Tuesday, August 5, 2014

Ebola Virus



Ebola Virus
 

လတ်တလော လူပြောများ နေတဲ့ အီဘိုင်လာ ဗိုင်းရပ်ပိုးက လွန်ခဲ့တဲ့ နှစ် ၁၉၇၆ တုန်းကလည်း ပြန့်နှံ့ ဖူးပါတယ်။ အဲဒီအချိ န်တုန်းကတော့ ခုလို internet တွေ မရှိသေးတော့ သိတဲ့သူနည်းတယ်။ နာဇာ၊ ဆူဒန် နဲ့ ကွန်ဂိုနိုင်ငံ ရန်ကူဘူ မြို့မှာ ဖြစ်ဖူးတာပါ။ ရန်ကူဘူ မြို့က အီဘိုင်လာ မြစ်နားမှာ ရှိပြီး မြစ်နာမည်ကို အစွဲပြုပြီး ခေါ်ပုံရပါတယ်။ အီဘိုင်လာ အကြောင်းသိပြီးပြီ ဆိုတော့ ကူးစက်ပုံတွေ ကာကွယ်ရမယ့် နည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
ကူးစက်ပုံ
အီဘိုလာဗိုင်းရပ်စ်ပိုးက ချွဲ၊ သလိပ်၊ နှပ်၊ နှာရည်၊ သုက်၊ တွံတွေး၊ သွားရည်၊ ချွေး၊ အန်ဖတ်၊ မစင် (သို့မဟုတ်) သွေးမှတစ်ဆင့် ကူးစက်တာပါ။ ရောဂါ သက်သာလာပြီးတာတောင် ၎င်းတို့၏ သုက်ပိုးမှတစ်ဆင့် ပြန်ကောင်းပြီး သီတင်းခုနစ်ပတ်အထိ အခြားလူတစ်ဦးသို့ ကူးစက်နိုင်သေးတယ်လို့ WHO က သတိပေးထားပါတယ်။ အီဘိုင်လာ ဗိုင်းရပ်ကြောင့် သေဆုံးသွားတဲ့ အလောင်းကိုတောင်မှ သေသေချာချာ လုံလုံခြုံခြုံ ထုပ်ပိုး ပြီးမှ မြေမြှုပ်၊ မီးသဂြိုလ် ပါလို့လဲ ထပ်လောင်းပြောကြားခဲ့တာကြောင့် ကူးစက်နှုန်းမြင့်မားလွန်းပါတယ်။

တွေရသော လက္ခဏာများ
အဖျားတက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အဆစ်အမြစ်၊ ကြွက်သားများ ကိုက်ခဲနာကျင်ခြင်း၊ အားနည်းခြင်း၊ ၀မ်းလျှောခြင်း၊ အော့အန် ခြင်း၊ ဗိုက်နာခြင်း၊ အစာစားချင် စိတ်မရှိခြင်းနှင့် တစ်ခါတစ်ရံတွင် သွေးထွက်ခြင်းတို့ ပါဝင်ပါတယ် ။ရောဂါကူးစက်ခံထားရသူ၏ ကိုယ်ခန္ဓာမှထွက်သော အရည်များနှင့် တိုက်ရိုက်ထိတွေ့မိခြင်း (သို့မဟုတ်) ရောဂါကူးစက်ခံရသူအတွက် အသုံးပြုထားသည့် ဆေးထိုးအပ်များကဲ့သို့သော ပစ္စည်းများနှင့် ထိတွေ့မိခြင်းတို့ကြောင့် အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရနိုင်တယ်လို့ CDC ဒုတိယညွှန်ကြားရေးမှူး စတီဖန်မွန်ရိုးက ပြောသည်။
အီဘိုလာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံထားရပြီး ရောဂါလက္ခဏာ မပြမီ အခြားသူတစ်ဦးထံ ရောဂါကူးစက်ခြင်း မရှိကြောင်း သိရသည်။
၂ ရက်ကနေ ၂၁ အတွင်း ရောဂါလက္ခဏာ ပြတယ်။

တိကျတဲ့ ကုထုံးတွေ၊ ကာကွယ်ဆေး တွေတော့ မရှိသေးပါဘူး။
သိပ္ပံ ပညာရှင်တွေကတော့ သောင်းကျန်းသူတွေ အဆိုပါ ဗိုင်းရပ်ပိုးကို ဇီဝလက်နက် အနေနဲ့ အသုံးပြုမှာ စိုးရိမ်နေကြပါတယ်။

No comments:

Post a Comment