သူသိချင်တဲ့ မေးခွန်းတွေအတွက် အဖြေကိုပေးနိုင်တဲ့သူကို
လိုက်ရှာနေတဲ့ လူငယ်လေးတစ်ယောက်ဟာ တစ်ရက်မှာတော့
သိပ္ပံပညာရှင်တစ်ယောက်နဲ့ တွေ့ ဆုံပြီး သူ့ မေးခွန်းတွေမေးမြန်းဖြစ်ခဲ့တယ်။
" ၁။ ဘုရားသခင်ကအမှန်တစ်ကယ်ရှိလား။
ရှိတယ်ဆို သူ့ ကိုအပြင်မှာလက်တွေ့ ပြနိုင်မလား။
၂။ ကံ ဆိုတာဘာလဲ။
၃။ ငရဲမင်းကအမြဲ ငရဲပြည်မှာပဲ ဘာလို့ နေ နေတာလဲ။
အပြစ်သားတွေပဲ ဒဏ်ပေးနေပြီး သူကကောမနာကျင်တတ်ဘူးလား။
ဘုရားသခင်ကကော ဒီအကြောင်းတွေ မတွေးဘူးလား။ "
ရုတ်တရက် သိပ္ပံပညာရှင်က လူငယ်လေးကို ပါးရိုက်လိုက်တယ်။
လူငယ်လေးကတော့ နားမလည်နိုင်ဖြစ်ပြီး ထိုသူကို " ဘာလို့ ရိုက်တာလဲ "
ဟုပြန်မေးတယ်။
" လူငယ် - မင်းဘာလို့ ငါ့ကိုပါးရိုက်တာလဲ။
သိပ္ပံပညာရှင် - ငါရိုက်လိုက်တာ မင်းရဲ့မေးခွန်းတွေကိုဖြေမလို့ ပဲ။
ငါရိုက်လိုက်တာ ဘယ်လိုခံစားရလဲ။
လူငယ် - တော်တော် နာတယ်။
သိပ္ပံပညာရှင် - နာမှာပေါ့နာအောင်ရိုက်တာပဲ။
ဒီနာတယ်ဆိုတဲ့ ခံစားချက်အပြင်မှာရှိတာမင်းယုံလား။
လူငယ် - ယုံတယ်။
သိပ္ပံပညာရှင် - ဒါဆို အဲ့ဒီ့နာတယ်ဆိုတဲ့ခံစားချက်ငါ့ကို အပြင်မှာ အကောင်အထည်အနေနဲ့ ပြနိုင်လား။
လူငယ် - မပြနိုင်ဘူး။
သိပ္ပံပညာရှင် - ဒါမင်းရဲ့ ပထမမေးခွန်းအတွက်အဖြေပဲ။
မနေ့ ညကမင်းအိပ်မက်ထဲမှာ မင်းပါးကိုငါရိုက်တယ်လို့  အိပ်မက် မက်လား။
လူငယ် - မ မက်ပါဘူး။
သိပ္ပံပညာရှင် - ဒါဆို အခုမင်းအရိုက်ခံရတာ ကံတရားပဲ။
မင်းကိုရိုက်တဲ့ ငါ့လက်နဲ့  မင်းမျက်နှာမှာဘာက ကာကွယ်ထားလဲ။
လူငယ် - အရေပြား။
သိပ္ပံပညာရှင် - နာကျင်မှုကို အရေပြားကခံစားနိုင်လား။
လူငယ် - အရမ်းခံစားနိုင်တာပေါ့။
သိပ္ပံပညာရှင် - ဒါက မင်းနောက်ဆုံးမေးခွန်းအတွက်အဖြေပဲ။ "
ZK

No comments:
Post a Comment