ဝက်သား နှင့် ပဲကြာဇံ ဟင်းလျာ
Credit to http://www.wutyeefoodhouse.com
Ants Climbing Up a Tree လို့ နံမည်တွင်တဲ့ ၀က်သား နှင့် ပဲကြာဇံဟင်းလျာပါ။ ဒီဟင်းလျာကို ဘာလို့ Ants Climbing Up at Tree လို့ ခေါ်ဆိုရသလဲဆိုရင် ၀က်သားတွေကို ပဲကြာဇံပေါ်မှာ တက်နေသယောင် ထင်ရတာမို့ တင်စားပြီ ပုရောစိတ်လေးတွေက သစ်ပင်ပေါ်တက်နေတဲ့ ဟင်းလျာလို့ ခေါ်တွင်တာပါ။ နံမည်ဆန်းသလို ဟင်းလျာကလည်း ချိုချိုစပ်စပ်လေးနဲ့ အရမ်းကောင်းပါတယ်။ ခုပဲ လုပ်စားရအောင်…
ပါဝင်ပစ္စည်းများ
- ပဲကြာဇံ – ၁၅၀ ဂရမ်
- ၀က်သား – ၂၀၀ ဂရမ် (နှုတ်နှုတ်စဉ်းပါ)
- ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
- ငရုတ်သီးပွပု – ၂ခု (အစေ့ထုတ်ပြီ ထောင်းထားပါ)
- နှမ်းဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
- တရုတ် ပဲအမဲအနှစ်[Chinese black bean paste] – လက်ဖက်ရည်ဇွန်း ၁ဇွန်း
- ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၂ဇွန်း
- သကြား – လက်ဖက်ရည်ဇွန်း တ၀က်
- တရုတ် ဆန်ဝိုင် – စားပွဲတင်ဇွန်း ၁ဇွန်း
- ကြက်သွန်မြိတ် – စားပွဲတင်ဇွန်း ၂ဇွန်းစာ (ပါးပါးလှီးပါ)
- ရေ – ခွက်ဝက်
- ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ

ချက်ပြုတ်နည်း
၁။ အရင်ဆုံး ပဲကြာဇံကို ရေနွေးဖြင့် ၁၀မိနစ်ခန့် စိမ်ထားပေးပါ။ ပြီမှ ကတ်ကြေးဖြင့် ပဲကြာဇံကို တ၀က်ဖြတ်ပေးပါ။
၂။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့် ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ငရုတ်သီး၊ တရုတ် ပဲအမဲနှစ် ထည့် ဆီသပ်ပေးပါ။

၃။ ပြီနောက် ၀က်သား ထည့်ကာ အရောင်ရသည်အထိ ၂မိနစ်ခန့် ရောမွှေပေးပါ။
၎။ ထို့နောက် ရေထည့်၊ ပဲငံပြာရည်၊ သကြား၊ ကြက်သားမှုန့်၊ ဆန်ဝိုင် ထည့်ကာ ဆူအောင် တည်ပါ။
၅။ ဆူလာလျှင် ပဲကြာဇံ ထည့်ကာ မီးလျှော့ပြီ ရေခန့်သည်အထိ ရောမွှေပါ။
၆။ ရေခန်းသွားလျှင် နှမ်းဆီ၊ ကြက်သွန်မြိတ်များ ဖြူးပေးပါ။

ရ။ အရသာရှိသော ၀က်သား ပဲကြာဇံ ဟင်းလျာကို သုံးဆောင်နိုင်ပါပြီဈ.

No comments:
Post a Comment