Wednesday, August 6, 2014

ခါးပတ်ပတ်ကြပါ

ခါးပတ်ပတ်ကြပါ

Youtube မှာလေ့လာကြည့်တာတော့ Airbag ပွင့်မပွင့် ဆုံးဖြတ်ပေးတာက ဒီလိုပါ။
ပုလင်းလို ပြွန်ကြီးရှိပါတယ်။ အဲ့ဒီအထဲမှာ ဘောလုံးလေးတလုံး ထည့်ပေးထားတယ်။
အဲ့ဒီဘောလုံးလေးဟာ ပြွန်ရဲ့ အလည်တည့်တည့်မှာပဲရှိနေတာပါ။ ကားချိုင့်ဆောင့်တာတို့ ဘရိတ်ဆောင့်အုပ်တာတို့ လုပ်ရင်တောင်မှပဲ အဲ့ဒီ ဘောလုံးလေးဟာ အနည်းငယ် ဘယ်ညာ ရွေ့ပါတယ်။ တကယ်လို့ ကားရဲ့ ရှေ့ ဖြစ်စေ နောက်ဖြစ်စေ ပြင်းထန်စွာတိုက်မိခဲ့ရင် အဲ့ဒီ အလယ်မှာရှိနေတဲ့ ဘောလုံးလေးဟာ ဘယ်ဘက် သို့မဟုတ် ညာဘက်ကို သွားပြီး ထိပါတယ်။ အဲ့ဒီမှာ Airbag ကိုဖွင့်ပေးပါတယ်။ (ပုံ ၂ တွင်ကြည့်ပါ)
Airbag ပွင့်ဖို့အတွက် အထဲမှာ Chemical Explosion ပြုလုပ်ပေးရပါတယ်။
ပေါက်ကွဲမှု့ဖြစ်ပြီးမှသာ ခေါက်ထားတဲ့ Airbag တွေကို ပေါက်ကွဲမှု့ အရှိန်နဲ့ ဖောင်းကားလာစေတာပါ။
Mercedes-Benz ရဲ့ စမ်းသက်ချက်များအရ Chemical Explosion ဖြစ်တဲ့အချိန်မှာ ပေါက်ကွဲမှု့ ပိုမိုပြင်းထန်သွားတဲ့အခါမှာဖြစ်စေ/ သက်တမ်း ၁၀ စုနှစ် ထက် ပိုကြာနေတဲ့ကားတွေမှာထည့်ထားတဲ့ Airbag တွေ ဆွေးနေတဲ့အခါမျိုးမှာ ဖြစ်စေ Airbag ဟာ ပြဲထွက်သွားပြီး ပေါက်ကွဲမှု့ဟာ စီးနင်းသူအထိ တိုက်ရိုက်ရောက်ရှိလာတာမျိုး ဖြစ်နိုင်ပါတယ်တဲ့။
(ပုံ 3 တွင်ကြည့်ပါ)
Airbag ကိုဖွင့်ပေးတာနဲ့ တပြိုင်နက် ခါးပတ်ကြိုးကပါ လူကို ရှေ့မယိုင်သွားအောင် Lock ချပေးပါတယ်။ ခါးပတ် မပတ်ထားလဲ ပွင့်ပါတယ်။ ခါးပတ် မပတ်ထားတဲ့အချိန် Airbag ပွင့်ရင် နံရိုးတွေကျိုးတတ်ပါတယ်။ ဖြစ်ပုံက ဒီလိုပါ။ Driver က Accident ဖြစ်တော့ ဘရိတ်နင်းပါတယ်။ Physics သဘောတရားအရ လူက ရှေ့ကို ယိုင်သွားပါတယ်။ အဲ့ဒီအချိန်မှာ Airbag က ပွင့်လာတော့ ကိုယ်ယိုင်သွားတဲ့အရှိန်ရယ် Airbag အရှိန်ရယ်ပေါင်းပြီး အရိုးတွေ ကျိုးကုန်ပါတယ်။ ခါးပတ်သာ ပတ်ထားမယ်ဆိုရင် ခါးပတ်က ကိုယ့်ကို ဆွဲထားမှာဖြစ်တဲ့တွက် Airbag က Dashboard နဲ့ မဆောင့်မိအောင်ပဲ ကာကွယ်မှာပါ။ စီးနင်းသူနဲ့ Airbag နဲ့ ထိတွေ့တဲ့ ဧရိယာ နဲသွားပါတယ်။ ကျွန်တော့ အိမ်နားက လူ တကယ် ဖြစ်ဖူးပါတယ်။ အဲ့တာကြောင့် ကားစီးရင် ခါးပတ် ပါတ်ပါ။ ခါးပတ်က Accident ဖြစ်တဲ့အချိန်မှာ ကားထဲမှာ လိမ့်မနေစေဖို့နဲ့ မှန်ကွဲသွားတဲ့အခါ အပြင်ကို ထွက်မကျစေဖို့ ထိန်းပေးထားတာပါ။ Airbag နဲ့ တွဲပြီးအလုပ်လုပ်ပါတယ်။
ကျွန်တော့သူငယ်ချင်းရဲ့ မိဘတွေ အမြန်လမ်းမှာ Accident ဖြစ်ပြီးသေဖူးပါတယ်။
ဒီအကြောင်းကိုလဲ တခါတင်ဖူးပါတယ်။ 4 နှစ်လောက်တောင်ရှိပြီခင်ဗျ။ Pajero နဲ့ တာယာကွဲပြီး မှောက်တယ်။
ကီလို ၁၀၀ နဲ့မှောက်တာပါ။ Driver က ခါးပတ်ပတ်ထားပါတယ်။ Airbag ထွက်ပါတယ်။ Driver ဘေးမှန်ကွဲပြီး အနည်းငယ်ပွန်းရှတာလောက်ပဲဖြစ်ပါတယ်။
သူတို့လင်မယားက နောက်ခန်းမှာထိုင်စီးလာတာပါ။ တစ်ယောက်က Sunroof ကနေ ထွက်ကျပါတယ်။ နောက်တစ်ယောက်က ဘေးတံခါးမှန်ကနေ ခါးတ၀က်ထွက်ပြီး တရွတ်တိုက်ဆွဲပါလာတာပါ။ အလောင်း၂လောင်းစလုံး ရုပ်တောင် မနည်းပြန်ဖော်ရတယ်။
Highway Police က ၁နာရီကျော်ကြာမှ ရောက်ပါတယ်။ ကျေးဇူးပြုပြီးတော့ ခါးပတ်ပတ်ပေးကြပါဗျာ။ ကိုယ့်အသက်ထက် ဘယ်ဟာမှ အရေးမကြီးပါဘူး။
ရုပ်ရှင်ကားထဲကလို လှတပတလေး တိုက်မှာမဟုတ်ပါဘူး။
ခါရမ်းပြီး လိမ့်သွားမှာပါ။ အဲ့ဒီအချိန်မှာသာ ခါးပတ်လို ကြိုးနဲ့ မဆွဲထားရင် ဆီးဖြူသီး ဇကောထဲ ထည့်လှိမ့်သလိုဖြစ်နေတာပါ။ မြန်မာနိုင်ငံက လူအများစု ခါးပတ်မပတ်ကြတာ ရှက်လို့ပါ။ သေချာပါတယ်။ တခြား အကြောင်းပြချက်က 20% လောက်ပဲ ပါ,ပါတယ်။ လိုအပ်လို့ တကမ္ဘာလုံးက လိုက်နာကျင့်သုံးနေကြတာပါ။ ခါးပတ် ပတ်ပြီး ၁ပါတ်လောက်ပဲ စီးကြည့်လိုက်ပါ။
ခါးပတ် မပတ်ရင် မလုံခြုံတာကို မသိစိတ်က လက်ခံလာပါလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် ခါးပတ်ပတ်ထားလို့ ငါ့ကို တခြားလူတွေ လှောင်မလားဆိုတဲ့ အတွေးလုံးဝမရှိစေရပါဘူး။ ခါးပတ် မပတ်တဲ့ တခြားလူတွေကိုလဲ ကိုယ့်အသက်ကို ကိုယ်တန်ဖိုးမထားရကောင်းလားဆိုပြီး မြင်လာပါလိမ့်မယ်။
ခါးပတ်မပတ်ထားရင်ကို တမျိုးကြီးလိုနေသလိုကို ခံစားရပါလိမ့်မယ်
လွန်ခဲ့တဲ့ နှစ်က SRS ရဲ့ နည်းပညာသစ် ကြော်ငြာတစ်ခုမှာ
တွေ့မိတာက Airbag ပွင့်ပေးဖို့ ဆုံးဖြတ်လိုက်သည့်တိုင်အောင် Speed /ခါးပတ် ပတ်ထားလား/ အလေးချိန်ကိုကြည့်ပြီး ထိုင်နေတာ ကလေးလား လူကြီးလား/ ခုံရှေ့ကို ဘယ်လောက်တိုးထားလဲ/ စတာတွေကို တွက်ချက်ပြီး အန္တရာယ်ပိုဖြစ်စေနိုင်မဲ့ အခြေအနေဖြစ်နေတဲ့ နေရာကို မပွင့်ပဲ ထားပါတယ်တဲ့။ ဒါပေမဲ့ ကျွန်တော်တို့စီးနေတဲ့ 2012 အောက် ကားတွေမှာတော့ ပါဦးမယ်မထင်ပါဘူး။
နောက်အရေးကြီးတဲ့အချက် တစ်ချက်ရှိပါသေးတယ်။ ခါးပတ်မီးမလင်းအောင် Angry Bird အရုပ်လေးတွေ မထိုးထားပါနဲ့။ ကျွန်တော် တွေ့ဖူးပါတယ်။ လမ်းဘေးမှာ သော့ဖြုတ်ပြီးရပ်ထားတဲ့ Honda Fit ကို TE ကားက မျက်နှာချင်းဆိုင်ဝင်တိုက်တာ Airbag တွေ ပွင့်ကုန်ပါတယ်။ သူက Angry Bird အရုပ်လေးတွေ ထိုးထားပါတယ်။ Airbag System က ခါးပတ်ခေါင်းထိုးထားတော့ လူရှိတယ်ဆိုပြီး Airbag တွေဖွင့်ပေးလိုက်တာဖြစ်ပါလိမ့်မယ်။
Owner Manual ထဲမှာ Airbag အပေါ်မှာ ဘာမှ မတင်ခိုင်းပါဘူး။
ဒီမှာတော့ ရေမွှေးဘူးတွေရော ဘုရားဆင်းတုတော်တွေရော တစ်ချို့ဆို Dashboard ကို ရှမွိုင်းပါ ထပ်ခင်းထားသေးတယ်။ Airbag ထွက်လို့ အခင်းကြီး ကွာထွက်လာပြီး မျက်နှာလာရိုက်ရင်တော့ မလိုအပ်တဲ့ ထိခိုက်မှု့တွေ ဖြစ်စေမှာပါ။
Credit - ဖိမ့်ဖိမ့်တုန်
MoeZac Auto ကနေကူးလာတာတာဗျ

No comments:

Post a Comment