Sunday, August 24, 2014

စိတ်တန်ခိုးလေ့ကျင့်နည်း

ဆရာ အံ့ဘွယ် - ရှူရှိုက်နည်းဖြင့် စိတ်တန်ခိုးလေ့ကျင့်နည်း။
======================================
ပရာနရာမကျင့်စဉ် -
တည်ငြိမ်စွာထိုင်နိုင်သောအနေအထားအတိုင်းထိုင်ပါ။ ပါးစပ်ကိုစေ့ထားရမည်။ ယာဘက်နှာခေါင်းပေါက်ကို ယာဘက်လက်ဖြင့်ပိတ်၍ ဝဲဘက်နှာခေါင်းပေါက်မှ ဝင်သက်ကိုဖြည့်ညှင်းစွာ ရှူသွင်းရမည်။ ရှူသွင်းလိုက်သော လေကိုအဆုတ်ထဲ၌ တစ်စက္ကန့် မျှရပ်ဆိုင်းမထားပဲ ဝဲဘက်နှာခေါင်းပေါက်ကို လက်ဖြင့်တစ်ဖန်ပိတ်၍ ယာဘက်နှာခေါင်းပေါက်မှ ထွက်သက်ကိုချက်ခြင်း ရှိုက်ထုတ်ပစ်ရမည်။
တစ်ဖန် ဝဲဘက်နှာခေါင်းပေါက်ကို ဝဲဘက်လက်ဖြင့်ပိတ်၍ ယာဘက်နှာခေါင်းပေါက်မှ ဝင်သက်ကို ညင်သာစွာ ရှူသွင်း၍ ထိုရှူသွင်းထားသောလေကို တစ်စက္ကန့် မျှ အဆုတ်တွင်း၌ ရပ်တန့် ဆိုင်းငံ့ထားခြင်းမပြုပဲ အမြန်ဆုံးနည်းဖြင့် ယာဘက်နှာခေါင်းပေါက်ကိုပိတ်လျက် ဝဲဘက်နှာခေါင်းပေါက်မှ ရှူသွင်းစဉ်က အဟုန်အတိုင်း ရှိုက်ထုတ်ခြင်းပြုရမည်။
တစ်နေ့ လေးကြိမ် (သို့ ) နှစ်ကြိမ် - တစ်ကြိမ်လျှင် ဆယ့်ငါးမိနစ် (သို့ ) နာရီဝက်
ကျင့်စဉ် စကျင့်သည်နှင့် အချိန်မှန်ရမည်။ ညောင်းမပြင် မော မနားနှင့်။ ရှူရှိုက်ကျင့်စဉ် သူ့ အလိုလိုမြန်သွားမည်။ သူ့ သဘောအတိုင်းဖြစ်သည်။ အထူးတိတ်ဆိတ်ရန်မလို - ကျင့်စဉ်နှင့်အချိန်မှန်ရန်သာလိုသည်။
ဤကျင့်စဉ်ကို နှစ်လ တန်သည် သုံးလတန်သည် လေ့ကျင့်ပြီးသောအခါ ကိုယ်ခန္ဓာ၌ဖြစ်ပေါ်လာသော အကျိုးသက်ရောက်မှုများ အံ့သြဘွယ်ကောင်းလောက်အောင်ပြောင်းလဲသွားကြောင်း မျက်ဝါးထင်ထင်တွေ့ မြင်ရလိမ့်မည်။
ခန္ဓာကိုယ် အထူးပေါ့ ပါးသွက်လက်လာမည်။ အပျင်းခိုသော မှိုင်တွေ ငိုက်မြည်း လေးလံ ထိုင်းမှိုင်းသော လက္ခဏာများအားလုံး ကြက်ပျောက် ငှက်ပျောက် လွှင့်စင်သွားကြောင်း သိရမည်။ ထထကြွကြွရှိခြင်း ကျန်းမာရေးနှင့်ပြည့်စုံ၍ သန်စွမ်းခြင်း လျင်မြန်ဖျတ်လတ်ခြင်း စသော လက္ခဏာများ ခန္ဓာကိုယ်၌ ဖြစ်ပေါ်နေကြောင်း တွေ့ ရမည်။
ပျော်ရွှင်မှုကို အပြည့်အဝ ခံစားလာရသည်ကိုလည်းတွေ့ ရမည်။ ကိုယ်ခန္ဓာမှ နှစ်သက်ဘွယ်ရာသော အမွှေးရနံ့ များ မကြာခဏထွက်ပေါ်လာမည်။ အမှတ်မထင် ဗေဒင်ဟောကိန်းများကို တိကျစွာ ထုတ်နိုင်လာမည်။
ကိုယ်သားကိုယ်ရေသန့် ရှင်းစင်ကြယ်လာလိမ့်မည်။ စားသောက်မြိန်ယှက်လာမည်။ အသံသြဇာ သာယာ စူးရှထက် မြက်လာမည်။ အလွန်ရဲ ရင့်လာလိမ့်မည်။ အလွန်အကြူး စိတ်အားထက်သန်လာမည်။ ပင်ပန်းခြင်းများကို အတိုင်းမသိခံနိုင်လာလိမ့်မည်။ ဤကျင့်စဉ်ကို မပျက်မကွက်ဆက်လက် ကျင့်ဆောင်သွားပါက လောကအသက်မွေးရာ၌ ဆင်းရဲဒုက္ခ ကံကြမ္မာများနှင့် မတွေ့ နိုင်ပေ။
သံလိုက်ဓါတ်လွန်စွာကြီးမား၍ သင်ပြောသမျှ ဆိုသမျှအားလုံး အောင်မြင်လာလိမ့်မည်။ ရောဂါဘယများမှ လွတ်ကင်းလိမ့်မည်။ ဤကျင့်စဉ်သည် စိတ်အား ခွန်အားသတ္တိကို အတိုင်းမသိတိုးပွားစေတတ်သည်။
ဆရာ အံ့ဘွယ် - ရှူရှိုက်နည်းဖြင့် စိတ်တန်ခိုးလေ့ကျင့်နည်း -
အသက် ၁၃ နှစ်အရွယ် စတင်သိခဲ့ရပြီး ရှစ်တန်းကျောင်းသား အသက် ၁၄ နှစ်အရွယ်၌ နံက် နာရီဝက် ညနာရီဝက် အချိန်မှန် ပုံမှန် တစ်လလေ့ကျင့်ခဲ့ဘူးသည်။ ဆက်တိုက်ကျင့်ဆောင်သွားရမည်ကို ထိုအချိန်ကမသိခဲ့ ။
တစ်လကျင့်ရုံနှင့်ပင် ဖေါ်ပြခဲ့သော အကျိုးကျေးဇူးအချို့ ကို ခံစားခဲ့ ရပါသည်။ ခန္ဓာကိုယ်မှ ထူးခြားသော အမွှေးရနံ့ များ အလိုလိုပေါ်ထွက်ခြင်း မပင်မပန်းခြင်း စိတ်တည်ငြိမ်ခြင်း အရာရာကို ကြိုတင်သိမြင်ခြင်း နှင့် အားကစားလုပ်တိုင်း သူတကာထက်သာလွန်ခြင်း အသံ အလွန်အောင်ခြင်း စသည်များ။ ပျင်းရိခြင်းမရှိ ငိုက်မြည်းတွေဝေခြင်းမရှိ အရာရာကို မှန်ကန်စွာဆုံးဖြတ်နိုင်ခဲ့သည်။
တစ်လ သာကျင့်ခဲ့ သော်လည်း အကျိုးသက်ရောက်မှု နှစ်နှစ်တိုင်အောင်တည်ခဲ့ပါသည်။ ဘဝမှာပထမဆုံးကျင့်ခဲ့ဖူးသောကျင့်စဉ်ဖြစ်ပြီး အကျိုးထူးအမှန်တကယ်ခံစားရသောကျင့်စဉ်ဖြစ်သဖြင့် ကျင့်ကြံအားထုတ်လိုသူများကျင့်နိုင်စေရန် တင်ပြပေးလိုက်ပါသည်။
ကျင့်ပြီဆိုလျှင် ဆက်တိုက်မပျက်မကွက် နေ့ စဉ်ကျင့်နိုင်ကြပါစေ။ သို့ မှသာ ထူးခြားသော အကျိုးအာနိသင် မပျောက်မပျက်ခံစားရမည်။
အသံအောင်ခြင်း - တရားမဟောမီ စာပေဟောပြောပွဲ မစမီ မိန့် ခွန်းမပြောကြားမီ သီချင်းမဆိုမီ တစ်နာရီခန့်  ကြိုတင် ဆယ်မိနစ် ဆယ့်ငါးမိနစ် လေ့ကျင့်ပြီး ပြောဟော ဆိုကြည့်ပါ။
ထိုနည်းတူ အားကစားမောင်မယ်များ လေ့ကျင့်ကြည့်ပါ ယခင်ကနှင့် ဘာမှ မဆိုင်သလို ထူးခြားသွားလိမ့်မည်။
Credit: ၁၀. စာအုပ်စင်ပြတိုက်

No comments:

Post a Comment