့ မေးမယ့်အစား..
တိုင်းပြည်အတွက် သင်ဘာပေးနိုင်မလဲ ဆိုတာပဲ မေးပါ….တဲ့……။ "

credit: Aye Sad

ဘဝအတွက် အရေးကြီးသော အရာများ

ဘဝအတွက် အရေးကြီးသော အရာများ
========================

ဘဝအတွက် အရေးကြီးသော အရာများ သင့်ဘဝမှာ တန်ဖိုးအရှိဆုံး အရာသုံးခု

(၁) နှိမ့်ချခြင်း၊ အောက်ကျို့ခြင်း

(၂) စစ်မှန်သော စေတနာ

(၃) ခင်မင်ရင်းနှီးမှု

သင့်ဘဝကို ဖျက်ဆီးသော အရာသုံးခု

(၁) အမုန်း

(၂) မာန

(၃) ဒေါသ

သင့်ဘဝမှာ လူတစ်ယောက်အပေါ် ပြုမှုသင့်သော အရာသုံးခု

(၁) လေးစားမှု

(၂) တန်ဖိုး

(၃) ကျေးဇူး

သင့်ဘဝမှာ ဘယ်တော့မှ မမေ့သင့်သော အရာသုံးခု

(၁) ယုံကြည်မှု

(၂) အချစ်

(၃) မျှော်လင့်ချက်

ထိုအရာတို့သည် သင့်ဘဝတွင် လိုက်နာဆောင်ရွက် သင့်သော အရာများပင် ဖြစ်ပေးသည်။

ကျော်လင်းနိုင်

ဆရာမ ပြောတဲ့ " အချစ် "

ဆရာမ ပြောတဲ့ " အချစ် "
===============
ကျောင်းသား တစ်ယောက်က ဆရာမကို အချစ် ဆိုတာ ဘာလဲလို့ မေးလိုက် ပါတယ်။ ထိုအခါ ဆရာမက အဲဒီ အဖြေကို ဖြေဖို့အတွက် မင်း ငါခိုင်းတဲ့ အတိုင်း လုပ်ပါ။ ဂျုံခင်း တစ်ခုကို သွားပြီး အရှည်ဆုံး ဂျုံပင်ကို ငါ့ဆီကို ယူလာ ခဲ့လို့ ပြောလိုက်တယ်။

ကျောင်းသား လေးက ဂျုံခင်းသို့ သွားတယ်။ ရောက်ရောက်ချင်း မှာပဲ ဂျုံခင်း စပ်မှ အရှည်ဆုံး အပင်လို့ ထင်ရတဲ့ ဂျုံပင်ကို နုတ်လိုက်တယ်။ သို့သော် လည်းပင် ကျောင်းသား လေးဟာ သူ့ထက် ရှည်တယ်လို့ ထင်ရတဲ့ ဂျုံပင်ကို ထပ်ပြီး တွေ့ပြန်တယ်။ ဂျုံခင်း တစ်ဝက်လောက် ရောက်နေသည့် တိုင်အောင် သူ့မှာ ရွေးချယ်လို့ မရ ဖြစ်နေ ပါတယ်။ ဟိုအပင် ကြည့်တော့လည်း ပိုရှည်သလိုလို ဒီအပင် ကြည့်တောာ့လည်း ရှည်သ လိုလို ဖြစ်နေ ပါတယ်။

ဂျုံခင်း အဆုံးကို ဆက်ပြီး မသွား တော့ဘူးလို့ ကျောင်းသားလေး ဆုံးဖြတ် လိုက်တယ်။ ဒါကြောင့် အလယ်မှာပဲ သူ့အတွက် အရှည်ဆုံးလို့ ထင်ရတဲ့ ဂျုံပင်ကို ရွေးချယ် လိုက်ပါ တော့တယ်။

ထို့နောက် သူ့ဆရာမ ထံသို့ ပြန်လာခဲ့ ပါတယ်။ ဆရာမ ဖြစ်သူက အဲဒါ အချစ်ပဲလို့ ပြောလိုက် ပါတယ်။ သို့သော် လည်းပဲ တစ်ခါ တစ်လေမှာ ကိုယ့်ရွေးချယ် လိုက်တဲ့ အရာထက် ကောင်းတဲ့ ဟာတွေ ရှိပါ သေးလားလို့ စိတ်ထဲမှာ မကျေ မနပ် ဖြစ်နေတတ် တယ်လို့ ဆရာမက ပြောလိုက် ပါတယ်။

သင်ခန်းစာ - အချစ်ဆိုတာ တကယ်တော့ ကိုယ့်အတွက် အကောင်းဆုံး ဖြစ်စေမယ့် ရွေးချယ်မှု တစ်ခု ဖြစ်ပါ တယ်။

ရိုးရာလေး

ထီပေါက် သော်လည်း

ဗြိတိန်ပေါင် ၉.၇ သန်း ထီပေါက် သော်လည်း အမှိုက် ကောက်သမား ဘဝ ပြန်ရောက်သူ
=======================
သက္ကရာဇ် ၂၀၀၂ ခုနှစ် တုန်းကပါ။ ဗြိတိန် နိုင်ငံက Michael Carroll လို့ အမည် ရတဲ့ အမှိုက်ကောက် သမား တစ်ဦးဟာ ဗြိတိန်ပေါင် ၉.၇ သန်းတန် ထီဆုကြီး ပေါက်ခဲ့ ပါတယ်။ အမေရိကန် ဒေါ်လာနဲ့ တွက်ရင် ၁၄.၃ သန်း ဖြစ်ပါတယ်။

သို့ပေမယ့် ၂၀၁၀ ခုနှစ်မှာ အမှိုက်ကောက် သမား ဘဝ ပြန်ရောက် သွားပါတယ်။ ဖြစ်ပုံက ဒီလိုပါ။ ထီပေါက်ပြီး ရတဲ့ ငွေတွေနဲ့ ၈ နှစ်ပတ်လုံး ဘာအ လုပ်မှ မလုပ် ပါဘူး။ တစ်ပတ်ကို ပျမ်းမျှ အားဖြင့် ကန်ဒေါ်လာ ၁ သိန်းခွဲ နီးပါး သုံးစွဲ ပါတယ်။ ဈေးအ ကြီးဆုံး ကားများ ဝယ်စီး ပါတယ်။ အိမ်ကောင်း မှာ နေ ပါတယ်။ မူးယစ် ဆေးဝါး သုံးစွဲ ပါတယ်။ မိန်းမ အပျော်အပါး လိုက်စား ပါတယ်။

နောက်တော့ အကြွေးတွေ တင်ပြီး တစ်ခုပြီး တစ်ခု ပြန်လည် ရောင်းချ လိုက်ရာမှာ ၂၀၁၀ ခုနှစ် ရောက်တော့ အမှိုက်ကောက် သမား အလုပ်ကို ပြန်လုပ်ဖို့ အလုပ် သမား ဝန်ကြီး ဌာနကို မှတ်ပုံ တင်ပြန် လျှောက် ပါတယ်။ အခုတော့ အမိုက်ကောက် သမား ဘဝနဲ့ပဲ ဆင်းရဲ ပင်ပန်းစွာ လုပ်ကိုင်လျက် ရှိပါတယ်။ ပြည်ဗာရာက သူဌေးသား ပုံပြင် တစ်ပုဒ် လိုပဲ အပြင်မှာ တကယ် ဖြစ်ခဲ့ တာလေး ဖြစ်ပါတယ်။

သင်ခန်းစာ - လက်ထဲမှာ ငွေရှိပြီး အကျိုးရှိရှိ အသုံးမချ တတ်သူဟာ ပိုက်ဆံကို မီးရှို့ ပြီး မီးလှုံ နေသူနဲ့ အတူတူ ပါပဲ။ တစ်ခဏတာ အတွက် အနွေး ဓာတ်ပေးသော် ငြားလည်း...

ရိုးရာလေး

ပညာနှင့် ကောင်းစွာ ဝေဖန် ပိုင်းခြား နိုင်စွမ်း

ပညာနှင့် ကောင်းစွာ ဝေဖန် ပိုင်းခြား နိုင်စွမ်း
=======================
တစ်ခါတုန်း က လမ်းဘေး မှာ အသား ညှပ် ပေါင်မုန့် တွေ ရောင်းချ နေတဲ့ လူတစ်ဦး ရှိခဲ့ တယ်။ သူဟာ စာမတတ် တဲ့ အတွက် ကြောင့် ဘယ် တုန်း ကမှ သတင်း စာ မဖတ် ခဲ့ ပါဘူး။ သူဟာ နားထိုင်း တဲ့ အတွက်ကြောင့် ရေဒီယို လည်း နားထောင် ခြင်း မရှိ ခဲ့ပါဘူး။ သူ ဟာ မျက်စိ မှုန်တဲ့ အတွက်ကြောင့် ရုပ်မြင် သံကြား လည်း ကြည့်ရှု ခဲ့ခြင်း မရှိ ပါဘူး။

ဒါပေ မယ့် သူ ဟာ အသား ညှပ်ပေါင်မုန့် တွေ ကို စိတ်အား ထက်သန်စွာ ရောင်းချ ခဲ့တယ်။ သူ့ရဲ့ ရောင်းအား နဲ့ အကျိုး အမြတ် ဟာ မြင့်တက် လာခဲ့ တယ်။ သူဟာ အသား တွေ ပိုမှာရင်း ပိုကြီး ပြီး ပိုကောင်း တဲ့ မီးဖို တစ်ခု ကိုလည်း ဝယ်ယူ ခဲ့ပါတယ်။

သူ့ရဲ့ စီးပွားရေး တိုးတက် လာနေ စဉ် မကြာသေး မီက ဘွဲ့ရ ခဲ့တဲ့ သူ့သား ဟာ ဖခင် ဖြစ်သူထံ လာရောက် ပူးပေါင်း ပါတယ်။ အဲဒီ နောက် ထူးခြားမှု တစ်ခု ဖြစ်ပွား ခဲ့တယ်။ သား ဖြစ်သူက မေးလိုက် ပါတယ်။ “ဖေဖေ … ကျွန်တော် တို့ တွေ့ကြုံ လာရမယ့် စီးပွားရေး ကျဆင်းမှု ကို သတိ မပြုမိ ဘူး မဟုတ် လား” ဖခင် ဖြစ်သူ က ပြန်ပြော လိုက်ပါတယ်။ “သတိ မပြုမိ ဘူး။ ဖေဖေ ကို ပြောပြ ပါလား ကွ။” သား ဖြစ်သူ က ပြောပြ ပါတယ်။ “နိုင်ငံ တကာ အခြေ အနေ တွေ ဟာ ဆိုးရွား နေပါတယ်။ ပြည်တွင်း အခြေ အနေ က ပိုပြီး တောင် ဆိုးသေး တယ်။ ကျရောက် လာမယ့် အခက် အခဲတွေ အတွက် ကျွန်တော် တို့ ကြိုတင် ပြင်ဆင် ထားသင့် တယ်။”

သူ့သားဟာ ကောလိပ် တစ်ခုမှ ဘွဲ့ရ လာခဲ့သည့် အပြင် သတင်းစာ လည်း ဖတ်၊ ရေဒီယို လည်း နားထောင် တဲ့ အတွက် ကြောင့် အများ ကြီး သိလိမ့် မယ်။ သားရဲ့အကြံပေး မှုကို ပေါ့ပေါ့ တန်တန် သဘော မထားသင့် ဘူး လို့ ဖခင် ဖြစ်သူက တွေးလိုက် မိပါတယ်။ ဒါကြောင့် နောက် တစ်နေ့ မှာ ဖခင် ဖြစ်သူဟာ အသား တွေနဲ့ပေါင်မုန့် မှာ ယူမှု လျှော့ချ လိုက်ပြီး ဆိုင်းဘုတ် တစ်ခု လည်း ချိတ်ထား လိုက်တယ်။ ပြီးတော့ သူဟာ အလုပ် မှာ လည်း စိတ်အား ထက်သန်မှု မရှိ တော့ ပါဘူး။

မကြာမီ သူ့ရဲ့ အသား ညှပ် ပေါင်မုန့်ဆိုင်မှာ လာဝယ် တဲ့ လူတွေ နည်းနည်း လာတော့ တယ်။ ပြီးတော့ ရောင်းချ ရမှု လည်း အလျင် အမြန် လျော့ကျ လာခဲ့ တယ်။ ဖခင် က သား ဖြစ်သူ ကို ပြောလိုက် ပါတယ်။ “သားရေ … သားပြော တာ မှန်သား ပဲ။ ဖေဖေ တို့ ရောင်းအား ကျ နေပြီ။ ကြိုတင် ပြီး သတိပေး ခဲ့တဲ့ အတွက် သား ကို ကျေးဇူး တင် ပါတယ်။”

ပုံပြင်ရဲ့ သင်ခန်းစာ

(၁) ကျွန်တော် တို့ဟာ အကြိမ် ပေါင်း များစွာ ပင် ကောင်းကောင်း မွန်မွန် အကဲ ဖြတ်နိုင်၊ ဥာဏ် မသုံး နိုင်ဘဲ တွေဝေ နေတတ် ကြတယ်။
(၂) လူတစ်ယောက် ဟာ အသိ ဥာဏ် မြင့်မား နိုင်ပေမယ့် ညံ့ဖျင်း တဲ့ အကဲဖြတ် မှု ပြုလုပ် မိတတ်ပါတယ်။
(၃) သင့်ရဲ့ အကြံပေး သူတွေ ကို ဂရုတစိုက် ရွေးချယ် ပြီး ကိုယ်တိုင် ချင့်ချိန် အကဲဖြတ် လိုက်ပါ။
(၄) လူ တစ်ယောက် မှာ (5 Cs ) ရှိမယ် ဆိုရင် ပညာ တတ် သည် ဖြစ်စေ၊ ပညာ မတတ် သည် ဖြစ်စေ အောင်မြင် နိုင်ပါတယ်။ ဒါတွေ ကတော့ (Character) အရည် အချင်း၊ (Commitment) တာဝန် ယူခြင်း၊ (Conviction) ခိုင်မာ တဲ့ ခံယူ ချက်၊ (Courtesy ) စိတ် စေတနာ နဲ့ (Courage) ရဲရင့်ခြင်း တို့ ပါပဲ။
(၅) ဝမ်းနည်း ဖွယ် ကောင်းတာ ကတော့ ကျရှုံးမှု တွေ့ကြုံ နေရတဲ့ လူတွေ အတွက် လက်ကိုင် တောင်ဝှေး အဖြစ် အသုံးပြု နိုင်တဲ့ စွယ်စုံ ကျမ်း တွေ အများကြီး ရှိနေတယ် ဆိုတာ မသိရှိ ခြင်းပါပဲ။

နေလင်းအောင်

ရင်နင့်အောင်ခံစားရသော အဖြစ်အပျက်ကလေးတစ်ခု

ရင်နင့်အောင်ခံစားရသော အဖြစ်အပျက်ကလေးတစ်ခု
=============================

တစ်နေ့မှာ ကျနော်လမ်းလျှောက်နေတုန်း ဖုန်းသံမြည်လာတယ်…
ဖုန်းကောက်ကိုင်လိုက်တော့ ဖုန်းသံထဲက ကြားရတဲ့အသံက နုနယ်တဲ့ မိန်းကလေးလေးရဲ့အသံလေးပါ…
“ဖေဖေ မြန်မြန် ပြန်လာတော…့လေ… မီးမီး ဖေ့ဖေ့ကို အရမ်းသတိရနေတယ်…”
အာရုံမှာ ချက်ချင်းသိလိုက်တယ်… ဒါဟာ ဖုန်းမှားနေတယ်ဆိုတာ…
ဒီခေတ်ဒီခါမှာ ဒါမျိုးဟာ မထူးဆန်းတော့ပါဘူး…

ကျနော်လဲ စိတ်မရှည်စွာနဲ့ဘဲ ပြောလိုက်တယ်… “ဖုန်းမှားနေပြီ” ဆိုပြီး ဖုန်းကိုချလိုက်တယ်…

နောက်ရက်တွေမှာလဲ ဒီဖုန်းနံပါတ်နဲ့ ခဏခဏ မှားဝင်လာတယ်…
စိတ်အနှောင့်အယှက် ဖြစ်လာတယ်… တခါတလေ စိတ်တိုပြီး အော်ပြောလိုက်တယ်…
တခါတလေ ဖုန်းမကိုင်ဘဲ ဒီတိုင်းထားလိုက်တယ်…

တနေ့မှာ အဲဒီဖုန်းနံပါတ်နဲ့ ခဏခဏ ဖုန်းဝင်လာတယ်… ခါတိုင်းနဲ့မတူတာက ဖုန်းမကိုင်မချင်းကို ခေါ်နေတော့တာဘဲ…
နောက်ဆုံးတော့လဲ ကျနော် ဖုန်းကို လက်ခံပြီးနားထောင်လိုက်တယ်…
ဟိုးဘက်က ကြားရတဲ့အသံလေးက တော်တော်လေးကို အားပျော့နေတဲ့ မိန်းကလေးလေးရဲ့အသံလေးပါ…
“ဖေဖေ မြန်မြန်ပြန်လာတော့လေ… မီးမီး ဖေဖေ့ကို သတိရတယ်… မေမေက ပြောတယ်… ဒီဖုန်းနံပါတ်မမှားဘူးတဲ့… ဖေဖေ ရဲ့ဖုန်းနံပါတ်ဘဲတဲ့… မီးမီး အရမ်းနာနေတယ်…
မေမေကပြောတယ်… ဖေဖေက အလုပ်အရမ်းများနေတယ်တဲ့… သမီးကို မေမေ တစ်ယောက်တည်းဘဲ ပြုစုနေတာ … မေမေလဲ တော်တော်လေးပင်ပန်းနေပြီ…
သမီးသိတယ်… ဖေဖေ အလုပ်အရမ်းရှုပ်နေတယ်ဆိုတာ… ဖေဖေ မလာနိုင်ရင်လဲ မီးကို ဖုန်းကနေဘဲ မွေးမွေး တစ်ချက်ပေးပါနော်…”

ကလေးလေးရဲ့ ရိုးသားလှတဲ့တောင်းဆိုမှုလေးကို ကျနော် မငြင်းဆန်နိုင်ခဲ့ဘူး…
ဖုန်းနားကို ကပ်ပြီး မွက်မွက် ဆိုပြီး မွေးမွေးပေးလိုက်တယ်…

ဟိုဘက်က ကလေးလေးရဲ့ ပြောနေသံလေးကိုကြားလိုက်ရတယ်…
“ကျေးဇူးဘဲ ဖေဖေ… မီး အရမ်းပျော်သွားပြီ… မီး ဖေဖေ့ကို အရမ်းချစ်တယ်”

ကျနော်ဒီဖုန်းကို စိတ်ဝင်စားလာတယ်…
ဖုန်ကောက်ဆက်လိုက်တော့ ဖုန်းကိုင်လိုက်တာက မိန်းကလေးမဟုတ်ဘဲ အသံလေးနေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အသံ…
“အစ်ကို့ကို တောင်းပန်းပါတယ်… ဒီရက်ပိုင်းမှာ အစ်ကိုလဲတော်တော်လေး စိတ်ရှုပ်သွားမိလိမ့်မယ်…
ကျမ လုပ်စရာလေးတွေ ပြီးလို့ရှိရင် အစ်ကိုဆီ ဖုန်းဆက်ပြီး တောင်းပန်ဖို့ စီစဉ်းထားတယ်…
ဒီ ကလေးလေးရဲ့ ကံကြမ္မာ မကောင်းရှာဘူး… မွေကတည်းက မွေးရာပါ အရိုးကင်ဆာ ပါလာတယ်… သူ့ဖေဖေကလဲ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ကား တိုက်မိလို့…
ဆုံးသွားတာ မကြာသေးဘူး… ဒီကိစ္စ သူ့ကို ပြောပြဖို့ ကျမမှာ အင်အားမရှိဘူး…
နေ့တိုင်း ဆေးတွေထိုးရတာ အမြဲတမ်းလိုလို နာကျင်နေပြီ… ကလေးလေးလဲ ဒီဒဏ်ကို တော်တော်လေးခံနေရပြီ…
နာကျင်မှုဝေဒနာ အဆိုးဆုံး အချိန်တွေမှာ သူ့ပါးစပ်ကနေ တတွတ်တွတ် အော်နေတာကတော့ အရင်က သူ့အနားမှာ သူ့ကို သတ္တိ ရှိဖို့ အမြဲတမ်း အားပေးနေတဲ့ သူ့ဖေဖေ ပါဘဲ…
ကျမလဲ မကြည့်ရက်တော့လို့ ဖုန်းနံပါတ် တစ်ခုပေးလိုက်တာ အစ်ကိုရဲ့ဖုန်းနံပါတ်ဖြစ်နေတာပါ”
“အဲ့ ကလေး အခု အခြေအနေဘယ်လိုနေသေးလဲ” ကျနော်သိချင်စောနဲ့ကောက်မေးလိုက်တယ်…

“မီးမီးလေး လူ့ဘ၀ကနေ ထွက်သွားပါပြီ… အစ်ကို အဲဒီ အချိန်တုန်းက သူ့ကို ဖုန်းထဲကနေ အနမ်းလေးပေးလိုက်ပုံရတယ်… ဟုတ်တယ်မဟုတ်လား… ဘာလို့လဲဆိုတော့ သူက ပြုံပြီး ထွက်သွားတာပါ…
ထွက်သွားခါနီး သူ့ရဲ့လက်သေးသေးလေးထဲမှာ “ဖေဖေ့” အသံကို ကြားနိုင်တဲ့ ဖုန်းကို မြဲမြဲ ဆုတ်ကိုင်ထားရှာတယ်…”

Zane
မျှဝေပေးခြင်းဟာလည်း မေတ္တာတစ်ခုပါပဲ

ကျော်စံလင်း

Wednesday, December 25, 2013

ရိုးရိုးလေးပါ

ရိုးရိုးလေးပါ…..

တစ်ခါက ကုမ္ပဏီတစ်ခုမှာ အလုပ်လာလျှောက်သူတစ်ဦးဟာ ၀ရန်တာမှာကျနေတဲ့ အမှိုက်တစ်စကို ကောက်ပြီး အမှိုက်ပုံးထဲ ထည့်ခဲ့တယ်။ ဒါကို အနားကဖြတ်သွားတဲ့ အရာရှိက တွေ့သွားပြီး သူ့ကို အလုပ်ခန့်လိုက်တယ်။ တစ်ခြားသူ သတိထား နှစ်သက်ဖို့ရာ
လွယ်ပါတယ်။ ကောင်းတဲ့အကျင့်ကို မွေးမြူတတ်ဖို့ပဲ လိုတယ်။

ကလေးတစ်ယောက်က အမေကို “မေမေ ဒီနေ့အရမ်းလှတာပဲ” လို့ပြောတော့ အမေက “ဘာဖြစ်လို့လဲ” လို့ ပြန်မေးခဲ့တယ်။ “မေမေ ဒီနေ့စိတ်မတိုလို့” လို့ ကလေးက ပြန်ဖြေခဲ့တယ်။ လှပဖို့ရာ လွယ်ပါတယ်။ စိတ်မတို၊ စိတ်မဆိုး၊ ဒေါသမထွက်ဖို့ပဲ လိုတယ်။

အမြဲတမ်း မီးတွေနဲ့ထိန်လင်းနေတဲ့ ဆိုင်တစ်ဆိုင်ရဲ့ သူဌေးကို လူတစ်ယောက်က“ခင်ဗျားဆိုင်က အမြဲထိန်လင်းနေတာပဲ.. ဘာတံဆိပ် မီးချောင်းတွေများ သုံးသလဲ” လို့မေးတော့ သူဌေးက “ဒီမီးချောင်းတွေ ခဏခဏပျက်ပါတယ်။ တစ်လုံးပျက်ရင် တစ်ခုလဲလိုက်လို့ ခုလိုလင်းနေတာပါ” ပြန်ဖြေခဲ့တယ်။ အမြဲတမ်း ကြည်လင်နေဖို့ဆိုတာ လွယ်ပါတယ်။ မကောင်းတဲ့ အတွေးအခေါ်ဟောင်းတွေကို လှဲပေးဖို့ပဲ လိုတယ်။

ကြက်ကလေးတစ်ကောင်ဟာ ဥက ပေါက်ပေါက်ချင်း အနားကဖြတ်သွားတဲ့ လိပ်တစ်ကောင်ကို တွေ့မိခဲ့တယ်။ အဲဒီနောက် ကြက်ကလေးဟာ ကြီးပြင်းလာတဲ့အထိ ကျောမှာ ဥခွံကိုပဲ ပိုးထားတော့တယ်။ ကြီးလေးတဲ့ အတ္တတွေကို ခွါချပစ်လိုက်ဖို့ရာ လွယ်ပါတယ်။ ခေါင်းမာတဲ့၊ တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်တွေကို စွန့်ပစ်ဖို့ပဲလိုတယ်။

ရွှေရှာတဲ့အဖွဲ့တစ်ဖွဲ့ဟာ သဲကန္တာရတစ်ခုကို ခက်ခဲပင်ပန်းစွာ ဖြတ်ကျော်ကြရတယ်။ ဒါပေမယ့် အဖွဲ့ထဲက လူတစ်ယောက်က မပင်မပန်းဘဲ ပျော်ရွှင်နေတာကိုတွေ့တော့ လူတွေကသူ့ကို “ကျွန်တော်တို့ ပင်ပန်းလို့သေတော့မယ်။ ခင်ဗျားကြည့်ရတာ ပင်ပန်းပုံလဲ
မရဘူး” လို့ မေးတော့ “ကျွန်တော်လွယ်ပိုးထားတဲ့ ပစ္စည်းတွေ နည်းလို့ပါ” လို့ သူက ပြန်ဖြေခဲ့တယ်။ ပျော်ရွှင်ဖို့ရာ လွယ်ပါတယ်။ လောဘနည်း၊ လိုချင်တပ်မက်မှုနည်းဖို့ပဲ လိုတယ်။

လူ့ဘ၀မှာလည်း နေပျော်ဖို့ရာ လွယ်ပါတယ်။ တန်ဖိုးထားတတ်၊ ကိုယ်ချင်းစာတတ်၊ ကရုဏာထားတတ်၊ ကူညီတတ်၊ ကျေးဇူးသိတတ်၊ တင်းတိမ်ရောင့်ရဲတတ်၊ ချစ်ခင်တတ်ဖို့ပဲ လိုတယ်။

credit:စာပေရိပ်မွန် စာအုပ်စင်

ရိုးရိုးလေးပါ

ရိုးရိုးလေးပါ…..

တစ်ခါက ကုမ္ပဏီတစ်ခုမှာ အလုပ်လာလျှောက်သူတစ်ဦးဟာ ၀ရန်တာမှာကျနေတဲ့ အမှိုက်တစ်စကို ကောက်ပြီး အမှိုက်ပုံးထဲ ထည့်ခဲ့တယ်။ ဒါကို အနားကဖြတ်သွားတဲ့ အရာရှိက တွေ့သွားပြီး သူ့ကို အလုပ်ခန့်လိုက်တယ်။ တစ်ခြားသူ သတိထား နှစ်သက်ဖို့ရာ
လွယ်ပါတယ်။ ကောင်းတဲ့အကျင့်ကို မွေးမြူတတ်ဖို့ပဲ လိုတယ်။

ကလေးတစ်ယောက်က အမေကို “မေမေ ဒီနေ့အရမ်းလှတာပဲ” လို့ပြောတော့ အမေက “ဘာဖြစ်လို့လဲ” လို့ ပြန်မေးခဲ့တယ်။ “မေမေ ဒီနေ့စိတ်မတိုလို့” လို့ ကလေးက ပြန်ဖြေခဲ့တယ်။ လှပဖို့ရာ လွယ်ပါတယ်။ စိတ်မတို၊ စိတ်မဆိုး၊ ဒေါသမထွက်ဖို့ပဲ လိုတယ်။

အမြဲတမ်း မီးတွေနဲ့ထိန်လင်းနေတဲ့ ဆိုင်တစ်ဆိုင်ရဲ့ သူဌေးကို လူတစ်ယောက်က“ခင်ဗျားဆိုင်က အမြဲထိန်လင်းနေတာပဲ.. ဘာတံဆိပ် မီးချောင်းတွေများ သုံးသလဲ” လို့မေးတော့ သူဌေးက “ဒီမီးချောင်းတွေ ခဏခဏပျက်ပါတယ်။ တစ်လုံးပျက်ရင် တစ်ခုလဲလိုက်လို့ ခုလိုလင်းနေတာပါ” ပြန်ဖြေခဲ့တယ်။ အမြဲတမ်း ကြည်လင်နေဖို့ဆိုတာ လွယ်ပါတယ်။ မကောင်းတဲ့ အတွေးအခေါ်ဟောင်းတွေကို လှဲပေးဖို့ပဲ လိုတယ်။

ကြက်ကလေးတစ်ကောင်ဟာ ဥက ပေါက်ပေါက်ချင်း အနားကဖြတ်သွားတဲ့ လိပ်တစ်ကောင်ကို တွေ့မိခဲ့တယ်။ အဲဒီနောက် ကြက်ကလေးဟာ ကြီးပြင်းလာတဲ့အထိ ကျောမှာ ဥခွံကိုပဲ ပိုးထားတော့တယ်။ ကြီးလေးတဲ့ အတ္တတွေကို ခွါချပစ်လိုက်ဖို့ရာ လွယ်ပါတယ်။ ခေါင်းမာတဲ့၊ တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်တွေကို စွန့်ပစ်ဖို့ပဲလိုတယ်။

ရွှေရှာတဲ့အဖွဲ့တစ်ဖွဲ့ဟာ သဲကန္တာရတစ်ခုကို ခက်ခဲပင်ပန်းစွာ ဖြတ်ကျော်ကြရတယ်။ ဒါပေမယ့် အဖွဲ့ထဲက လူတစ်ယောက်က မပင်မပန်းဘဲ ပျော်ရွှင်နေတာကိုတွေ့တော့ လူတွေကသူ့ကို “ကျွန်တော်တို့ ပင်ပန်းလို့သေတော့မယ်။ ခင်ဗျားကြည့်ရတာ ပင်ပန်းပုံလဲ
မရဘူး” လို့ မေးတော့ “ကျွန်တော်လွယ်ပိုးထားတဲ့ ပစ္စည်းတွေ နည်းလို့ပါ” လို့ သူက ပြန်ဖြေခဲ့တယ်။ ပျော်ရွှင်ဖို့ရာ လွယ်ပါတယ်။ လောဘနည်း၊ လိုချင်တပ်မက်မှုနည်းဖို့ပဲ လိုတယ်။

လူ့ဘ၀မှာလည်း နေပျော်ဖို့ရာ လွယ်ပါတယ်။ တန်ဖိုးထားတတ်၊ ကိုယ်ချင်းစာတတ်၊ ကရုဏာထားတတ်၊ ကူညီတတ်၊ ကျေးဇူးသိတတ်၊ တင်းတိမ်ရောင့်ရဲတတ်၊ ချစ်ခင်တတ်ဖို့ပဲ လိုတယ်။

credit:စာပေရိပ်မွန် စာအုပ်စင်

မိတ်ဆွေစစ် (၁၆) ယောက်

"မြတ်ဗုဒ္ဓကိုယ်တော်တိုင် ဟောကြားထားသော မိတ်ဆွေစစ် (၁၆) ယောက်"

(က) ဥပကာရက မည်သော ကျေးဇူးပြုတတ်သော မိတ်ဆွေစစ် (၄)ယောက်
...........................................................................................

၁။ မိမိက နေမကောင်းလျှင်၊ ဒုက္ခရောက်နေလျှင်
စောင့်ရှောက်တတ်သော မိတ်ဆွေစစ်။
၂။ မိမိက မေ့လျော့တတ်လျှင် စည်းစိမ်ဥစ္စာကို
စောင့်ရှောက်တတ်သော မိတ်ဆွေစစ်။
၃။ မိမိက ကြောက်ရွံ့တတ်လျှင် အားကိုး
အားထားရာဖြစ်သော မိတ်ဆွေစစ်။
၎။ မိမိက ပြုဖွယ် ကိစ္စရှိလာလျှင် လိုအပ်သည်ထက်
နှစ်ဆ ကူညီတတ်သော မိတ်ဆွေစစ်။

(ခ) သမာနသုခဒုက မည်သော ဆင်းရဲအတူ ချမ်းသာအမျှ
မိတ်ဆွေစစ် (၄)ယောက်
...........................................................

၁။ သူ၏ လျှို့ဝှက် ထားသော အကြောင်း ကိစ္စ ကို
မိမိ အားသာ ပြောပြတတ်သော မိတ်ဆွေစစ်။
၂။ မိမိ၏ လျှို့ဝှက် ထားသော အကြောင်း ကိစ္စ ကို
သူတစ်ပါးအား မပြောဘဲ နှုတ်လုံတတ်သော မိတ်ဆွေစစ်။
၃။ အခက်အခဲ ဘေးရန် အန္တရာယ် နှင့် ကြုံတွေ့လာလျှင်
မိမိ ကို စွန့်ပစ်မသွားတတ်သော မိတ်ဆွေစစ်။
၎။ မိမိ အကျိုး အတွက် အသက်ကိုပင် စွန့်နိုင်သော မိတ်ဆွေစစ်။

(ဂ) အတ္ထက္ခာယီ မည်သော အကျိုးရှိသောစကားကိုသာ
ပြောသော မိတ်ဆွေစစ် (၄)ယောက်
.......................................................

၁။ မကောင်းမှု မပြုရန် တားမြစ်တတ်သော မိတ်ဆွေစစ်။
၂။ ကောင်းမှု ပြုရန် တိုက်တွန်းတတ်သော မိတ်ဆွေစစ်။
၃။ မကြားဘူးသေးသော သိမ်မွေ့ နက်နဲ့သည့် အကြောင်းအရာ ပညာရပ်တို့ကို ပြောကြားတတ်သော မိတ်ဆွေစစ်။
၎။ နတ်ရွာ နိဗ္ဗာန် ရောက်ကြောင်း လမ်းကောင်း လမ်းမှန်
ညွှန်ပြ၍ ဓမ္မလမ်းကြောင်းပေါ်သို့
မရောက်ရောက်အောင် ပြောဆိုတတ်သော မိတ်ဆွေစစ်။

(ဃ) အနုကမ္ပက မည်သော အမြဲကြင်နာ စောင့်ရှောက်သော
မိတ်ဆွေစစ် (၄)ယောက်
......................................................

၁။ မိမိ၏ အကျိုးစီးပွားဆုတ်ယုတ် ပျက်စီးမှုကို
မနှစ်သက်သောကြောင့် စိတ်ထဲမနေနိုင်ပဲ
ကူညီတတ်သော မိတ်ဆွေစစ်။
၂။ မိမိ၏ အကျိုးစီးပွား တိုးတက်ကြီးပွါးလျှင်
ကျေနပ်နှစ်သက်တတ်သော မိတ်ဆွေစစ်။
၃။ တစ်ပါးသောသူက မိမိ၏ အကြောင်း
မကောင်းပြောလျှင် မခံနိုင်ပဲ တားမြစ်တတ်သော မိတ်ဆွေစစ်။
၎။ တစ်ပါးသောသူက မိမိ၏ ဂုဏ်ကျေးဇူးကို ချီးမြှောက်ပြောဆိုလျှင် ထောက်ခံပေးတတ်သော
မိတ်ဆွေစစ်။

credit to - ငရဲပြည်အကြောင်းသိကောင်းစရာ
မေတ္တာဖြင့် ဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ
(www.infinitydhamma.com)

"ဗုဒ္ဓဘာသာ ငါးမျိုး"

"ဗုဒ္ဓဘာသာ ငါးမျိုး"
•••••••••••••••••••
ယနေ့ခေတ်မှာ လူငယ်တွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။ဘုရား တောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်း မသိကြတော့ပါဘူး။ ဒီလို အခြေအနေ တွေကိုသိလို့ မြတ်စွာဘုရားက "နောင်အနာဂတ်ကာလမှာ ဗုဒ္ဓဘာသာ ငါးမျိုး ကွဲပြား လိမ့်မယ်" ဟုဟောတော်မူ ထားခဲ့ပါတယ်။ အဲဒီဗုဒ္ဓဘာသာ ငါးမျိုးကတော့…
(၁)။ ကုလ ဗုဒ္ဓဘာသာ
(၂)။ လာဘ ဗုဒ္ဓဘာသာ
(၃)။ ဘယ ဗုဒ္ဓဘာသာ
(၄)။ သဒ္ဓါဓိက ဗုဒ္ဓဘာသာ
(၅)။ ပညာဓိက ဗုဒ္ဓဘာသာ

(၁)။ ကုလ ဗုဒ္ဓဘာသာ( မိရိုးဖလာဗုဒ္ဓဘာသာ)
------------------------------------------------
ကုလ ဗုဒ္ဓဘာသာ ဆိုတာ ရိုးရာ ဗုဒ္ဓဘာသာ ကိုပြောတာပါ။
အမေအဖေက ဗုဒ္ဓဘာသာမို့ သားသမီးက
ဗုဒ္ဓဘာသာ ဖြစ်လာရတာပါ။ မိဘက ခရစ်ယာန်ဆိုရင်
သားသမီးကလည်း ခရစ်ယာန် မိဘက အစ္စလာမ်ဆိုရင်
သားသမီးကလည်း အစ္စလာမ်။

ဒါကို မိရိုးဖလာ ကုလဗုဒ္ဓဘာသာပေါ့။
မိဘက ဗုဒ္ဓဘာသာ မို့သာ သားသမီးက
ဗုဒ္ဓဘာသာ ဖြစ်လာရတယ်။
ဘုရားရှင် ဘာလို့ ပွင့်မှန်း မသိ။
ဘုရား ဘာတရားဟောမှန်းလည်း မသိ။
ကိုယ်ပြောတဲ့ ဗုဒ္ဓဘာသာဝင်ဆိုတာတောင်မှ
ဘာပြော မှန်းမသိ။ ကိုယ်ကိုးကွယ်နေတဲ့ မြတ်စွာဘုရား ဘာကြောင့်ကိုးကွယ်ရမှန်းလည်းမသိ။
တရားတော်ကို ဘာကြောင့်ကိုးကွယ်ရ မှန်းမသိ။
ဘုရားကို ဦးချတာ ဘာရည်ရွယ်ချက်နဲ့ ဦးချ နေမှန်းကို
မသိတာ။ ဘာကြောင့်ဒီလောက် ရိုရိုသေသေနဲ့
အလေးပြုနေမှန်းကို မသိတာ။
လုပ်တော့ လုပ်နေ တာပဲ အသိပညာ ဘာမှမပါတာ။
ကုလဗုဒ္ဓဘာသာပါ။

(၂) လာဘာဗုဒ္ဓဘာသာ
-----------------------------
လာဘာဗုဒ္ဓဘာသာဆိုတာ လာဘ်လာဘလိုလို့
ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို ဆိုလိုတာပါ။
ဒီဘ၀ စီးပွားရေးလေး တက်မလားဆိုပြီးတော့မှ
ဘုရားကိုးကွယ်တာမှာ ရွေးပြီးတော့ ကိုးကွယ်တယ်။ ဒီဘုရားကိုးကွယ်ရင်တော့ လာဘ်လာဘ ပေါများတယ် ဟိုဘုရားကိုးကွယ်ရင်တော့ စီးပွားတတ် တယ်ဆိုပြီး
ရွေးကိုးကွယ်တာ လာဘဗုဒ္ဓ ဘာသာပါ။
ဘုရားကိုးကွယ်မှ လာဘ်ပေါမယ်ဆိုရင်
ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန်တွေ ဘာလို့
လာဘ်ရွှင်နေတာလဲ။ အဓိက စီးပွားရေး ဖြစ်နေတယ် ဆိုတာ ဘုရားကြောင့်မဟုတ်ပါဘူး။ ကံဥာဏ်ဝီရိယ သတ္တိကြောင့်ပါ။
အရောင်းအ၀ယ်တစ်ခုလုပ်မယ်။
အိမ်ခြံဝင်းဝယ်မယ်။ ရောင်းမယ်။
အိမ်နေရာ ပြောင်းမယ်ဆိုရင် တောင်မှ
ရက်ရာဇာ ပြဿဒါး ရွေးနေတာတွေ၊
ဘုရားကျောင်းဆောင် ပေါ်မှာ ဘိုးတော်ပုံတွေ ၊
ဘွားတော်ပုံတွေ တင်ထားတာတွေ၊
ကိုးကြီးကျော် မနှဲလေး အစရှိတွေ နတ်တွေ
ကိုးကွယ်တာ တွေ၊ ဗေဒင်တွေ ယုံကြည်ပြီး
ယတြာတွေ ချေလိုက်ကြ စတဲ့ လာဘ်လာဘ
လိုချင်လို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာဝင်များကို
လာဘာဗုဒ္ဓဘာသာ ဟုခေါ်ပါသည်။

(၃)ဘယ ဗုဒ္ဓဘာသာ
(ကြောက်လို့ ကိုးကွယ်သော ဗုဒ္ဓဘာသာ)
--------------------------------------------------------------------
ဘယဗုဒ္ဓဘာသာဆိုတာ ဘေးကို ကြောက်လို့
ကိုးကွယ်တာကို ခေါ်ပါတယ်။
အန္တရယ်ကင်းဖို့ ၊ ဘေးရှင်းဖို့၊ အသက်ရှည်ဖို့၊
ကျန်းမာဖို့ ၊ ဒီလိုအတွေးအခေါ် အယူအဆတွေနဲ့
ဘုရားကို ကိုးကွယ်တာကို ဘယဗုဒ္ဓဘာသာဟုခေါ်ပါသည်။

ဒီဘုရားကို ကိုးကွယ်မှ အသက်ရှည်မယ်ဆိုရင်
ဒီဘုရားကို မကိုးကွယ်တဲ့ ခရစ်ယာန်တွေ ၊
အစလာမ်တွေ အသက်ရှစ်ဆယ် တစ်ရာကျော်တွေ
ရှည်နေကြတာ ဘာလို့ပါလဲ။

ဘာမှမသိဘဲ ရမ်းကိုးကွယ်တာ ကုလဗုဒ္ဓဘာသာ၊
လာဘ်လာဘာ လိုချင်ပြီး ကိုးကွယ်တာ လာဘ်လာဘ
လိုချင်ပြီး ကနားတွေပေးတာ လာဘဗုဒ္ဓဘာသာ၊
ဘေးကြောက်ပြီး အကိုးကွယ်တွေ မှားနေတာ ဘယဗုဒ္ဓဘာသာ။
ဒီကုလ၊လာဘ၊ ဘယဗုဒ္ဓဘာသာ သုံးမျိုးကို
အောက်တန်းစားဗုဒ္ဓဘာသာဟု ခေါ်ပါသည်။

ဟိုလူမပါ၊ ဒီလူမပါ၊ ဟိုလူပသပါတယ်။
ဒီလူပသပါတယ်။ လက်ညှိုးထိုး ခွက်လှန်
လုပ်နေတာတွေ ကို မြတ်စွာဘုရားက
သူတောင်းစား ဗုဒ္ဓဘာသာပါတဲ့။

ခန္ဓာကိုယ်မှာ အသိ၊ဘာသာရေးအသိဓာတ်ခံ အားနည်းတော့
လိမ်စားနေတဲ့ သူတွေက လိမ်လို့ ကောင်းနေပါတယ်။
ဘုရားလည်း ကိုးကွယ်ရသေး၊ တရားလည်း ကိုးကွယ်ရသေး၊
ဆွမ်းဦးကို လည်း လောင်းလှူရသေး သာသနာတော်ကိုလည်း
သင်္ကန်း ဆွမ်းကျောင်းဆေး ၊ ပစ္စည်းလေးပါးနဲ့ လှူဒါန်းပူဇော်ဆက်ကပ်ရသေး။
ဘာအတွက် ဒါတွေ လုပ်နေရတာလဲ ။
ဘာအတွက် သာသနာကို ချီးမြှောက်နေတာလဲ၊
ဘာအတွက် ကျောင်းဆောက်နေတာလဲ ။
စဉ်းစားပါ၊ ဝေဖန်ပါ၊ သုံးသပ်ပါ။

(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ
-----------------------------
သဒ္ဓါဓိက ဗုဒ္ဓဘာသာဆိုတာ သဒ္ဓါတရားကို
အရင်းခံပါတယ်။ သဒ္ဓါတရားဆိုတာ ယုံကြည်ချက်ပါ။
ဘုရား၊တရား၊ သံဃာကို တကယ်သက်ဝင်
ယုံကြည်တာကို ခေါ်ပါတယ်။
ဘုရား၊ တရား၊ သံဃာကို ယုံကြည်တဲ့နေရာမှာလည်း
မှန်မှန်ကန်ကန် ယုံကြည်တဲ့ သမ္မာသဒ္ဓါ နဲ့ မှားမှားယွင်းယွင်း
ယုံကြည်တဲ့ မိစ္ဆာသဒ္ဓါဆိုပြီး နှစ်မျိုးရှိပါတယ်။

သမ္မာသဒ္ဓါဆိုတဲ့ မှန်မှန်ကန်ကန်ယုံကြည်ချက်ဆိုတာ
သစ္စာတရား သိတော်မူတဲ့ မြတ်စွာဘုရားဟာ
ဝေနေယျ သတ္တ၀ါတွေကို သူသိသကဲ့သို့ မေတ္တာ
ဂရုဏာတော်အပြည့်နဲ့ သစ္စာလေးချက် အနက်ကို ဟောကြားတော်မူခဲ့ပါတယ်။

ဒီတရားတော် အနက်တွေကို ပိုင်ပိုင်နိုင်နိုင်သိတော်မူသွားကြတဲ့ အရိယာသူတော်စင်ကြီးတွေဟာ နိဗ္ဗာန်ဝင်စံ သွားကြပါတယ်။
နိဗ္ဗာန်ဆိုတာ အိုနာသေ လွတ်ရာပါ။
"အသေလွတ်ရာ ပြတတ်လို့ မြတ်စွာဘုရားအားကိုးကွယ်ပါ၏"
ဆိုတဲ့ ယုံကြ ည်ချက်ဟာ မှန်သောယုံကြည်ချက်။

တရားတော်ကို ဘာကြောင့်ကိုးကွယ်ရသလဲ။
မြတ်စွာဘုရားဟော်တော်မူခဲ့တဲ့ တရားတော်ကို
ကြိုးစားမယုတ် ပွားများအားထုတ်လိုက်လို့
တရားလမ်းကြောင်းအတိုင်း မဂ္ဂင်လမ်းအတိုင်းသာ
လျှောက်သွားရင် နှိဗ္ဗာန်ရောက်ပါမည်။

ထိုအသေလွတ်ရာ ပို့ဆောင်တာဟာ တရားက ပို့ဆောင် တာပါ။
ပုဂ္ဂိုလ်က ပို့ဆောင်တာ မဟုတ်ပါဘူး။
တရားတော်ကို မှန်သောယုံကြည်မှု။
ထိုတရားတွေ မကွယ်မပျောက်သေးတာ
ဘယ်သူ့ကျေးဇူးပါလဲ ဆိုရင် သံဃာရဲ့  ကျေးဇူးပါ။
ဘုရားရှင်ဟော တော်မူသော
ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်၊
သုတ်ဝိနည်း အဘိဓမ္မာ တရားတွေ
ဒီတရား တွေကို သံဃာာတော်တွေက ဆောင်ထားတာပါ။
ပိဋကသုံးပုံကို သံဃာတော်တွေကစောင့်ရှောက် ထားတာပါ။
သံဃာာတော်ကို ယုံကြည်မှု။ ဒါတွေက ရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန်ယုံကြည် တဲ့ "သမ္မာသဒ္ဓါ ယုံကြည်မှု"။

မိစ္ဆာသဒ္ဓါယုံကြည်မှုက လာဘ်လာဘပေါတယ်။
အန္တရာယ်ကင်းတယ် ဆိုပြီး ကိုးကွယ်ယုံကြည်နေတာဟာ
"မိစ္ဆာသဒ္ဓါ"။

လာဘ်လာဘပေါတယ်ဆိုတဲ့ လာဘဗုဒ္ဓ ဘာသာ ယုံကြည်ချက်၊ အန္တရာယ်ကင်းအောင်ဆိုပြီး ဘယဗုဒ္ဓဘာသာတွေရဲ့  ယုံကြည်မှု ဗုဒ္ဓရဲ့ဂုဏ်တော်ကို ဘာမှနားမလည်ဘဲ သူများဦးတိုက်လို့သာ ရမ်းဦးတိုက်ရတဲ့ ကုလဗုဒ္ဓဘာသာတွေရဲ့  ယုံကြည်မှု ဒါတွေက မိစ္ဆာသဒ္ဓါတွေပါ။

အသေလွတ်ရာလမ်းကို ပြတတ်လို့၊
အသေလွတ်ရာကို ပို့ဆောင်နိုင်လို့ ၊
အသေလွတ်ရာ တရားကို ဆောင်ထားနိုင်လို့
ရတနာသုံးပါးကို ကိုးကွယ်ပါ၏ ဆိုတဲ့ သမ္မာသဒ္ဓါ ။

အနှစ်သာရမရှိတာကို မရှိ ဘူးလို့ သိတယ်။
အနှစ်သာရ ရှိတာကို ရှိတယ်လို့ သိတယ်။
မှားတာကို မှားတယ်လို့သိတယ်။
မှန်တာ ကို မှန်တယ်လို့ သိတယ်။
သိတဲ့အပြင်၊ အမှားလမ်းကို ရှောင်၊
အမှန်လမ်းကို ဆောင်တာ သည့် သမ္မာသဒ္ဓါ ရှိတဲ့
သဒ္ဓါဓိက ဗုဒ္ဓဘာသာပါ။

(၅)ပညာဓိက ဗုဒ္ဓဘာသာ
--------------------------------
ပညာဓိက ဗုဒ္ဓဘာသာဆိုတာ သစ္စာတရားကို သေချာသိတဲ့
ဗုဒ္ဓဘာသာကို ခေါ်တာပါ။ သဒ္ဓါဓိက ဗုဒ္ဓဘာသာဟာ
တရားတော်ကို ယုံကြည်တယ်။

တရားတော်ကို ဘယ်လိုယုံတာလည်း ဆိုတော့
ရမ်းယုံတာမဟုတ်ဘဲ ခန္ဓာသိနဲ့ အသေအချာ သိပြီး ယုံတယ်။
ထိုသို့ သိတာကို ပညာဟု ခေါ်ပါ တယ်။

သစ္စာလေးပါးတရားတော်ကို အသေအချာ
ပညာသိနဲ့ သိတဲ့ ဗုဒ္ဓဘာသာ၊
ဖြစ်မှုပျက်မှုတွေ ကို သိတဲ့ဗုဒ္ဓဘာသာ ၊
ဖြစ်ပျက်မြင်တာ ခန္ဓာက မြင်တာလား
ပညာကမြင်တာလားဆိုတော့ ပညာက မြင်တာပါ။
ပညာဓိက ဗုဒ္ဓဘာသာပါ။

ဘုရားက မင်းတို့ခန္ဓာထဲမှာ ဖြစ်တာနဲ့ ပျက်တာပဲ ရှိတယ်
လို့ ဟောခဲ့ပါတယ်။ ဒါကို ကိုယ်တိုင် သစ္စာတရားတော်ကို
သေချာသိပြီး ကျင့်ကြည့်လိုက်တော့ မြင်တယ်။
ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ်။
ယုံကြည်တာက သဒ္ဓါ၊ ဖြစ်ပျက်မြင်တာက ပညာ။
ထို့ကြောင့် သဒ္ဓါနဲ့ ပညာ သွားပြီး တွဲနေပါတယ်။
သဒ္ဓါနဲ့ ပညာဟာ တွဲလျက်ပါတဲ့။

သဒ္ဓါတရား မှန်မှန်ကန်ကန် နဲ့ သာ ကြိုးစားမယ်ဆိုရင်
အပါယ်လေးပါးမှ ကူးမြောက်နိုင်၏။
တို့မှာ အပါယ်မျိုးစေ့တွေ၊ အပါယ်ကျကြောင်းကံတွေ
လုပ်ထားတာရှိတယ်။ ဒါတွေကို ဘယ်သူမှ ၀င်တားလို့ မရပါဘူး။

သူ့ကိုတားချင်ရင်၊ သူ့ကို အကျိုးမပေးစေချင်ရင် ဘာနဲ့ ဖြတ်ရမလဲ
ဆိုတော့ ဥာဏ်နဲ့ ဖြတ်ရပါမယ်။ ဥာဏ်နဲ့ ဖြတ်လိုက်လို့ ဖြစ်ပျက်မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ်မှာ သဒ္ဓါလည်း ပါတယ်၊
ပညာလည်း ပါပါတယ်။

ဒါသည် သဒ္ဓါဓိက ဗုဒ္ဓဘာသာနဲ့ ပညာဓိက ဗုဒ္ဓဘာသာ ဖြစ်ပါသည်။
သဒ္ဓါဓိက ဗုဒ္ဓဘာသာနဲ့ ပညာဓိက ဗုဒ္ဓဘာသာဟာ
"အထက်တန်းစား ဗုဒ္ဓဘာသာ" ပါ။

(ဒီဗုဒ္ဓဘာသာငါးမျိုး အကြောင်းကို
အရှင်ဇောတိသာရ(စဥ့်ကူး) ရေးသားပူဇော်သည့်
မိုးကုတ်မြို့  ကုန်းမြင့်သာယာရပ်
ဓမရံသီရိပ်သာ ပဓာန နာယက ကမ္မဋ္ဌာနစရိယ
နယ်လှည့်ဓမ္မကထိက ဆရာတော် ဘဒ္ဒန္တသုနန္ဒ
ဟောကြားတော် မူအပ်သော ဗုဒ္ဓဘာသာငါးမျိုး နှင့်
သစ္စာလေးပါး တရားတော် စာအုပ်မှ ကောက်နှုတ်ဖော်ပြခြင်း
ဖြစ်ပါတယ်။ အကျယ်ကို သိလိုပါက ထိုစာအုပ် တွင်ထပ်ပြီး
လေ့လာနိုင်ပါကြောင်း။ အားလုံးပဲ ကျန်းမာပျော်ရွှင် ကြပါစေ…။)

စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာ၍
လိုရာဆန္ဒများတစ်လုံးတစ် ဝတည်းပြည့်စုံပါစေ။

-[ အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ) ]

သာယာတဲ့ အိမ်ထောင်တစ်ခု တည်ဆောက်လိုပါလျှင်

သာယာတဲ့ အိမ်ထောင်တစ်ခု တည်ဆောက်လိုပါလျှင်

အများစုက အိမ်ထောင်တစ်ခု တည်ထောင်ရမှာကို စိုးရွံ့နေကြတယ်။ ဘာကြောင့်လဲဆိုတော့ အိမ်ထောင်ကျပြီးနောက် သဟဇာတမဖြစ်မှု ၊ ပြဿနာရှုပ်ထွေးလာမှုတွေ ဖြစ်လာမှာကို ကြောက်ကြလို့ပါပဲ။

ဒီလူတွေကတော့ အိမ်ထောင်တစ်ခုအတွက် မရှိမဖြစ် သိထားရမယ့် ဒီအချက်(၅)ချက်ကို မေ့လျော့နေတာကြောင့်ပဲ ဖြစ်ပါတယ်။ ဖတ်ကြည့်လိုက်ရအောင်။

(၁) နွေးထွေးပါ ။

ဆယ်စုနှစ်တစ်စုအကြာ အိမ်ထောင်သက်တမ်းရလာတဲ့အခါ လင်မယားတွေမှာ သူတို့ရဲ့ ကြင်စဦးဆက်ဆံရေးမျိုး ပျောက်ဆုံးလာတတ်ကြပါတယ်။ စိတ်ကျေနပ်စရာကောင်းတဲ့ ဆက်ဆံရေး မရှိတော့တဲ့အခါ အချိန်အတော်ကြာ မေ့ထားတဲ့ စိတ်ကူးယဉ်ဆန်မှု၊ နူးညံ့မှုတွေကို ပြန်လည်အသုံးချရ ပါတော့မယ်။ သူမဆီကိုသွားပါ။ သူမရဲ့လက်ကလေးကိုကိုင်ပြီး ဒီနေ့ သူမဘာတွေ ကြုံတွေ့ခဲ့ရတယ်ဆိုတာ မေးပါ။ ဒီလိုမျိုးကြင်နာတဲ့ အမူအရာတွေဟာ သင်တို့နှစ်ဦးကြား ဆက်သွယ်မှုကို ပြန်လည်ကောင်းမွန်လာစေနိုင်ပါတယ်။ အကျင့်တစ်ခုဖြစ်တဲ့အထိ စွဲစွဲမြဲမြဲလုပ်ဆောင်ပေးနေရင် သူမဟာ ပျော်ရွှင်မှုကို ပြန်လည်ရရှိလာနိုင်ပါလိမ့်မယ်။

(၂) ကျေးဇူးတင်တတ်ပါ။
သင့်ရဲ့ အပြုအမူတွေက တစ်ဖက်သတ်မဆန်နေဖို့ လိုအပ်ပါတယ်။ ၀တ္တရားရှိလို့ လုပ်ပေးတာမျိုးပဲလို့ မှတ်ယူနေမယ့်အစား သူမရဲ့ဂရုစိုက်မှုတွေကို တန်ဖိုးထားပါ။ သူမကို ပျော်ရွှင်စေနိုင်တဲ့သူဟာ သင်ဖြစ်နိုင်တယ်ထင်လို့ တစ်ဒါဇင်လောက်ရှိတဲ့သူတွေကနေ သင့်ကို ရွေးချယ်ထားတယ်ဆိုတာ မမေ့ပါနဲ့။ အပြန်အလှန်လေးစားခြင်းနဲ့ ကျေးဇူးသိတတ်ခြင်းဟာ အိမ်ထောင်တစ်ခုရဲ့ အစာအဟာရပါပဲ။

(၃) စိတ်ခံစားတက်ကြွှမှုနှင့် ရှင်သန်ပါ။

စိတ်လှုပ်ရှား တက်ကြွရတဲ့ အခိုက်အတန့်လေးတွေကို သူမအတွက် ပြုလုပ်ပေးပါ။ အိမ်ထောင်အများစုဟာ ဒီလို စိတ်ထက်သန်တက်ကြွတဲ့ အခိုက်အတန့်လေးတွေ ဆုံးရှုံးသွားတဲ့အတွက် သက်တမ်းကုန်ဆုံးသွားရပါတယ်။ ဒီလို ခဏတာလေးတွေဟာ ရတာလွယ်သလောက် ဆုံးရှုံးတာလည်းမြန်ပါတယ်။ ဒါဆို ဘာကြောင့်များ ဒီအခိုက်အတန့်လေးတွေ ပြန်ယူလို့မရနိုင်ရမှာလဲ။ ရမ္မက်ဆန်တဲ့ ဒီလိုခဏတာ အပြုအမူလေးတွေက သူမအတွက်လည်း စိတ်လုံခြုံမှု ရစေတယ်လေ။

(၄) အဓိက အရာကို ခွဲခြားသိပါ။

ပြည့်စုံတဲ့ဘ၀ဆိုတာမရှိပါဘူး။ မျှော်လင့်ထားတဲ့အရာ အတော်များများ ဖြစ်မလာနိုင်တဲ့အခါမှာ အိမ်ထောင်ရေးကို သွားပြီး အပြစ်မြင်မိတာမျိုးဖြစ်တတ်ပါတယ်။ မျှော်လင့်ထားတာနဲ့ ထပ်တူမကျတော့တဲ့အခါမှာ လက်ထပ်မှုကို အမှားလို့ယူဆပြီး နောက်ထပ်ဘ၀အသစ်တစ်ခုကို ရှာဖွေချင်မိကြပါတယ်။ လူနှစ်ဦးရဲ့ မြင့်မြတ်တဲ့ပေါင်းစည်ခြင်း တစ်ခုတည်ဆောက်မယ်ဆိုတဲ့ အတွေးဟာ တစ်ဦးကိုတစ်ဦး ဘယ်အခြေအနေမှာမဆို မြဲမြံစွာ လက်ခံထားနိုင်ရပါမယ်။ နှစ်ဦးသား လက်ထပ်ချိန်က ဒီကတိစကားတွေကို မေ့ပစ်လိုက်ကြတာဟာ ၀မ်းနည်းစရာ အကောင်းဆုံးအပိုင်း ပါပဲ။ ပျော်ရွှင်စေဖို့ ၄၂လက်မ LCD တီဗွီကြီးမလိုပါဘူး။ အဲဒီအစား သင့်အိမ်ထောင်ဖက်ရဲ့ ချစ်ခင်တဲ့ မျက်ဝန်းတွေကိုပဲ ဂရုတစိုက်ကြည့်ပါ။ သူရှိနေရာဟာ ကောင်းကင်ဘုံကြီး တည်ရှိနေရာပါပဲ။

(၅) ရိုးရှင်းစွာ ပျော်ရွှင်နိုင်အောင်ကြိုးစားပါ။

အိမ်ထောင်ရှင်များအတွက် အကောင်းဆုံးနေထိုင်မှုဘ၀ဟာ လိုအင်ဆန္ဒတွေ ပြည့်နေတဲ့ ဇိမ်ခံဘ၀ကြီး မဟုတ်ပါဘူး။ စားသောက်ဆိုင်ကောင်းတွေမှာ အပတ်စဉ် ညစာထွက်စားမယ့်အစား သင့်ဇနီးနဲ့ မီးဖိုထဲမှာ အတူချက်ပြုရတာကို ပိုပျော်ရွှင်သင့်ပါတယ်။ ဒီလို ရိုးရှင်းတဲ့ ဘ၀မှာ ပျော်ရွှင်နိုင်အောင် ကြိုးစားတာမျိုးကသာ သင်တို့ရဲ့အိမ်ထောင်ရှင်ဘ၀ကို အမှန်တကယ် ချမ်းမြေ့စေမှာပါ။

Ref:mensxp

အာဠာဝကလိုစိတ်ထားမျိုးမွေးပါ

အာဠာဝကလိုစိတ်ထားမျိုးမွေးပါ
*********************

နောက်ထပ်ပြောရရင် . . .

အာဠာဝကဆိုတဲ့ ဘီလူးကြီး ဗုဒ္ဓဘာသာဝင်အဖြစ် ပြောင်းလဲပြီးနောက်ပိုင်းမှာ
အာဠာဝကက ဘာကြေညာသလဲဆိုတော့ -
'လောကမှာ သူသည် နဖူးနဲ့၊ ဒူးနဲ့၊ တံတောင်နဲ့ ရှိခိုးရမယ်ဆိုလို့ရှိရင်
ဗုဒ္ဓရှင်တော်ကိုသာ ရှိခိုးတော့မယ်။
အခြားဘယ်သူ့ကိုမှ မရှိခိုးတော့ဘူး' တဲ့။

အာဠာဝက ဘီလူးတောင် အဲဒီစိတ်မျိုးရှိတယ်။

ခုတော့ . . . ဘုန်းကြီးတို့ ပရိသတ်က
ဘုရားရှိခိုးပြီးရင် ဟိုဘက်မှာ ဘီလူးရော၊ နတ်ရော၊ ၃၇မင်းရော
အကုန် ကုန်းပြီးတော့ ရှိခိုးနေတာ တွေ့ရတယ်။

အဲဒီလိုဆိုတော့ ဘုရားလည်းပဲ ရှိခိုးတယ်။
ဟိုဘက်လည်း ရှိခိုးတယ်။
ဘုရားနဲ့ သာသနာပ သတ္တဝါတွေကို တန်းတူထားရင်
ဘုရားတန်ဖိုးက ကျသွားမယ်။

အဲဒါကို မသိကြတော့
ကိုယ့်သရဏဂုံကို ကိုယ်နှိမ့်ချသလိုဖြစ်သွားတယ်။

ဒါကြောင့် အဠာဝကရဲ့ စိတ်ထားမျိုး မွေးဖို့လိုတယ်လို့ တိုက်တွန်းချင်တယ်။

(သီတဂူ အရှင်ဉာဏိဿရ ဆရာတော်ကြီး)

အရုပ်ကလေး သုံးရုပ်....

အရုပ်ကလေး သုံးရုပ်....

တခါတုန်းက ဘုရင်ကြီးတစ်ပါးမှာ ဥာဏ်ပညာထက်မြတ်တဲ့ သားတော်တစ်ပါးရှိပါတယ်။ တနေ့မှာတော့ အခြားသောတိုင်းပြည်က ထူးခြားတဲ့ လက်ဆောင်တစ်ခုရောက်လာပါတယ်။ အမှန်တော့ လက်ဆောင်ဆိုတာထက် ရာဇသံ ပေးလိုက်တယ်လို့ ဆိုရမှာပါ။

သူတို့နိုင်ငံထက် အင်အားကြီးတဲ့ နိုင်ငံတစ်ခုက ပို့လိုက်တာပါ။ အရုပ်ကလေး သုံးရုပ်ပါ ပါတယ်။ သုံးရုပ်စလုံးက ဆင်တူပါဘဲ။ အရွယ်အစား၊ ပုံစံ၊ အပေါက် (နား၊ နှာခေါင်း၊ ပါးစပ်) အကုန်အတူတူပါဘဲ။ ဘယ်လိုမှ ခွဲမရအောင်တူပါတယ်။ ရာဇသံကတော့ အဲ့ဒီ့အရုပ်သုံးရုပ်ထဲက အကောင်းဆုံးအရုပ်ကို သုံးရက်အတွင်း ရွေးပေးဖို့ပါဘဲ။ မရွေးပေးနိုင်ရင်တော့ စစ်မက်ပြုမယ်လို့ ပြောထားပါတယ်။

ဘုရင်ကြီးလည်း ရှိသမျှ ပညာရှိ မူးကြီးမတ်ရာတွေကို ခေါ်ပြီး အကောင်းဆုံးအရုပ်ကို ရွေးခိုင်းတာပေါ့။ ဒါပေမယ့် ဘယ်သူမှ မရွေးနိုင်ရှာပါဘူး။ ဒီလိုနဲ့ သုံးရက်မြောက်တဲ့နေမှာ အခြားနိုင်ငံက သံတမန်တွေ လာရောက်ဆွေးနွေးပါတယ်။ အဲ့ဒီ့အခါမှာ ပညာရှိ အိမ်ရှေ့မင်းသားက သူ အကောင်းဆုံးအရုပ်ကို ရှာတွေ့ပြီးပါပြီလို့ ပြောလိုက်ပါတယ်...

ပြီးတော့ ကောက်ရိုးမျှင်လေး တစ်ခုကို ယူလာပြီး ပထမ အရုပ်ရဲ့ နားပေါက်ထဲကို ထည့်လိုက်ပါတယ်။ အဲ့ဒီ့အခါမှာတော့ ကောက်ရိုးမျှင်ဟာ နားပေါက် နောက်တစ်ဖက်မှ ပြန်ထွက်လာပါတယ်။ အိမ်ရှေ့မင်းသားက ဒီအရုပ်ဟာ ဟိုဘက်နားက၀င် ဒီဘက်နားက ထွက်တဲ့အရုပ်ဖြစ်ပါတယ်။ ဒီလို လူမျိုးဟာ အရာအားလုံးကို မလေးစား၊ ဂရုမစိုက်တတ်တဲ့ သူမျိုးပါ.. လို့ ဆိုပါတယ်။

အဲ့ဒီ့နောက်မှာ ဒုတိယတစ်ရုပ်ကို ရှေးကအတိုင်း ပြုကြည့်ပါတယ်။ ဒီအရုပ်ကတော့ နားထဲက ထည့်လိုက်တဲ့ ကောက်ရိုးမျှင်ဟာ ပါးစပ်ပေါက်က ပြန်ထွက်လာပါတယ်။ အိမ်ရှေ့မင်းသားက ဒီအရုပ်ဟာလည်း မိမိ ကြားသမျှကို အကုန်ပြန်ပြောတတ်တဲ့ အတင်းပြောတဲ့သူမျိုး၊ လျှို့ဝှက်ချက်များကို စိတ်ချစွာ ပြောလို့ရတဲ့သူမျိုး မဟုတ်ပါဘူးလို့ ပြောလိုက်ပါတယ်။

တတိယ အရုပ်ကို စမ်းသပ်ကြည့်တဲ့အခါမှာတော့ နားထဲဝင်သွားတဲ့အရုပ်ဟာ ဘယ်ကမှ ထွက်မလာတော့ဘဲ အထဲမှာဘဲ သိမ်းဆည်းသွားပါတယ်။ ဒီအရုပ်ကတော့ မိမိကြားသိသမျှကို အကုန် ပြန်မပြောဘဲ သိမ်းဆည်းထားနိုင်တဲ့၊ လျှို့ဝှက်ထားနိုင်တဲ့ အကောင်းဆုံးသော၊ စိတ်ချရဆုံး သူမျိုးပင် ဖြစ်ပါတယ် လို့ ပြောကြားလိုက်ပါတယ်...

အဖြေကို ရသွားတဲ့ တိုင်းတပါးသားများဟာ စစ်မက်မပြုကြတော့ဘဲ ဥာဏ်ပညာကြီးမားလှတဲ့ သားတော်လေးကို ဆုလာဘ်များ ချီးမြှင့်ပြီး ပြန်သွားကြပါတော့တယ်....

ကျနော်တို့ရော ဘယ်လိုအရုပ်မျိုး ဖြစ်နေကြမလဲ......

အာကာသနှင့် စကြ၀ဠာ

ဝဋ်မှ ထွက်မြောက်ကြောင်း စကားကောင်းဆယ်မျိုး

ဝဋ်မှ ထွက်မြောက်ကြောင်း စကားကောင်းဆယ်မျိုး
***********************************

၁။ အလိုနည်းကြောင်းစကား။

၂။ မိမိမှာရှိသော ပစ္စည်းဖြင့် နှစ်သိမ့်ကျေနပ် ကြောင်းစကား။

၃။ ဆိတ်ငြိမ်ရာ အရပ်၌ နေသင့်ကြောင်းစကား။

၎။ မရောနှောထိုက်သူတို့ နှင့် မရောနှောသင့်ကြောင်းစကား။

၅။ အားထုတ်ရမည် အရာတို့မှာ ကောင်းစွာအားထုတ်သင့်ကြောင်းစကား။

၆။ ကောင်းမြတ်သောသီလ နှင့် စပ်လျဉ်းသောစကား။

၇။ တည်ကြည်ခြင်း သမာဓိနှင့် စပ်လျဉ်းသောစကား။

၈။ ၀ိပဿနာဥာဏ် မဂ်ဥာဏ်တို့နှင့် စပ်လျဉ်းသောစကား။

၉။ ဖိုလ်နှင့် စပ်လျဉ်းသောစကား

၁၀။ မဂ်၊ ဖိုလ်တို့ကို ဆင်ခြင် သိမြင်သည့် ပစ္စဝေကက္ခဏာဥာဏ် နှင့် စပ်လျဉ်းသောစကား။ဤဆယ်ပါးတို့ဖြစ်သည်။

မင်းကွန်းဆရာတော်ကြီး

Sunday, December 22, 2013

အင် တာ ဗျူး

မြန်မာပြည်မှာ အာ့လိုဘဲ။

"အင် တာ ဗျူး "
----------------------

အစိုးရဌာန တစ်ခု၏ အင်တာဗျုးတွင်ဖြစ်သည်။

မေး။ ဒီဌာနရောက်တာ ဘယ်လောက်ကြာပြီလဲ ...

ဖြေ။ အလုပ်စဝင်ကတည်းကပါပဲ။

မေး။ နိုင်ငံခြား ဘယ်တုန်းက စသွားဖူးတာလဲ …

ဖြေ။ အလုပ်စဝင်ကတည်းကပါပဲ။

မေး။ ဘာကြောင့်သွားတာလဲ ...

ဖြေ။ လွှတ်လို့သွားတာပါ။

မေး။ မသွားခင် ဘယ်လိုပြင်ဆင်သလဲ။

ဖြေ။ လိုက် ဂါရဝပြုပါတယ်။

မေး။ ပြန်လာတော့ ဘာတွေလုပ်သလဲ။

ဖြေ။ လိုက် ဂါရဝပြုပါတယ်။

မေး။ အမြဲတမ်း ဂါရဝပြုနေတာပဲလား …

ဖြေ။ တစ်နှစ်မှာ နှစ်ရက်ပဲ ဂါရဝပြုပါတယ်။

မေး။ ဘယ်နေ့တွေလဲ …

ဖြေ။ ရုံးဖွင့်ရက်နဲ့ ရုံးပိတ်ရက်ပါ။

မေး။ ဘာ ကိုးကွယ်လို့လဲ …

ဖြေ။ ဆိုင်ရာ ပိုင်ရာတွေကို ကိုးကွယ်ပါတယ်။

မေး။ ဘယ်တွေရောက်ဖူးသလဲ …

ဖြေ။ လွှတ်သမျှနိုင်ငံ အကုန်ရောက်ဖူးပါတယ်။

မေး။ လုပ်သက်တစ်လျှောက်မှာ ခွင့်ယူဖူးသလား၊ဘယ်လိုခွင့်လဲ …

ဖြေ။ ဟုတ် … ယူဖူးပါတယ် .. လုပ်ပိုင်ခွင့်၊ အခွင့်ကောင်း၊အခွင့်အရေး … အားလုံးယူဖူးပါတယ်။

မေး။ အလုပ်နဲ့ပတ်သက်လို့ ငြင်းဖူး၊ ရှောင်ဖူးတာရှိသလား …

ဖြေ။ နိုင်ငံခြားလွှတ်တဲ့ကိစ္စတွေမှာ တစ်ခါမှ မငြင်းဘူး၊မရှောင်ဘူးပါဘူး။

မေး။ နယ်သွားဖူးသလား …

ဖြေ။ ???

မေး။ လုပ်သက်တစ်လျှောက်မှာ နယ်သွားဖူးသလား …

ဖြေ။ ဟုတ် … ခွင့်ယူပြီး ဘုရားဖူးသွား၊အပျော်ခရီးသွားသဘောမျိုးတော့ ရောက်ဖူးပါတယ်။

မေး။ ဘာတွေတက်ထားပြီးပြီလဲ …

ဖြေ။ လူကြီးအိမ်တွေ၊ သင်တန်းတွေ၊ ပြဿနာတွေ … အကုန်တက်ထားပြီးပါပြီ။

မေး။ အလုပ်မှာ အဆင်ပြေလား …

ဖြေ။ လူကြီးတွေနဲ့တော့ အဆင်ပြေပါတယ်။

မေး။ အလုပ်နဲ့ပတ်သက်လို့ အတက်၊ အကျ ဘာတွေကြုံခဲ့ဘူးသလဲ …

ဖြေ။ အဓိက တက်တာကတော့ ရာထူး ပါပဲ။

မေး။ ကျတဲ့အပိုင်းကရော …

ဖြေ။ … အမြဲတမ်း ကျတတ်တာတစ်ခုတော့ရှိပါတယ်။ ဒါပေမဲ့အဲဒီအတွက် ကိုယ့်ကိုယ် အမြဲတမ်းသတိထားပါတယ်။

မေး။ စိတ်ဓါတ်ကျတတ်တာလား …

ဖြေ။ မဟုတ်ပါဘူး၊ လူလည်ကျတတ်တာပါ။

မေး။ အလုပ်နဲ့ပတ်သက်လို့ အကျွမ်းကျင်ဆုံးဘာလုပ်တတ်သလဲ …

ဖြေ။ ပြဿနာ လုပ်တတ်ပါတယ်။

မေး။ အင်္ဂလိပ်စာ နဲ့ အထွေထွေဗဟုသုတနည်းနည်း မေးမယ်နော် ...

ဖြေ။ ဟုတ်။

မေး။ "Gifted Child" ဆိုတာ သိလား ...

ဖြေ။ ။ဟုတ်၊လက်ဆောင်ပေးခြင်းခံရတဲ့ ကလေးပါ။

မေး။ IT ဆိုတာသိတယ်နော် ...

ဖြေ။ ဟုတ်၊ "ထိုအရာ၊ ၎င်း၊ ယင်း" ပါ။

မေး။ မဟုတ်ဘူးလေ၊ Information Technology ကိုပြောတာ.......

ဖြေ။ အော် ... ဟုတ်။

မေး။ အခုခေတ်က Information Technology ခေတ်လေ၊အဲဒီInformation Technology ဆိုတာကိုဘယ်လိုနားလည်ထားသလဲ။

အဲဒါကို ကိုယ့်ရဲ့တက်လမ်းအတွက် ဘယ်လိုအသုံးချမလဲ …

ဖြေ။ ဟုတ်။ သူများမကောင်းကြောင်း၊ ကိုယ်ကောင်းကြောင်းသတင်းအချက်အလက်တွေကို သူများတွေ၊ အထူးသဖြင့်

လူကြီးတွေသိအောင် နည်းပေါင်းစုံနဲ့လုပ်တဲ့ ပညာပါ။ ဒါကိုပိုင်ပိုင်နိုင်နိုင်အသုံးချနိုင်ရင်ကိုယ့်ရဲ့ တက်လမ်း ကောင်းမွန်တတ်ပါတယ်။

မေး။ လုပ်ငန်းခွင် နဲ့ပတ်သက်ပြီး ဘယ်လောက်သိထားသလဲ ...

ဖြေ။ လုပ်ငန်းနဲ့ ပတ်သက်တဲ့ "ခွင်" တွေ အားလုံးကိုသိထားပါတယ်။

မေး။ 360˚ Assessment ဆိုတာ သိလား …

ဖြေ။ သင်္ချာမှာ အားနည်းလို့ မသိပါဘူး။

မေး။ အလုပ်နဲ့ပတ်သက်ပြီး သိထားတာ ၂ခုလောက် ပြောပြပါလား …

ဖြေ။ လူကြီးတွေနဲ့ သိပါတယ်၊ အလိုက် သိပါတယ်။

မေး။ နောက်ဆုံး အနေနဲ့အရေးအကြီးဆုံး မေးခွန်းတစ်ခုမေးမယ် ...

ဖြေ။ ဟုတ် ...

မေး။ အခုရာထူး မရရင် ဘာလုပ်မယ်လို့ ဆုံးဖြတ်ထားသလဲ …

ဖြေ။ ပြဿနာလုပ်ဖို့ ဆုံးဖြတ်ထားပါတယ်။

တိန်

ရီမောပျော်ရွှင်ပါစေ......

credit to....funny village

ပုံပြင်လက်ဆောင်

ယနေ့အတွက် ပုံပြင်လက်ဆောင်

တခါတုန်းက ဘုရင်ကြီးတစ်ပါးမှာ ဥာဏ်အမျှော်အမြင်ရှိပြီး ရုပ်ရည်ချောမောလှပတဲ့ မိဖုရားတစ်ပါးရှိပါတယ်။ ဘုရင်ကြီးရဲ့ ပညာရှိအမတ်ကြီးကလည်း အင်မတန်မှ အားကိုးရပါတယ်တဲ့... ညီလာခံ ကျင်းပတဲ့အခါမှာ ဘုရင်ကြီးဟာ မိဖုရားရော အမတ်ကြီးကိုပါ ခေါ်ယူဆွေးနွေးတိုင်ပင်တတ်ပါတယ်။

တခါမှာတော့ ညီလာခံအပြီး ဘုရင်ကြီးနဲ့ မိဖုရား ပြန်လည်ထွက်ခွာသွားချိန်မှာ အမတ်ကြီးက မထင်မှတ်ဘဲ မော့ကြည့်မိလိုက်ပါတယ်။ အဲ့ဒီ့အခါမှာ အဆင်းလှပတဲ့ မိဖုရားရဲ့ မမြင်အပ်တဲ့အပိုင်း (အနောက်ပိုင်း) ကို မြင်လိုက်ရပါတယ်။ အဲ့ဒီ့အချိန်က စလို့ အမတ်ကြီးလည်း မိဖုရားကို စွဲလန်းတဲ့ တဏှာစိတ်ကြောင့် မစားနိုင်၊ မအိပ်နိုင်ဖြစ်ခဲ့ရပါတယ်။ တိုင်းရေးပြည်ရေမှာလည်း ယခင်လို တက်ကြွစွာပါဝင်ဆွေးနွေးမှုမရှိတော့ဘဲ မမှီတော့တဲ့ပန်းကို ဘယ်လိုမျှော်မှန်းရမယ် မသိ ဖြစ်လို့နေပါတော့တယ်။

ဒါကို ရိပ်စားမိတဲ့ မိဖုရားကြီးဟာ အမတ်ကြီးကို ဆင့်ခေါ်ပြီး ရွှေခွက်၊ ငွေခွက်၊ ကြေးခွက်တို့ထဲမှာ ရေထည့်ကာ အမတ်ကြီးအား သောက်သုံးစေပါတယ်။ အမတ်ကြီး သောက်သုံးပြီးတဲ့အခါ.. မိဖုရားကြီးက ဘယ်ရေခွက်က ရေဟာ အကောင်းဆုံးပါလဲလို့ မေးလိုက်ပါတယ်။

ထိုအခါ အမတ်ကြီးက ဘယ်ရေခွက်ထဲမှာဘဲ ထည့်ထည့်.. ရေ ဟာ ရေပါဘဲ.. ရေရဲ့အရသာဟာ အတူတူပါဘဲလို့ဖြေလိုက်ပါတယ်။ အမတ်ကြီးလည်း ပညာရှိသူဖြစ်လေတော့ မိဖုရားကြီးရဲ့ ဆိုလိုရင်းကို သဘောပေါက် နားလည်သွားပါတယ်... အဲ့ဒီအချိန်ကစလို့ အမတ်ကြီးလည်း စွဲလန်းစိတ်များကို ဖြေဖျောက်နိုင်သွားပြီး သူ့ရဲ့ မိသားစုနှင့်အတူ ပျော်ရွှင်စွာ နေထိုင်သွားပါတော့တယ်....

ဘယ်ရေခွက်ထဲက သောက်သောက်.. ရေ ဟာ ရေ ပါဘဲ....

အာကာသနှင့် စကြ၀ဠာ

ပျော်ရွှင်ခြင်း

 ပျော်ရွှင်ခြင်း

အမတ်ကြီးနဲ့ဘုရင့်သားဟာ တစ်နေ့တော့ တိုင်းခန်းလှည့်လည်လာရင်းနဲ့ချောင်းတစ်ခုနားကို ရောက်တော့ အ၀တ်ပုံတစ်ခုကိုတွေ့သတဲ့။အဲဒီအ၀တ်ပုံမှာ အပေါ်ဝတ်အကျီတစ်ထည်နဲ့ ပုဆိုးအစုတ်နှစ်ထည်ကိုတွေ့ပါတယ်။ဘုရင့်သားက စုတ်ပြတ်နေတဲ့ အ၀တ်ပုံကိုကြည့်ပြီးတော့ "အမတ်ကြီးကြည့်ပါ ဒီအ၀တ်ပုံဟာ ဆင်းရဲသားတစ်ယောက်ရဲ့ အ၀တ်ပုံဖြစ်ရမယ်။အ၀တ်တွေဒီနားမှာ ထားသွားတာကိုကြည့်ရတာ သူရေချိုးနေပုံရတယ်" အမတ်ကြီးက ပြုံးနေတယ်။ဘုရင့်သားကပဲ " အမတ်ကြီး ဒီရေချိုးနေတဲ့ ဆင်းရဲသားရဲ့ အ၀တ်တွေကို ဖွက်ထားပြီး ချုံပုတ်တစ်ခုထဲကနေ ချောင်းကြည့်နေရရင် မကောင်းဘူးလား။သူတက်လာလို့ အ၀တ်တွေပျောက်သွားတာကို မြင်ရင်တော်တော်ရယ်စရာကောင်းတဲ့ ရုပ်ဖြစ်နေမှာ "

အမတ်ကြီးက မင်းသားအား "အရှင့်သား လူတစ်ဦးတစ်ယောက်ရဲ့ ၀မ်းနည်းပူဆွေးနေမှုကို ကြည့်၍ ပျော်နေတယ်ဆိုတာ သူတော်ကောင်းတွေမဟုတ် တကယ်လို့ အရှင့်သားအနေနဲ့ အရမ်းပျော်ချင်နေတယ်ဆိုရင် ဒီလိုလုပ်"

အမတ်ကြီးက ရွှေပြား ၂ ပြားအား မင်းသားကို ထုတ်ပေးလေသည်။မင်းသားက အမတ်ကြီးအားနားမလည်သလိုကြည့်၏။အမတ်ကြီးက "အရှင့်သား ဒီရွှေ၂ပြားအား ထိုဆင်းရဲသားရဲ့ အ၀တ်ပုံထဲက အိပ်ကပ်နှစ်ခုမှာ တစ်ဖက်တစ်ပြားစီထည့်လိုက်ပါ"
မင်းသားလဲ သွားထည့်လိုက်၏။ထို့နောက် သူတို့နှစ်ဦးသစ်ပင်အကွယ်တွင်စောင့်ကြည့်နေကြသည်။

မကြာမီဆင်းရဲသားရေထဲမှပြန်တက်လာသည်။အရင်ဆုံး ပုဆိုးကို ရေလဲပြီးဝတ်လိုက်သည်။ထို့နောက် အကျီ်င်္ကို ကောက်ဝတ်လိုက်သည်။ပြီးနောက် အကျီ်အိတ်ထဲတစ်ခုခုရှိနေသလို ခံစားမိသဖြင့် လက်နှိုက်လိုက်လေသည်။ထိုအချိန်မှာ အိတ်ကပ်ထဲက ရွှေပြားကိုတွေ့သည်။သူအရမ်းပျော်မြူးသွားသည်။မယုံနိုင်သလိုထိုရွှေပြားကို ပွတ်ကြည့်၏။ ကိုက်ကြည့်၏။ ဆင်းရဲသားကားပျော်ရွှင်မြူးတူးနေ၏။

ထို့နောက်ပြန်လှည့်အထွက်မှာ နောက်အိတ်ကပ်တစ်ခုလေးနေသည်ကို သတိထားမိ၏။လက်နှိုက်ကြည့်ပြန်၏။ရွှေပြားတစ်ပြားထွက် လာပြန်၏။ထိုအချိန်တွင် ဆင်းရဲသားက မြေကြီးပေါ်ဒူးထောက်ထိုင်ချပြီး လက်အုပ်ချီကာ ကောင်းကင်ကို မော့၍ " အို အကျွနုပ်အား ဖေးမကူညီကျသော နတ်ဒေ၀ါအပေါင်းတို့ အကျွန်ုပ်အိမ်တွင်နေမကောင်းဖြစ်နေသော ကျွန်ုပ်အမေအား အသင်တို့စောင့်ရှောက်ပေး၏။စားစရာမရှိသောကြောင့် အားအင်ပြတ်လပ်နေသော ညီမလေးအားလဲ အသင်တို့ စောင့်ရှောက်၏၊သင်တို့အား အထူးကျေးဇူးတင်ပါ၏" ဟုဆိုကာ ဦးသုံးကြိမ်ချ၍ပျော်ရွှင်စွာပြန်သွားလေသည်။

ထိုအဖြစ်ကိုကြည့်ပြီး ဘုရင့်သားမျက်ရည်ကျ၏။အမတ်ကြီးကား ပြုံးနေ၏။မင်းသားက " အမတ်ကြီးယနေ့ကျွန်တော့်အား မမေ့နိုင်တဲ့ သင်ခန်းစာတစ်ခုကို သင်ပေးလိုက်ပြီ"
ဟုပြော၏။အမတ်ကြီးက "အရှင့်သား လူတွေကို ဒုက္ခပေးပြီးမှ ပျော်ရတာထက် သုခပေးခြင်းဟာ တကယ့်ပျော်ရွှင်ခြင်းအစစ်မည်ပေသည် " အရှင့်သားအဖို့မှတ်သားထားပါလေ။

မောင်စိုင်း

Friday, December 20, 2013

ကမ္ဘာ့ အကောင်းဆုံးတီထွင်မှု ၁၀မျိုး

ကမ္ဘာ့ အကောင်းဆုံးတီထွင်မှု ၁၀မျိုး

(၁၀) စာရွက်
စာရွက်ကိုတော့ဟန်မင်းဆက်တွေ တရုတ်ပြည်ကိုအုပ်ချုပ်တဲ့
၂ရာစု(206 BC)လောက်ကတီထွင်ခဲ့တာဖြစ်ပါတယ်။...

(၉) သံလိုက်အိမ်မြှောက်
သံလိုက်အိမ်မြှောင်ကိုလည်း တရုတ်နိုင်ငံမှာဟန်မင်းဆက်တွေအုပ်ချုပ်ခဲ့တဲ့
ရွှေရောင်ခေတ်တွေမှာစတင်တီထွင်ခဲ့တာဖြစ်ပါတယ်။

(၈) ပုံနှိပ်စက်
၁၄၃၉ခုနှစ်မှာ ပုံနှိပ်စက်ကို ဂျာမန်လူမျိုး Johannes Gutenberg တီထွင်ခဲ့တာဖြစ်ပြီး
စတင်တီထွင်ချိန်မှာ ဒီစက်မှတစ်ရက်ကို စာရွက်ပေါင်း ၃၆၀၀လောက်ပုံနှိပ်ပေးနိုင်ခဲ့ပါတယ်။

(၇) ရေနွေးငွေ့ စက်ခေါင်း
ရေနွေးငွေ့ စက်ခေါင်းကို ၁၇၁၂ခုနှစ်က အင်္ဂလန်နိုင်ငံသား Thomas Newcomen
မှတီထွင်ခဲ့တာဖြစ်ပြီးဒီစက်ကိုတီထွင်ပြီးနောက်ပိုင်းမှာတော့ ရထားစက်ရုံများထူထောင်ခဲ့ပြီး
ကမ္ဘာ့ နေရာအရပ်ရပ်သို့ လွယ်ကူလျှင်မြန်စွာသွားလာနိုင်ခဲ့ပါတယ်။

(၆) တယ်လီဖုန်း
ကမ္ဘာကျော်တီထွင်ရှင်ကြီး Scottish Engineer Alexander Graham Bell
တီထွင်ခဲ့တဲ့တယ်လီဖုန်းကို ၁၈၇၆မှာတီထွင်နိုင်ခဲ့တာဖြစ်ပါတယ်။

(၅) Phonograph
Phonograph ဆိုတာကတော့ အသံဖမ်းစက်တစ်မျိုးဖြစ်ပြီး
ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်တဲ့ Thomas Edison က ၁၈၇၇ခုနှစ်မှာ
တီထွင်ခဲ့တာဖြစ်ပါတယ်။

(၄) မီလုံး
၁၈၇၈ခုနှစ်လောက်မှာ Thomas Edison ကပဲတီထွင်ခဲ့တာဖြစ်ပါတယ်။

(၃) လေယာဉ်ပျံ
လေယာဉ်ပျံကို ၁၉၀၃ခုနှစ်မှာ Wright ညီနောင်နှစ်ယောက်တီထွင်ခဲ့တာဖြစ်ပါတယ်။

(၂) ကွန်ပျူတာ
ကမ္ဘာ့ ပထမဦးဆုံး Digital ကွန်ပျူတာစတင် အသုံးပြုခဲ့တာကတော့
အင်္ဂလန်နိုင်ငံမှာဖြစ်ပြီး စတင်အသုံးပြုချိန်မှာ အသုံးပြုတဲ့ကွန်ပြူတာအရွယ်အစားဟာ
အိမ်ခန်းတစ်ခန်းစာလောက်ရှိပါတယ်။
တီထွင်ခဲ့တာကတော့ ၁၉၄၁ခုနှစ်မှာ Konrad Zuseကတီထွင်ခဲ့တာဖြစ်ပြီး
ပထမဦးဆုံး Personal သုံးကွန်ပျူတာကိုတော့ IBM မှထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

(၁) World Wide Web (www.)
World Wide Web ကိုတော့ ၁၉၉၀ခုနှစ်က
အင်္ဂလိပ်လူမျိုးအင်ဂျင်နီယာ Sir Tim Berners-Lee က တီထွင်ခဲ့တာဖြစ်ပြီး
အင်တာနက်မှာရှိတဲ့ သန်းထောင်ပေါင်းများစွာသော website တွေ Page တွေကို
ရည်ညွှန်းထားတာဖြစ်ပါတယ်

ဆောင်းရာသီမှာ

ဆောင်းရာသီမှာဖြစ်တတ်တဲ့ ခြေဖနောင့်ကွဲခြင်းနဲ့ ခြေထောက်နံခြင်းတွေကို အိမ်တွင်းကုထုံးများဖြင့် ကုသကြရအောင်

ဆောင်းရာသီမှာ ခြေထောက်အဆီထွက်တာ နည်းတဲ့သူတွေဟာ ခြေဖနောင့်တွေကွဲတတ်ကြပြီးတော့။ရှူးဖိနပ်တွေ ၀တ်ဆင်တဲ့သူတွေဟာ ခြေအိတ်တွေကြောင့် အနံ့ဆိုးတွေနံတတ်ကြပါတယ်။ဒီနည်းလမ်းလေးကတော့ အိမ်တွင်းကုထုံးလေးတွေပါ။

အရင်ဆုံး ခြေဖနောင့်ကွဲတာကိုတော့

နာနတ်သီးအခွံကို အသုံးပြုနိုင်ပါတယ်။နာနတ်သီးအခွံကို ကွဲနေတဲ့ ခြေဖနောင့်ကို ပွတ်တိုက်ပေးပြီးတော့ ငါးမိနစ်လောက်ပွတ်တိုက်ပါ။ပြီးရင် ရေနဲ့ ပြောင်စင်အောင်ဆေးပါ။နာနတ်သီးက အရေပြားက ဆဲလ်သေတွေကို ဖယ်ထုတ်နိုင်စွမ်းရှိပါတယ်။

ပြုလုပ်ပြီးရင်တော့ ခြေထောက်ကို အစိုဓါတ်ထိန်းတဲ့ ခရင်လိမ်းပေးထားပါ။ခရင်မရှိရင်လဲ လိုးရှင်းတစ်မျိုးမျိုးကို လိမ်းထားပါ။

တကယ်လို့ သင့်မှာ အမွှေးရိတ်ခရင်မ် ရှိရင် အရင်ဆုံး ခြေဖနောင့်ကို သုတ်လိမ်းထားပါ။
ပြီးရင်တော့ ရေဇလုံတစ်ခုထဲမှာ ရေနွေးထည့်ပြီးတော့ Listerine အရည်အနည်းငယ်ထည့်ပါ။ပြီးရင်တော့ အ၀တ်စတစ်စကို အဲဒီရေထဲမှာ စိမ်ထားပါ။အမွှေးရိတ်ခရင်ကို ခြေဖနောင့်မှာ ပွတ်တိုက်ပေးပါ။ပြီးရင်တော့ ဇလုံထဲခြေထောက်ထည့်ပြီးတော့ အ၀တ်စနဲ့ ထိုနေရာကိုပွတ်ပါ။
ဆဲလ်သေတွေ ကွာကျသွားတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။
ပြီးရင်တော့ ရေပြောင်အောင်ဆေးပြီးတော့ အစိုဓါတ်ထိန်းခရင်မ် လိမ်းထားပေးရမှာပါ။

ခြေထောက်အနံ့နံခြင်းကို ကုသရန်

ခြေထောက်အနံ့နံတယ်ဆိုတာ ခြေထောက်ထဲက ခြေအိတ်၊ဒါမှမဟုတ် ဖိနပ်တွေမှာရှိတဲ့ ဘက်တီးရီးယားတွေကြောင့်ပါ။ချွေးနဲ့ လေနဲ့ ပေါင်းစပ်ပြီးတော့ ဖြစ်လာတဲ့ ဘက်တီးရီးယားတွေပါ။

အမြန်ဆုံးကုသနည်းကတော့
ရေဇလုံထဲမှာ ရေ၁ဂါလံနဲ့ အကြမ်းဖန်ခွက်၁ခွက်စာ Hydrogen Peroxide အနည်းငယ်ထည့်ပြီးတော့ အဲဒီထဲမှာ ရေစိမ်ပါ။အဲဒီဖျော်ရည်ဟာ ဘက်တီးရီးယားတွေကို သုတ်သင်နိုင်ပြီးတော့ အနံ့တွေကို ပျောက်ကင်းစေပါတယ်။
တစ်ပါတ်ကို သုံးခါလုပ်ပေးနိုင်ပြီးတော့ အနံ့ပျောက်ကင်းသွားရင် ဆက်မလုပ်သင့်တော့ပါဘူး။

မုန့်ဖုတ်ဆိုဒါကို အသုံးပြုနိုင်ပါတယ်။ခြေထောက်နံ့တတ်တဲ့ ဖိနပ်။အချို့ဖိနပ်တွေက အနံ့နံနေကြပါတယ်။အဲဒီထဲကို မုန့်ဖုတ်ဆိုဒါ ဖြူးပြီးတော့မှ ဖိနပ်ကို လျှော်လိုက်ပါ။

ဖိနပ်ထဲကို ဆားရည်လောင်းထည့်ပြီး ခဏကြာမှ လျှော်တာလဲ ထိရောက်ပါတယ်။ရှာလကာရည်ကိုလဲ အသုံးပြုနိုင်ပါတယ်။

တကယ်လို့ အပေါ်ကနည်းလမ်းတွေက ခက်ခဲနေတယ်လို့ထင်ရင် သံပုရာသီးကို အသုံးပြုနိုင်ပါတယ်။အနံ့နံနေတဲ့ ခြေထောက်ကို သံပုရာသီးနဲ့ ပွတ်တိုက်ပေးခြင်းအားဖြင့် ခြေထောက်မှာ ကပ်ညှိနေတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပါတယ်။

မောင်စိုင်း

လူကဲခတ်နည်းပညာ(ကိုယ်တိုင်ဖတ်ရန်)

ဘုရားဟောသော လူ့စရိုက်များနှင့် လူကဲခတ်နည်းပညာ”
★★★★★★★★★★★★★★★★★★★★★★★★★★★

အနာနဲ့ဆေး တည့်အောင်ပေးနိုင်တော်မူသော မဟာသမားတော်ကြီး ဗုဒ္ဓရှင်တော်ဘုရားသည်
သဗ္ဗညုတဥာဏ်တော်ပိုင်ရှင် ဖြစ်တော်မူသည့်အတွက် မည်သို့သောသူအား… မည်သည့် တရားပေးတော်မူမှ
အို၊နာ၊သေ ကင်းသည့် နိဗ္ဗာန် ရောက်နိုင်မည့်အရေးကို သိတော်မူလေသည်။

လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါတို့အားသူ့အကြိုက် နှင့် သူ့စရိုက်ကို(အနာကို)
သင့်လျော်သည့် ဓမ္မ (ဆေး) ဖြင့် ချမ်းသာအောင် (ရောဂါ ပျောက်ကင်းအောင်)
၄၅-၀ါ (၄၅-နှစ်)တိုင်တိုင် ပရိနိဗ္ဗာန် ၀င်စံတော် မူခါနီး သည်အထိ ကုသ ကယ်တင်တော်မူခဲ့ပါသည်။
ပရစိတ္တ၀ိဇာနနဥာဏ် (သူတပါးစိတ်ကို သိနိုင်သောဥာဏ်) ကို မရလျှင်
လူကဲခတ်ဖို့ (သူတစ်ပါး စရိုက်ကိုသိဖို့)ခဲယဉ်းလှပါ၏။

သို့သော် လူတစ်ယောက်၏ အသွားအလာ အနေအထိုင် တို့ကိုလည်းကောင်း ၊
အလုပ်များ လုပ်သည့်အခါ ကျန သေသပ်မှု ရှိ / မရှိ ကိုလည်းကောင်း ၊
နှစ်သက်တတ်သော အစာအာဟာရကို ကြည့်ဖြင်းအားဖြင့်လည်းကောင်း ၊
ကြည့်ရှုပုံ ၊ နားထောင်ပုံ စသည်ကိုလည်း ၊
ကုသိုလ် အကုသိုလ် အရာမှာ များစွာ ဖြစ်လေ့ရှိသော အကြောင်းအရာကို
စဉ်းစားကြည့်ရှု သတိပြုကာ ဒီလူဟာ မည်သို့သော လူဖြစ်ဟု
လူကဲခတ်နိုင်ပါကြောင်း ဗုဒ္ဓဟောကြားထားခဲ့ပါ၏။

(၁) ရာဂအကျင့်စရိုက်ရှိသူ ကို အကဲခတ် ဝေဖန်ပိုင်းခြား ကြည့်ခြင်း
====================================
(က) ရာဂအကျင့်စရိုက်ရှိသူ၏ အသွားအလာ အနေထိုင်မှာ ယဉ်ယဉ်ကျေးကျေး သေသေသပ်သပ်ရှိခြင်း။
(ခ) အလုပ်လုပ်သည့်အခါ ကျနသေသပ်ခြင်း ။
(ဂ) အစာစားရာမှာ အချိုအဆိမ့် ၊ အမွှေးအကြိုင် နှင့် နုညံ့သော အစားအစာတို့ကို နှစ်သက်တတ်ခြင်း။
(ဃ) လှလှပပ ရူပါရုံ ၊ သဒ္ဒါရုံ လေးများ တွေ့လျှင် မခွာချင်အောင် ဖြစ်တတ်ခြင်း။
(င) စိတ်နေစိတ်ထား အားဖြင့် ကောက်ကျစ် စဉ်းလဲ ၊ ပရိယာယ် မာယာများ ၊ မာနကြီး ၊
လောဘရမ္မက်ကြီးတတ်၏။

(၂) သဒ္ဓါအကျင့်စရိုက်ရှိသူ ကို အကဲခတ် ဝေဖန်ပိုင်းခြား ကြည့်ခြင်း
====================================
အထက်ပါ ရာဂအကျင့်စရိုက်ရှိသူမှာ ဖြစ်တတ်သည့် (က)၊ (ခ)၊ (ဂ) ၊ (ဃ) တို့မှာ
သဒ္ဓါအကျင့်စရိုက်ရှိသူမှာလည်း ဖြစ်လေ့ရှိ၏။
သို့သော် စိတ်နေ သဘောထားမှာ မာယာ စသော အကုသိုလ်များ ဖြစ်လေ့မရှိဘဲ ကြည်ကြည်လင်လင်ရွှင်ရွှင်လန်းလန်း ပေးကမ်း လှူဒါန်းလေ့ရှိ၏။
ဘုရားသွား ၊ ကျောင်းတတ် ပြုလုပ်ကာ ဘုရား နှင့် ရဟန်းသံဃာတော်များအား ကိုးကွယ်ဆည်းကပ်ခြင်း။တရားတော်များအား မှတ်သားနာယူလေ့ရှိ၏။

(၃) ဒေါသ အကျင့်စရိုက်ရှိသူအား ဝေဖန် သုံးသပ်ကြည့်ခြင်း
=================================
ဒေါသစရိုက်ရှိသူများဟာ -
(က) အသွားအလာ အနေအထိုင် ကြမ်းတမ်းခြင်း။
(ခ) လုပ်ငန်း ကိစ္စများ ဆောင်ရွက်ရာတွင် သပ်ရပ်မှု မရှိခြင်း။
(ဂ) ချဉ် ၊ ငန် ၊ စပ် ၊ ခါး ၊ စူးရှသော အရသာများ စားသုံးတတ်ခြင်း။
(ဃ) မကောင်းသော အာရုံများနှင့် တွေ့ဆုံလျှင် ယမ်းပုံ ထဲမှာ မီးကျသကဲ့သို့ သည်းခံ အောင့်အီး နိုင်ခြင်းမရှိဘဲဆဲဆို ၊ ငေါက်ငန်း ၊ ကြမ်းတမ်းစွာ စိတ်တိုတတ်ခြင်း။
(င) စိတ်နေ သဘောထားကား --
ရန်ငြိုးဖွဲ့မှုဟူသော အာဃာတ၊ မနာလိုမှု ၊ ၀န်တိုမှု၊ သူများဂုဏ်ကို ချေဖျက်လိုခြင်းဟူသော မက္ခ၊
ဂုဏ်တု ဂုဏ်ပြိုင် ပြုလုပ်ခြင်းဟူသော ပဠာသ ၊ အပြောအဆို အဆုံးအမခက်ခြင်း စသော
အကုသိုလ်တရားများ အဖြစ်များလေသည်။

(၄) ပညာအကျင့်စရိုက် ရှိသူများအား သုံးသပ် ဝေဖန်ကြည့်ခြင်း
==================================
ပညာစရိုက်ရှိသူများဟာ--
အသွားအလာ အနေအထိုင် မှာတော့ ဒေါသစရိုက်ရှိသူနှင့်တူ၏။
သို့သော် စိတ်တိုခြင်း စသော အပြစ်များနှင့် ရောနှော မှု မရှိဘဲ ဆိုဆုံးမ လွယ်ကူ၏။
စားသောက်သည့် နေရာမှာ ချင့်ချင့်ချိန်ချိန် စားသောက်လေ့ရှိခြင်း။
သံသရာအရေး (ရှေ့ရေး) ကို မျှော်ဆပြီး ကုသိုလ်ကောင်းမှုများ လုံလ ၀ီရိယသန်သန်ဖြင့် ပြုလုပ်လေ့ရှိခြင်းတို့ကြောင့် သူမြတ်တစ်ယောက်ဖြစ် သတ်မှတ်ရပေလိမ့်မည်။

(၅) မောဟအကျင့်စရိုက်ရှိသူများအား ဝေဖန် သုံးသပ်ကြည့်ခြင်း
==================================
မောဟစရိုက်ရှိသူများဟာ ---
အသွား အနေအထိုင်နှင့် ပတ်သတ်လို့ ဖွတ်၊ ပဒတ် ဆိုသော သတ္တ၀ါများနှင့်တူတယ်လို့ ဆရာတော်ကြီးကဥပမာပေးထားပါတယ်။ ဖွတ် ၊ ပဒတ် ဆိုတာ ဘယ်လို အကောင်မျိုးလဲဆိုတော့
သွားလာတဲ့နေရာမှာ လျှပ်လျှပ်ဆိုသွားလိုက် ပြီးရင် မှိုင်ငေးနေလိုက် နဲ့ တွေဝေနေသော အကောင်များလို့ဆိုရပါမယ်။ ဖွတ် ၊ ပဒတ် မမြင်ဘူးသူများကတော့ ပုတ်သင်ညို နဲ့ နှိုင်းကြည့်လို့လည်းရပါ၏။
လုပ်ငန်းများ လုပ်တဲ့အခါ ရှုပ်ရှုပ်ပွေပွေ လုပ်တတ်သော အကျင့်၇ှိခြင်း။
အစားအသောက်မှာ ဘယ်ဟာကြိုက်နှစ်သက်တယ်ဆိုတာမရှိ။
ကိုယ်ပိုင်စဉ်းစားဥာဏ်မရှိသဖြင့် နေရာတကာမှာ သူများနောက်လိုက်သာဖြစ်ပြီး
သူများက ချီးမွမ်းရင် လိုက်ချီးမွမ်းတာဘဲ။
သူများက ကဲ့ရဲ့ရင် လိုက်ကဲ့ရဲ့တာဘဲ။ သူများခေါင်းညိမ့်ခိုင်းတိုင်း ညိမ့်တတ်သည့် ပုတ်သင်ညိုလို့ သဘောတကျ ဖြစ်တတ်တယ်။
သတိပညာကင်းလျက် ထိုင်းမှိုင်း ဖျင်းအခြင်း ၊ ပျံလွန့်နေသော စိတ်သဘောထားတွေနဲ့ ထိုသူများ
အချိန်ကုန်လွန်လေ့ရှိကြ၏။

(၆) ၀ိတက်အကျင့်စရိုက်ရှိသူများအား ဝေဖန်သုံးသပ်ကြည့်ခြင်း
==================================
ဝိတက် စရိုက်ရှိသူများဟာ--
မောဟသမားများနှင့် ရွှေမန်းတင်မောင်ပါဘဲ။ (ထိုနည်းလည်းကောင်း ထိုနည်းလည်းကောင်း)
ထူးမခြားနားပါဘဲ။
အကြံတွေများ စကားတွေကပေါ ကိစ္စမချောဘဲ မျောနေသည်ကများ၏။
ကောင်းသောလုပ်ငန်း ကုသိုလ်လမ်းများမှာ အစွမ်းအစမရှိ။ ပျင်းရိရိသာဖြစ်၏။
ဟေးလားဝါးလား မိမိလို လူ့ပေါက်ပန်း များနှင့် ရောနှော ဆက်ဆံပျော်မွေ့ကာ ထွေရာလေးပါး
အကြံများလျက် လောကကြီး၏ လူပို လူအား သက်သက်ဖြစ်လေတော့သည်။

မှတ်ချက်။ ။ တောင်မြို့ ဘာသာဋီကာ ကျမ်းပြုအကျော် ဆရာတော်ကြီး၏ သင်္ဂြိဟ်ဘာသာဋီကာမှ
ထုတ်နှုတ်ရေးသားခြင်းဖြစ်ပါသည်။
မေတ္တာဖြင့်..
အရှင်ပညာဝံသ(ဥပဒေ)

(လူသားတို့သည် စရိုက်များစွာ များသောအားဖြင့် ရောနှောနေပါသည်။ ထိုသူ၏ အခြားစရိုက်များထက် သာလွန်နေသောစရိုက်၊ လွန်ကဲနေသောအပြုအမူကို ကြည့်၍ ရာဂစရိုက်၊ ဒေသစရိုက်၊ ပညာစရိုက်… စသည့် သတ်မှတ်ကြခြင်းဖြစ်သည်။)

သောတာပန်ဖြစ်ပုံ လေးမျိုး

“... သောတာပန်ဖြစ်ပုံ လေးမျိုး ...”

-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-

၁။ သောတာနုဂမန – ဗုဒ္ဓရဲ့တရားတော်တွေကို နားယဉ်အောင် နားကြားထားသော ပုဂ္ဂိုလ်။

၂။ ၀စသာပရိစယ = ဗုဒ္ဓရဲ့တရားတော်တွေကို နှုတ်ဖြင့် လေ့ကျက်ထားသော ပုဂ္ဂိုလ်။

၃။ မနသာနုပေက္ခန = ဗုဒ္ဓရဲ့တရားတော်တွေကို စိတ်ဖြင့် ဆင်ခြင်နေသော ပုဂ္ဂိုလ်။

၎။ ဒိဋ္ဌိယာသုပ္ပဋိဝေဓ = ရုပ်နာမ်ပဲရှိတယ်။ ငါဆိုတာမရှိပါလားလို့ ပညာဖြင့် ထိုးထွင်း၍သိထားသော ပုဂ္ဂိုလ်။

ဒီပုဂ္ဂိုလ် လေးဦးလုံးဟာ သေခါနီးရောဂါပြင်းထန်၍ ဘုရားတရားမေ့သွားတောင် အပါယ်မကျဘဲ

၁။ နတ်ပြည်ရောက်တာနဲ့ ချက်ခြင်း သောတပန်တည်ပါတယ်။

(သို့)

၂။ အရှင်မဟာမောဂ္ဂလာန်မထေရ်ကဲ့သို့ တန်ခိုးကြီးတဲ့ ရဟန္တာမထေရ်တစ်ပါးပါး နတ်ပြည်တက်လာပြီး ဟောကြားတဲ့တရားကို နာရတဲ့အခါ လူ့ဘ၀တနုးက ငါကျင့်ကြံအားထုတ်ခဲ့တဲ့တရားဟာ ဒီတရားမျိုးပဲလို့ သတိရပြီး သောတာပတ္တိမဂ်ကို လျင်မြန်စွာ ရတတ်ပြန်တယ်။

(သို့)

၃။ ပဉ္စာလစဏ္ဍ၊ အတ္ထက ဗြဟ္မာ သနက်ုမရ ဗြဟ္မာ အစရှိတဲ့ ဓမ္မကထိက နတ်သားတစ်ပါးပါ ဟောတဲ့တရားကို နာရတဲ့အခါ လူ့ဘ၀တနုးက ငါကျင့်ကြံအားထုတ်ခဲ့တဲ့တရားဟာ ဒီတရားမျိုးပဲလို့ သတိရပြီး သောတာပတ္တိမဂ်ကို ရပြန်တယ်။

(သို့)

၎။ လူ့ဘ၀က တရားအတူနာဘက် အတူအားထုတ်ဖက် နတ်သား နတ်သမီးချင်းတွေ့ပြီး တရားအကြောင်းဆွေးနွေးမိရာကနေ သောတာပတ္တိမဂ်ကို ရသွားပြန်တယ်။

(ထိုလေးနည်းက တစ်နည်းနည်းဖြင့် သောတာပန်တည်ရကြောင်း ဗုဒ္ဓက ဟောတော်မူထားပါတယ်)

အင်္ဂုတ္တိုရ် ပါဠိတော်၊ သောတာနုဂတသုတ်

မေတ္တာဖြင့် စုစည်းဝေမျှသူ - အနှိုင်းမဲ့စာတိုပေစများ

နူနာအမြစ်ပြတ်ဆေး

နူနာအမြစ်ပြတ်ဆေး
*************

ကမ္မဋ္ဌာန်းဝင်တဲ့အခါ အာရုံနဲ့ မှတ်စိတ် နှစ်မျိုးကို သိရမယ်။

အဲဒီအာရုံနဲ့ မှတ်စိတ် တည့်တည့်နေအောင်ရှုရမယ်။

အရှုခံအာရုံထဲက ရှုမှတ်စိတ် ထွက်မသွားရအောင် သတိထား။

ဘာမှ မစဉ်းစားနဲ့၊ ဘာအာရုံမှ မဝင်စေနဲ့။

ဒီစိတ်တစ်လုံးကို နိုင်အောင်ဆုံးမနိုင်ရင် ကိလေသာနူနာ အမြစ်ပြတ်နိုင်တယ်။

ဒီလိုမှ စိတ်တစ်လုံး မနိုင်ရင်တော့

လောကီအလိုလည်း ချမ်းသာရာရမှာမဟုတ်ဘူး။

လောကုတ္တရာအလိုနဲ့လည်း တစ်ထောင့်ငါးရာကိလေသာနူနာဟာ

အမြစ်ပြတ်မှာ မဟုတ်ဘူး။

*** သစ္စာလေးချက်ကိုက်ပုံ ***

ဝိပဿနာတရားဆိုတာ ခန္ဓာကိုကြည့်တာပါ။ ခန္ဓာ ကြည့်တော့ ခန္ဓာငါးပါး။ အဲဒီခန္ဓာငါးပါးက မဖြစ်မပျက်တဲ့ အချိန်ရှိရဲ့လား။ အမြဲတမ်းဖြစ်လိုက် ပျက်လိုက်။
ခန္ဓာငါးပါးဖြစ်ပျက်က ဒုက္ခသစ္စာ၊ ရှုကြည့်လို့ သိတဲ့ဥာဏ်က မဂ္ဂသစ္စာ။ မဂ္ဂသစ္စာပေါ်ပြီဆိုတော့ တဏှာ၊ ဥပါဒါန်၊ ကံ သေ မသွားဘူးလား၊ သေတာက သမုဒယသစ္စာ။
သမုဒယသစ္စာ (ဆင်းရဲဖြစ်ကြောင်းအမှန်) သေမှတော့ နောင်ဇာတိ ရစရာလိုသေးလား၊ နောင်ဇာတိမှ မရတာ အို နာ သေ ကြုံပါဦးမလား။ အိုနာသေ မကြုံရင် ဘယ်ရောက်မယ်၊ နိဗ္ဗာန်ပါ။

နိဗ္ဗာန်ကို သစ္စာအနေနဲ့ပြောတော့ နိယောဓ သစ္စာပါ။
သစ္စာဘယ်နှစ်ချက် ကိုက် (၄)ချက်ပါ။

ဤကဲ့သို့ သစ္စာလေးချက် တပြိုင်နက်ကိုက်သောကြောင့် သတိပဋ္ဌာန်တရား လက်ကိုင်ထားပြီး ခန္ဓာအစဉ် ဥာဏ်နဲ့ယှဉ်၍ ခန္ဓာအရှိ ဖြစ်ပျက်ကို ဥာဏ်အသိမဂ် နှင့်ကိုက်အောင် ကျင့်ကြံအားထုတ်ကြပါလို့ တိုက်တွန်းရင်း ဒီကနေ့အချိန်လဲ စေ့ပြီမို့ ဒီနေ့တရားပွဲဒီမှာတွင်တော်ကြအုံးစို့ ။

ကိုယ်တိုင်ဖတ်ဖို့ပါ

တရားတွေများများတင်ချင်ပါတယ် (ကိုယ်တိုင်ဖတ်ဖို့ပါ)

 
တစ်ခါတုံးက နတ်သားနှစ်ပါးဟာ ၇ ရက်ကြာရင်နတ်သက်ကြွေတော့မယ်ဆိုတာသိလို့ သူတို့ ဘယ်ဘဝ ရောက်မယ်ဆိုတာ ကြည့်လိုက်တော့ နတ်သားတစ်ယောက်က ကျီးကန်း ဖြစ်မယ်
နောက်တစ်ယောက်ကအိမ်သာထဲက လောက် ဖြစ်မယ်
အိမ်သာထဲကလောက်ဖြစ်မယ့် နတ်သားက သူ့သူငယ်ချင်း ကျီးကန်းဖြစ်မယ့်နတ်သားကို ပြောတယ်
ငါ အိမ်သာထဲက လောက်တော့ မဖြစ်ချင်ဘူး ငါ့ကို လာစားပါလို့ပြောတယ်
နတ်သက်ကြွေတော့ ကျီးကန်းဘဝ ရောက်တဲ့နတ်သားက သူ့သူငယ်ချင်း လောက် ဘဝမှာ စိတ်ညစ်နေ မယ် မပျော်လောက်ဘူး ထင်ပြီး ကတိရှိခဲ့တဲ့ အတိုင်း လာခဲ့တယ်
အိမ်သာ နားရောက်တော့ သူ့သူငယ်ချင်း လောက် က ပြောတယ်
သူငယ်ချင်းရယ် ငါ့ကို မစားပါနဲ့ကွာ ဒီဘဝမှာ ငါ လောက်မ လေးတွေနဲ့ ပျော်နေပြီ '"တဲ့
တဏှာရဲ့ အရောင်ဆိုးခြင်း မျက်လှည့်ပညာ ကတော့
ကြောက်ဖို့ကောင်းပါတယ်


Tuntunnaing Tuntunnaing

နႏၵမာတာ ဥပါသိကာမၾကီးရဲ့ ဂုဏ္အဂါၤ (၇) ပါး

နႏၵမာတာ ဥပါသိကာမၾကီးရဲ့ ဂုဏ္အဂါၤ (၇) ပါး
(၁) ဝေဿ၀ဏ်နတ်မင်းကြီးနှင့် မျက်နှာချင်းဆိုင် စကားပြောဆိုရခြင်းဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုပဲ
(၂) မင်းချင်းယောက်ျားတို့ဟာ အကြောင်းတစ်စုံတစ်ခုကြောင့် တစ်ဦးတည်းသောသားဖြစ်တဲ့ နန္ဒကို ဖမ်းဆီးချုပ်နှောင်ကာ ရိုက်ပုတ်ညှင်းဆဲ ပြီးတော့ သတ်ပြစ်ကြသော်လည်း နန္ဒမာတာရဲ့စိတ်ထဲမှာ ၀မ်းနည်းကြေကွဲမှု ဖောက်ပြန်တုန်လှုပ်မှု လုံးလုံးမရှိခြင်း၊ ဒါက ဂုဏ်ပုဒ်တစ်ခုပဲ။
(၃) အိမ်ရှင်ယောက်ျားကွယ်လွန်ပြီးနောက် မထင်းမရှားသော ဘုမ္မစိုးနတ် ဖြစ်သွားခဲ့တယ်။ အဲဒီ ဘုမ္မစိုးနတ်က ရှေးယခင်မသေခင်က အိမ်ရှင်ယောက်ျားအသွင် ဖန်ဆင်းကာ ကိုယ်ထင်ရှားလာပြတယ်။ အဲဒီအခါမှာလည်း နန္ဒမာတာရဲ့ စိတ်ဓာတ်ဟာ ဖောက်ပြန်တုန်လှုပ်မှု ၀မ်းသာမှုဆိုတာ လုံးဝမဖြစ်ခဲ့ဘူး။ ဒါလည်း သူ့ရဲ့ ဂုဏ်ပုဒ်တစ်ခုပဲ။
(၄) ငယ်ရွယ်စဉ် အိမ်ထောင်ပြုပြီးကတည်းက အိမ်ရှင်ယောက်ျားကို ကျော်လွှားပြီး အခြားယောက်ျားများနှင့် ဖောက်ပြားမှုဆိုတာ ကိုယ်ထိလက်ရောက်မဆိုထားနှင့် စိတ်နဲ့သော်လည်း တစ်ခါမျှ မဖောက်ပြားခဲ့ဖူးဘူး။ ဒါလည်း သူ့ရဲ့ ဂုဏ်ပုဒ်တစ်ခုပဲ။
(၅) ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်တက်သည့် ဥပါသိကာမအဖြစ် လျှောက်ထားသည့်နေ့က စပြီးတော့ ငါးပါးသီလကို စိတ်ပါလက်ပါ တစ်ကြိမ် တစ်ခါမျှသော်လည်း မချိုးမဖောက် ခဲ့ဖူးဘူး။ ဒါလည်း သူ့ရဲ့ ဂုဏ်ပုဒ်တစ်ခုပဲ။
(၆) ပထမဈာန် ဒုတိယဈာန် တတိယဈာန် စတုတ္ထဈာန် ဆိုတဲ့ ရူပါဝစရဈာန်တွေကို အလိုရှိသလောက် ၀င်စားပြီးနေနိုင်တယ်။ ဒါလည်း သူ့ရဲ့ ဂုဏ်ပုဒ်တစ်ခုပဲ။
(၇) (က) သက္ကာယဒိဋ္ဌိ = ခန္ဓာငါးပါး တို့ကို အတ္တဟုစွဲလမ်းယုံကြည်ခြင်း
(ခ) ၀ိစိကိစ္ဆာ = ရတနာသုံးတန် ကံကံ၏အကျိုးတရားစသည်တို့ အပေါ်မှာ ယုံမှားသံသယရှိခြင်း။
(ဂ) သီလဗ္ဗတပရမာသ = နွားအကျင့် ခွေးအကျင့် စသည်ဖြင့် ကိလေသာ တွေမှ စင်ကြယ် နိုင်တယ် သံသရာဝဋ်ဆင်းရဲဒုက္ခမှ လွတ်မြောက်နိုင်တယ်လို့ အမှားမှားအယွင်းယွင်း သုံးသပ်တက်ခြင်း၊
(ဃ) ကာမရာဂ = ကာမတစ်ဆယ့်တစ်ဘုံနဲ့ သက်ရှိသက်မဲ့ ကာမ၀တ္တု အစုစုအပေါ်မှာ တွယ်တာမက်မောခြင်း။
(င) ဗျာပါဒ = စိတ်ဓာတ် ခက်ထန်ကြမ်းတမ်းခြင်း ဒေါသ
ပေါင်းလိုက်တော့ သံယောဇဉ် ငါးပါးဖြစ်ကြတယ်။ ဒီသံယောဇဉ် ငါးပါးကို အောင်ပိုင်း ကာမတစ်ဆယ့်တစ်ပုံမှ မလွတ်မြောက်အောင် ဆွဲဆောင်ထားတဲ့ ကြိုးငါးချောင်းနဲ့တူလို့ သြရ မ္တာဂိယ သံယောဇဉ်တွေလို့ ခေါ်ဆိုပါတယ်။ ဒီသံယောငါးပါးကိုလည်း သူက ပယ်ရှားထားပြီးဖြစ်နေတယ်။ ဒါလည်း သူ့ရဲ့ ဂုဏ်ပုဒ်တစ်ခုပဲ။

ကံဆိုးနေပြီဆိုရင် ဘာလုပ်မလဲ

“ကံဆိုးနေပြီဆိုရင် ဘာလုပ်မလဲ?”
★★★★★★★★★★★★★★★★

▬ ဗုဒ္ဓဘာသာ တစ်ယောက်ရဲ့ အခြေခံစိတ်ဓာတ်ဟာ ကောင်းတာလုပ်ရင် ကောင်းကျိုးခံစားရမယ်။
▬ ဆိုးတာလုပ်ရင် ဆိုးကျိုးခံစားရမယ် ဆိုတာကိုပြက်ပြတ်သားသား ယုံကြည်ဖို့ လိုတယ်။

♦ အိမ်ထောင်ရေး ၊ စီးပွားရေး ၊ ကျန်းမာရေး ၊ လူမှုရေးတွေ
အဆင်မပြေတော့ဘူး ... စိတ်ဆင်းရဲစရာကြုံနေပြီ ဆိုရင်
ဘာဗေဒင်ဆရာ ၊ ဘာနတ်ကတော် ၊ ဘာအကြားအမြင်
ဘာနက္ခက်မှ အားမကိုးနဲ့တော့ ..

☼ ငါ့မှာ အကုသိုလ်မီးတွေ လောင်နေပြီလို့ သိ လိုက်တော့ ....
♦ အတိတ်က အကုသိုလ်မီး ၊ ပစ္စုပ္ပန် အကုသိုလ်မီး (၂)မျိုးလုံးရှိတယ် ...
☼ အဲ့ဒီမီးတွေ လောင်လို့ အိမ်ထောင်ရေး ၊ စီးပွားရေး ၊ ကျန်းမာရေး ၊
လူမှုရေး တွေ အဆင်မပြေတာလို့ သိလိုက်..

☼ အဲ့လိုအဆင်မပြေရင် ဗုဒ္ဓပေးတဲ့ နည်းက
ဒါန ၊ သီလ ၊ ဘာဝနာ တွေ များများလုပ် ၊
အကုသိုလ်မီးကို ကုသိုလ်ရေ နဲ့ ငြိမ်း
နက္ခက်တွေ ဗေဒင်တွေ နဲ့ ငြိမ်းလို့ မငြိမ်းနိုင်ပါဘူး ...
ဘုရားရှင်ကိုယ်တိုင် အားမပေးပါဘူး ....
(ခါးတဲ့မျိုးစေ့ကိုစိုက်ရင် ခါးတဲ့မျိုးစေ့ကိုစားရလိမ့်မယ်
ချိုတဲ့မျိုးစေ့ကို စိုက်ရင် ချိုတဲ့မျိုးစေ့ကို စားရလိမ့်မယ်)

မေတ္တာရှင်(ရွှေပြည်သာ) ဆရာတော်
(ဖန်ဆင်းရှင်သုံးဦး တရားတော်မှ ထုတ်နှုတ်သည်)

အသည်းမာရင်ခွဲခွာဝံတယ်

အသည်းမာရင်ခွဲခွာဝံတယ်
★★★★★★★★★★★★★★★

ကိုယ်ချစ်ရတဲ့သူတွေနဲ့ ခေတ္တခဏဖြစ်ဖြစ် အပြီးအပိုင်ဖြစ်ဖြစ် ရှင်ကွဲ(သို့)သေကွဲ ခွဲကြရတဲ့အခါ အနည်းအများတော့ လူတိုင်း ဝမ်းနည်းဖူးကြမှာပါ။သံယောဇဉ်ကြီးရင် ကြီးသလောက် အစွဲအလမ်းပြင်းထန်ရင် ပြင်းထန်သလောက်
ိုဝမ်းနည်းရပါတယ်။
အချစ်ပိုကဲလေ အဖြစ်ပိုသည်းလေပါပဲ။

ဝမ်းနည်းရခြင်း တမ်းတပူဆွေးရခြင်းဆိုတဲ့ ခံစားမှုဟာ လက်ခံသိမ်းပိုက်ထားသင့်တဲ့
မြတ်နိုးစရာစည်းစိမ်ချမ်းသာမဟုတ်ပါဘူး။
ငြင်းပယ်စွန့်လွှတ်ပစ်သင့်တဲ့ မနှစ်မြို့စရာ
အမှိုက်ရှုပ် အညစ်အကြေးပုပ်တစ်မျိုးပါ။
နှလုံးသားကို ပူလောင်စေတဲ့အရာပါ။

ဒီလိုခံစားမှုမျိုးကို မခံစားချင်ရင်တော့ ဘယ်သူ့ကိုမှ
မချစ်ပဲနေရုံပါပဲ..စိတ်မညစ်ချင်ရင် သိပ်မချစ်ပါနဲ့..
မချစ်ရမနေနိုင်ရင်လည်း နည်းနည်းလောက်တော့ လျှော့ချစ်ပါ..ချွေတာရေးအချစ်နဲ့ ခြိုးခြိုးခြံခြံ
ခြစ်ခြစ်ခြုတ်ခြုတ် ချစ်ပါ။

ဒါပေမယ့်လူဆိုတာကလည်း သူသူငါငါ
"မချစ်ရင်မနေနိုင်တာကလွဲလို့" ဆိုတဲ့အတိုင်း
အနည်းဆုံးတစ်ယောက်ယောက်ကိုတော့ နှစ်နှစ်ကာကာ စွဲစွဲလမ်းလမ်းချစ်နေရမှ လူကနေသာထိုင်သာရှိသလိုလို စိတ်ကျေနပ်မှုရနေသလိုလိုပါ..ပိုးဖလံက မီးကို
ပူမှန်းမသိလို့တိုးဝင်တာ လူကအချစ်ကို ပူမှန်းသိသိကြီးနဲ့ အချစ်မှာ ပျော်ဝင်နစ်မြုပ်ချင်တာပါ။
ပိုးဖလံထက် ပိုမိုက်တာလူပါပဲ။

`ပိယ´နဲ့`သောက´ ချစ်ခြင်းနဲ့ ဝမ်းနည်းပူဆွေးခြင်း
ဆိုတာ ဒင်္ဂါးတစ်ခုရဲ့ခေါင်းနဲ့ပန်းလို အမြဲဒွန်တွဲနေပါတယ်။
ချစ်ပဲချစ်ချင်ပြီး ဝမ်းမနည်းချင်လို့တော့မရပါဘူး။ဝမ်းနည်းတယ်
ပူဆွေးတယ်ဆိုတာ တရားကိုယ်ကတာ့ဒေါသပါပဲ။
ဒေါသကိလေသာကို အကြွင်းမဲ့ မပယ်သတ် နိုင်သေးသမျှတော့ ဝမ်းနည်းပူဆွေးစရာတွေနဲ့ ကြုံတိုင်းပူဆွေးရမှာပါ။

စိတ်ဓာတ်ခိုင်မာနေလို့
ဒေါသကိလေသာငြိမ်ဝပ်နေတဲ့အခိုက်နဲ့ ကြုံကြိုက်
သွားရင်တော့ သူတစ်ပါးအတွက် ဝမ်းနည်းပူဆွေးစရာက ကိုယ့်အတွက် ဝမ်းနည်းပူဆွေးစရာ ဖြစ်ချင်မှဖြစ်မှာပါ။
ဒါပေမယ့် ဒေါသမကုန်သေးတဲ့အတွက် ဝမ်းမနည်းဖို့ မပူဆွေးဖို့ လုံးဝကြီးတော့ စိတ်မချရသေးပါဘူး။ကိုယ့်နှလုံးသားထဲက
ဒေါသဓာတ်ကို အမြစ်ပြတ်အောင်ဆွဲနှုတ် ဖယ်ထုတ်နိုင်မှသာ စိတ်ချရမှာပါ။
ဒေါသဓာတ်ကင်းစင်နေတဲ့ နှလုံးသားဟာ
ကျောက်သားနဲ့ ထုဆစ်ထားတဲ့ မာကြောတဲ့နှလုံးသားမျိုးပါ။
ဘယ်လိုဝမ်းနည်းစရာမျိုးနဲ့ပဲကြုံကြုံ အေးအေးဆေးဆေးပါပဲ။

ဝမ်းနည်းပူဆွေးခြင်းရဲ့ အကြောင်းရင်းဖြစ်တဲ့
ဒေါသကိလေသာကို အနာဂါမ်အရိယာဖြစ်မှပဲ
အကြွင်းမဲ့ပယ်သတ်နိုင်ပါတယ်။
အနာဂါမ်အရိယာဖြစ်ဖို့ကလည်း သကဒါဂါမ်အရိယာဘဝနဲ့ ဝိပဿနာအလုပ်ကိုအားထုတ်ရပါတယ်။
သာတာပန်အရိယာဘဝနဲ့ ဝိပဿနာအလုပ်ကို အားထုတ်ရပါတယ်။
သောတာပန်အရိယာဖြစ်ဖို့ကလည်း ပုထုဇဉ်ဘဝနဲ့
ဝိပဿနာအလုပ်ကို အားထုတ်ရပါတယ်။

ဝိပဿနာဆိုလို့လည်း ဘုရားရှေ့မှာ တင်ပျဉ်ခွေထိုင် မျက်စိမှိတ်ပြီးမလှုပ်မယှက်နဲ့ တစ်နာရီ နှစ်နာရီထိုင်နိုင်မှလို့ သွားမယူဆလိုက်ပါနဲ့ ။ဝိပဿနာအလုပ်ဆိုတာ
အဲလိုကြီးထိုင်နိုင်မှ လုပ်လို့ရတဲ့အလုပ် မဟုတ်ပါဘူး။
လျောင်း ထိုင် ရပ် သွား ခန္ဓာကိုယ်ရဲ့
ဘယ်အနေအထားမျိုးမှာမဆို လုပ်လို့ရပါတယ်
အရှုခံအာရုံကလည်း ဘယ်ဟာကိုမှလို့ မူသေ ကန့်သတ်ချက်မရှိပါဘူး
ဝင်လေထွက်လေ
အဆင်ပြေရင် ဝင်လေထွက်လေကို အာရုံထားပြီးရှု
တစ်ခြား ကိုယ်နှုတ်စိတ်အမူအရာအဆင်ပြေရင် ထင်ရှားရာ ကိုယ်နှုတ်စိတ်အမူအရာကို အာရုံထားပြီးရှုနိုင်ပါတယ်..

လောလောဆယ်ဖြစ်နေတဲ့ ကိုယ်အမူအရာ(ရုပ်)
စိတ်အမူအရာ(နာမ်)ကို ဖြစ်နေတဲ့အတိုင်းလေး
ရိုးရိုးရှင်းရှင်း ရှုမှတ်ရပါမယ်..

ဖြစ်ခိုက်ရုပ်နာမ် ဖြစ်တိုင်းဟန်
ဧကန်မှတ်သိမှု။
အလုပ် နေရာ ဣရိယာ
ချိန်ခါမရွေးရှု။

မနက်အိပ်ရာနိုးတဲ့အချိန်ကစပြီး အိပ်ပျော်သွားတဲ့
အချိန်ထိ အချိန်တိုင်းမှာ သတိကပ်ထားရင်
ဝိပဿနာ ဖြစ်ပါတယ်။
အိပ်ရာနိုးတဲ့အချိန်မှာ နိုးတယ်လို့ရှုမှတ်ပြီး တစ်နေ့တာအချိန်ကိုစတင်လိုက်ပါ

အဲဒီနောက် တစ်နေ့တာလုံးမြင်တဲ့အချိန်မှာ မြင်တယ်။
ကြားတဲ့အချိန်မှာ ကြားတယ်။
နံတဲ့အချိန်မှာ နံတယ်။
မွှေးတဲ့အချိန်မှာ မွှေးတယ်။
စားတဲ့အချိန်မှာ စားတယ်။
ထိတဲ့အချိန်မှာ ထိတယ်။

သိတဲ့အချိန်မှာ သိတယ် လို့ရှုမှတ်ပြီး တစ်နေ့တာ
အချိန်တွေကို ဖြတ်သန်းလွန်မြောက်ပါ..
ညအိပ်ရာဝင်တဲ့အချိန်ကျတော့ အိပ်တယ်လို့ရှုမှတ်ရင်း တစ်နေ့တာအချိန်ကို
အဆုံးသတ်လိုက်ပါ..

ဒီလိုဝိပဿနာအလုပ်ကို အချိန်ဆက်နိုင်သမျှဆက်အောင် အမြဲမပြတ်
ကြိုးပမ်းအားထုတ်သွားမယ်ဆိုရင် ပုထုဇဉ်ဘဝနဲ့ရှိနေသေးတယ်ပဲထားဦး ဝိပဿနာရဲ့ တန်ခိုးကြောင့် စိတ်ဓာတ်ရင့်ကျက်ခိုင်မာ နေတဲ့အတွက် ဘယ်လိုပုံစံမျိုးနဲ့ချစ်ရတဲ့လူကိုမဆို
ဘယ်လိုပဲပုံစံနဲ့ပဲလမ်းခွဲရ လမ်းခွဲရ ဘယ်တော့မှဝမ်းမနည်းတော့ပါဘူး..
ခေတ္တခဏအခွဲ အခိုက်အတန့်အခွဲ ခပ်ကြာကြာအခွဲ အပြီးအပိုင်အခွဲ
ယာယီအခွဲ တာရှည်အခွဲ
ရှင်လျက်လမ်းခွဲ သေပြီးလမ်းခွဲ ဘယ်လမ်းခွဲမျိုးကိုမဆို အပြုံးမပျက်
ခံနိုင်ရည်ရှိသွားပါလိမ့်မယ်..

{ အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ) }

ဝဇီဘေဒ ထိတိုင်းရှ

ဝဇီဘေဒ ထိတိုင်းရှ
*************
အမ္ဗပါလီဟာ အတိတ်ဘ၀က ဘုရင်းရင်ပြင်ပေါ်မှာ အမှတ်တမဲ့ တံတွေးမိတဲ့ ဘိက္ခူနီမကို...

"ဘယ်ပြည့်တန်ဆာမက ထွေးသွားတာလဲ၊ အလကား သာသနာဖျက်မတွေ"...လို့ ဆဲမိပါတယ်...။

အဲဒီအကုသိုလ်ကြောင့် ဘ၀တစ်သောင်း ပြည့်တန်ဆာမ (မိန်းမပျက်)ဖြစ်ရတယ်...

ဒါကြောင့် ၀ိနည်းသိက္ခာပုဒ်ပျက်ပြားမှု မရှိတဲ့ လုပ်ရပ်ကြောင့် ရဟန်းတော်ကိုစော်ကားမယ်ဆိုရင်... အမ္ဗပါလီလိုမျိုး...

"ပြည့်တန်ဆာလို့ ဆဲမိရင် ပြည့်တန်ဆာဖြစ်မယ်..."

"ခွေးလို့ ဆဲမိရင် ခွေးဖြစ်မယ်..."

"၀က်လို့ ဆဲမိရင် ၀က်ဖြစ်မယ်..."

"သူတောင်းစားလို့ ဆဲမိရင် သူတောင်းစား ဖြစ်မယ်..."

ဒီအဆုံးမလေးကတော့ နည်းနည်းကြမ်းရင် သည်းခံပါ... သနားလို့ ဆေးခါးတိုက်တာပါ

ရွှေဘုန်း (စေတနာပန်းခင်း) 3.8.2013

ကျော်စံလင်း 
ဝေမျှပါသည်

အမေတွေ အမေတွေ(ကိုယ်တိုင်ဖတ်ရန်)

အမေတွေ အမေတွေ(ကိုယ်တိုင်ဖတ်ရန်)
တစ်နေ့မှာ မိခင်(၃)ဦးဟာ စကားလက်ဆုံကျနေခဲ့တယ်။ အဲဒီထဲက မိခင်တစ်ဦးဟာ စိတ်ပျက်လက်ပျက်နဲ့ ပြောပါတယ်။

"မိသားစုတွေ ရှားရှားပါးပါးစုံတဲ့ နှစ်သစ်မှာလေ အဖေ့အလုပ်ကို အမွေဆက်ခံထားတာ မကြာသေးတဲ့သားက အသစ်စက်စက်ဇနီးနဲ့အတူ အိမ်ပြန်ရောက်လာခဲ့တယ်။ ကျွန်မတို့အားလုံး အိမ်မှာစားစရာတွေ၊ အသားကင်တွေ လုပ်စားကြတယ်။ သားက အသားကင်တွေကို တစ်ကင်ပြီးတစ်ကင် သူ့မိန်းမပန်းကန်ထဲ ပြည့်လုနီးပါး ထည့်ပေးနေခဲ့တယ်။ အမေလုပ်တဲ့ ကျွန်မပန်းကန်မှာတော့ အသားကင်တစ်ကင်မှ ရှိမနေခဲ့ဘူး။ ဒါကို သားမမြင်ခဲ့ဘူး။ ကျွန်မရင်ထဲ ဟာနေတာကို သူဘယ်တော့မှ မမြင်ခဲ့သလိုပေါ့။ လွန်ခဲ့တဲ့ လအနည်းငယ်က ပိုက်ဆံတွေတနင့်တပိုး အကုန်ခံပြီး သူ့ကို ကျွန်မတို့ မင်္ဂလာဆောင်ပေးခဲ့တယ်။ အိမ်အသစ်ဝယ်ပေးခဲ့တယ်။ သူတို့ရဲ့ စားဝတ်နေရေးတွေ ကျွန်မတို့ တာဝန်ယူခဲ့တယ်။ ဒါတောင် ကျွန်မအတွက် အသားကင်တစ်ကင် ထည့်ပေးဖော်မရခဲ့ဘူး။ ရင်နာလိုက်တာရှင်"

ပထမမိခင်ရဲ့အဖြစ်ကိုကြားတော့ ဒုတိယမိခင်ကလည်း ရင်ဖွင့်စကားဆိုပါတယ်။

"အိုး...ရှင်... ရှင်က သားရဲ့အသားကင်လေးပဲ မစားရတာပါ။ သိပ်အဖြစ် မဆိုးသေးပါဘူး။ ရှင့်ချွေးမကို ရှင်လုပ်မပေးရတာ ကံကောင်းပြီမှတ်ပါ။ ကျွန်မရဲ့ မကြာခင်ကမှ နိုင်ငံခြားကပြန်လာခဲ့တဲ့ သားကလေ ကျွန်မကျိုနိုင်ငံခြားကနေ သော့တွဲတစ်တွဲ လက်ဆောင်ဝယ်ပေးခဲ့သတဲ့။ သူ့နှမကိုလည်း သော့တွဲလက်ဆောင်တဲ့။ ဟော.. သူ့ချစ်သူအတွက်ကျတော့ လစာနှစ်လစာအကုန်ခံပြီး Cartier မိန်းမပတ်နာရီတစ်လုံး ဝယ်ပေးတယ်လေ။ သူက ကျွန်မကိုမေးသေးတယ်။ နာရီ အဖိုးနည်းသေးလားတဲ့? နည်းတယ်ထင်ရင် ကျွန်မကိုပေးပြီး နင့်ကောင်မလေးကို သော့တွဲပေးလိုက်ပါလားလို့ ကျွန်မရွဲ့ပြီး ပြောလိုက်တယ်။ တကယ်လို့ နင့်ကောင်မလေးက နင့်ကိုတကယ်ချစ်ရင် သော့တွဲပေးပေး ဘာပေးပေးယူမှာပေါ့လို့ဆိုပြီး နာရီကို ကျွန်မလုယူလိုက်တယ်လေ။ ဒါကို ကိုယ်တော်ချောက ကျွန်မကို စိတ်ဆိုးတယ်။ တွန်းတယ်လေ။ ကျွန်မအဖြစ်ကမှ ပိုရင်နာဖို့ ကောင်းတာပါရှင်...."

မိခင်နှစ်ဦးရဲ့ရင်ဖွင့်သံကိုကြားတော့ တတိယမိခင်က သက်ပြင်းရှည်တစ်ခုကို လေးလေးသွဲ့သွဲ့ချရင်း... "တခြားရှုထောင့်ကနေကြည့်ရင် ရှင်တို့နှစ်ယောက်ရဲ့အဖြစ်က ရင်နာစရာမကောင်းပါဘူးရှင်.. သားက ကိုယ့်မိန်းမအပေါ်၊ ကိုယ့်ချစ်သူအပေါ် ကောင်းတယ်ဆိုတာ သူတို့ချင်းအရမ်းချစ်ကြိုက်ကြလို့ပေါ့။ သားကို တကယ်ချစ်တဲ့လူရှိတဲ့အတွက် ရှင်တို့ဝမ်းသာသင့်တယ်။ အချစ်ပင်လယ်ထဲ မျောနေသူနှစ်ဦးဟာ ဘေးပတ်ဝန်းကျင်ကို သိပ်သတိမထားမိတတ်ကြဘူး။ လေထုနဲ့တူတဲ့ အမေကိုပိုလို့တောင် သတိမထားမိကြပါဘူး။ အမေဆိုတာ သားသမီးတွေရဲ့ လေထု၊ အောက်ဆီဂျင်ပြတ်တဲ့အချိန်မှပဲ လေထုရဲ့အရေးပါတာကို သူတို့သိကြတယ်လေ။ အမေတွေကလည်း အမေပါပဲ။ သားသမီးတွေကို ဘယ်တော့မှ အောက်ဆီဂျင် အပြတ်မခံခဲ့ကြပါဘူး"

"ကျွန်မမှာ အသက်(၃ဝ)အရွယ် သားတစ်ယောက်ရှိတယ်။ သားရဲ့ချစ်သူက ကွန်ပြူတာပါ။ သားဟာ နေ့တိုင်းအခန်းအောင်းပြီး ကွန်ပြူတာနဲ့ပဲ ရည်းစားဖြစ်တယ်။ အိမ်ထဲအိမ်ပြင် မထွက်ဘူး။ ကျွန်မကြည့်လို့မရတာနဲ့ နေ့တိုင်း သူ့အခန်းဝင်ရှင်းပေးရတယ်။ စားစရာတွေ ယူသွားပေးရတယ်။ ဒါတောင် သူက ကျွန်မကိုရှုပ်လို့ဆိုပြီး အခန်းပြင်ဖက် မောင်းမောင်းထုတ်တယ်။ တွန်းထုတ်တယ်လေ။ ကျွန်မအဖြစ်ကမှ တကယ့်ရင်နာစရာကောင်းပါတယ်။ ဒီသားကို ဘယ်အရွယ်အထိ ကျွန်မပြုစုစောင့်ရှောက်ရမလဲ မသိတော့ပါဘူး။ တကယ်လို့ သူ့မှာသာ တကယ့်ချစ်သူတစ်ယောက်ရှိရင် အဲဒီချစ်သူကို ကျွန်မ အသားကင်ကျွေးနိုင်ပါတယ်။ Cartierနာရီလေး လက်ဆောင်ပေးနိုင်ပါတယ်"လို့ ပြောပြီး ငိုချလိုက်ပါတော့တယ်။



credit to ဆော့ဝဲမြို့တော်
 

သူဘာလို့ ငါ့ထက်သာနေရတာလဲ ?

သူဘာလို့ ငါ့ထက်သာနေရတာလဲ ?
==================

တစ်ခါက မောင်ဖြူနဲ့ မောင်မဲ ဟာ ဘွဲ့ရပြီးနောက် ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ဝင်လုပ်ကြပါသတဲ့။ နှစ်ယောက်စလုံးဟာ အလုပ်ကို ကြိုးစားလုပ်ကြပါတယ်။ နှစ်အနည်းငယ်ကြာတဲ့အခါ သူဋ္ဌေးက မောင်ဖြူကို အရောင်းမန်နေဂျာ အဖြစ်ရာထူးတိုးပေးလိုက်ပြီး မောင်မဲကတော့ အရောင်းသမားအဖြစ်နဲ့ပဲ လုပ်နေရပါတယ် ။
မောင်မဲဟာ ဆက်ပြီးသည်းမခံနိုင်တော့ပါဘူး။ အလုပ်ထွက်စာရေးပြီး သူဌေးဆီသွားတယ်။

" ဒီမှာသူဌေ့း့ ခင်ဗျားက အလုပ်ကြိုးစားတဲ့သူကိုတန်ဖိုးမထားဘဲ ဖားတဲ့သူကိုမှ ခင်ဗျားက ပ,စားပေး ရာထူးတိုးပေးတာ မဟုတ်လား ။ ဒီတော့ ကျုပ်အလုပ်ထွက်တယ့့် " လို့ ခပ်ပြတ်ပြတ်ပဲ ပြောလိုက်ပါတယ်။
သူဌေးက မောင်မဲ အလုပ်ကြိုးစားတာ သိပါတယ် ။ဒါကြောင့် သူ့သယ်ရင်းနဲ့ သူ့အကြားကွာခြားချက်ကို သူသိစေချင်တာနဲ့ "မင်းအလုပ်မထွက်ခင် ဈေးထဲသွားပြီး ဖရဲသီးသည်ရှာပေးနိုင်မလား " လို့ မေးပါတယ်။ မောင်မည်း ခေါင်းညိတ်တော့ " အေ့း့ ဖရဲသီး တစ်ကီလိုကို ဘယ်ဈေးလဲ မေးခဲ့စမ်းကွာ " လို့ခိုင်းတယ်။ မောင်မဲလည်းထွက်သွားပြီး မကြာခင်ပြန်ရောက်လာပါတယ်။

" တစ်ကီလို ၁၂ ဒေါ်လာပါဆရာ"

သူဌေးက "အေ့း့ ဒီမေးခွန်းကိုပဲ မင်းသူငယ်ချင်းမောင်ဖြူကိုလည်း ငါမေးဦးမကွာ " ဆိုပြီး မောင်ဖြူကို ခေါ်ပါတယ်။ စောစောကလိုပဲ ခိုင်းပါတယ်။

မောင်ဖြူပြန်လာတော့ " သူဌေးခင်ဗျာ့း့ ဖရဲသီးသည် တစ်သည်ပဲ တွေ့ခဲ့ပါတယ့့် တစ်ကီလိုကိုတော့ ၁၂ ဒေါ်လာပါ့ ၁ဝ ကီလိုယူရင် ဒေါ်လာ၁ဝဝ နဲ့ ရပါမယ့့် လောလောဆယ်သူ့မှာ ဖရဲသီးအလုံး ၃၄ဝ ရှိပါတယ့့် ဆိုင်မှာခင်းထားတာက ၅၈လုံးပါ့ တစ်လုံးကို ၁၅ ကီလိုလောက်ရှိပါတယ့့် မနေ့ကမှ တောင်အရပ်က ဝယ်လာတာပါ့ အားလုံး လတ်လတ်ဆတ်ဆတ်တွေ ချည်းပါပဲ့ ဖုန်းဆက်ချင်ရင် ဒီမှာသူ့ ဖုန်နံပါတ်ပါ့ "

မောင်မဲဟာ သူ့သယ်ရင်းနဲ့ သူရဲ့ခြားနားချက်ကို သိသွားပြီး သူ့သယ်ရင်းကို အရမ်း အထင်ကြီးလေးစားသွားပါသတဲ့ ။ အလုပ်မထွက်တော့ပါဘူး။

သယ်ရင်းဆီက လေ့လာသင်ယူစရာတွေရှိသေးတယ်လေ့ 
ပိုပြီးအောင်မြင်နေသူတွေဟာ အကြောင်းအရာတစ်ခုကိုပဲ အများနဲ့မတူ ပိုပြီး မြင်တတ် တွေးတတ် နက်နက်ရှိုင်းရှိုင်း နားလည်တတ်တဲ့သူတွေပါ ။ မနက်ဖြန်အတွက်မင်းတွေးနေချိန်မှာ သူကနှစ်နဲ့ချီပြီးတွေးပြီးသွားပြီ ။ ရက်နဲ့နှစ်ဆိုတာ ၃၆၅ဆ ၁ ဆ ကွာနေတယ်လေ။

ကဲ့ သယ်ရင်း မင်းရော .. ဘဝအတွက် ရှေ့ကိုဘယ်လောက်များ ကြိုစဉ်းစားထားပြီလဲ ?.
ဘယ်လောက်များ နက်နက်ရှိုင်းရှိုင်း တွေးထားပြီလဲ ?့ 

Credit-> Nyein Chan

ခွေးမပါရ(ဟာသ)



ခွေးမပါရ


*
ကုမ္ပဏီ တစ်ခု ရှေ့တွင် ကြော်ငြာတစ်ခု ကပ်ထားသည်။ဝန်ထမ်းအလိုရှိသည်။လက်နှိပ်စက်
ရိုက်တတ်ရမည်။ကွန်ပျူတာကို ကောင်းကောင်း ကိုင်တွယ် အသုံးပြုတတ်ရမည်။ဘာသာစကား
နှစ်မျိုး ပြောတတ်ရမည်။တန်းတူ အခွင့်အရေးပေး ဆက်ဆံသည့် အလုပ်ရှင်ဖြစ်သည်။
အဆိုပါကြော်ငြာကို ဖတ်မိသော ခွေးတစ်ကောင် ကုမ္ပဏီရုံးခန်းထဲသို့
ဝင်လာသည်။သဘောပေါက်သွားသော ဧည့်ကြို စာရေးမက ခွေးအား မန်နေဂျာနှင့် ပေးတွေ့သည်။
ခွေးက မန်နေဂျာ စားပွဲရှေ့ရှိ ကုလားထိုင်ပေါ် ခုန်တက်ပြီး မန်နေဂျာအား
စိုက်ကြည့်သည်။
မန်နေဂျာ>>>“သြော်...မင်းက အလုပ်လာလျှောက်တာလား..၊ဒါပေမဲ့ မင်းကို ငါဘယ်လို
အလုပ်ခန့်ရမှာလဲကွ ၊ အလုပ်လျှောက်တဲ့သူက လက်နှိပ်စက် ရိုက်တတ်ရမယ်လို့ဆိုထားတာ
ခွေးက ကုလားထိုင်ပေါ်မှ ခုန်ဆင်းပြီး ရုံးခန်းထဲရှိ လက်နှိပ်စက် တစ်လုံးတွင်
လက်နှိပ်စက် ရိုက်ပြသည်။ခွေးဆွဲထုတ်ပြီး မန်နေဂျာအားပြသော စာရွက်ကို
ကြည့်လိုက်တော့ အမှားအယွင်း တစ်စုံတစ်ခုမျှမတွေ့ ။
ကုလားထိုင်ပေါ် ပြန်တက်လာသော ခွေးအား တအံ့တသြကြည့်၍ မန်နေဂျာ ဆက်ပြောသည်။
မန်နေဂျာ>>>“ကြော်ငြာထဲမှာ အလုပ်လျှောက်တဲ့သူ ကွန်ပျူတာကို ကောင်းကောင်း
သုံးတတ်ရမယ်လို့ ပါသေးသကွ
ခွေးလည်း ကုလားထိုင်ပေါ်မှ ခုန်ဆင်းပြီး ကွန်ပျူတာတစ်လုံးရှိရာ သွား၍ ပရိုဂရမ်
တစ်ခုကို အသာလေး ဆွဲပြသည်။
မန်နေ၈ျာ မျက်လုံးပြူးသွားသည် ။ မှင်တက်မိနေပြီ ။ ဒါပေမဲ့ ခွေးအား
အားနာပါးနာပြောသည်။
မန်နေဂျာ>>>“မင်းက အသိဥာဏ် အင်မတန်ရှိတဲ့ ခွေးမှန်း ငါသိပါပြီကွာ
၊လုပ်ရည်ကိုင်ရည်လည်း ရှိပါတယ် ၊ ဒါပေမဲ့ ငါမင်းကို ဘယ်လိုမှ အလုပ်ခန့်လို့
မရဘူးကွ
ဒီစကား အကြားမှာ ကုလားထိုင်ပေါ်ကခွေး ခုန်ဆင်းပြီး အခန်းထဲ ကပ်ထားသော
အလုပ်ကြော်ငြာရှေ့ သွား၍ တန်းတူ အခွင့်အရေး ဆက်ဆံသည့် အလုပ်ရှင် စာတန်းကို
လက်နှင့်ထိုးပြသည်။
ဒါလည်း မန်နေဂျာက အလျှော့ မပေးသေး ။
မန်နေဂျာ>>>“ဟုတ်ပါတယ် ၊ ဟုတ်ပါတယ် ၊ တန်းတူ အခွင့်အရေး ပေးပါတယ် ၊ ဒါပေမဲ့
ကြော်ငြာထဲမှာ ဘာသာစကား နှစ်မျိုး ပြောတတ်ရမယ်လို့ ဆိုထားသေးတယ် ၊
မင်းပြောတတ်လို့လား
ဒါလည်း ခွေးက အသာလေး မန်နေဂျာကို ခေါင်းညိတ်ပြပြီး စကားတစ်ခွန်းပြောလိုက်လေသည်။
ခွေး>>>>“မီးညှောင်”*


ကျော်စံလင်း....ဝေမျှသည်....