စီချွမ့်စတိုင် ၀က်သား တို့ဟူးအစပ်ဟင်း

စီချွမ့်ပြည်နယ်ရဲ့ နံမည်ကြီး ဟင်းလျာတစ်ခုဖြစ်တဲ့ Mapo Tofu ပါ။ စီချွမ့်စတိုင် ၀က်သားနဲ့ တို့ဟူးကို စီချွမ့်ငရုတ်ကောင်း၊ Chinese black bean paste၊ chili bean paste၊ နှမ်းဆီ တို့ဖြင့် ချက်ထားတာမို့ အရသာရော၊ အနံ့ပါ အရမ်းကောင်းမွန်ပါတယ်။ စပ်တယ်ဆိုပေမယ့် ရှရှဲဖြစ်သည်အထိ မစပ်ပါဘူး၊ ထမင်းနဲ့ တွဲစားမယ်ဆိုရင် စပ်တယ်ဆိုတာတောင် မေ့ကောင်းမေ့သွားပါလိမ့်မယ်။ ခုပဲ ချက်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
- ၀က်သား – ၂၀၀ ဂရမ် (၁၅ကျပ်သား) (နှုတ်နှုတ်စဉ်းထားပါ)
- တို့ဟူး – ၃၀၀ ဂရမ် (ဂျပန်တို့ဟူး အဖြူ)
- ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
- ဂျင်း – လက်ဖက်ရည်ဇွန်း တ၀က် (နှုတ်နှုတ်စဉ်းပါ)
- ကော်မှုန့် – လက်ဖက်ရည်ဇွန်း ၂ဇွန်း (ရေအနည်းငယ်ဖြင့် ရောဖျော်ထားပေးပါ)
- ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၁ဇွန်း
- သကြား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
- အချိုမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
- ကြက်သွန်မြိတ် – ၁စည်း (ပါးပါးလှီးပါ)
- နှမ်းဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
- ပဲအမဲအနှစ်[Chinese black bean paste] – စားပွဲတင်ဇွန်း ၁ဇွန်း
- စီချွမ့် ငရုတ်ကောင်း[Hua Jioa] – လက်ဖက်ရည်ဇွန်း ၁ဇွန်း (မညက်တညက် ထောင်းပါ)
- ပဲငရုတ်သီး အနှစ်[Chilli bean paste] – စားပွဲတင်ဇွန်း ၂ဇွန်း


မှတ်ချက် ။ ။ ပဲအမဲအနှစ်[Chinese black bean paste], စီချွမ့် ငရုတ်ကောင်း[Hua Jioa],ငရုတ်သီး ပဲအနှစ်[Chilli bean paste] ၃မျိုးကို City Mart နှင့် Ocean တွင် ၀ယ်ယူနိုင်ပါသည်။
ပြင်ဆင်နည်း
၁။ အရင်ဆုံး တို့ဟူးကို အ၀တ်သန့်တစ်ခုဖြင့် အုပ်ပြီ အပေါ်မှ ပန်းကန်ပြားတစ်ချပ် တင်ကာ မိနစ် ၂၀ခန့် ရေစစ်ထားပေးပါ။

၂။ တို့ဟူး ရေစစ်ပြီလျှင် အလယ်မှ ဓားဖြင့် ထက်ခြမ်းခြမ်းပါ။ ပြီမှ အရှည်လိုက် ၄ပိုင်းပိုင်းပြီ အလျားလိုက် ၄ပိုင်ပိုင်းကာ အတုံးလေးများ တုံးပေးပါ။



ချက်ပြုတ်နည်း
၁။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ပြီ ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ဂျင်း ဆီသပ်ပေးပါ။
၂။ ပြီမှ black beans နှင့် စီချွမ့်ငရုတ်ကောင်း တို့ကို ထည့်ရောမွှေလိုက်ပါ။
၃။ ထို့နောက် နှုတ်နှုတ်စဉ်းထားသော ၀က်သား၊ ကြက်ပြုတ်ရည်(သို့)ရေ(ခွက် ၄ပုံ၃ပုံ) ထည့်ပြီ ၂မိနစ်ခန့် တည်ထားပါ။
၎။ ပြီလျှင် chilli bean paste၊ ပဲငံပြာရည်၊ တို့ဟူး၊ သကြား၊ အချိုမှုန့် တို့ကိုထည့်ကာ ပွက်ပွက်ဆူဆူအောင် မီးပြင်းပြင်းနဲ့ တည်ထားပါ။

၅။ ပွက်ပွက်ဆူလာလျှင် မီးအသင့်တင့်ပြန်ထားပြီ အပေါ်မှ နှမ်းဆီ၊ ကြက်သွန်မြိတ်များဖြူးပေးပါ။

၆။ ပြီမှ အပေါ်မှ ကော်ရည်များကို ထည့်ပြီ ဇွန်းဖြင့် တို့ဟူးများကို မပဲ့သွားအောင် ဖြည်းဖြည်း ရောမွှေပြီ မီးပိတ်လိုက်ပါ။
ရ။ အရသာရှိသော စီချွမ့်စတိုင် ၀က်သား တို့ဟူးအစပ်ဟင်းလေးကို ထမင်းပူပူလေးနှင့် သုံးဆောင်နိုင်ပါပြီ…

No comments:
Post a Comment