Sunday, August 31, 2014

စိတ်ဆိုးစိတ်ဆတ်ခြင်းများ

ဆယ့်နှစ်ရာသီခွင်ပိုင်ရှင်တို့၏ စိတ်ဆိုးစိတ်ဆတ်ခြင်းများအကြောင်း
==============================================
Aries March 21- April 20
ဒီကာလအတွင်း မွေးဖွားတဲ့သူတွေက စိတ်အရမ်းဆတ်သူတွေဖြစ်ပါတယ်။ သူတို့အပေါ် တခြားလူတွေရဲ့ စည်းကမ်းမရှိတဲ့၊ မမှန်မကန်လုပ်တာလောက် မုန်းတာမရှိပါဘူး။ သူတပါးက စိန်ခေါ်တယ်ဆိုရင် ကြောက်စိတ်အလျဉ်းကင်းပြီး ရင်ဆိုင်တတ်ကြပါတယ် ။ စိတ်ကို ချက်ချင်းထိန်းချုပ်ပေးမယ့်အရာ သို့မဟုတ် အခြားလူဘေးနားမှာ မရှိဘူးဆိုရင် မည်မျှပင်ရင်းနှီးသူဖြစ်ပါစေ မည်သည့်မျက်နှာမှမထောက်ဘဲ ပြတ်သားစွာဖြေရှင်းတတ်ကြပါတယ်။ဒါပေမယ့်သေချာတာတစ်ခုကတော့ Aries မှာမွေးတဲ့သူတွေကို စိတ်ငြိမ်သွားအောင် ပြန်လုပ်ပေးဖို့ လွယ်ကူပါတယ်။ အဲဒါကြောင့် ဒီရက်တွင်းမှာ မွေးဖို့လူတွေဟာ သူတစ်ပါးကို လွယ်လွယ်ကူကူခွင့်လွှတ်ပေးတတ်တဲ့သူတွေပဲဖြစ်ပါတယ်။
Taurus April 21- May 20
ခံစားချက်တွေကို ထိန်းချုပ်တတ်ပြီး ပုံမှန်အားဖြင့် သူတို့ကတော့ တည်တည်ငြိမ်ငြိမ်ပဲ နေတတ်ကြပါတယ်။ အဲဒါကြောင့် သူတို့ စိတ်ဆိုးတယ်မဆိုးဘူးဆိုတာကို ခန့်မှန်းဖို့ ခက်တတ်ပါတယ်။ ဒါပေမယ့် ဒီတည်ငြိမ်မှုကို မထိန်းထားနိုင်တော့ဘူးဆိုရင်တော့ ဘယ်လိုပြန်တုံ့ပြန်ရမှန်းမသိအောင်ပဲ ကျွဲရိုင်းကြီးတွေလိုပဲ ကြောက်စရာကောင်းပါတယ်။ ဘယ်အချိန်တွေမှာ စိတ်ဆိုးလဲဆိုရင်တော့ သူမဟုတ်တဲ့နေရာမှာ စွပ်စွဲတာမျိုးဆို မခံမရပ်နိုင်ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ အတိတ်မှာ မှားခဲ့တဲ့ဖြစ်ရပ်တစ်ခုခုကို တစ်ယောက်ယောက်က သူ့ကို ပြန်စွပေးတယ်ဆိုရင် ခံနိုင်ရည်မရှိပါဘူး။ အဲဒါကြောင့် သူတို့ရဲ့အားနည်းချက်တွေကို သတိထားပြီး ဆက်ဆံဖို့လိုတဲ့သူတွေပဲ ဖြစ်ပါတယ်။
Gemini May 21- June 29
ပုံမှန်အားဖြင့် ပျော်ပျော်ပဲနေတတ်ပြီး ဖော်ရွယ်တဲ့အကျင့်ရှိသူများ ဖြစ်တဲ့အတွက် စိတ်ဆိုးတယ်ဆိုရင် သူတို့အမူအရာကို ကြည့်ပြီးတော့ လွယ်လွယ်ကူကူသိနိုင်ပါတယ်။ ဒေါသထွက်လာပြီဆိုရင်တော့ အကြောင်းပြချက်တွေကို နားမထောင်တော့ပဲနဲ့ အော်ဟစ်သောင်းကျန်းတာမျိုး လုပ်တတ်ကြပါတယ်။ ကိုယ်တိုင် အားရပါးရ ပြောဆိုကြိမ်းမောင်းနိုင်မှ ကျေနပ်တဲ့အကျင့်ရှိတဲ့သူတွေ ဖြစ်ပါတယ်။
Cancer June 21- July 21
ချစ်စရာကောင်းပြီး ဂရုစိုက်ကြင်နာတတ်တဲ့သူတွေ ဖြစ်သောကြောင့် စိတ်မကောင်းစရာဖြစ်ရပ်မျိုးဆို သူတို့ မနှစ်သက်ပါဘူး။ သည်းခံစိတ်အပြည့်ရှိပြီးတော့ စိတ်ဆိုးဒေါသဖြစ်တာမျိုး မရှိသလောက်ပါပဲ။ တစ်စုံတစ်ယောက်က စိတ်ဆိုးဒေါသထွက်အောင် တမင်တကာကြံရွယ်ပြီးလုပ်တယ်ဆိုရင်တောင် တိတ်တဆိတ်ရှောင်ထွက်သွားတတ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ စိတ်မဆိုးတတ်ဘူးဆိုတဲ့အဓိပ္ပာယ်မဟုတ်ပါဘူး။ စိတ်ဆိုးပြီဆိုရင် ချွေးပြန်ပြီး နှုတ်မှ စကားလုံးတွေလုံးထွေးသွားရင်း တုန်ပြီး ဖြစ်ချင်ရာဖြစ်ဆိုပြီး စိတ်လိုက်မာန်ပါလုပ်တတ်ကြပါတယ်။ မျက်ရည်ကျလွယ်ပြီးတော့ တစ်ဖက်လူက သူ့ရဲ့ရိုးသားမှုတွေကို ကြည့်ပြီးတော့ ချက်ချင်းတောင်းပန်ဖို့ ကြိုးစားတတ်ကြပါတယ်။
Leo July 22- August 21
စိတ်ခံစားမှုတစ်ခုလုံးကို ထိန်းချုပ်နိုင်တဲ့သူတွေပဲဖြစ်ပါတယ်။ ဒါပေမယ့် ဘေးနားမှာရှိတဲ့သူတွေကတော့ အေးစက်ပြီး ဂရုစိုက်တတ်တဲ့အကျင့်မရှိတဲ့သူလို့ပဲ ထင်ကြပါတယ်။ ပွဲတတ်တာမျိုးကို ဝါသနာမပါတဲ့သူဖြစ်ပေမယ့် စိန်ခေါ်တဲ့ကိစ္စရပ်တွေဆို စိတ်ဝင်စားပါတယ်။ ဒေါသထွက်လာပြီဆိုရင် သူတပါး ဂုဏ်သိက္ခာကျတဲ့အထိ ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုတတ်ကြပါတယ်။ အဲဒါကြောင့် သူနဲ့ရန်ဖြစ်ထားတဲ့သူတွေနဲ့ တသက်လုံး ရန်ငြိုးရှိတတ်ပါတယ်။
Virgo August 22- September 21
အများအားဖြင့်တော့ သိမ်မွေ့ပြီး ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်တဲ့သူတွေပဲဖြစ်ပါတယ်။ ဒါပေမယ့်သူတို့ကို ဒေါသထွက်အောင်လုပ်တဲ့သူတွေကိုတော့ ကြမ်းတမ်းတဲ့အပြုအမူတွေနဲ့ ပြန်တုံ့ပြန်တတ်ကြပါတယ်။ အော်ငေါက်ဆဲဆိုပြီးတော့ ကိုယ့်ဘေးမှာရှိတဲ့ ပစ္စည်းနဲ့ကောက်ပေါက်တတ်တဲ့ အကျင့်လည်းရှိပါတယ်။ စားပွဲခုံ၊ နံရံတွေထိုးလိုက်လို့ ကိုယ့်လက်ကို နာကြင်အောင် လုပ်တတ်ကြပါတယ်။ အဲဒါကြောင့် စကားနိုင်လုပြီးရန်ဖြစ်တဲ့နေရာတွေမှာ မနေမိဖို့ သတိထားရပါမယ်။ ပြီးတော့ တခြားလူတွေရဲ့နှစ်သိမ့်ပေးတာကို ဂရုမစိုက်ပဲနဲ့ သူတို့ရဲ့ အယူအဆကို လေးစားတဲ့အကျင့်လည်း ရှိတတ်ကြပါတယ်။
Libra September 22 – October 22
ဆယ့်နှစ်ရာသီခွင်များထဲမှာမှ ချစ်စရာအကောင်းဆုံးသူများဆိုပြီးတော့ သတ်မှတ်ခြင်းခံရတဲ့သူတွေလည်း ဖြစ်ပါတယ်။ ဘေးနားမှာရှိတဲ့လူအနည်းစုကပဲ သူတို့ဒေါသထွက် စိတ်ဆိုးတာမျိုးကို မြင်ဖူးကြပါတယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်တဲ့အကျင့်လည်းရှိကြတယ်။ ဒါပေမယ့် ထွက်ခဲတဲ့ဒေါသမီးတောက်လာပြီ ဆိုရင်တော့ အခြားရာသီခွင်တွေထက် ပိုပြီးဆိုးဆိုးရွားရွားဖြစ်တတ်ပါတယ်။
Scorpio October 23 – November 21
တည်ငြိမ်တဲ့အကျင့်စရိုက်တော့ ရှိပေမယ့် တခါတလေ လူမဆန်တဲ့လုပ်ရပ်တွေကြောင့် ဂုဏ်သိက္ခာကျဆင်းသွားနိုင်ပါတယ်။ တချို့လူတွေက ဒေါသထွက်လွယ်တဲ့သူပဲလို့ သတ်မှတ်ကြပေမယ့် ကိုယ့်ကို ပျော်သွားအောင်လုပ်ပေးနိုင်တဲ့သူအနားမှာတော့ ဒေါသမထွက်ဖူးကြပါဘူး။ သူငယ်ချင်းဆိုရင်လည်း ရွေးချယ်ခင်တတ်ပြီး သူတို့အပေါ်မှာဆို အနစ်နာခံတတ်တဲ့စိတ်ဓါတ်အပြည့်ရှိပါတယ်။ သူ့နှုတ်ကထွက်လိုက်တဲ့စကားလုံးတွေဟာ အေးစက်ပြီးအဆိပ်တွေနဲ့ပြည့်နေတတ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့စိတ်ဆိုးပြီး ဒေါသထွက်တဲ့အချိန်တွေကို ပြန်တွေးပြီးတော့ သီးမခံတတ်တဲ့အားနည်းချက်တွေကြောင့် သူတို့ကိုသူတို့ ခွင့်မလွှတ်နိုင်ဖြစ်တတ်ကြပါတယ်။
Sagittarius November 22 – December 20
ဒီရာသီခွင်မှာ မွေးတဲ့သူတွေကတော့ ခံစားချက်ကို အပြည့်အဝမထိန်းချုပ်နိုင်ပဲ ခံစားလွယ်တဲ့အကျင့်ရှိကြပါတယ်။ စိတ်ဆိုးလွယ်တဲ့အတွက် မထင်မှတ်ထားတဲ့ဒေါသကြောင့် ဘေးနားကလူတွေ အံ့သြသွားစေနိုင်ပါတယ်။ တခြားလူရဲ့ ချော့မေ့ပြီးပြောဆိုတာကို စောင့်ရင်းနဲ့ ဒေါသကို မြိုသိပ်ထားပြီး နှုတ်ဆိတ်နေတတ်ကြပါတယ်။ ရန်ဖြစ်တယ်ဆိုရင်တောင် အခြားသူကိုပဲ အပြစ်ပုံချပြောတတ်ကြပါတယ်။ ပြီးတော့ ဘယ်တော့မှ အရင်အလျော့မပေးတတ်ကြပါဘူး။
Capricorn December 21 – January 19
လက်တွေ့ဆန်ပြီး နည်းစနစ်ကျကျနေတဲ့သူတွေမို့လို့ သူတို့ဟာ ခံစားလွယ်တဲ့သူတွေဖြစ်သလို အရှိကိုအရှိတိုင်း ခံစားချက်ရှိတဲ့သူတွေပဲဖြစ်ပါတယ်။ အပြင်ပိုင်းမှာ မာတဲ့ပုံပေါ်နေပေမယ့် သူတို့ခံစားလွယ်တဲ့အကျင့်ကို အခြားသူတွေမမြင်နိုင်အောင် ဖုံးကွယ်ထားတာပဲဖြစ်ပါတယ်။ တစ်ချို့ကိစ္စတွေကို စိတ်ဆိုးစိတ်တိုနေပေမယ့် စိတ်ကိုလွှတ်ပြီး ဒေါသကိုထိန်းထားတတ်ကြပါတယ်။ ဒါပေမယ့် မထိန်းသိမ်းနိုင်တော့ဘူးဆိုရင်တော့ အခြားသူတွေ အလန့်တကြားဖြစ်အောင် လုပ်တတ်ပြီး လူတစ်ဦးတစ်ယောက်ကိုပဲ ဒေါသမထွက်ပဲ အနီးအနားမှာရှိတဲ့သူတွေအားလုံး မလုံမလဲဖြစ်တဲ့အထိ စွပ်စွဲပြောဆိုတတ်တဲ့အကျင့်ရှိပါတယ်။
Aquarius January 20 – February 18
သူတို့တွေကတော့ စိတ်ခံစားချက်လွှတ်လိုက်တာမျိုးကို မနှစ်သက်ပဲ ကြင်နာတတ်ပြီး စိတ်ထားမြင့်မြတ်တဲ့သူတွေဖြစ်ပါတယ်။ ဒေါသထွက်ခဲပါတယ်။ လူမူဆက်ဆံရေးမှာ ကိုယ့်ခံယူချက်နဲ့ အကျင့်စရိုက်တွေ ကောင်းမွန်အောင် ကြိုးစားတဲ့သူတွေလည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့နဲ့ နားလည်မှုလွဲတာမျိုးဖြစ်ရင်တော့ ဒေါသထွက်တတ်ကြပါတယ်။ စိတ်ဆိုးခဲ့တဲ့ဖြစ်ရပ်တွေကို လွယ်လွယ်မမေ့ပဲ အကြာကြီးစိတ်ထဲမှာ မျိုသိပ်ထားတတ်ကြပါတယ်။
Pisces February 19 – March 20
သူတို့တွေရဲ့ အကျင့်စရိတ် အံ့သြဖို့ကောင်းတဲ့အချက်ကတော့ စိတ်ဆိုးပြီးဆိုရင် ပိုပြီးစွဲဆောင်မှုကောင်းကြပါတယ်။ ခံစားတာလွယ်တဲ့အလျောက် သူများကိုလည်း အန္တရာယ်မပြုတတ်ကြပါဘူး။ ဒါပေမယ့် သူများက ထိခိုက်ဖို့ရည်ရွယ်လာပြီဆိုရင်တော့ အားလုံးပြောင်းပြန်ဖြစ်အောင် လုပ်တတ်ကြပါတယ်။ သူတို့က ခက်ထန်တဲ့အသုံးအနှုန်းတွေနဲ့ ပြောဆိုတတ်ပြီး ဘေးနားမှာရှိတဲ့လူသို့မဟုတ် ပစ္စည်းအားလုံးကို တုန်ခါသွားအောင် လုပ်ချင်တဲ့စိတ်မျိုးရှိကြပါတယ်။ ဒေါသဖြစ်တယ်ဆိုရင် ရှင်းပြတဲ့အသံကို နားမထောင်ချင်ပဲ တစ်ယောက်တည်းနေချင်တဲ့စိတ်ရှိကြပါတယ်။ ခဏတာစိတ်ဆိုးမှုတွေကို ပြန်တွေးပြီး ခွင့်လွှတ်နိုင်မယ့်နည်းလမ်းတွေကို ရှာဖွေတတ်ကြပါတယ်။ အဲဒါကြောင့် ဘယ်သူနဲ့မှ အကြာကြီးစိတ်မဆိုးတတ်ကြပါဘူး။
မြန်မာ့ရောင်စဉ်

သူငယ်ချင်း (၈)မျိုး

သူငယ်ချင်း (၈)မျိုး(ဘယ်လိုသူငယ်ချင်းမျိုး လဲ)
=================================
(၁) ဆရာနဲ့တူတဲ့ သူငယ်ချင်း
သူတို့က သင့်ကောင်းကွက်တွေ သင်ကိုယ်တိုင် သိမြင်နိုင်ဖို့ သင့်ကိုအမြဲကူညီအားပေးတယ်။ ဒီလို သူငယ်ချင်းမျိုးကို ဆရာအမျိုးအစားလို့ခေါ်တယ်။ သူတို့က သင့်ရဲ့ဆရာဖြစ်ချင်မှဖြစ်မယ်။ ဒါပေမဲ့ သူတို့မှာ အခြားဗဟုသုတ၊ အတွေ့အကြုံတွေနဲ့ ပြည့်စုံတယ်။ သင့်ရဲ့အလုပ်အကိုင်၊ မိသားစု၊ လူလူချင်း ပေါင်းသင်းဆက်ဆံရေးတွေမှာ သူတို့က သင့်ကို အကြံဉာဏ်တွေပေးနိုင်တယ်။ လူ့ဘဝမှာ ဒီလိုသူငယ်ချင်းမျိုးက သင့်စိတ်ကို ထောက်ကူပေးတဲ့သူဖြစ်တယ်။ သူတို့ဟာ သင့်အနားမှာ အမြဲရှိနေပြီး သင်အတုယူထိုက်သူလည်းဖြစ်တယ်။
(၂) ဖေးမကူညီတဲ့သူငယ်ချင်း
သင့်ကို ဆုံးမလမ်းညွှန်ပြီး လူတွေရှေ့မှာ သင့်ကိုချီးမွမ်းစကားပြောတဲ့ သူငယ်ချင်း... ဒီလိုသူငယ်ချင်းမျိုးက "နင့် ငါ့ကိုကူ၊ ငါ နင့်ကိုကူ"ဆိုတဲ့ အချင်းချင်းကူညီအားပေးတဲ့သူဖြစ် တယ်။ ဘဝရှင်သန်ကြီးပြင်းရာ လမ်းတစ်လျှောက်မှာ သူငယ်ချင်းရဲ့ ဖေးမကူညီမှု၊ ချီးကျူးမှုတွေက အဖိုးတန်လွန်းတယ်။ ဆင်းရဲဒုက္ခ၊ အခက်အခဲတွေနဲ့ သင်ရင်ဆိုင်ရချိန် ဒီလိုသူငယ်ချင်းမျိုးက သင့်အခက်အခဲတွေကို ကူညီမျှဝေဖြေရှင်းပေးတယ်။ သင့်ရင်ထဲက ဖိအားကို လျော့ချပေးတယ်။ သူတို့ရဲ့ယုံကြည်မှုက သင့်အတွက် စိတ်ဓာတ်အားဆေးဖြစ်တယ်။
(၃) စိတ်တူကိုယ်တူတဲ့သူငယ်ချင်း
သင်နဲ့ ဝါသနာတူသူက သင်နဲ့ပေါင်းဖက်ဖို့ အသင့်တော်ဆုံး သူငယ်ချင်းဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးနဲ့ အတူနေချိန် သင့်စိတ်က သူတို့စိတ်နဲ့ အာရုံခံစားမှုချင်းတူတယ်။ ဒါကို "နားလည်မှု"လို့ခေါ်တယ်။ သင့်ပြောတဲ့စကား၊ သင့်တွေးတဲ့အတွေးတွေက သူတို့အတွေးတွေနဲ့ ထပ်တူနီးနီးကျတယ်။ စိတ်ချင်းကူညီအားပေးတဲ့ ခံစားမှုမျိုးကိုရတယ်။ ဒီလိုသူငယ်ချင်းမျိုးက သင့်ကိုယ်သင် အသိအမှတ်ပြုလာအောင် ကူညီပေးသလို သင့်ဝါသနာ၊ သင့်ရည်မှန်းချက်၊ သင့်အကြိုက်တွေကို သူတို့နဲ့အတူ မျှဝေခံစားနိုင်တယ်။ ဒီလို မျှဝေခံစားမှုမျိုးက သင့်စိတ်ကို လုံခြုံစေတယ်။ မိမိကိုယ့်ကို ယုံကြည်မှုရှိစေတယ်။ စိတ်ကူးကို အလွယ်တကူ အကောင်အထည်ပေါ်စေတယ်။ သင့်ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ရှင်သန်ကြီးပြင်းစေပါတယ်။
(၄) တံတားခင်းပေးတဲ့ သူငယ်ချင်း
ဒီလိုလူမျိုးက ကူညီတဲ့သူငယ်ချင်း အမျိုးအစားဖြစ်တယ်။ သင် အားရကျေနပ် ပျော်ရွှင်ချိန်မှာ သူတို့ရဲ့အရိပ်တွေက သင့်အနားမှာရှိမနေဘူး။ သင့် စိတ်ညစ်အားငယ် ကြေကွဲချိန်ကျမှ သင့်ရှေ့မှောက် ရောက်လာတတ်သူတွေဖြစ်တယ်။ သင်ယုံကြည်စိတ်ချရတဲ့ ကူညီမှုမျိုးကို သူတို့ပေးတယ်။ မျှော်လင့်ချက်နဲ့ အခွင့်အရေးကို သင်ပြန်မြင်ရဖို့ သူတို့စွမ်းဆောင်ပေးတယ်။ စိတ်ဓာတ်တွေ အရောင်တောက်အောင် သူတို့မပြတ်ကူညီပေးတတ်တယ်။
(၅) အားပေးဖော် သူငယ်ချင်း
ဒီလိုလူမျိုးက သင့်ကိုပေါ့ပါးလန်းဆန်းစေတဲ့ သူငယ်ချင်းဖြစ်တယ်။ တချို့သူငယ်ချင်းတွေက သင့်ကိုခင်မင်ရင်းနှီးပြီးတာနဲ့ သင့်ကို တခြားစိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးတယ်။ သင့်စိတ်တွေ မွန်းကြပ်တဲ့အခါ၊ စိတ်ညစ်တဲ့အခါ သူတို့က သင့်ရင်ဖွင့်သံကို ပထမဦးဆုံး နားထောင်ပေးသူတွေဖြစ်တယ်။ ဒီလို သူငယ်ချင်းမျိုးက သင့်အတွက် အကောင်းဆုံးနားထောင်သူဖြစ်တယ်။ သင့်စိတ်ကို ဖြေလျော့စေတယ်။ သူတို့နဲ့ပေါင်းသင်းရတာ သင့်ကို ဘာစိတ်ဖိအားမှ မရှိစေတဲ့အပြင် သင့်ရင်ထဲက မွန်းကြပ်နေတဲ့အရာတွေကို ထွက်ပေါက်ပေးစေတယ်။ သင့်ရဲ့ တည်ငြိမ်အေးချမ်းတဲ့စိတ်ကို အသစ်တစ်ဖန် မွေးဖွားစေပါတယ်။
(၆) အသိအမြင်တိုးပွားစေတဲ့ သူငယ်ချင်း
သင့်ကို ဆန်းသစ်တဲ့အမြင်၊ ဆန်းသစ်တဲ့အခွင့်အရေးတွေကို တွေ့မြင်စေတဲ့သူငယ်ချင်းဖြစ်တယ် ။ ဒီလိုသူငယ်ချင်းမျိုးလည်း ဘဝမှာ မရှိလို့မဖြစ်ပါဘူး။ သူတို့ဟာ သင့်ရဲ့ "ကမ္ဘာ့စာကြည့်တိုက်"ဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးက သင့်အသိဉာဏ်၊ ဗဟုသုတ၊ ပေါင်းသင်းဆက်ဆံရေးကို ကျယ်ပြန့်စေတယ်။ သင့်ကို မတူတဲ့စိတ်ခံစားမှုမျိုးကို ခံစားစေတယ်။ သင့်ကို မြင့်မြင့်ရပ်၊ ဝေးဝေးလှမ်းကြည့်တတ်ဖို့ သင်ပေးသူတွေဖြစ်တယ်။
(၇) လမ်းပြသူ သူငယ်ချင်း
သင့်စိတ်ကူးအတွေးတွေကို သန့်ရှင်းကူညီပေးသူ၊ လမ်းပြအကြံပြုတဲ့ သူငယ်ချင်းမျိုးဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးက လမ်းပြမီး အမျိုးအစားဖြစ်တယ်။ လူတိုင်းမှာ လိုအပ်ချက်နဲ့ အကူအညီဆိုတာ လိုအပ်တယ်။ တချို့အခက်အခဲတွေကို သင့်ကိုယ်ပိုင်စွမ်းအားနဲ့ ဖြေရှင်းဖို့မလွယ်ကူတဲ့အခါ ဒီလိုသူငယ်ချင်းမျိုးက သင့်ကို စိတ်ပါလက်ပါကူညီပြီး အသင့်တော်ဆုံး အကြံတွေကိုပေးတယ်။ သင့်စိတ်ရှုပ်ထွေးတဲ့အခါ၊ စိတ်ညစ်တဲ့အခါပဲဖြစ်ဖြစ် သူတို့ကို သင်ရင်ဖွင့်နိုင်တယ်။ သူတို့က ရှုပ်ထွေးနေတဲ့ သင့်စိတ်ကို ကူညီသန့်ရှင်းပေးပြီး ကြည်လင်တဲ့ဖက်ကို လမ်းညွှန်ပေးတယ်။
(၈) သင့်ကိုအဖော်ပြုတဲ့ သူငယ်ချင်း
ကောင်းတဲ့သတင်းပဲဖြစ်ဖြစ်၊ ဆိုးတဲ့သတင်းပဲဖြစ်ဖြစ် သူတို့ကိုအရင် သင်ပြောပြတယ်။ သူတို့ဟာ သင်နဲ့ အမြဲအတူရှိနေတယ်။ ဒီလိုသူငယ်ချင်းမျိုးက ပင်လယ်ထက်ကျယ်တဲ့ ရင်ခွင်ရှိတယ်။ တောင်တန်းတွေလို မြင့်မားတဲ့ စိတ်သဘောထားရှိတယ်။ သူတို့ကို သင်ဘယ်အချိန်သွားရှာခဲ့ရှာခဲ့ သူတို့က သင့်ကိုနွေးနွေးထွေးထွေး ကြိုဆိုတယ်။ သူတို့က သင့်အတွက် စိတ်ပြည့်ဝ၊ တည်ငြိမ်စေတဲ့ သူငယ်ချင်းဖြစ်တယ်။ တစ်ခါတလေ ပြောစရာ စကားများများစားစား မရှိချင်နေ သင့်အနားမှာ သူတို့ရှိတယ်ဆိုရင်ပဲ သင့်စိတ်ကို တည်ငြိမ်အေးချမ်းစေပါတယ်။ သူငယ်ချင်းတွေနဲ့ အမြဲမဆက်သွယ်တိုင်း၊ အမြဲမတွေ့ဆုံမိတိုင်း မေ့သွားပြီလို့ မဆိုနိုင်ပါဘူး။ သူငယ်ချင်းဆိုတာ ဟောင်းနွမ်းသွားလို့ရပေမယ့် ခင်မင်ရင်းနှီးမှုက ယုတ်လျော့သွားလို့ မရဘူး။ သင့်ဘဝတစ်သက်မှာ စိတ်တူကိုယ်တူ သူငယ်ချင်းကောင်း ဘယ်နှယောက်ရှိနိုင်မလဲ? တကယ်လို့ အထက်က သူငယ်ချင်းမျိုးနဲ့ သင်ကြုံဆုံလာတဲ့အခါ သူတို့ကို တန်ဖိုးထားမြတ်နိုးလိုက်ပါ။
Credit- Original Writer

ရန်သူ မိတ်ဆွေခွဲခြားနည်း

ရန်သူ မိတ်ဆွေခွဲခြားနည်း
====================
*သူ့ရဲ့အမတ် ပညာမြတ်
ရှေးအခါက ဗာရာဏသီပြည်မှာ ဘုရားလောင်းဟာ ဗာရာဏသီမင်းကြီး၏ ပညာရှိအမတ်ဖြစ်ခဲ့သည်။ မင်းကြီး၏ ကောင်းကျိုးကိုအမြဲဆောင်ရွက်တယ်၊
တာဝန်လည်းကျေပွန်တယ်၊ ပညာအရာမှာလည်းထူးချွန်တယ်။ ဒါကြောင့် မင်းက ဘုရားလောင်းအမတ်ကို အလွတ်မြတ်နိုးတယ်။ဒါကို အခြားအမတ်တွေက
ကိုယ့်ထက်သာ မနာလိုဖြစ်ပြီး အခွင့်သင့်ခိုက် မင်းနဲ့ အမတ်ကြား ကုန်းချောကြတယ်။ ဒါပေမယ့် မင်းကြီး အပြစ်ရှာတာ မတွေ့ခဲ့ဘူး။
တစ်နေ့ ညီလာခံအပြီးမှာ မင်းကြီးက သူရဲ့အမတ်ကို ရန်သူနဲ့မိတ်ဆွေ ဘယ်လိုခွဲခြားရမလဲ မေးတယ်။ ဘုရားလောင်းအမတ်ကလည်း ရင့်သန်ထက်
မြတ်တဲ့ ပါရမီဥာဏ်ရှိသူဖြစ်လို့ မြင်ရုံ ကြားရုံ နဲ့ ရန်သူ မိတ်ဆွေ ဖော်ထုတ်နည်းကို ဟောပြောလိုက်တယ်။
*ရန်သူ့လက္ခဏာ ဆယ့်ခြောက်ဖြာ
ရန်သူဆိုတာ ဒီလိုပါဟု မြင်ရုံကြားရုံ ဖြင့် သိနိုင်သော အချက် တစ်ဆယ့်ခြောက်ပါးကို အသေးစိတ်ရှင်းပြတယ်။
"အရှင်မင်းကြီး ရန်သူလို့သတ်မှတ်ရမယ့် သူတွေရဲ့လက္ခဏာကတော့-
(၁) မြင်မြင်ချင်း မပြုံးနိုင် မရွှင်နိုင်ဖြစ်မယ်။
(၂)မြင်မြင်ချင်း နှလုံးမသာမယာတွေ့ရမယ်။
(၃)မြင်မြင်ချင်း မျက်နှာလွှဲဖယ်ပြီး မမြင်ယောင် မတွေ့ယောင် ဆောင်မယ်။
(၄)ကိုယ်လုပ်သမျှ ဆန့်ကျင်ဘက်လုပ်မယ်။
(၅) ကိုယ့်ကို မုန်းတဲ့ရန်သူတွေကို မှီခို ပေါင်းဖော်မယ်။
(၆)ကိုယ့်မိတ်ဆွေကို သူရှောင်ရှားမယ်။
(၇)ကိုယ့်ကို ချီးမွမ်းတာကို မလိုမလား ဟန့်တားပိတ်ပင်မယ်။
(၈)ကိုယ့်ကို မကောင်းပြောဆိုသူကို ချီးမြှောက်အားပေးမယ်။
(၉)ကိုယ့်အား သူတို့၏ လှို့ဝှက်စကားကို သတင်းမကြား။
(၁၀)ကိုယ့်ရဲ့ လှို့ဝှက်စကားကို တခြားမှာ ဖြန့်လွှင့်မယ်။
(၁၁) ကိုယ်ပြုလုပ်တာ မှန်သမျှ ချီးမွမ်းမှုမရှိ အပြစ်တင်ပြောဆိုမယ်။
(၁၂)ကိုယ့်ရဲ့ ပညာဥာဏ်ကို မချီးမွမ်း။
(၁၃) ကိုယ့်စီးပွား ဆုတ်ယုတ်တာကို ၀မ်းသာမယ်။
(၁၄) ကိုယ့်စီးပွားတိုးတက်တာကို မလိုလား။
(၁၅) သူအစားကောင်းစားတဲ့ အခါ ကိုယ့်ကိုသတိမရ။
(၁၆)ကိုယ်ဆင်းရဲ ဒုက္ခရောက်တာကို သိပါလျက် မစောင့်ရှောက်ပဲနေမယ်။
ဒါတွေဟာ ကိုယ့်ကိုမုန်းတီး။ အကျိုးမလိုလားတဲ့ ရန်သူရဲ့စရိုက်တွေပါပဲ။"
* မိတ်ဆွေလက္ခဏာ သည်နည်းနာ
"ကိုယ့်ကို ချစ်ခင်ပြီး ကိုယ့်ရဲ့ အကျိုးကို လိုလားတဲ့ မိတ်ဆွေ ဟုတ်မဟုတ် လွယ်လွယ်ကူကူ သိနိုင်တဲ့အချက်တွေကိုလဲ အရှင်မင်းကြီးနာယူပါလော့"
(၁) ကွဲနေကွာနေပေမယ့် မကြာခဏသတိရတတ်တယ်။
(၂)တွေ့လျှင် အားရ၀မ်းသာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုမယ်။
(၃) ကိုယ့်ရဲ့ ကြည်လင် ရွှင်ပြ အေးချမ်းမှုကို အမြဲလိုလားမယ်။
(၄)ကိုယ့်ရဲ့စကားကို စိတ်ဝင်တစားကြားနာ နှစ်သက် ယုံကြည်မယ်။
(၅)ကိုယ့်ရဲ့ အပေါင်းအဖော် အသင်းအပင်းတွေကိုလဲ လက်ခံမယ်။
(၆)ကိုယ့်ရဲ့ ရန်သူတွေကို သူလည်းမပေါင်း။
(၇)ကိုယ့်အပေါ်မလိုမုန်းထား မကောင်းပြောတာတွေ့ရင် တားမြစ်မယ်၊
(၈)ကိုယ့်အား ကျေးဇူးတုံ့လှယ်သူကို ချီးမွမ်းမယ်။
(၉) ကိုယ့်ရဲ့မိတ်ဆွေ အစစ်ဖြစ်တာမို့ သူ့ရဲ့လှို့ဝှက်စကားကို တိုးတိုးပြောကြားတိုင်ပင်မယ်။
(၁၀) ကိုယ့်ရဲ့လှို့ဝှက်အပ်တာ မှန်သမျှမပေါက်ကြား။
(၁၁)ကိုယ့်ရဲ့ ကောင်းတဲ့အလုပ်ကို အမြဲချီးမွမ်းမယ်။
(၁၂) ကိုယ့်ရဲ့ ဥာဏ်ပညာကို ချီးမြှောက်မယ်။
(၁၃) ကိုယ့်ရဲ့ စီးပွားတိုးတက်မှုကို ၀မ်းမြောက်မယ်။
(၁၄) ကိုယ့်ရဲ့ စီးပွားယုတ်လျော့တဲ့အခါ ထပ်တူစိတ်မကောင်းဖြစ်မယ်။
(၁၅) အစားကောင်းစားတိုင်းကိုယ့်ကို သတိရမယ်။
(၁၆) အရေးကြုံလာ လျှင် ကိုယ့်ဘက်က အားပေးကူညီစောင့်ရှောက်မယ်။
*ထူးပါပေ့ ထိုပညာ
ထိုအခါ မင်းကြီးဟာ မြင်ရုံနဲ့ ရန်သူကိုဖြစ်ဖြစ် မိတ်ဆွေကို ဖြစ်ဖြစ် ခွဲခြားနိုင်တဲ့ အချက်အလက်တွေကို သိရတဲ့ အတွက် ဘုရားလောင်းသုခမိန်အပေါ်
ကျေးဇူးဥပကာ ထက်သန်စွာနဲ့ ဆုလာဘ် စည်းစိမ်မြောက်များစွာ ချီးမြှောက်တော့တယ်။
* မြတ်ပါပေ့ ဒီတရား
တရားဓမ္မရှာမှီးတဲ့ လူသားတွေမှာလဲ ဆရာထူး၊ ဆရာမြတ၊်ဆရာကောင်း မိတ်ဆွေထူး ၊မိတ်ဆွေမြတ် မိတ်ဆွေကောင်းတို့ထံ ချဉ်းကပ်ရမယ်
ရန်သူထူး ရန်သူယုတ် ရန်သူဆိုး တို့ကို မြင်ရုံကြားရုံ နဲ့ အဝေးကရှောင်ရှားရမှာဖြစ်တယ်။လူမိုက်ကို မမှီဝဲရပါလို့ မိန့်မှာထားတဲ့ မြတ်စွာဘုရားရဲ့မင်္ဂလာ
တရားတော်နဲ့ လည်း ကိုက်ညီပေသည်။ထိုကဲ့သို့ မိတ်ဆွေကောင်းတွေကို ချဉ်းကပ်မှီဝဲဖို့အတွက်ဆိုရင် မိတ်ဆွေ၇န်သူတို့ကို မြင်ရုံကြားရုံနဲ့ ခွဲခြားသိနိုင်ရပေမည်

တစ်ရေးတစ်မောအိပ်ရန် သင့်လျော်ချိန်နှင့် နည်းလမ်းများ

တစ်ရေးတစ်မောအိပ်ရန် သင့်လျော်ချိန်နှင့် နည်းလမ်းများ

နေ့ခင်းဘက်တစ်ရေးတစ်မောအိပ်ခြင်းမှာ သက်သောင့် သက်သာဖြစ်စေပြီး စိတ်ပင်ပန်းခြင်းကို လျှော့ချပေးကာ သတိရှိ မှုနှင့် စိတ်ခံစားချက်ပိုကောင်းစေပြီး မှတ်ဉာဏ်ပိုကောင်းခြင်း၊ စိတ်ရှုပ်ထွေးမှုလျှော့ချပေးခြင်း၊  အမှားနည်းပါးအောင် ကူညီပေးနိုင်ခြင်းတို့ကဲ့သို့ စိတ်စွမ်းရည်ကို မြင့်တက်စေနိုင်ကြောင်း မေယိုဆေးရုံမှ ကျန်းမာရေးကျွမ်းကျင်သူများက ပြောသည်။

နေ့ခင်းဘက်မည်မျှကြာကြာ တစ်ရေးအိပ်မည်၊ မည်သည့် အချိန်တွင် အိပ်မည်ဆိုခြင်းနှင့် ပတ်သက်၍ ကျန်းမာရေးပညာရှင်များ၏ လမ်းညွှန်ချက်များကို ဖော်ပြပေးလိုက်ပါသည်။ နေ့ခင်းဘက်တစ်ရေးတစ်မောအိပ်ခြင်းမှာ လူတိုင်းနှင့် မသင့်လျော်ပေ။ အကယ်၍ သင်သည် ညဘက်အိပ်မပျော်လေ့ရှိပါကနေ့ခင်းဘက်အချိန်အကြာကြီးအိပ်ခြင်း(သို့) နေ့ခင်းဘက် အချိန်အလွန်နောက်ကျပြီးမှ တစ်ရေးတစ်မောအိပ်ခြင်းမှာ ညဘက်(သို့)အိပ်ပျော်ရန် (သို့) နှစ်နှစ် ခြိုက်ခြိုက်အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေသည်။ သို့သော်လူအများစုအတွက် နေ့ခင်းဘက်တစ်ရေးတစ်မောအိပ်စက်ခြင်းမှာ ပိုမိုလန်းဆန်းပျော်ရွှင်စေသည်။
နေ့ခင်းဘက်တွင် မိနစ် ၂၀ မျှ အိပ်စက်ပေးခြင်းဖြင့် နိုးနိုးကြားကြားရှိမှုနှင့် စိတ်အာရုံစူးစိုက်မှုကို အားကောင်းစေသည်။ နှစ်ခြိုက်စွာ အိပ်ပျော်သောအချိန်များအပါအ၀င် မိနစ် ၉၀ ကြာတစ်ရေးတစ်မောအိပ်ပေးခြင်းဖြင့် ဖန်တီးနိုင်မှုကို အားကောင်းစေနိုင်သည်။
သို့သော်အိပ်နေရင်း နိုးသွားပါက လန်းလန်းဆန်းဆန်းဖြစ်မည့် အစား ပင်ပန်းနွမ်းနယ်စေသည်။ ယင်းအချိန်မပြည့်ခင်အကြောင်း တစ်ခုခုကြောင့် နိုးသွားပါကလည်း ပင်ပန်းနွမ်းနယ်နိုင်သည်။
နေ့လယ် ၁ နာရီနှင့် ၃နာရီကြား တစ်ရေးတစ်မောအိပ်ခြင်း မှာ အကောင်းဆုံးအချိန်ဖြစ်သည်ဟု ကျန်းမာရေးသတင်းဝက်ဘ် ဆိုက် Prevention.com က ဖော်ပြသည်။
တိတ်ဆိတ်ငြိမ်သက်၍ အလင်းရောင်မရှိသော မပူလွန်း၊  မအေးလွန်းသည့် နေရာတစ်နေရာရှာပြီး တစ်ရေးတစ်မောအိပ်စက်ရန် ကျွမ်းကျင်သူများက အကြံပေးထားသည်။ ကြိုးပုခက်ဖြင့် အိပ်စက်ခြင်းမှာ အိပ်ရာထဲ  အိပ်စက်ခြင်းထက် ပိုမိုနှစ်ခြိုက်စွာ လျင်လျင်မြန်မြန်စွာ အိပ်ပျော်စေကြောင်း ဆွစ်ဇာလန်နိုင်ငံမှ သုတေသီများ၏ လေ့လာမှုတစ်ရပ်က ဖော်ပြသည်။
ကော်ဖီသောက်ပြီး အိပ်စက်ပါဆိုခြင်းမှာ ထူးဆန်းနေ သော်လည်း ကော်ဖီသောက်၍ တစ်ရေးတစ်မောအိပ်ခြင်းဖြင့် အိပ်ပြီးနောက် နိုးနိုးကြားကြားဖြစ်စေရန် အကောင်းဆုံးနည်းလမ်း ဖြစ်ကြောင်း ဂျပန်နိုင်ငံမှ သုတေသီများကပြောသည်။ ကဖိန်းဓာတ်မှာ အပြည့်အ၀အစွမ်းပြရန် မိနစ် ၂၀ မှ ၃၀ အထိကြာမြင့်လေ့ရှိသောကြောင့် မိနစ် ၂၀ ကြာ အိပ်စက်ပါက ပို၍ပင် နိုးနိုးကြားကြားရှိစေမည်ဖြစ်သည်။
ညဘက်အိပ်စက်ချိန်အစား နေ့ခင်းဘက်တစ်ရေးတစ်မောမအိပ်ပါနှင့်။ တစ်ရေးမအိပ်ဘဲ တစ်နေ့တာဖြတ်ကျော်ရန် အလွန်ပင်ပင်ပန်းနေပြီဟု ခံစားရပါက ညဘက်လုံလောက်သော အိပ်ချိန်မရှိခြင်းကြောင့် ဖြစ်နိုင်သည်။ နေ့ခင်းဘက်အိပ်စက်ခြင်းမှာ ကျန်းမာရေးအတွက်ကောင်းသော်လည်း ညဘက်ဆုံးရှုံးသွားသော အိပ်စက်ချိန်အစား နေ့ခင်းဘက်မအိပ်ရန် ကျန်းမာရေးကျွမ်းကျင်သူများက ညွှန်ကြားထားသည်။
အိပ်ရေးမ၀ခြင်းကြောင့် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ကိုယ်အလေးချိန်တိုးလာခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ ခံစားရနိုင်ပြီး မတော်တဆဖြစ်မှုနှင့် အခြားအန္တရာယ်များလည်း ဖြစ်နိုင်သည်။
—Ref: RD Asia

စီချွမ့်စတိုင် ၀က်သား တို့ဟူးအစပ်ဟင်း

စီချွမ့်စတိုင် ၀က်သား တို့ဟူးအစပ်ဟင်း



စီချွမ့်ပြည်နယ်ရဲ့ နံမည်ကြီး ဟင်းလျာတစ်ခုဖြစ်တဲ့ Mapo Tofu ပါ။ စီချွမ့်စတိုင် ၀က်သားနဲ့ တို့ဟူးကို စီချွမ့်ငရုတ်ကောင်း၊ Chinese black bean paste၊ chili bean paste၊ နှမ်းဆီ တို့ဖြင့် ချက်ထားတာမို့ အရသာရော၊ အနံ့ပါ အရမ်းကောင်းမွန်ပါတယ်။ စပ်တယ်ဆိုပေမယ့် ရှရှဲဖြစ်သည်အထိ မစပ်ပါဘူး၊ ထမင်းနဲ့ တွဲစားမယ်ဆိုရင် စပ်တယ်ဆိုတာတောင် မေ့ကောင်းမေ့သွားပါလိမ့်မယ်။ ခုပဲ ချက်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
  • ၀က်သား – ၂၀၀ ဂရမ် (၁၅ကျပ်သား) (နှုတ်နှုတ်စဉ်းထားပါ)
  • တို့ဟူး – ၃၀၀ ဂရမ် (ဂျပန်တို့ဟူး အဖြူ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ဂျင်း – လက်ဖက်ရည်ဇွန်း တ၀က် (နှုတ်နှုတ်စဉ်းပါ)

  • ကော်မှုန့် – လက်ဖက်ရည်ဇွန်း ၂ဇွန်း (ရေအနည်းငယ်ဖြင့် ရောဖျော်ထားပေးပါ)
  • ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၁ဇွန်း
  • သကြား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • အချိုမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်သွန်မြိတ် – ၁စည်း (ပါးပါးလှီးပါ)
  • နှမ်းဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
  • ပဲအမဲအနှစ်[Chinese black bean paste] – စားပွဲတင်ဇွန်း ၁ဇွန်း
  • စီချွမ့် ငရုတ်ကောင်း[Hua Jioa] – လက်ဖက်ရည်ဇွန်း ၁ဇွန်း (မညက်တညက် ထောင်းပါ)
  • ပဲငရုတ်သီး အနှစ်[Chilli bean paste] – စားပွဲတင်ဇွန်း ၂ဇွန်း

မှတ်ချက် ။ ။ ပဲအမဲအနှစ်[Chinese black bean paste], စီချွမ့် ငရုတ်ကောင်း[Hua Jioa],ငရုတ်သီး ပဲအနှစ်[Chilli bean paste] ၃မျိုးကို City Mart နှင့် Ocean တွင် ၀ယ်ယူနိုင်ပါသည်။
ပြင်ဆင်နည်း
၁။ အရင်ဆုံး တို့ဟူးကို အ၀တ်သန့်တစ်ခုဖြင့် အုပ်ပြီ အပေါ်မှ ပန်းကန်ပြားတစ်ချပ် တင်ကာ မိနစ် ၂၀ခန့် ရေစစ်ထားပေးပါ။

၂။ တို့ဟူး ရေစစ်ပြီလျှင် အလယ်မှ ဓားဖြင့် ထက်ခြမ်းခြမ်းပါ။ ပြီမှ အရှည်လိုက် ၄ပိုင်းပိုင်းပြီ အလျားလိုက် ၄ပိုင်ပိုင်းကာ အတုံးလေးများ တုံးပေးပါ။



ချက်ပြုတ်နည်း
၁။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ပြီ ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ဂျင်း ဆီသပ်ပေးပါ။
၂။ ပြီမှ black beans နှင့် စီချွမ့်ငရုတ်ကောင်း တို့ကို ထည့်ရောမွှေလိုက်ပါ။
၃။ ထို့နောက် နှုတ်နှုတ်စဉ်းထားသော ၀က်သား၊ ကြက်ပြုတ်ရည်(သို့)ရေ(ခွက် ၄ပုံ၃ပုံ) ထည့်ပြီ ၂မိနစ်ခန့် တည်ထားပါ။
၎။ ပြီလျှင် chilli bean paste၊ ပဲငံပြာရည်၊ တို့ဟူး၊ သကြား၊ အချိုမှုန့် တို့ကိုထည့်ကာ ပွက်ပွက်ဆူဆူအောင် မီးပြင်းပြင်းနဲ့ တည်ထားပါ။

၅။ ပွက်ပွက်ဆူလာလျှင် မီးအသင့်တင့်ပြန်ထားပြီ အပေါ်မှ နှမ်းဆီ၊ ကြက်သွန်မြိတ်များဖြူးပေးပါ။

၆။ ပြီမှ အပေါ်မှ ကော်ရည်များကို ထည့်ပြီ ဇွန်းဖြင့် တို့ဟူးများကို မပဲ့သွားအောင် ဖြည်းဖြည်း ရောမွှေပြီ မီးပိတ်လိုက်ပါ။
ရ။ အရသာရှိသော စီချွမ့်စတိုင် ၀က်သား တို့ဟူးအစပ်ဟင်းလေးကို ထမင်းပူပူလေးနှင့် သုံးဆောင်နိုင်ပါပြီ…

http://www.wutyeefoodhouse.com

ဝက်လက် ထမင်းပေါင်း

ဝက်လက် ထမင်းပေါင်း



တရုတ်စတိုင် ၀က်လက် ထမင်းပေါင်း။ ၀က်လက်ကို တရုတ်ဟင်းခတ် အမွှေးကြိုင်တွနဲ့ ရောချက်ထားတာမို့ အရသာရော၊ အနံ့ပါ စားလို့ အ၇မ်း ကောင်းမွန်ပါတယ်။။ ၀က်လက် ထမင်းပေါင်းနဲ့ မုန့်ညှင်းစိမ်း၊ ကြက်ဥတို့နဲ့ အလွန်လိုက်ဖက်ပါတယ်။ ခုပဲ တူတူ ချက်ကြည့်ရအောင်..
ပါဝင်ပစ္စည်းများ
  • ၀က်လက် – ၂ခု (၁.၅ ကီလိုဂရမ်) (သန့်စင်အောင် ဆေးကြောထားပါ)
  • ကြက်သွန်ဖြူ – ၆မွှာ (ပါးပါးလှီးပါ)
  • ဂျင်း – လက်တဆစ် (ပါးပါးလှီးပါ)

  • ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၃ဇွန်း
  • ပဲငံပြာရည်(အနောက်) – စားပွဲတင်ဇွန်း ၃ဇွန်း
  • သကြား – စားပွဲတင်ဇွန်း ၂ဇွန်း
  • ဆန်ဝိုင် – စားပွဲတင်ဇွန်း ၃ဇွန်း
  • ဗီနီကာ – စားပွဲတင်ဇွန်း ၂ဇွန်း
  • သစ်ဂျပိုး – ၁ခု
  • နတ်နတ်ပွင့် – ၂ခု
  • ကလဝေရွက် – ၂ခု
  • စီချွမ့် ငရုတ်ကောင်း (Hua Jioa) – စားပွဲတင်ဇွန်း ၁ဇွန်း
  • ကြက်ဥ – ၂လုံ (ကျက်အောင် ပြုတ်ပြီ အခွံနွှာထားပေးပါ)
  • ကော်မှုန့် – စားပွဲတင်ဇွန်း ၂ဇွန်း (ရေအနည်းငယ်ဖြင့် ဖျော်ထားပေးပါ)
  • မုန့်ညှင်းစိမ်း – ၁စည်း (ရေစင်အောင် ဆေးပြီ ထက်ပိုင်းပိုင်းထားပါ) (တွဲဖက်စားရန်)
 
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ဒယ်အိုးတစ်ခုထဲ ၀က်လက်မြုပ်နိုင်မယ့် ရေပမဏထည့်ပြီ ပွက်ပွက်ဆူအောင် တည်ထားပါ။
၂။ ဆူလာလျှင် ၀က်လက်ထည့်ပြီ ၅မိနစ်ခန့် ထပ်တည်ပါ။ အပေါ်မှ အမြုပ်မှာ တက်လာလျှင် ဇွန်းဖြင့် ဖယ်ပေးပါ။

၃။ ပြီလျှင် ရေများသွန်ပြီ ၀က်လက်များကို ပြန်ဖယ်ထားပါ။
၎။ ဒယ်(သို့) Pressure cooker ထဲ ဆီ(စားပွဲတင်ဇွန်း ၁ဇွန်း) ထည့်ပါ။ ဆီပူလာလျှင် သစ်ဂျပိုး၊ နတ်နတ်ပိုး၊ ကလဝေရွက်၊ ထည့်ပြီ ၁မိနစ်ခန့် ရောမွှေပါ။
၅။ ပြီမျှ ကြက်သွန်ဖြူ၊ ဂျင်း၊ စီချွမ့် ငရုတ်ကောင်းတို့ကို ထည့်ပြီ ဆီသပ်ပေးပါ။

၆။ ထို့နောက် ရေ(၃ခွက်)၊ ဆန်ဝိုင်၊ ပဲငံပြာရည်(အကြည်)၊ ပဲငံပြာရည်(အနောက်)၊ ဗီနီကာ၊ သကြား၊ ၀က်လက်၊ ပြုတ်ထားသော ကြက်ဥ များကို ထည့်ပါ။
ရ။ ရိုးရိုး ဒယ်နှင့်ချက်လျှင် ၀က်လက်များကို နာရီဝက်ခြားတစ်ခါ တဖက်သို့ လှန်ပေးပြီ ၀က်လက်နူအိသည်အထိ ၂နာရီခန့် မီးအသင့်တင့်ဖြင့် အဖုံးအုပ်ကာ တည်ပေးပါ။
(သို့)
ရ။ Pressure cooker နှင့် ချက်လျှင် ၄၅မိနစ်ခန့် ချက်ပေးပါ။


၈။ ၀က်လက် နူအိပြီဆိုလျှင် ၀က်လက်ကို ဓားဖြင့် အ၀ိုင်းများ ပိုင်းဖြတ်ပေးပါ။ ကြက်ဥကို ၄စိပ်စိပ်ပေးပြီ မုန့်ညှင်းစိမ်းကို ရေနွေးဖျော်ပေးပါ။
၉။ ပြီနောက် ၀က်လက်ပြုတ်ရည်ထဲ ဆူအောင် ပြန်တည်ပြီ ကော်ရည် ထည့်ပေးပါ။
၁၀။ ပန်းကန်ထဲ ထမင်း၊ ၀က်လက်၊ ကြက်ဥ၊ မုန့်ညှင်းစိမ်း တို့ကို ပြင်ဆင်ပေးကာ ၀က်လက်ဆော့ရည်များကို အပေါ်မှ ဆမ်းပေးပြီ အရသာရှိစွာ သုံးဆောင်လို့ရပါပြီ…

Credit to http://www.wutyeefoodhouse.com

Saturday, August 30, 2014

ဝက်သား နှင့် ပဲကြာဇံ ဟင်းလျာ

ဝက်သား နှင့် ပဲကြာဇံ ဟင်းလျာ

Credit to http://www.wutyeefoodhouse.com
Ant_Tree5
Ants Climbing Up a Tree လို့ နံမည်တွင်တဲ့ ၀က်သား နှင့် ပဲကြာဇံဟင်းလျာပါ။ ဒီဟင်းလျာကို ဘာလို့ Ants Climbing Up at Tree လို့ ခေါ်ဆိုရသလဲဆိုရင် ၀က်သားတွေကို ပဲကြာဇံပေါ်မှာ တက်နေသယောင် ထင်ရတာမို့ တင်စားပြီ ပုရောစိတ်လေးတွေက သစ်ပင်ပေါ်တက်နေတဲ့ ဟင်းလျာလို့ ခေါ်တွင်တာပါ။ နံမည်ဆန်းသလို ဟင်းလျာကလည်း ချိုချိုစပ်စပ်လေးနဲ့ အရမ်းကောင်းပါတယ်။ ခုပဲ လုပ်စားရအောင်…
ပါဝင်ပစ္စည်းများ
  • ပဲကြာဇံ – ၁၅၀ ဂရမ်
  • ၀က်သား – ၂၀၀ ဂရမ် (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)

  • ငရုတ်သီးပွပု – ၂ခု (အစေ့ထုတ်ပြီ ထောင်းထားပါ)
  • နှမ်းဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
  • တရုတ် ပဲအမဲအနှစ်[Chinese black bean paste] – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၂ဇွန်း
  • သကြား – လက်ဖက်ရည်ဇွန်း တ၀က်
  • တရုတ် ဆန်ဝိုင် – စားပွဲတင်ဇွန်း ၁ဇွန်း
  • ကြက်သွန်မြိတ် – စားပွဲတင်ဇွန်း ၂ဇွန်းစာ (ပါးပါးလှီးပါ)
  • ရေ – ခွက်ဝက်
  • ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
Ant_Tree1
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ပဲကြာဇံကို ရေနွေးဖြင့် ၁၀မိနစ်ခန့် စိမ်ထားပေးပါ။ ပြီမှ ကတ်ကြေးဖြင့် ပဲကြာဇံကို တ၀က်ဖြတ်ပေးပါ။
၂။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့် ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ငရုတ်သီး၊ တရုတ် ပဲအမဲနှစ် ထည့် ဆီသပ်ပေးပါ။
Ant_Tree2
၃။ ပြီနောက် ၀က်သား ထည့်ကာ အရောင်ရသည်အထိ ၂မိနစ်ခန့် ရောမွှေပေးပါ။
၎။ ထို့နောက် ရေထည့်၊ ပဲငံပြာရည်၊ သကြား၊ ကြက်သားမှုန့်၊ ဆန်ဝိုင် ထည့်ကာ ဆူအောင် တည်ပါ။
၅။ ဆူလာလျှင် ပဲကြာဇံ ထည့်ကာ မီးလျှော့ပြီ ရေခန့်သည်အထိ ရောမွှေပါ။
၆။ ရေခန်းသွားလျှင် နှမ်းဆီ၊ ကြက်သွန်မြိတ်များ ဖြူးပေးပါ။
Ant_Tree4
ရ။ အရသာရှိသော ၀က်သား ပဲကြာဇံ ဟင်းလျာကို သုံးဆောင်နိုင်ပါပြီဈ.
Ant_Tree5

ကြက်ကချင်ချက်

ကြက်ကချင်ချက် (မချက်တတ်လို့ရှာလိုက်တာ)

Credit to ...http://www.wutyeefoodhouse.com ကနေမလာတာ

ကြက်ကချင်ချက် ဟင်းလျာက တကယ်ကို ထမင်းမြိန်တဲ့ ဟင်းတခွက်ပါ။ ၀တ်ရည် အကြိုက်ဆုံး ဟင်းလျာထဲက တမျိုးအပါဝင်ဖြစ်ပါတယ်။ ကြက်သားကို ချဉ်စော်ခါးသီးရည်၊ ဖက်ဖယ်ရွက်၊ နံနံပင်၊ ပင်စိမ်း၊ တို့ဖြင့် ရောချက်ကြပါတယ်။ ကြက်ကချင်ချက်မှာ မျှစ်ချဉ်ပါ ထည့်တာမို့ ချဉ်စပ် အရသာလေးနဲ့ အရမ်းစားလို့ ကောင်းပါတယ်။ ထမင်းမြိန်မြိန် စားချင်သူတွေ ဒီဟင်းလျာကို ချက်ဖို့ မမေ့ကြနဲ့နော်…
ပါဝင်ပစ္စည်များ
  • ကြက် ပေါင်၊ ရင်ဗုံ – ၂တွဲ(အတုံးသေးများ တုံးပါ)
  • မျှစ်ချဉ် – ၁ခု (အရှည်ပါးပါးလှီးပါ)
  • ကြက်သွန်ဖြူ – ၃မွှာ (ထောင်းထားပါ)

  • ဂျင်း – လက်တဆစ် (ထောင်းပြီ အရည်ညှစ်ပါ)
  • နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ငရုတ်သီးမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
  • ငရုတ်သီးစိမ်း – ၃-၄ တောင့် (အစပ်ကြိုက်သူများ ၅တောင့်ထိ ထည့်နိုင်သည်)
  • နံနံပင် – ၁စည်း (နှုတ်နှုတ်စဉ်းပါ)
  • ပင်စိမ်း – စားပွဲတင်ဇွန်း ၁ဇွန်း (နှုတ်နှုတ်စဉ်း)
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ကြက်သားမှုန့် – စားပွဲတင်ဇွန်း တ၀က်
  • ဆီ – စားပွဲတင်ဇွန်း ၄ဇွန်း
  • ချဉ်စော်ခါးသီးခြောက် – လက်တဆုပ်စာ (၁၀မိနစ်ခန့် ရေစိမ်ထားပါ)
  • ဖက်ဖယ်ရွက် – လက်တဆုပ်စာ
(ချဉ်စော်ခါးသီးခြောက်၊ ဖက်ဖယ်ရွက် သံဈေးတွင် ၀ယ်ယူနိုင်သည်)

ပြင်ဆင်နည်း
၁။ အရင်ဆုံး ကြက်သားတုံးများကို ကြက်သွန်ဖြူ၊ ဂျင်း၊ နနွင်းမှုန့်၊ ဆား(လက်ဖက်ရည်ဇွန်း တ၀က်)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း တ၀က်) တို့ဖြင့် သမအောင် ရောနုယ်ပြီ ၁၅မိနစ်ခန့် နုပ်ထားပေးပါ။
၂။ နံနံပင်၊ ပင်စိမ်း၊ ငရုတ်သီးစိမ်း၊ ဖက်ဖယ်ရွက် တို့ကို ဆုံထောင်းဖြင့် ညက်ညက်ထောင်းပေးပါ။

၃။ ချဉ်စော်ခါးသီး ခြောက်များကို ၁၀မိနစ်ခန့် ရေစိမ်ထားပေးပါ။

ချက်ပြုတ်နည်း
၁။ ဒယ်ထဲ ဆီထည့် ဆီပူလာလျှင် ငရုတ်သီးမှုန့် ထည့်ပြီ နုပ်ထားသော ကြက်သားများကို ထည့်ကာ ၁မိနစ်ခန့် ရောမွှေပေးပါ။
၂။ ပြီမှ ချဉ်စော်ခါးသီးစိမ်ထားတဲ့ အရည်(စားပွဲတင်ဇွန်း ၄ဇွန်း)၊ ရေ(၄ခွက်)၊ ပင်စိမ်း၊ ဖက်ဖယ်ရွက်၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ ဆား(လက်ဖက်ရည်ဇွန်း တ၀က်)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့်ကာ အဖုံးအုပ်ပြီ ကြက်သား ကျက်သည်အထိ တည်ထားပါ။

၃။ ကြက်သားကျက်ခါနီးတွင် မြေအိုးထဲ ပြောင်းထည့်ပါ။
၎။ မျှစ်ချဉ်ထည့်ကာ နောက်ထပ် ၃မိနစ်ခန့် တည်ပေးပါ။ ရေလိုလျှင် ရေထပ်ထည့်ပေးပါ။

၅။ ကြက်သား ပေါ်ရုံ ရေကျန်လျှင် အရသာ အနေတော် မြည်းကြည့်ပါ။ အပေါ့အငံ အနေတော်လျှင် အပေါ်မှ နံနံပင်၊ ဖက်ဖယ်ရွက်၊ ပင်စိမ်းအုပ်ပေးပြီ မီးပိတ်လိုက်ပါ။
၆။ အရသာရှိသော ကြက်ကချင်ချက်ကို ထမင်းပူပူလေးဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ…



















Thursday, August 28, 2014

ကိုယ်လက်လေ့ကျင့်ခန်းလုပ်ရာမှာ ဆိုးကျိုးတွေ ဖြစ်စေ

ဒီလိုအကျင့်မျိုးတွေဟာ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ရာမှာ ဆိုးကျိုးတွေ ဖြစ်စေ
----------------------------------------------------------------------------------
ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခါနီး လုပ်လေ့ရှိတဲ့ တစ်ချို့အကျင့်တွေကြောင့် သင်ဟာ ထိရောက်တဲ့အကျိုးဆက်ကို ရနိုင်ဖို့မလွယ်ကူပါဘူး။ ဒါ့ကြောင့် ဘယ်လိုအကျင့်တွေကို ပြင်ဆင်ပြီးမှ ကိုယ်လက်လေ့ကျင့်ခန်း လုပ်သင့်သလဲဆိုတာ ပြောပြပေးချင်ပါတယ်။
၁။လေ့ကျင့်ခန်းမလုပ်ခင် ရေဆက်တိုက်သောက်ထားခြင်း
လေ့ကျင့်ခန်းလုပ်ခါနီးမှ ရေဗူးလိုက်သောက်ချပစ်လိုက်တာမျိုးဟာ လေ့ကျင့်ခန်းလုပ်တဲ့အခါ ဗိုက်အင့်တာ၊ အစာအိမ်မှာ ရေတွေရှိသွားတာကြောင့် အထိုင်အထနဲ့ လှုပ်ရှားမှုတစ်ခုလုပ်လိုက်တိုင်း အင့်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါဆိုရင်တော့ လေ့ကျင့်ခန်းကို သတ်မှတ်ထားတဲ့အချိန်ထိ ပြီးမြောက်အောင် လုပ်ဆောင်နိုင်မှာ မဟုတ်တော့ပါဘူး။ ရေဗူးကို လေ့ကျင့်ခန်းလုပ်တဲ့နေရာ၊ GYM ကို ယူသွားပါ။ ဒါပေမယ့် နည်းနည်းချင်းစီ သောက်ပေးပါ။ လေ့ကျင့်ခန်းမလုပ် ခင် အားလုံးကုန်အောင် မသောက်ချလိုက်ပါနဲ့။
၂။ဗိုက်ဟောင်းလောင်းနဲ့ လေ့ကျင့်ခန်းလုပ်ခြင်း
လေ့ကျင့်ခန်း လုပ်ခါနီးအချိန်ထိ ဗိုက်ထဲမှာ ဘာမှမရှိဘူးဆိုရင် သင့်ရဲ့အစာအိမ်ဟာ ကြာရှည်အလုပ်လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဆီမရှိတဲ့ကားဟာ ဘယ်မှသွားလို့မရသလိုမျိုး ဗိုက်ဟောင်းလောင်းနဲ့ လေ့ကျင့်ခန်းလုပ်တာမျိုးကလည်း ဘာအကျိုးမှ မဖြစ်ထွန်းနိုင်ပါဘူး။ ဒါ့ကြောင့် လေ့ကျင့်ခန်းမလုပ်ခင် အစာပြေလေးတော့ စားထားဖို့လိုပါတယ်။
၃။အိပ်ရေးဝအောင် အိပ်မထားခြင်း
မနက်ပိုင်း ကိုယ်လက်လေ့ကျင့်ခန်းလုပ်မယ်ဆိုပါစို့၊ တစ်ညလုံး မအိပ်ရသေးဘူး။ ဒါမှမဟုတ် တစ်နာရီ၊ နှစ်နာရီလောက်သာ အိပ်ထားရသေးတယ်ဆိုရင် လေ့ကျင့်ခန်းလုပ်တဲ့အခါ သင့်ခန္ဓာကိုယ်ဟာ အရင်ထက်ပိုပင်ပန်းစွာ လှုပ်ရှားနေရပြီလို့သာ မှတ်ပါ။ အာရုံကြောတွေ ကောင်းကောင်းအလုပ်လုပ်ဖို့ သူတို့တွေက ပင်ပန်းကြီးစွာ အလုပ်ပိုလုပ်ပေးနေရပါတယ်။ ဒါ့အပြင်နှလုံးနဲ့ တိုက်ရိုက်ပတ်သက်နေသေးတာမို့ လေ့ကျင့်ခန်းကို အာရုံစိုက်ပြီး ကောင်းစွာ လုပ်ဆောင်နိုင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။
၎။ကော်ဖီအလွန်အကျွံသောက်ထားခြင်း
ကော်ဖီကို သောက်သင့်တဲ့ အခွက်ရေ၊ အနေအထားထက် ပိုသောက်ထားမယ်ဆိုရင် ဒါဟာလည်း လေ့ကျင့်ခန်းလုပ်ရာမှာ အနှောင့်အယှက်ပေးတာပါပဲ။ ပိုဆိုးတာက သောက်နေကျမဟုတ်ပဲ ခုမှပိုသောက်လိုက်ပြီး လေ့ကျင့်ခန်းလုပ်တာမျိုးရှောင်ရပါမယ်။
၅။ပရိုတင်းဓာတ်အများအပြားပါတဲ့ အစားအစာတွေကို စားထားခြင်း
လေ့ကျင့်ခန်းမလုပ်ခင် ပရိုတင်းဓာတ်အများအပြားပါတဲ့ အစားအသောက်တွေ စားထားမယ်ဆိုရင် ဒါဟာလည်း ကိုယ်လက်လေ့ကျင့်ခန်းလုပ်တဲ့အခါ အနှောင့်အယှက်ဖြစ်စေတာပါပဲ။ လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ ပရိုတင်းဓာတ်ပါတဲ့ အစားအစာတွေကို စားနိုင်ပေမယ့် မလုပ်ခင်ဆိုရင် နှစ်ဆယ်ဂရမ်ထက်ပို မစားသင့်ဘူးလို့ ဆိုထားပါတယ်။
၆။အကြောမလျှော့ပဲ လေ့ကျင့်ခန်းလုပ်ခြင်း
ဒါဟာ လုံးဝမဖြစ်သင့်တဲ့အရာပါ။ GYM ဆော့တော့မယ်၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တော့မယ်ဆိုရင် အကြောကတော့ အရင်ဆုံးလျှော့ရမှာပါပဲ။ အကြောလျှော့ခြင်းဟာ ကိုယ်လက်လှုပ်ရှားခြင်းကနေ ဖြစ်လာတဲ့ အသားတွေနာတာ၊ ဒူးနာတာစတာတွေကို ကာကွယ်ပေးနိုင်တဲ့အပြင် လေ့ကျင့်ခန်းလုပ်ရာမှာလည်း ပိုမိုထိရောက်တာကြောင့် လေ့ကျင့်ခန်းမလုပ်ခင် အနည်းဆုံး ၅မိနစ်လောက်တော့ အကြောလျှော့ဖို့ အချိန်ပေးသင့်ပါတယ်။
http://www.searchmyanmar.com/link/comment/cid/40882#content-40882

Wednesday, August 27, 2014

ဟာသ

"ဖြူလာရင် လျှော့လိုက်တော့"
ဇနီးသည်အား မော်တော်ကားမောင်း သင်နေသော ခင်ပွန်းသည်ကပြောပြသည်...
'စိမ်းရင်မောင်းတော့/နီရင်ရပ်လိုက်/
ဒိလိုဆို...ခင် ဘယ်တော့အ၇ှိန်လျှော့ရမလဲမောင်
အဲ ငါ့မျက်နှာဖြူဖတ်ဖြူေ၇ာ် ဖြစ်လာရင်အရှိန်လျှော့လိုက် သိလား
____________________________________
ကျောက်မျက်လုံး....
တစ်ခါက အိမ်တစ်အိမ်တွင်မျက်စိတစ်ဖက်မကောင်းသဖြင့်ကျေက်မျက်လုံးတပ်ထားရတဲ့အဖိုးကြီး
တစ်ယောက်နဲ့ သားဖြစ်သူ အရက်သမားတို့အတူနေကြသတဲ့။တစ်ညမှာအဖိုးကြီးဟာ သူ့ကျောက်မျက်
လုံးကို ဖန်ခွက်ထဲမှာ ရေနဲ့စိမ်ပြီးတော့ အိပ်ရာဝင်သွားတယ်။
အဲ ... ဒါနဲ့ သားအရက်သမား အပြင်ကနေ မူးမူးနဲ့ပြန်လာတော့ ကျောက်မျက်လုံးစိမ်ထားတဲ့ ရေခွက်ကိုသောက်မိသွားပြီး အိပ်ရာဝင်သွားတယ်။ မနက်မိုးလင်းတော့ အရက်သမားဟာ စအိုဝမှာ တစ်စုံတစ်ရာ၏ခံစားရ တာကြောင့် လိပ်ခေါင်းရောဂါရတယ်ထင်ပြီး ဆရာဝန်ဆီသွားပြတယ်။ ဆရာဝန်က လူနာရဲ့ဖင်ကိုဓာတ်မီးနဲ့ ထိုးကြည့်တော့ ရုတ်တရက် လန့်ဖျပ်ပြီးမေ့မြောသွားတယ်။ အရက်သမားဟာ ဆရာဝန်ကိုလှုပ်နှိုးပြီး သတိရလို့မေးကြည့်တော့ ဆရာဝန်ဖြေပုံက . . . ''ငါ့တစ်သက် လူနာဖင်တော်တော်များများ
ကြည့်ခဲ့ပါတယ်၊ ငါ့ကိုပြန်ကြည့်တဲ့ ဖင်ကို ဒီတစ်ခါပဲတွေ့ဖူးလို့ပါ''
______________________________________________
သူငယ်ချင်းနှစ်ယောက် စကားပြောနေသည်
"အချစ်ကလူတွေကိုမျက်ကန်း ဘ၀ရောက်စေတယ်ကွ"
"ဟ သယ်ရင်း မင်းက ဘာလို့  မျက်လုံးတဖက်ဘဲကမ်းနေရလဲ"
ငါက တဘက်သတ်အချစ်လေကွာ...ဟီးဟီး
___________________________________________

တိကျသောအဖြေ
ဆရာ။ ။ မောင်မောင် ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်ရဲ့ အမည်ဟာဘာလဲ၊ ဘယ်လောက်မြင့်သလဲ သိရဲ့လား
မောင်မောင်။ ။ သိပါတယ်ဆရာ၊ ဧ၀ရက်တောင်ထိပ်ပါ၊ 5 စင်တီမီတာမြင့်ပါတယ်။
ဆရာ။ ။ ဟိုက်စ် .... 5စင်တီမီတာ ဟုတ်ရဲ့လားကွာ
မောင်မောင်။ ။ တကယ်ပါ ဆရာ ၊ ကျွန်တော် ပထ၀ီဝင်စာအုပ်ထဲကပုံကို တိုင်းကြည့်တာ 5 စင်တီမီတာပဲရှိတာဘဲ
_________________________________________________
"ရည်ရွယ်သည်မှာ"
ရှင့်အမျိုသားက ကာယဗလမောင်ဆို"
ဟုတ်တယ်ရှင့်"
မင်း အားကစား ၀ါသနာပါတယ်လည်း မကြားဖူးပဲ ဘယ်လိုလုပ်ပြီး ကာယဗလ အားကစားသမားကို ချစ်သွားရတာလဲ"
"သူရှာဖွေရသမျှက ကိုယ်ဝတ်ချင်တာ ၀ယ်ဝတ်ရုံပဲလေရှင်၊ သူဖို့က စွပ်ကျယ်ကိုင်းပြတ်ရှိရင် ပြီးနေတာဟာ"
______________________________________________
ကလေးတစ်ယောက်က လမ်းပေါ်မှာ ငိုနေသတဲ့။
အဲဒါ ..တွေ့တဲ့လူကြီးတစ်ယောက်က မေးတာပေါ့
ဘာဖြစ်လို့ ငိုနေတာလဲ ကလေး ?
အိမ်မှာ သားဖေဖေနဲ့ မေမေ ရန်ဖြစ်နေလို့ပါလို့ ပြန်ဖြေတယ်တဲ့ ..ကလေးက ။
ဒါနဲ့ အဲဒီလူကြီးက ....သြော်... မငိုပါနဲ့ကွ မင်းအိမ်ကို ဦးဦးပြန်လိုက်ပို့ပေးမယ်..မင်းဖေဖေက ဘယ်သူတုန်း-လို့လဲမေးလိုက်ရော ကလေးလေးက ပြန်ဖြေရှာတယ် ...
သားဖေဖေကလဲ အဲဒါကိုပဲ မေးမေးပြီး မေမေ့ကို ရိုက်နေတာဗျ
_____________________________________________
ကုပဏီတခုတွင် ၀န်ထမ်းတဦးက တရုံးထဲသူငယ်ချင်းအား
ဖုန်းလိုင်းဖြင့်စကားပြော ရန်ခေါ်လိုက်စဉ် ကုပဏီပိုင်၇ှင်သူဌေးထံရောက်သွားလေ၏
"ဟေ့ရောင် ဘောကြီး ညနေအားလား"
သူဌေး၊၊၊၊၊၊၊ ဗျာ မအားပါဘူးခင်ဗျာ မိန်းမဘုရားလိုက်ပို့ ရမယ်
ဝန်ထမ်း၊၊၊၊၊အပိုလုပ်မနေနဲ့  ဒီည ကာရာအိုကေသွားမယ်ကြားလား ဘောကြီး ဟင်...မင်းအသံတမျိုးဖြစ်နေပါလား...၊
သူဌေး။။။ ခုဘယ်သူကိုဖုန်းဆက်နေတာလဲ
ဝန်ထမ်း။။။"ခင်ဗျားဘယ်သူလဲ"
သူဌေး။။ ငါကုပဏီပိုင်ရှင်ကွ မင်းကရောဘယ်သူလဲ
ဝန်ထမ်း။။။ တော်သေးတာပေါ့ မသိလို့  .....
ဝန်ထမ်းမှာ ဖုန်းချသွားလေ၏။

အိုင်းစတိုင်းနှင့် ပက်သက်၍

အိုင်းစတိုင်းနှင့် ပက်သက်၍ လူသိနည်းသော အကြောင်းအရာအချို့ 
==============================================
နိုဘယ်ဆုရ ကမ္ဘာကျော် ရူပဗေဒ ပညာရှင် အဲလ်ဘတ်အိုင်းစတိုင်းနှင့် ပက်သက်၍ လူသိနည်းသော အကြောင်းအရာများမှာ
၁။ အိုင်းစတိုင်းဟာ အသက် ၄ နှစ်အရွယ်ကစလို့ စကားပြောတတ်ခဲ့ပါတယ်။ သို့ပေမယ့် အသက် ၉ နှစ်အထိ စကားကို ပီပီပြင်ပြင်၊ များများစားစား မပြောနိုင်ပါဘူး။ တစ်ရက် မိသားစုနှင့် ညစာစားစဉ်ချိန်မှ " The Soup is too hot" လို့ စပြောပြီး သူစကားပြောတတ်ရဲ့ သားနဲ့ မပြောပဲ နေခဲ့ တယ်ဆိုတာ ကို သိသွားပါတယ်။ သူ့ရဲ့ အကြောင်းပြချက်ကတော့ “Because up to now everything was in order." ဖြစ်ပါတယ်။
၂။ အသက် ၅ နှစ်အရွယ်မှာ ဖခင်ဖြစ်သူက သူ့ကို သံလိုက်အိမ်မြောင် တစ်ခု လက်ဆောင်ပေးခဲ့ပြီး ရူပဗေဒပညာအပေါ် ရူးသွတ်ခြင်းကို ယင်း သံလိုက် အိမ်မြောင်မှ စတင်ခဲ့ခြင်း ဖြစ်ပါတယ်။ သံလိုက်အိမ်မြောင်ဟာ ဘာလို့ အရပ် မျက်နှာပြသမှုမှာ ပုံသေဖြစ်နေရတာလည်းကို စတင် စိတ်ဝင်စား ခဲ့ခြင်း ဖြစ် ပါတယ်။
၃။ ကျောင်းပညာရေးမှာ ညံ့ဖျင်းပြီး စာမေးပွဲတောက်လျှောက်ကျတဲ့ အတွက် ကျောင်းအထုတ်ခံရပါတယ်။ အသက် ၁၇ နှစ်အရွယ်က လည်း ကောလိပ်ဝင်ခွင့်ဖြေဆိုတာ သင်္ချာနဲ့ ရူပဗေဒကလွဲလို့ ကျန်တဲ့ ဘာသာတွေ ကျပါတယ်။
၎။ အိုင်းစတိုင်း နှစ်သက်တဲ့ ပစ္စည်းနှစ်ခုကတော့ ခေါင်းဖီး နဲ့ ခြေအိတ်ဖြစ် ပါတယ်။
၅။ City Light အမည်ရ ဟောလိဝုဒ်ရုပ်ရှင် ရုံအတင်ဖွင့်ပွဲကို အိုင်းစတိုင်းရောက်ဖြစ်စဉ် ဟာသမင်းသား ချာလီချက်ပလင် နဲ့ တွေ့ဆုံစဉ် ချာလီမှ သူ့ကို စကားတစ်ခွန်းပြောခဲ့ပါတယ်။ "ကျွန်တော့ကိုကျ လူတွေ နားလည်လို့ အားပေးကြတယ်။ ခများကိုကျ လူတွေနားမလည်လို့ အားပေးကြတယ်"
၆။ အိုင်းစတိုင်း ပထမဇနီး Mileav Maric နဲ့လမ်းခွဲရတဲ့အကြောင်းက သူ့မှာ မောင်နှမဝမ်းကွဲတော်သူ မိန်းကလေး Elsa နဲ့ချစ်ကြိုက်နေ လို့ ဖြစ်ပါတယ်။ ဒါကြောင့် အိုင်းစတိုင်းဟာ အိမ်ထောင်ရေးဖောက်ပြန်သူ တစ်ဦး (Adultery) ဖြစ်ပါတယ်။
၇။ ဟစ်တလာက အိုင်းစတိုင်းကို နံပါတ်တစ် ပြည်သူ့ ရန်သူ အဖြစ် သတ်မှတ်ခဲ့ပါတယ်။
၈။ အိုင်းစတိုင်းကွယ်လွန်ချိန်မှာ သူ့ဦးနှောက်ကို အဖယ်ရှားခံခဲ့ရပါတယ်။ သူ့မိသားစု ခွင့်ပြုချက်ကို နှစ်အတော်ကြာမှ ပြန်လည်တောင်း ဆိုတာ ဖြစ်ပါတယ်။ ဖယ်ရှားသူကတော့ ဒေါက်တာ သောမတ်စ် (Thomas Stoltz Harvey) ဖြစ်ပြီး လေ့လာစစ်ဆေးရန် ဖြစ်ပါတယ်။ ကမ္ဘာတစ်လွှား က ဆေးပညာရှင်၊ Scientist များထံ ပို့ခဲ့ပြီး အဖြေရှာရာ သာမန်လူတွေထက် ထူးခြားတဲ့ ဦးနှောက်ကို ပိုင်ဆိုင်ထားကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။
၉ ။ အိုင်းစတိုင်းဟာ တယောတီး ဝါသနာ ပါသူ တစ်ဦးဖြစ်ပါတယ်။ " အကယ်၍ ရူပဗေဒပညာရှင်သာ ဖြစ်မလာရင်၊ ကျွန်တော်ဟာ အနုပညာရှင် တစ်ဦး ဖြစ်နေလောက်ပါပြီ။ သီချင်းတွေကို ထိုင်တွေးနေမိပြီး အိပ်မက်ထဲမှာလည်း သီချင်းတွေကြားထဲမှာ နေထိုင်နေပါတယ်။ တယောတီးမိတဲ့ အချိန်ကျ ဘဝရဲ့ အပျော်ဆုံး အချိန်တစ်ခုလိုပဲ သတ်မှတ်ခံစားရပါတယ်" လို့ပြောဆိုခဲ့ဖူးပါတယ်။
----
Credit- Original Translator

Tuesday, August 26, 2014

ကလေးအမေး

ဦးဦးပေါက်ချီ
ဟေ
သားသားမသိလို့မေးမယ်နော်
အေးပြောငါ့တု ဦးဦးအကုန်သိတယ် ပြောပြမယ် ငှဲငှဲ
တနလာင်္နေ့ပြီးရင် ဘာလို့အင်္ဂါနေ့လာရတာလဲ သောကြာနေ့လာလို့မရဘူးလား ဘယ်သူကစလုပ်ထားတာလဲ ဟင် ???
ဟေ ... အဲ့တာဟွာလေ .....ဟိုဥစ္စာ
မနှစ်ကပြာသို လက အေးတယ်နော်
အေးသား ဟုတ်တယ်လေ
ဟိုးအရင်နှစ်ကပြာသိုလ ကလဲအေးတယ်နော်
အေးဟုတ်တယ်လေ ဘာဖြစ်လို့လဲ
အေးတာကြီးနဲ့ပြာသိုလ က ဘာလို့အမြဲတိုက်ဆိုင်နေရတာလဲ ပူတဲ့ ပြာသိုလမရှိဘူးလား လို့လေးလေး ပေါက်
တိန် ဟို ဟိုဟွာလေ ...
ဟိုအန်တီလေး က သူ့ကလေးကို ချစ်တယ်လဲပြောသေးတယ် ဘာလို့မြိုချထားတာလဲ ???
အာ့မြိုချထားတာ မဟုတ်ဖူး ဗိုက်ကြီးတာလို့ခေါ်တယ်သားသားရဲ့
သားသားသိတာ ပါးစပ်ကထည့်မှ ဗိုက်ထဲရောက်တာလေ သူကမြိုချထားတာမဟုတ်ဖူးဆိုရင် ဘယ်နားကထည့်ထားတာလဲ
အဲ့လေ ဟွာ အုန်းသီးထဲက အုန်းရေလိုအညှာတံက တစ်စက်တစ်စက်ချင်း ကျပြီးထည့် ထား အာဟုတ်ပါဘူး ငါကလေးကို ဘာတွေပြောနေတာလဲ ?
အဲ့ကလေးကကြီးလာရင် ဘယ်နားကထွက်လာမှာလဲ ဟင် ?
ဗိုက်ကို ခွဲပြီးထွက်လာမှာဟေ့ ...
လေးလေးပေါက် လကြီးနဲ့ အမေရိကားတိုက်က ဘယ်ဟာပိုဝေး သလဲ ????
လမင်းကြီးကဝေးတာပေါ့ ငါ့တူရဲ့
ဟင့်အင်းမယုံပါဘူး အာ့ဆိုဘာလို့ လ ကြီး ကို မြင်ရပြီး အမေရိကားတိုက်ကို ဘာလို့မမြင်ရသလဲ ????
တိန် ဟွာလေ .....
တရုတ်ကားထဲမှာ အပြစ်သားကို ခေါင်းခုတ်တော့မယ်ဆိုရင်လေ ဘာလို့ အာဏာပါးကွက်သားဖက်တီးကြီးတွေက ဓားပြားကြီးကို အရက်နဲ့ထွေးတာလဲ ဟင် :??????
အဲ့တာ စတာရိုက်ဇေးရှင်းလုပ်တာဟေ့ ပိုးသတ်တာ မသာလေးရဲ့ ဓားကလူုတကာခုတ် နေတော့ မသန့်ဘူးလေ တော်ကြာခေါင်းမပြတ်ခင် အပြစ်သား အေကိုက်ပြီးသေသွားမှာစိုးလို့ဟေ့
ပေါက်ကရမေးချင်ဦးကဲ ...
နေဦး လေးလေးပေါက် နေကမီးလောင်နေတဲ့ ဂြိုလ်လ်ကြီးဆိုတော့လေ လောင်စာ ဆီကဘယ်သူလာလာလောင်းပေးနေလဲ အဲ့အလုံးကြီကမီးလောင်နေတာကြာပေါ့ ကုန်မသွားဘူးလား ?????
တိန် ငါမသိတော့ဘူး ပြေးင်္ပြီဟေ့
ဟွန့်အလကား ဦးဦးပေါက် ဘွဲ့ ရဆို ပြီးဘာမှလဲ မသိဘူး ဖွတ်ချရူး အာ့ကြောင့်သားသားကျောင်းမသွားချင်တာပေါ့ မြန်မာပြည်ပညာရေးကို အယုံအကြည်ကိုမချိတာ ခိခိ သားသား အာ့လာပြောတာ
အေဘေး လေး မင်းအမေက ကျောင်းမတက်လို့ ဒုတ်နဲ့ လာနေပြီပြေးစမ်း ခိခိခိ
ဝှစ်
မောင်ပေါက်
(စိတ်ထဲရှိတာ ပေါက်ကရ ရေးလိုက်ရလို့ပေါ့သွားသည် ခိခိခိ)

အရေပြားကို ဖျက်ဆီးတတ်သော အဓိက အကြောင်းရင်း ၁၇ ချက်

အရေပြားကို ဖျက်ဆီးတတ်သော အဓိက အကြောင်းရင်း ၁၇ ချက်
*----------------------
၁။ ကမ်းခြေ၊ ပင်လယ်ပြင်နဲ့ နေပူတဲ့ ခရီးတွေ သွားချိန်မှာ နေရောင်ကို ကာကွယ်နိုင်တဲ့ Sun Cream ကို အသုံးမပြုဘဲ အပြင်ထွက်ခြင်း။
၂။ ဆေးလိပ်နဲ့ စီးကရက် သောက်သုံးတတ်ခြင်း၊ ဒါမှမဟုတ် ဆေးလိပ် သောက်သုံးတတ်သူတွေရဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ခြင်း။
၃။ အရက်နဲ့ အယ်လ်ကိုဟော ပါဝင်တဲ့ ဖျော်ရည်တွေကို အလွန်အကျွံ သောက်သုံးတတ်ခြင်း။
၎။ မျက်နှာကြေးချွတ်ရာမှာ အသုံးပြုတဲ့ ခရင်မ်တွေကို အတင်း ပွတ်တိုက် သုံးတာကြောင့် အရေပြား ပျက်စီးစေပါတယ်။ (သွေးလည်ပတ်မှုအတိုင်း လက်သူကြွယ်ရဲ့ဖိအားလောက်ကိုသာ သုံးပြီး ပွတ်သပ်ပေးပါ။)
၅။ ညစ်ပေနေတဲ့လက်၊ မသန့်ရှင်းတဲ့ လက်တွေနဲ့ မျက်နှာနဲ့ သင့်အရေပြားက ကုတ်မိတာကြောင့် မသန့်ရှင်းတဲ့ လက်ကနေတစ်ဆင့် ဘက်တီးရီးယားပိုး ဝင်ခြင်း။
၆။ မျက်နှာပေါ်က မှဲ့နဲ့ အမာရွတ်တွေဟာ ပုံမှန်မဟုတ်ဘဲ မကြာခဏဆိုသလို ထွက်ရှိလာတတ်ခြင်း။
၇။ ဓာတုပစ္စည်းပါဝင်တဲ့ အရောင်ဆိုးဆေးတွေ၊ ဆံပင်ဆိုးဆေးတွေနဲ့ အလှပြင်ပစ္စည်းတွေ အသုံးပြုခြင်း။
၈။ မျက်နှာကို မကြာခဏဆိုသလို ဆေးကြောနေတတ်ခြင်း။
၉။ အိပ်စက်ချိန် ပုံမှန်မရှိတာနဲ့ စိတ်ဖိစီးမှုတွေကြောင့် ဝက်ခြံတွေ ထွက်လာတတ်ပြီး အရေပြား ထိခိုက်စေခြင်း။
၁ဝ။ ပူလွန်းတဲ့ရေနဲ့ မျက်နှာသစ်မိတာ၊ မျက်နှာပေါင်းတင်ချိန်မှာ အသုံးပြုတဲ့ ရေနွေးငွေ့ပေးတဲ့ စက်တွေကို သုံးချိန်မှာ နားလည်တဲ့သူရဲ့ အသုံးပြုပေးမှုကို မခံယူတာကြောင့် မျက်နှာ အပူလောင်ရာကနေ အရေပြား ပျက်စီးခြင်း။
၁၁။ ဆီကြော်စာတွေနဲ့ ထပ်ပြန်ကြော်စာ၊ အဆီများတဲ့ အစာတွေ အစားများခြင်း။
၁၂။ သင့်အရေပြားနဲ့ မသင့်တော်တဲ့ မိတ်ကပ်နဲ့ ဖောင်ဒေးရှင်းတွေကို ကြာရှည်သုံးစွဲနေမိခြင်း။
၁၃။ ဝက်ခြံနဲ့ အဖုအပိမ့်တွေကို လက်သည်းနဲ့ ကုတ်ဖဲ့တတ်ခြင်း။
၁၄။ ရေသောက်နည်းခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ အစားအသောက်မမှန်ခြင်း၊ ပင်လယ်စာတွေနဲ့ ဓာတ်မတည့်မှု ဖြစ်တတ်ခြင်း။
၁၅။ ကြာရှည်စွာ နေပူဆာလှုံခြင်း။
၁၆။ အလှကုန်ပစ္စည်းတွေကို ရောနှောထားရာကနေ ဓာတ်မတည့်မှုဖြစ်ပြီး အရေပြားပေါ်တင်ချိန်မှာ အရေပြားကို ထ
ိခိုက်မိခြင်း။
၁၇။ တစ်ကိုယ်ရေသန့်ရှင်းမှု
အားနည်းခြင်း။
ref;Good health
KWYM( ကျော်ဝေယံမင်း)

Warren Buffett ရဲ့ စကားများ

ဘီလျံနာသူဌေးကြီး Warren Buffett ရဲ့ စကားများ
==================================
(၁) ငွေက လူကိုဖန်တီးခဲ့တာ မဟုတ်ဘဲ လူကပဲငွေကို ဖန်တီးခဲ့တာပါ။
(၂) ဘ၀ကို ကိုယ့်အရှိအတိုင်း ရိုးရိုးရှင်းရှင်း နေထိုင်ပါ။
(၃) သူများတွေပြောတိုင်း လိုက်မလုပ်ပါနဲ့။ နားတော့ထောင်ပါ။ ဒါပေမယ့် ကိုယ်ကောင်းမယ် ထင်တာကိုသာလုပ်ပါ။
(၄) အ၀တ်အစားနဲ့ ပတ်သက်ရင်လဲ နံမည်ကြီးတံဆိပ်တွေနောက်ကို မလိုက်ပါနဲ့ ကိုယ်ဝတ်ရတာ သက်တောင့် သက်သာ ရှိတာတွေကိုပဲ ၀တ်ပါ။
(၅) မလိုအပ်တဲ့ အရာတွေအတွက် ပိုက်ဆံကို မဖြုန်းတီးပါနဲ့၊ တကယ်လိုအပ်နေတဲ့ သူတွေအတွက် သာသုံးပါ။
(၆) ဘာပဲပြောပြော ဒါဟာ ကိုယ့်ရဲ့ ဘ၀ပါပဲ။ ဘာလို့ သူများတွေကို ထိန်းချုပ်ချယ်လှယ်ခွင့် ပေးရမှာလဲ။…..
source” CNBC

Monday, August 25, 2014

ဒါတွေဖတ်ပြီး အံ့သြသွားနိုင်လေရဲ့

သင်ဒါတွေဖတ်ပြီး အံ့သြသွားနိုင်လေရဲ့
==========================
၁။သမိုင်းဝင်မိုနာလီဇာပန်းချီကားကို ပထမမြောက်ပြင်သစ်ဘုရင်က ရေချိုးခန်းထဲမှာချိတ်ထားရန်ဝယ်ခဲ့ခြင်းသာဖြစ်သတဲ့
၂။တရုတ်ပြည်က မဟာတံတိုင်းကြီးကို တည်ဆောင်ဖို့အတွက် .နှစ်ပေါင်း ၁၇၀၀ အချိန်ယူရတယ်တဲ့
၃။ပုရွက်ဆိတ်တွေက ၂၄ နာရီ မအိပ်ဘဲ အလုပ်လုပ်ပါတယ်တဲ့
၎။ရှေးတုန်းက အီဂျစ်ပြည်က သိပ္ပံပညာရှင်တွေဟာ ကျောက်တုံးတွေကိုခေါင်းအုံးပြီးအိပ်ချင်းဟား တွေးခေါ်မှုနိုးကြားစေဖို့ အတွက်ဖြစ်သတဲ့
၅။ကြက်တကောင်ရဲ့ အချိန်အကြာဆုံးပျံသန်းနိုင်မှုက ၁၃စက္ကန့်ပဲ ရှိသတဲ့
၆။တယ်လီဖုန်းကို စတီထွင်ခဲ့တဲ့ ဂရေဟမ်ဘ ဖုန်းမြည်သံကြားရင် ရူးချင်တဲ့အတွက် သူ့အခန်းထဲမှာ ဖုန်းမထားပါဘူးတဲ့
၇။ဒိုင်းနမိုက်ပြုလုပ်တဲ့အခါမှ မဖြစ်မနေထည့်ရတဲ့အရာတခုရှိပြီး လူတိုင်းလည်းစားတဲ့အရာဖြစ်ပါတယ် အဲဒါကတော့ မြေပဲဆန်ပါပဲ
၈။ပြင်သစ်ဘုရင် လူဝီဆယ့်ငါးဟာ တစ်သက်မှာ ရေ ၃ ကြိမ်ပဲ ချိုးဘူးသူဖြစ်ပါတယ်တဲ့
၉။မိုးကြိုးပစ်ရင် မိန်းမတစ်ယောက်ထက် ယောက်ကျားတစ်ယောက်က ၄ ဆပိုပြီးမှန်နိုင်ချေရှိပါသတဲ့
၁၀။ကိုကာကိုလာရဲ့ မူလအရောင်က အစိမ်းရောင်ဖြစ်သတဲ့
၁၁။ကမ္ဘာပေါ်မှာ အများဆုံးရှိတဲ့ အမည်က မိုဟာမက်ဆိုတဲ့ အမည်ပဲဖြစ်ပါတယ်
၁၂။ကင်းမြီးကောက်တကောင် ပေါ်ကို အရက်လောင်းချလိုက်ရင် သူ့ကိုယ်သူ ကိုက်သေပါသတဲ့
၁၃။လူတွေ ကိုယ့်ကိုကိုယ် အများဆုံးသတ်သေတဲ့နေ့ က စစ်တမ်းအရ တနင်္လာနေ့ဖြစ်ပါသတဲ့
၁၄။ညာသန်တွေက ဘယ်သန်တွေထက် သက်တမ်းစေ့ဆိုရင် ၇ နှစ်ပိုရှည်ပါသတဲ့
ဆက်ပါဦးမည်...

မဟာယာန နှင့်ထေရဝါဒ

မဟာယာန နှင့်ထေရဝါဒ ကွာခြားမှု အကြောင်း
====================================

ခေါင်းစဉ်ဖတ်ရုံနှင့် အင်မတန် စိတ်ဝင်စားဖွယ် ကောင်းမည့် အကြောင်းအရာဖြစ်မှန်း စာဖတ်သူတို့ သိရှိမည်ဟု ယုံကြည်ပါသည်။

ယင်းသို့ ဗုဒ္ဓဘာသာမှ ခွဲထွက်လာသော ထိုလမ်းနှစ်သွယ်ကို ရေးသားသုံး သပ်ရန်မှာ အင်မတန်ခက်ခဲ လှသည်။ အကြောင်းမှာ- တစ်ဖက် စောင်းနှင်းဖော်ပြမိလျှင် မိမိဘာသာ သာ အမှန်၊ အခြားဘာသာ မှားယွင်းသည်ဟု မှားမှားယွင်းယွင်း သိမြင်စေသော အတ္တဝါဒီ သမား ဖြစ်နိုင်ခြင်း၊ ကွဲလွဲမှုများဖော်ပြရာ စာဖတ်သူတို့အား အမြင်လွဲမှား မှုများဖြစ်ပေါ်စေခဲ့လျှင် သံဃာသင်းခွဲသည် ဟူသော ကံကြီးတစ်ခုပါ ထိုက်ချေအုံးမည်။

သို့ဖြစ်ရာ မှန်ကန်သော အထောက်အထားများ ရရှိစေရန် စာအုပ်များ ဖတ်ရှုလေ့လာရပါသည်။ ထို့ကြောင့် စာရေးသူ တင်ပြသော မဟာယာန နှင့် ထေရဝါဒ အယူဖော်ပြ ချက်များမှာ ဗုဒ္ဓအဆုံး အမနှင့် ကျမ်းဂန်လာများ သာ ဖြစ်ကြောင်း သိစေလိုပါသည်။

ထေရဝါဒကို များများစားစား တင်ပြနေစရာမလို စာရေးသူတို့မြန်မာလူမျိုးအများစု ကိုးကွယ်နေသည့် ဘာသာဖြစ်ရာ သိရှိပြီးဟု ယုံကြည်သဖြင့် အကျဉ်းချုပ် အဓိပ္ပါယ်ကိုသာဖော်ပြလိုပါသည်။ ထို့နောက် မဟာယာနကို အကျယ်တစ်ပွင့်ဖော်ပြပါမည်။

ထေရဝါဒ ဟူသည် ထေရ နှင့် ဝါဒ ပေါင်းစပ်ထားသော မြင့်မြတ်သည့် အယူ (သို့) ရဟန်းမထေရ်တို့၏ဝါဒ (အယူ) ဟုဖြစ်သည်။ ထေရဝါဒ အယူအရ ခန္ဓာ၏ ဖြစ်ပျက်ကိုရှုပြီး သစ္စာလေးပါး သိမြင်ကာ မဂ်ဖိုလ်နိဗ္ဗာန်သို့ ဆိုက်ရောက်စေသော အယူဖြစ်ပါသည်။ (ဒီထက်ပိုမိုကျယ်ပြန့်စွာ လည်း ဖော်ပြနိုင်ပါသည်။) ဤသည် အများက သိမြင်ထားသော အကျဉ်းချုပ်အဓိပ္ပါယ်ဖြစ်သည်။ သာဝက လမ်းစဉ်ဖြစ်ပြီး သောတပန်၊ သကဒါဂန်၊ အနာဂန်၊ ရဟန္တာစသည့် အရိယာအဆင့်ဆင့်ဖြင့် လောကီမှ နိဗ္ဗာန်သို့ကျွတ်တမ်းဝင်စေ သော လမ်းစဉ်ဖြစ်သည်။

မဟာယန ဟူသည်ကား ဗောဓိသတ္တယာန ခေါ် ဘုရားအလောင်းလမ်းစဉ်ကို ဦးစားပေးသော ဗုဒ္ဓဘာသာဂိုဏ်းဖြစ်သည်။ မဟာ (ကြီးကျယ်မြင့်မြတ်သော) ယာန (ဝါဒ)(လမ်းစဉ်) ဟုခေါ်ဆိုရသည့် အကြောင်းနှစ်ချက်ရှိသည်။ ၁။ သတ္တဝါအများကိုကယ်တင်နိုင်သဖြင့် ကြီးကျယ်များပြားသော အနက်၊ ၂။ သမာရိုးကျဗုဒ္ဓဘာသာ (ထေရဝါဒနှင့် ဟိနယာန) တို့ထက်သာလွန်မြင့်မြတ်သည့်ရည်မှန်းချက်ရှိသော အနက်… ထိုအနက်နှစ်ခုကြောင့် မဟာဟုခေါ်ဆိုခြင်းဖြစ်သည်။

သဒ္ဓရ်မပုဏ္ဍရိက ကျမ်းတွင် မဟာယနဝါဒကို အလွယ်နည်းဖြင့်သိရန် ပုံပြင်ဖြင့် အဓိပ္ပါယ်ဖွင့်ဆိုထားသည်။ အိမ်ကြီးတစ်အိမ်တွင် ကလေးငယ်များ ကစားနေစဉ် ထိုအိမ်ကြီး မီးလောင်သည်ဆိုပါစို့။ ကလေးငယ်များက ဘာမျှ လုပ်တတ်ကြလိမ့်မည်မဟုတ်။ ထိုအခါ အားကောင်းမောင်းသန်ဖခင်ဖြစ်သူက ကလေးငယ်များနှင့်တကွ ကစားစရာများကိုပါ ယာဉ်ရာထားကြီးပေါ်တင်ပြီး မီးဘေးလွတ်ကင်းရာ သို့ထွက်ခဲ့သည်။ ထိုပုံပြင်၌ မီးလောင်နေသာ အိမ်ကြီး ကို ဒေါသမီး၊ လောဘမီး၊ မောဟမီး ဟုန်းဟုန်းတေက်လောင်မြိုက် နေသော ဤကမ္ဘာလောကကြီး၊ ကလေးငယ်များကို ပုထုဇဉ်လူသားများ၊ ကယ်တင်သူ ဖခင်ကို ဘုရားလောင်း၊ ကယ်တင်ရာ ယာဉ်ကို ဘုရားအလောင်းကျင့်စဉ် (ဗောဓိသတ္တယန) စသည့် ဥပမာများဖြင့် ဖော်ပြထားလေသည်။ ကလေးငယ်များ ကစားနေသော ကစားစရာယာဉ်များတွင် လူတကယ်စီးနိုင်လောက် သော လှည်းရုပ်များလည်းရှိမည်ဖြစ်သော်လည်း ထိုလှည်းကလေးများသည် ထကယ့်အရေးအကြောင်းရှိလာပါ မူကား အကူအညီရနိုင်လိမ့်မည် မဟုတ်ကြောင်း ရှင်းပြထားသည်။

ထို့ကြောင့် မဟာယန အယူအရ တစ်ဦးတစ်ယောက်တည်း နိဗ္ဗာန်သို့ရောက် ရန်ကျင့်ခြင်းသည် မမြင့်မြတ်၊ မိမိကိုယ်တိုင် ဘုရားဖြစ်မှသာ လောကကို ကယ်တင်နိုင်ပြီး အားလုံးကျွတ်အောင်ပြုနိုင်အပ်ပေသည်ဟု ယုံကြည်ကြသည်။

နိဗ္ဗာန်သို့ရောက်ရန် ကျင့်စဉ် သုံးနည်း (ဝါဒ ၃ဝါဒ) ရှိသည်။

၁။ သာဝကယာန ( သာဝက ရဟန်းဘဝဖြင့် နိဗ္ဗာန်ဝင်ခြင်း) ၂။ မစ္စေကဗုဒ္ဓယာန (ပစ္စေက ဗုဒ္ဓဘဝဖြင့် နိဗ္ဗာန်ဝင်ခြင်း) ၃။ ဗောဓိယာန (ဘုရားအဖြစ်မှ နိဗ္ဗာန်ဝင်ခြင်း) (ယင်းလမ်းစဉ်ကို နောက်ပိုင်း ဘုရားလောင်းကျင့်စဉ် (သမ္မာသမ္ဗောဓိ) ဟုလည်းခေါ်သည်။) စသည်တို့ဖြစ်သည်။

ဘုရားရှင်ပရိနိဗ္ဗာန်စံတော်မူပြီး နှစ် ၁၀၀ ခန့်တွင် ပထမ သံဃာယနာတင်ပြီးနောက်ပိုင်း ဟိနယာနဂိုဏ်းတစ်ခု ထေရဝါဒ မှခွဲထွက်လာသည်။ ဒုတိယ သံဃာယနာကာလတွင်း ဝိနည်းဆယ်ပါး တီထွင်ပြဋ္ဌာန်းမှုကြောင့် မူလထေရဝါဒဂိုဏ်း ရဟန္တာမထေရ်ကြီးတို့က မိမိတို့အား သံဃာကံထားပြီး သာသနာတော်သန့်စင်ခဲ့သည်ကို အငြိုးထားကာ ရဟန္တာဆိုသည်မှာ ကိလေသာမကုန်သေး။ သံယောဇဉ်မကုန်သေး။ ထို့ကြောင့် ဘက်လိုက်မှုပြုတတ်သေးသည်။ အမှားကိုလည်းပြုတတ်သေးသည်။ ထို့ကြောင့် အရိယာဂုဏ်ယုတ်လျော့ အောင်ပြောဆိုဝေဖန်ပြီးလျှင် မိမိတို့သည် ထိုပထမသံဂါယနာတင် ရဟန္တာအိုကြီးများ၏ သာဝက လမ်းစဉ်ကို မလိုက်လိုကြောင်း ထုတ်ဖော်ကြေညာခဲ့သည်။

ထို့ကြောင့် အစဦးပိုင်းတွင် ဟိနယာနဂိုဏ်းဝင်တို့သည် ပစ္စေကဗုဒ္ဓလမ်းစဉ်ကို ကျင့်ကြံအားထုတ်ရာ နောက်ပိုင်း ၄င်းထက်ပိုမြင့်မြတ်သော ဘုရားလမ်းစဉ် (ဝါ) ဘုရားလောင်းလမ်းစဉ် (သမ္မာသမ္ဗောဓိ) သဖြင့် မဟာယန အဖြစ်သို့ အသွင်ပြောင်းခဲ့သည်။ ထို့ကြောင့် ဟိနယာန ဂိုဏ်းပျောက်ကွယ်ခဲ့သည်။

ဤတွင် စိတ်ဝင်စားဖွယ်တစ်ချက်ဝင်လာသည်။ မြတ်စွာဘုရားရှင်သည် လူ့ပြည်၌ သာဝကလမ်းစဉ်ကို သာဟောကြားခဲ့သည်။ အတိအကျဆိုရသော် ဓမ္မက္ခန္ဓာ(တရားအစု) အားဖြင့် ၈၄၀၀၀ သာဖြစ်သည်။ ထို့ကြောင့် မဟာယန လက်စွဲကျင့်ကြံသော သမ္မာသမ္ဗောဓိလမ်းစဉ်ကို မည်သို့ရရှိသနည်းဖြစ်သည်။

မဟာယန ကျမ်းဂန်အရ မြတ်စွာဘုရားသည် သမ္မာသမ္ဗောဓိ (ဘုရားအလောင်း) လမ်းစဉ်ကို နဂါးပြည်တွင် ဟောခဲ့သည်။ အေဒီ ၁၀၀-၂၀၀ တွင် နာဂါရ်ဇုန ရဟန္တာသည် လောကီပညာရပ်တွင် သိဒ္ဓိပေါက်ပြီး နဂါးပြည်သို့ တက်ရောက်ကာ ဗောဓိသတ္တလမ်းစဉ်နှင့် သုညသဝါဒကို သင်ယူခဲ့သည်။ ထို့ကြောင့် သင်ယူထားသော ဝါဒကို ပြန်လည်ပြန့်ပွားစေရာ မာဓျမိက ဝါဒဟုသာ အမည်တွင်သည်။ အေဒီ(၂၇၀-၃၅၀)တွင် ယောဂစာရဂိုဏ်း အယူဝါဒတည်ထွင်သူ မေတ္တေယျနာထ မှ မာဓျမိက ဝါဒကို ဆက်လက်ထိန်းသိမ်းပြန့်ပွားခဲ့သည်။ ယခုအခါယင်း မေတ္တေယျသည် သုတိသာနတ်ပြည်တွင်စံမြန်းနေသော နောင်ပွင့်မည့် မေတ္တေယျဘုရားဟု မဟာယနတို့မှ ယုံကြည့်ထားကြသည်။ မာဓျမိကဝါဒ သည် အလယ်အလတ်ဖြစ်သော ပစ္စေကာဗုဒ္ဓါယာနအယူကိုလက်ခံသဖြင့် ထိုထက်ပိုမြင့်မြတ်သော သမ္မာသမ္ဗောဓိ အယူသို့ကူးပြောင်းရာ မဟာယနပီပြင်လာခဲ့သည်။

မဟာယနတွင် ဒသဘူမိကဆယ်ဆင့်တရား၊ ဗောဓိသတ္တ၏ အဓိဋ္ဌာန်၊ ပါရမီခြောက်ပါးကျင့်စဉ်တရား စသည်ဖြင့်စသည်ဖြင့် ခိုင်မာသော တရားအုတ်မြစ်များ ရှိနေရာ ယနေ့တိုင် တည်မြဲရသော အကြောင်းအရင်းတစ်ရပ်ဖြစ်ပေသည်။

ဥပမာ- အတ္တနှင့် အနတ္တ အစွန်းနှစ်ဖက်၏ အလယ်ဗဟိုကျင့်စဉ်၊ အစွန်းတရားပယ်နည်း၊ ပတ်လည်ငြင်းပယ်နည်း ၈မျိုး၊ (Negation of Negation) နောက်ဆုံးတွင် အစွဲအားလုံးကင်းသော နိဗ္ဗာန်အစစ် (သုညတာ) သို့သိမြင်ရသည်ဟု ဆိုထား၏။

သို့သော် မဟာယနတွင် အများဝေဖန်စရာ အချက်များရှိနေသေးသည်။ ၄င်းမှာ ဘုရားလောင်း ကိုးကွယ်ခြင်းဖြစ်သည်။ မဟာယန၏ အယူမှာ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး လူ့ပြည်သို့ ဆင်းပြီး တရားမဟာခဲ့ ပုံရိပ်၊ ကာယအတုတို့ဖြင့်သာဖြစ်ပြီး ဘုရားလောင်းများကို တစ်ဆင့်ပါးပြီးလည်း ဟောတော်မူကြောင်ယုံကြည်ကြသည်။ ထိုသို့ယုံကြည်ခြင်းသည်လည်း အကြောင်းမဲ့မဟုတ်။ ဗုဒ္ဓကို ကာယသုံးပါးဖြင့် ခွဲပြထားပြီး ထိုကာယတို့အား လူတို့မဖူးတွေ့ရပုံ တို့ပါတိတိကျကျညွန်းဆိုထားကြသည်

ထို့ကြောင့် အရေးအကြောင်းတစ်ခုခုလျှင် မြတ်စွာဘုရားမှမကယ်။ ဘုရားလောင်းများသာ လာရောက်ကယ်တင်ကြသည်ဟု ယုံကြည်သည်။ ဘုရားလောင်းများသည် နတ်သား၊ နတ်သမီးအဖြစ်လည်းကောင်း ဘဝအမျိုးမျိုးဖြစ်သည်ဟု ယုံကြည်ကြသည်။ လက်ရှိ တရုတ်တို့ကိုးကွယ်နေသာ ကွမ်ယင်မယ်တော်မှာ ဘုရားလောင်းဖြစ်သည်ဟုယုံကြည်ကြသည်။ မဟာယနတို့သည် အရိမေတ္တေယျ မပွင့်မီ ကာလ ကြားကာလမှ ဘုရားလောင်းများကို ဘေးဒုက္ခများမှ လွတ်မြောက်ရန် ကယ်တင်ပေးစေလိုခြင်းငှာ ကိုးကွယ်ဆည်းကပ်ကြလေသည်။

ထိုသို့ဘုရားလောင်းကိုးကွယ်ခြင်းသည် မဟာယနတွင် အင်မတန်ခေတ်စားပြီး အိန္ဒိယ မှ ဗြိဿနိုးကိုပင် အမည်ပြောင်းလဲခေါ်ဆိုကာ ဘုရားအလောင်းတော် အဖြစ်ကိုးကွယ်သည်။ ခေတ်အဆက်ဆက် ပြောင်းလဲလာပြီး ဘုရားအလောင်းတော် ကိုကိုးကွယ်ရာတွင် ဘုရားအလောင်းတော်၏ မိဘုရား နတ်သမီးကိုပါကိုးကွယ်ခြင်းအထိ ဖြစ်လာသည်။ ယင်းကိုးကွယ်မှု သည် မြန်မာ သို့ ပုဂံခေတ်ကတည်းက စီးဝင်ပြီး ဂေါတမမြတ်စွာ ဘုရားအားထု လုပ်ရာ ဘေးတွင် နတ်သားနှင့် နတ်သမီးပါနေသည်ကို တွေ့မြင်ရမည် ဖြစ်သည်။ ထို့မှ ကာမုဂုဏ်မွေ့လျော်မှုကိုဦးစားပေးလာကြရာ အယုတ်အညံ့ဆုံး လောကီ ရှုပ်ထွေးပွေလီမှုများ ပေါဝင်ဆက်စပ်လာတော့သည်။ ဘုရားအလောင်းများစွာကို နတ်ဘုရားမများဖြင့် စုံတွဲလိုက်ကိုးကွယ်တတ်အောင် ဘေးမှနေပြီး သွန်သင်ပေးသူတို့မှာ ဟိန္ဒူတန္တြဆရာများပင်ဖြစ်သည်။

အမှန်လျှင် ဗုဒ္ဓအယူဝါဒအရ ဘုရားလောင်းဟူသည် ဘုရားမဖြစ်သေး။ ကိလေသာမကုန်စင်သေး။ ထို့ကြောင့် ကိုးကွယ်ရန်မသင့်မြတ်ဟု ယူဆထားကြသည်။ ဤတွင်လည်း ထေရဝါဒနှင့် မဟာယနကွဲလွဲချက်ကိုလည်း တွေ့နိုင်သည်။

မဟာယန ယုံကြည်ကိုးကွယ်မှုကို နတ်ဘုရားကိုးကွယ်မှုဖြင့် အဆုံးသတ် ထားခြင်းကြောင့် အထင်အမြင်မသေးသင့်ပေ။ မဟာယနတွင်လည်း အခြား ငြင်းမရသော မှန်ကန်သည့် အချက်များ လည်းရှိနေသည်။ ကျင့်စဉ်အားဖြင့် ကွဲလွဲမှုများရှိသော်လည်း ကိလေသာ ကုန်စဉ်ရန် ရည်မှန်းချက် တူညီကြသည်။ အခြားခြားသော တူညီမှုများလည်းရှိနေသည်။

သို့ရာတွင် အနောက်တိုင်းနိုင်ငံသားများသည် ဗုဒ္ဓဘာသာကိုလေ့လာစမ်းစစ်ပြီး မဟာယနသို့ ကူးပြောင်းသူများရှိသကဲ့သို့ ထေရဝါဒသို့ ကူးပြောင်းသူများ လည်းရှိနေသည်ကိုတွေ့သည်။

စာဖတ်သူုတိ့ အနေဖြင့် မိမိတို့ကိုးကွယ်သော ထေရဝါဒ၏ အနှစ်အရသာနှင့် သစ္စာလေးပါးကို ပိုင်းခြားသိမြင်ပြီး မဂ္ဂင်ရှစ်ပါး တရားအားဖြင့် ပွားများကျင့်ကြံကာ နိဗ္ဗာန်လမ်းသို့လျှောက်လှမ်းနိုင်ကြပါစေ။

(စာရေးဆရာ ဦးအောင်မြတ်မွန် ရေးသားသော 'နောင်ပွင့်မည့် အရိမေတိယျ ဘုရား' စာအုပ်မှ ကောက်နုတ်၍ ရေးသား ပူဇော် အပ် ပါသည်။)

သင့်ကိုယ်သင်ဆင်းရဲနေပြီလို့ ထင်နေပြီလား

သင့်ကိုယ်သင်ဆင်းရဲနေပြီလို့ ထင်နေပြီလား
==============================
တကယ်လို့ သင့်ရေခဲသေတ္တာထဲမှာ စားစရာတွေကလဲ အဆင်သင့်၊၀တ်စရာ အ၀တ်အထည်တွေကလဲ အဆင်သင့်၊ပြန်ပြီး အိပ်စရာ အိမ်ကလဲအဆင်သင့် ရှိနေတယ်ဆိုရင်
သင်ဟာ ကမ္ဘာ့လူဦးရေ ၇၅ ရာခိုင်နှုန်းထက်ချမ်းသာ ပါတယ်။ကမ္ဘာ့လူဦးရေ ၇၅ ရာခိုင်နှုန်းဟာ သင့်လောက် မချမ်းသာလို့ပါ။

တကယ်လို့ သင့်ပိုက်ဆံအိတ်ထဲမှာ ငွေအချို့ရှိတယ်။ရှိတဲ့ငွေနဲ့ သင်သွားလိုရာသွားနိုင်တယ်ဆိုရင် သင်ဟာ ၁၈ ရာခိုင်နှုန်းသော ကမ္ဘာ့လူချမ်းသာတွေထဲမှာ တစ်ယောက်အပါအ၀င်ဖြစ်နေပါပြီ။

သင်ဒီနေ့ နေမကောင်းမဖြစ်ပဲ ကျန်းကျန်းမာမာ အသက်ရှင်နေတယ်ဆိုရင် သင်ဟာ လူတစ်သန်းထက်ပိုကံကောင်းပါတယ်။ကမ္ဘာပေါ်မှာ တစ်ပတ်လျှင်လူတစ်သန်းလောက် ရောဂါတွေကြောင့်သေဆုံးနေရပါတယ်။

တကယ်လို့ သင်ဒီစာကိုဖတ်ပြီး၊စာကိုနားလည်တယ်ဆိုရင် သင်ကလူသန်းသုံးထောင်ထက်ပိုပြီး ကံကောင်းပါတယ်။ကမ္ဘာပေါ်က လူသန်းသုံးထောင်လောက်က မျက်စိမမြင်နိုင်၊စာမဖတ်နိုင်၊စိတ်ဝေဒနာ ခံစားနေရပါတယ်တဲ့။

တကယ်တော့ ဘ၀ဆိုတာ နာကျင်မှုတွေကို ညည်းညူနေရုံမျှမဟုတ်ပါဘူး။
တကယ်တော့ နေတတ်ရင်ကျေနပ်စရာပါပဲဗျာ။

Credit to Original Writer

အမျိုးသမီးများ သတိထားဖို့

ဘုရားကျောင်းကန်သွားမည့် အမျိုးသမီးများ သတိထားဖို့
========================================
ရှင်စောပု မိဖုရားကြီးက
ဘုန်းကြီးကျောင်းသွားခါနီး
သူ့အခြွေအရံများကို ပြောနေသည်မှာ…

"ထိပ်ထား တစ်ခုသတိပေးချင်သေးတယ်။
သမီးတော်တို့ရော သေသေချာချာနားထောင်ကြနော်။
ယခုမယ်မယ်တို့ သွားရမှာက ရဟန်းတော်တွေ သီတင်းသုံးတဲ့ နေရာ။

မယ်မယ်တို့ ချယ်သထားတာက တကယ့်ပွဲလမ်းသဘင်သွားမယ့်အတိုင်းပဲ။ မိန်းမတစ်ယောက် ရဲ့ ၀တ်စားဆင်ယင်မှုနဲ့ အမူအရာတွေဟာ ဆန့်ကျင်ဘက် ဖြစ်တဲ့ ပုရိသတွေကို ဆွဲဆောင်နိုင်စွမ်းရှိတယ်။

အဆန်းတကြယ်ပြင်ဆင်မွမ်းမံမှုက ညှို့ယူလိုက်တဲ့အတွက် သူတို့မှာ ပူလောင်တဲ့ဆန္ဒ ဖြစ်လာနိုင်တယ်လေ။

ဒီလို သူ့စိတ်ကို အမှောင်ရိပ်လွှမ်းသွားတာနဲ့ တပြိုင်နက် သူ့မှာ အပြစ်ဖြစ်ရသလို သူ့ကိုပူလောင်အောင် ၀တ်ဆင်ထားတဲ့ မိန်းမမှာလည်း တန်းတူ အပြစ်ဖြစ်ရတယ်။ ဒီတော့ ကိုယ့်ရဲ့အနေအထိုင်ကြောင့် တစ်ပါးသူတစ်ဦးကို ဘယ်တော့မှ အမှောင်မလွှမ်းသွားပါစေနဲ့။

သမီးတော်တို့…… ရဟန်းတော်တွေဆိုတာကလည်း အာသဝေါကုန်းခမ်းကြသေးတာ မဟုတ်ဘူး။ပုထုဇဉ်တွေပဲဖြစ်လို့ ပြာဖုံးနေတဲ့ မီးခဲတွေပါပဲ။

ဒီမီးခဲတွေကို သမီးတော်တို့ရဲ့ တပ်မက်စရာ ရူပါရုံဆိုတဲ့ လေပြေတစ်ချက်မွေ့လိုက်ရင် . . . ထိပ်ထား မဆက်ပါရစေနဲ့တော့ကွယ် . . . ။

ဒါကြောင့် သင့်တင့်ရုံပဲ ပြင်ဆင်ကြ၊ ခေါင်းကပန်းတွေဖြုပ်လိုက်။ မှုံနံ့သာတွေကိုလည်း ဖျက်လိုက်ကြပါဦး။ လုံလုံခြုံခြုံဝတ်ဆင်ပြီး မြင်ရသူစိတ်ထဲမှာ နှမငယ်သမီးငယ်တစ်ယောက်လိုကရုဏာပွားလာအောင် ပြောဆို ဆက်ဆံကြပါကွယ်"။ လို့မှာကြားခဲ့လေသည်။

Credit- Original Writer

လူသိနည်းသော အကြောင်းအရာများ

ကွန်ပျူတာနှင့်ပက်သက်ပြီး လူသိနည်းသော အကြောင်းအရာများ
============================================

၁။ တစ်လလျှင် ကွန်ပျူတာ ဗိုင်းရက်စ် (Virus) ၆၀၀၀ ဝန်းကျင် ထွက်ရှိလျက်ရှိသည်။

၂။ ကွန်ပျူတာသုံး မော့စ် (mouse) ကို စတင်တီထွင်ခဲ့သူမှာ Doug Engelbart ဖြစ်ပြီး ၁၉၆၄ ခုနှစ်က ဖြစ်ရာ သစ်သားဖြင့် ဖန်တီးခဲ့သည်။

၃။ ကမ္ဘာ့ပထမဦးဆုံး ကွန်ပျူတာ ဗိုင်းရက်စ် ကို ၁၉၈၆ ခုနှစ်က Farooq Alvi ညီအစ်ကိုတို့ စတင်တီထွင်ခဲ့ခြင်း ဖြစ်ပြီး a bood sector virus ဖြစ်သည်။ တီထွင်ခြင်း၏ ရည်ရွယ်ချက်မှာ ၄င်းတို့၏ သုတေသနလုပ်ငန်း များကို ကာကွယ်ရန်ဖြစ်သည်။

၎။ သာမန်လူတစ်ဦးသည် တစ်မိနစ်လျှင် မျက်တောင် အခါ နှစ်ဆယ် ခတ်သော်လည်း ကွန်ပျူတာသုံးသော အခါ တစ်မိနစ်လျှင် ၇ ကြိမ်သာ မျက်တောင်ခတ်သည်။

၅။ TYPEWRITER ဟူသော စာလုံးသည် ကီးဘုတ်၏ Row တစ်ခုပေါ်တွင် အရှည်ဆုံး ရိုက်နိုင်သည့် စာလုံး ဖြစ်သည်။

၆။ ရေဒီယို နားဆင်သူ သန်း ၅၀ ပြည့်ရန် ၃၈ နှစ်ကြာသည်။ တီဗီ အတွက် ၁၃ နှစ်ကြာသည်။ သို့သော် World Wide Web (www) အသုံးပြုသူ သန်း ၅၀ ပြည့်ရန် ၄ နှစ်သာကြာသည်။

၇။ ပထမဦးဆုံး Domain ၏ နာမည်မှာ Symbolics.com ဖြစ်သည်။

၈။ စာစီစာရိုက် သူတစ်ဦး၏ ပုံမှန် အလုပ်လုပ်သည့်တစ်ရက်အတွင်း လက်ချောင်းများ ၁၂.၆ မိုင်အထိ ခရီးသွားသည်။

၉။ ကမ္ဘာ့ပထမဦးဆုံး ကွန်ပျူတာမှာ Z1 ဖြစ်ပြီး သိပ္ပံပညာရှင် Konrad Zuse မှ ၁၉၃၆ ခုနှစ်က တီထွင်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယမျိုးဆက် Z2 ကို ၁၉၃၉ ခုနှစ်က တီထွင်နိုင်ခဲ့ပြီး ကမ္ဘာ့ပထမဦးဆုံး electro-mechnical ကွန်ပျူတာအဖြစ် မှတ်တမ်းတင်ခဲ့သည်။

၁၀။ တစ်လလျှင် Domain name ပေါင်း တစ်သန်းကျော်ထက်မနည်း Register ပြုလုပ်လျက်ရှိသည်။

၁၁။ ဘီလ်ဂိတ်၏ အိမ်ကို Macintosh ကွန်ပျူတာဖြင့် ဒီဇိုင်းရေးဆွဲခဲ့သည်။

၁၂။ IBM PC ကို တီထွင်ခဲ့သည့် အင်ဂျင်နေယာ ၁၂ ဦးအဖွဲ့ကို The Dirty Dozen ဟု အမည်ပြောင် ပေးထားကြသည်။

၁၃။ ကမ္ဘာ့ကျော် ကွန်ပျူတာထုတ်လုပ်သည့်ကုမ္ပဏီတစ်ခုဖြစ်သည့် Hewlett Packard (HP) သည် ကွန်ပျူတာ အမြောက်အများထုတ်လုပ်မှုကို ၁၉၃၉ ခုနှစ်က ကယ်လီဖိုးနီးယားပြည်နယ် Palo Alto မြို့ရှိ ကားဂိုဒေါင်တစ်ခု တွင် စတင်ပြုလုပ်ခဲ့သည်။

၁၄။ ကမ္ဘာ့ပထမဦးဆုံး hard drive များသည် 20MB သာရှိပြီး အမေရိကန်ဒေါ်လာ ၈၀၀ ကုန်ကျသည်။ ယခုအခါ ဈေးနှုန်း အဆတစ်ရာကျဆင်းပြီး သိုလောင်နိုင်စွမ်း Capacity အဆတစ်ရာမက တိုးတက်ခဲ့သည်။

၁၅။ ကွန်ပျူတာ mouse, windowing GUI, Laser printing နှင့် Network card များကို ကယ်လီဖိုးနီးယား ပြည်နယ်ရှိ Xerox ကုမ္ပဏီမှ တစ်ပြိုင်နက်တည်း ထုတ်လုပ်နိုင်ခဲ့သည်။

၁၆။ အွန်လိုင်း exchange တစ်ခုဖြစ်သည့် eBay တွင် တစ်စက္ကန့်၌ ပျမ်းမျှ ငွေ အမေရိကန်ဒေါ်လာ ၆၈၀ တန်ဖိုး အရောင်းအဝယ် ဖြစ်လျက်ရှိသည်။

၁၇။ ဆဲလ်ဖုန်းတွင် ပါဝင်သော ကွန်ပျူတာ Processing power သည် ကမ္ဘာ့ပထမဦးဆုံး လပေါ်သို့ သွားရောက်နိုင်ခဲ့သည့် အာကာသယာဉ် Apollo
11 Lunar Lander တွင် ပါဝင်သော ကွန်ပျူတာအားလုံး၏ Processor များထက် များစွာသာလွန်သည်။

၁၈။ Crash Course သည် Microsoft Window tutorials ၏ အခြား အမည်တစ်မျိုးဖြစ်သည်။

၂၀။အိန္ဒိယမှ လေ့သာသူတစ်ဦး၏ ရှားရှားပါးပါး တွေ့ရှိချက်တစ်ခုရှိသည်။ ၄င်းမှာ ကွန်ပျူတာ၏ မည်သည့် နေရာ( Desktop, Local Disk C, D, E, etc………………) တွင်မဆို Folder များဖန်တီးရာတွင် CON ဟူသော နာမည်ပေး၍မရပါ။

(စာဖတ်သူတို့ Folder တစ်ခုကို con လို့အမည်ပေးပြီး ဖန်တီးကြည့်ပါ။ ယင်းကဲ့သို့ အမည်ပေးလို့မရနိုင်ကြောင်း တွေ့ရမည်ဖြစ်သည်။)

သင်ဒါဖတ်ပြီး အံ့သြသွားနိုင်လေရဲ့ ၂

သင်ဒါဖတ်ပြီး အံ့သြသွားနိုင်လေရဲ့ ၂
==========================
(၁) နှလုံးကြွက်သားဟာ သွေးကို
လေထဲသို့ ၁၅ မီတာထိညှစ်ထုတ်နိုင်ပါတယ်
(၂) လူ့ခန္ဓာကိုယ်မှာအသန်မာဆုံးကြွက်သားဟာလျှာပါတဲ့
(၃) တိရိစ္တာန်ထဲမှာ မခုန်နိုင်ကောင်ကတော့ ဆင် ပါတဲ့
(၄) ခြင် မှာလည်းသွားရှိတယ်တဲ့
(၅) လိပ်ပြာတွေက ဝတ် ရည်ကို ခြေ ထောက်နဲ့စုပ်တာတဲ့
(၆) ပိုလာဝက်ဝံတွေက ဘယ်သန် တွေတဲ့
(၇) မိချောင်းတွေကလျှာထုတ်လို့မရဘူးတဲ့
(၈) ပိုးဟပ်တွေက အသက်ပြင်းတယ်တဲ့ ခေါင်းပြတ်သွားတာတောင် ၉ ရက်အသက်ဆက် ရှင် နိုင် တယ်တဲ့ ခေါင်းပြတ်သွားလို့အစာငတ်ပြီးသေရတာတဲ့
(၉) လူနဲ့လင်းပိုင် က လိင် ကိစ္စကို ပျော်ရွှင်စရာအနေနဲ့ခံစားတာပါတဲ့
(၁၀) ၁၁၁၁၁၁၁၁၁ နဲ့ ၁၁၁၁၁၁၁၁၁နဲ့မြှောက်ရင် ၁၂၃၄၅၆၇၈၉၈၇၆၅၄၃၂၁ ရပါသတဲ့
(၁၁) မျက်စိမမှိတ်ဘဲနှာချေလို့မရဘူးလို့ဆိုထားပြန်ပါတယ်
(၁၂) ကြယ်ငါး တွေမှာ ဦးနှောက်မပါဘူးတဲ့
(၁၃) ဘဲတွေရဲ့အသံက echo မပါဘူးတဲ့
(၁၄) cemeteryဆိုတာ ဂရိဘာသာစကား koimetrionကလာတာပါတဲ့ဘာလဲဆိုတော့အိပ်ခန်းပါတဲ့
(၁၅) ဖဲချပ်တွေမှာပါတဲ့kingတွေဟာသမိုင်းတွင် ရှိခဲ့တဲ့ ဘုရင်တွေကို ကိုယ်စားပြုတာပါသတဲ့
ဆက်ပါဦးမည်

ဆိုကရေးတီးပေးတဲ့ ပညာ

ဆိုကရေးတီးပေးတဲ့ ပညာ
=================
တစ်ခါက ဆိုကရေးတီး၏ တပည့်တစ်ဦးသည် သူ့ထံသို့ ပြေးလာပြီး “ဆရာ ထင်မှတ်မထားတဲ့ သတင်းတစ်ခု ပြောပြချင်တယ်” ဟူ ပျာပျာသလဲပြောသည်။
ဆိုကရေးတီးက “ ခဏနေဦး....အခုပြောမယ့် စကားကို ဆန်ကာသုံးခုနဲ့ စစ်ပြီးပြီလား”
ဆိုကရေးတီး၏ ဆိုလိုချက်ကို သဘောမပေါက်သော တပည့်မှာ ခေါင်းခါပြသည်။
ဆိုကရေးတီးက ဆက်၍ “တစ်ခြားလူကို မပြောခင် ဆန်ကာသုံးခုနဲ့ အရင်စစ်ရတယ်...
ပထမ ဆန်ကာကို စစ်မှန်တဲ့ ဆန်ကာလို့ခေါ်တယ်။
ငါ့ကို ပြောမယ့် သတင်းက အမှန်လား”
“မှန်မမှန် ကျွန်တော်လဲ မသိဘူး....လူတွေပြောတာ ကြားလိုက်လို့”
“မှန်တယ် မမှန်ဘူးဆိုတာကို မသိရင် အဲဒီ သတင်းကို ဒုတိယဆန်ကာနဲ့ စစ်ကြည့်.... ငါ့ကိုပြောမယ့် သတင်းက အကောင်းလား”
“မဟုတ်ဘူး”
“ဒီလိုဆိုရင် တတိယဆန်ကာနဲ့ ပြန်စစ်ကြည့်... ငါ့ကို အရမ်းပြောပြချင်နေတဲ့ သတင်းက အရေးကြီးတဲ့ သတင်း လား”
“ မကြီးပါဘူး”
“အရေးမကြီးတဲ့ သတင်း နောက်ပြီး အကောင်းပြောမယ့် သတင်းလဲ မဟုတ်ပြန်ဘူး... သတင်းမှန် ဟုတ်လား မဟုတ်ဘူးလားဆိုတာလဲ မသိဘဲနဲ့ ဘာလို့ ပြောပြချင်ရတာလဲ.
.. ပြောတဲ့အခါ စိတ်အနှောင့်အယှက်ဖြစ် တာပဲ အဖတ်တင်မယ်။ မဟုတ်မမှန်ပြောတတ်တဲ့ လူတွေရဲ့ စကားကို မယုံနဲ့ ဖြားယောင်းသွေးဆောင် သူတွေရဲ့ စကားတွေ နားထဲ မ၀င်စေနဲ့။ သူတို့ဟာ စေတနာပါလို့ ပြောတာထက် သူတစ်ပါးကို ချောက်တွန်းဖို့က များတယ်။
အဲဒီလို လူမျိုးနဲ့ပေါင်းရင် တစ်နေ့ကိုယ်လည်း ချောက်တွန်းခံရတတ်တယ်။ ဒါကြောင့် ကိုယ်ပြောမယ့် စကားကို ဆန်ကာသုံးခုနဲ့ အရင်စစ်ဆေးသင့်တယ်”
အတင်းဆိုတာ ထက်မြက်တဲ့ ဓားသွားထက် ကြောက်ဖို့ကောင်းတယ်။ လူတစ်ယောက် ကို ဒဏ်ရာဒဏ်ချက် မမြင်စေဘဲ ထိခိုက်နိုင်တယ်။ တခြားလူ ထိခိုက်မှ ရလာမယ့် ပျော်ရွှင်မှုမျိုးကို တစ်ချို့က နှစ်သက် တတ်ကြ တယ်။ စကားကို လူတိုင်းပြောတတ် တယ်။ ဒါပေမယ့် စကားကောင်း တွေကို လူတိုင်း ပြောတတ်ဖို့ ခဲယဉ်းတယ် ဒါကြောင့် စကားတစ်ခုကြားလျှင် တခြားသူအား ပြောသင့်မပြောသင့်ကို စကား၃ ခုနဲ့စစ်ပြီးမှ ပြောပါလေ ဟု ဆုံးမစကားဆိုခဲ့လေသည်။
Credit - Original Writer

Sunday, August 24, 2014

စိတ်တန်ခိုးလေ့ကျင့်နည်း

ဆရာ အံ့ဘွယ် - ရှူရှိုက်နည်းဖြင့် စိတ်တန်ခိုးလေ့ကျင့်နည်း။
======================================
ပရာနရာမကျင့်စဉ် -
တည်ငြိမ်စွာထိုင်နိုင်သောအနေအထားအတိုင်းထိုင်ပါ။ ပါးစပ်ကိုစေ့ထားရမည်။ ယာဘက်နှာခေါင်းပေါက်ကို ယာဘက်လက်ဖြင့်ပိတ်၍ ဝဲဘက်နှာခေါင်းပေါက်မှ ဝင်သက်ကိုဖြည့်ညှင်းစွာ ရှူသွင်းရမည်။ ရှူသွင်းလိုက်သော လေကိုအဆုတ်ထဲ၌ တစ်စက္ကန့် မျှရပ်ဆိုင်းမထားပဲ ဝဲဘက်နှာခေါင်းပေါက်ကို လက်ဖြင့်တစ်ဖန်ပိတ်၍ ယာဘက်နှာခေါင်းပေါက်မှ ထွက်သက်ကိုချက်ခြင်း ရှိုက်ထုတ်ပစ်ရမည်။
တစ်ဖန် ဝဲဘက်နှာခေါင်းပေါက်ကို ဝဲဘက်လက်ဖြင့်ပိတ်၍ ယာဘက်နှာခေါင်းပေါက်မှ ဝင်သက်ကို ညင်သာစွာ ရှူသွင်း၍ ထိုရှူသွင်းထားသောလေကို တစ်စက္ကန့် မျှ အဆုတ်တွင်း၌ ရပ်တန့် ဆိုင်းငံ့ထားခြင်းမပြုပဲ အမြန်ဆုံးနည်းဖြင့် ယာဘက်နှာခေါင်းပေါက်ကိုပိတ်လျက် ဝဲဘက်နှာခေါင်းပေါက်မှ ရှူသွင်းစဉ်က အဟုန်အတိုင်း ရှိုက်ထုတ်ခြင်းပြုရမည်။
တစ်နေ့ လေးကြိမ် (သို့ ) နှစ်ကြိမ် - တစ်ကြိမ်လျှင် ဆယ့်ငါးမိနစ် (သို့ ) နာရီဝက်
ကျင့်စဉ် စကျင့်သည်နှင့် အချိန်မှန်ရမည်။ ညောင်းမပြင် မော မနားနှင့်။ ရှူရှိုက်ကျင့်စဉ် သူ့ အလိုလိုမြန်သွားမည်။ သူ့ သဘောအတိုင်းဖြစ်သည်။ အထူးတိတ်ဆိတ်ရန်မလို - ကျင့်စဉ်နှင့်အချိန်မှန်ရန်သာလိုသည်။
ဤကျင့်စဉ်ကို နှစ်လ တန်သည် သုံးလတန်သည် လေ့ကျင့်ပြီးသောအခါ ကိုယ်ခန္ဓာ၌ဖြစ်ပေါ်လာသော အကျိုးသက်ရောက်မှုများ အံ့သြဘွယ်ကောင်းလောက်အောင်ပြောင်းလဲသွားကြောင်း မျက်ဝါးထင်ထင်တွေ့ မြင်ရလိမ့်မည်။
ခန္ဓာကိုယ် အထူးပေါ့ ပါးသွက်လက်လာမည်။ အပျင်းခိုသော မှိုင်တွေ ငိုက်မြည်း လေးလံ ထိုင်းမှိုင်းသော လက္ခဏာများအားလုံး ကြက်ပျောက် ငှက်ပျောက် လွှင့်စင်သွားကြောင်း သိရမည်။ ထထကြွကြွရှိခြင်း ကျန်းမာရေးနှင့်ပြည့်စုံ၍ သန်စွမ်းခြင်း လျင်မြန်ဖျတ်လတ်ခြင်း စသော လက္ခဏာများ ခန္ဓာကိုယ်၌ ဖြစ်ပေါ်နေကြောင်း တွေ့ ရမည်။
ပျော်ရွှင်မှုကို အပြည့်အဝ ခံစားလာရသည်ကိုလည်းတွေ့ ရမည်။ ကိုယ်ခန္ဓာမှ နှစ်သက်ဘွယ်ရာသော အမွှေးရနံ့ များ မကြာခဏထွက်ပေါ်လာမည်။ အမှတ်မထင် ဗေဒင်ဟောကိန်းများကို တိကျစွာ ထုတ်နိုင်လာမည်။
ကိုယ်သားကိုယ်ရေသန့် ရှင်းစင်ကြယ်လာလိမ့်မည်။ စားသောက်မြိန်ယှက်လာမည်။ အသံသြဇာ သာယာ စူးရှထက် မြက်လာမည်။ အလွန်ရဲ ရင့်လာလိမ့်မည်။ အလွန်အကြူး စိတ်အားထက်သန်လာမည်။ ပင်ပန်းခြင်းများကို အတိုင်းမသိခံနိုင်လာလိမ့်မည်။ ဤကျင့်စဉ်ကို မပျက်မကွက်ဆက်လက် ကျင့်ဆောင်သွားပါက လောကအသက်မွေးရာ၌ ဆင်းရဲဒုက္ခ ကံကြမ္မာများနှင့် မတွေ့ နိုင်ပေ။
သံလိုက်ဓါတ်လွန်စွာကြီးမား၍ သင်ပြောသမျှ ဆိုသမျှအားလုံး အောင်မြင်လာလိမ့်မည်။ ရောဂါဘယများမှ လွတ်ကင်းလိမ့်မည်။ ဤကျင့်စဉ်သည် စိတ်အား ခွန်အားသတ္တိကို အတိုင်းမသိတိုးပွားစေတတ်သည်။
ဆရာ အံ့ဘွယ် - ရှူရှိုက်နည်းဖြင့် စိတ်တန်ခိုးလေ့ကျင့်နည်း -
အသက် ၁၃ နှစ်အရွယ် စတင်သိခဲ့ရပြီး ရှစ်တန်းကျောင်းသား အသက် ၁၄ နှစ်အရွယ်၌ နံက် နာရီဝက် ညနာရီဝက် အချိန်မှန် ပုံမှန် တစ်လလေ့ကျင့်ခဲ့ဘူးသည်။ ဆက်တိုက်ကျင့်ဆောင်သွားရမည်ကို ထိုအချိန်ကမသိခဲ့ ။
တစ်လကျင့်ရုံနှင့်ပင် ဖေါ်ပြခဲ့သော အကျိုးကျေးဇူးအချို့ ကို ခံစားခဲ့ ရပါသည်။ ခန္ဓာကိုယ်မှ ထူးခြားသော အမွှေးရနံ့ များ အလိုလိုပေါ်ထွက်ခြင်း မပင်မပန်းခြင်း စိတ်တည်ငြိမ်ခြင်း အရာရာကို ကြိုတင်သိမြင်ခြင်း နှင့် အားကစားလုပ်တိုင်း သူတကာထက်သာလွန်ခြင်း အသံ အလွန်အောင်ခြင်း စသည်များ။ ပျင်းရိခြင်းမရှိ ငိုက်မြည်းတွေဝေခြင်းမရှိ အရာရာကို မှန်ကန်စွာဆုံးဖြတ်နိုင်ခဲ့သည်။
တစ်လ သာကျင့်ခဲ့ သော်လည်း အကျိုးသက်ရောက်မှု နှစ်နှစ်တိုင်အောင်တည်ခဲ့ပါသည်။ ဘဝမှာပထမဆုံးကျင့်ခဲ့ဖူးသောကျင့်စဉ်ဖြစ်ပြီး အကျိုးထူးအမှန်တကယ်ခံစားရသောကျင့်စဉ်ဖြစ်သဖြင့် ကျင့်ကြံအားထုတ်လိုသူများကျင့်နိုင်စေရန် တင်ပြပေးလိုက်ပါသည်။
ကျင့်ပြီဆိုလျှင် ဆက်တိုက်မပျက်မကွက် နေ့ စဉ်ကျင့်နိုင်ကြပါစေ။ သို့ မှသာ ထူးခြားသော အကျိုးအာနိသင် မပျောက်မပျက်ခံစားရမည်။
အသံအောင်ခြင်း - တရားမဟောမီ စာပေဟောပြောပွဲ မစမီ မိန့် ခွန်းမပြောကြားမီ သီချင်းမဆိုမီ တစ်နာရီခန့်  ကြိုတင် ဆယ်မိနစ် ဆယ့်ငါးမိနစ် လေ့ကျင့်ပြီး ပြောဟော ဆိုကြည့်ပါ။
ထိုနည်းတူ အားကစားမောင်မယ်များ လေ့ကျင့်ကြည့်ပါ ယခင်ကနှင့် ဘာမှ မဆိုင်သလို ထူးခြားသွားလိမ့်မည်။
Credit: ၁၀. စာအုပ်စင်ပြတိုက်

ဟာသ

ဟာသ
___________________________________________
လင်မယားနှစ်ယောက်သည် အတူအိပ်ချင်သည့်အခါ သားသမီးမသိအောင် "ဖုန်းဆက်မယ်"ဟုစကားဝှက်သုံးထား၏ တနေ့ တွင်ယောက်ကျားဖြစ်သူက
"သားရေ မင်းမေကြီးကို သွားပြော ဖေဖေဖုန်းဆက်မယ်လို့ "
သားဖြစ်သူသွားပြောသည့်အခါ မီးဖိုထဲတွင်းအလှုပ်ရှုပ်နေသော မိန်းမဖြစ်သူက
"သားရေ မင်းအဖေကိုပြောလိုက် ဖုန်းလိုင်းမအားသေးဘူးလို့ "
သားကပြန်လာပြောတော့ အဖေကပြန်ပြောခိုင်းပြန်၏
"သားရေ မင်းအမေကိုပြောလိုက် ဖေကြီးအပြင်ထွက်ဆက်ရမလားလို့ "
ခဏကြာ သားဖြစ်သူပြန်လာပြီး
"မေကြီးကကြောနေတယ် သွားဆက်ရဲဆက်ကြည့် အိမ်မှာဖုန်းဆိုင်ဖွင့်ပလိုက်မယ်တဲ့"
ဖခင်ဖြစ်သူ ညိမ်၍ သတင်းစာဆက်ဖတ်သွားလေ၏။
_________________________________

အဖေ။။။။။။။ကဲသမီးလေး အိပ်တော့...အဖေပုံပြင်လေးပြောပြမယ်
နားထောင်နော်
သမီး။။။။။။။ဒီညဖတ်မယ့်ပုံပြင်ကို မေးထဲပို့ ထားပါဖေဖေ
အဖေ။။။။။။ဘာလို့ တုံးသမီးရဲ့ 
သမီး။။။။နားထောင်ဘို့  ပင်းပန်းလို့  မနက်မှ ဖွင့်ဖတ်မယ်နော် ဖေကြီး
_____________________________
တက်စီကားတစ်စီးပေါ်ကို လူတစ်ယောက် တက်လာတယ်။
“ကားဆရာ လေယာဉ်ကွင်းကို မြန်မြန်လေး မောင်းပေးပါ။”
“လေယာဉ်ချိန်က ဘယ်အချိန်လဲ။”
“၁၀နာရီ၂၀ပါ။”
“ဒါဆို ဘယ်မှီတော့မလဲ။ အခုပဲ မိနစ် ၂၀ ကျော်နေပြီ။ လေယာဉ်က ခင်ဗျားကို ဘယ်စောင့်တော့မလဲ။ ”
“မောင်းမှာသာ မြန်မြန်မောင်းပါ။ ကျွန်တ်ာက အဲဒီလေယာဉ်မောင်းမယ့် လူပါ။ ”
__________________________________
ပထမလူ - ကျုပ်မှာ သား၎ယောက်ရှိတယ်ဗျ....
တစ်ယောက်က MBBS ဘွဲ့ရ il)နောက်တစ်ယောက်က Computနောက်တစ်ယောက်က BE (Ci
ver ဘွဲ့ရ.....အဲနောက်တစ်ယောက်ကတော့ သူခိုး ဗျ..
ဒုတိယလူ - ဟာ အဲ့ဒီ စတုတ္တသားသူခိုးကို..အိမ်က နှင်ချလိုက်လေဗျာ.....
.ဘယ်ဖြစ်မလဲဗျ..ကျုပ်တို့တစ်အိမ်လုံး သူတစ်ယောယ်ဘဲ ရှာကြွေနေတာ..........
_______________________________
လူငယ်တယောက် မိမိအပ်ထားသော ဖိနပ်တရံလာရွေးသည်
ဖိနပ်ပြင်သမားကပြောသည်
ပြင်ခ သုံးရာကျပါတယ်ခင်ဗျ
ဟာ နည်းလှချိလားဗျ ကျွန်တော်လာအပ်တုံးက ၆၀၀ကျမယ်ဆို
အော် ..ခင်ဗျားရဲ့ ဖိနပ်တဖက်ပျောက်သွားလို့ ပါ။
____________________________________
အဖိုးအိုသေဆုံးခါနီးအချိန်တွင် သားသုံးယောက်အားအမွေခွဲပေးလျက်ရှိသည်…
သူသည်သားကြီးအား “သားကြီး..မင်းမိန်းမက မွေးခါနီးပြီဆိုတော့ စုငွေတွေအားလုံးမင်းကို ပေးခဲ့မယ်”... သားကြီးမှာ ၀မ်းသာလုံးဆို့ပြီးခေါင်းတညိမ့်ညိမ့်နှင့်ရှိနေလေသည်။
ဆက်လက်၍ သားလတ်အား “သားလတ်ရေ..မင်းကတော့ မင်္ဂလာဆောင်ခါနီးပြီဆိုတော့ အိမ်ကိုမင်းအတွက်ပေးခဲ့မယ်”…သားလတ်မှာလည်း ၀မ်းသာပြီး ခေါင်းညိမ့်လေသည်။
နောက်ဆုံးတွင် သားအငယ်ဆုံးအားမှာကြားသည်မှာ “သားငယ်ရေ ..ဖေဖေစိတ်မချဆုံးက မင်းကိုပဲကွယ်…အခုချိန်ထိကို ရည်းစားလေးတစ်ယောက်တောင်မရှိသေးဘူး..ဒီတော့ မင်းကိုဖေဖေ့ရဲ့အဖိုးအတန်ဆုံး အမွေကိုပေးခဲ့မယ်..”
သားငယ်မှာ ရင်ထဲတွင်ကျိတ်ပျော်လျက်…“ဖေဖေ..သားကိုဘာအမွေပေးခဲ့မလို့လဲဗျ”…
အဖိုးအိုပြန်လည်ဖြေကြားလိုက်သည်မှာ..“ဖေဖေ့ Facebook အကောင့်ကိုပေးခဲ့မလို့….. Friends ကော်လံ ထဲမှာ မိန်းမငယ်လေးတွေအယောက် 100 ကျော်ရှိတယ်….”
တိန် !
_____________________________
"ငါ့ယောက်ကျားကလေ ငါ့ဘ၀အတွက် လမင်းကြီးလိုဟဲ့ သိလား"
"ဟုတ်လား မိသားစုကို အလင်းရောင်ပေးတဲ့ စံပြလူပေါ့နော်"
ဟုတ်ဘူးဟ နေ့ ဆိုပြောက်သွားပြီး ညမှပေါ်လာလို့  ဟီးဟီး
အားလုံးပြုံးနိုင်ကြပါစေ

Friday, August 15, 2014

အချိုမှုန့်ရဲ့ဆိုးကျိုးတွေ

အချိုမှုန့်ရဲ့ဆိုးကျိုးတွေ
============ အချိုမှုန့် ဆိုတာ ဘာလဲ ........
ရေရှည် မှန်မှန် စားသွားရင် ဒီလောက် အန္တရာယ် များပါတယ် ဆိုတဲ့ အချိုမှုန့်ဆိုတာ Monosodium glutamate (MSG) လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခု ဖြစ်ပါတယ်။ Glutamic Acid လို့ခေါ်တဲ့ Amino Acid တစ်မျိုး ပါဝင်ပြီး စားစရာထဲ ထည့်လိုက်ရင် Free Glumate တွေ အဖြစ်ကို ပြောင်းလဲသွားကာ အစားအသောက်တွေရဲ့ အရသာကို ဓာတုနည်းနဲ့ လျှာပေါ်မှာ ဆပွားတိုးပေးလိုက်တာ ဖြစ်ပါတယ်။
အချိုမှုန့်ဟာ ဟင်းခတ်ပစ္စည်းတစ်ခု ဟုတ်ပါသလား
ပုံမှန်သုံးသင့်တဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခု လုံးဝမဟုတ်ပါ။ နည်းနည်းစားစား များများစားစား ရေရှည် စားရင် အန္တရာယ်ကတော့ ရှိတာပါပဲလို့ ပညာရှင်များက ပြောကြားပါတယ်။ Good Manufacturing Practice (GMP) လို့ခေါ်တဲ့ ကမ္ဘာ့အဆင့် ထုတ်လုပ်မှု စနစ်ကောင်း (GMP စနစ်) ရဲ့ အစားအသောက်တွေ ထုတ်လုပ်တဲ့ နေရာမှာ အချိုမှုန့် လုံးဝ မပါပါဘူး။
အချိုမှုန့်ကို ရေရှည်ပုံမှန် စားသုံးသွားရင် ဘာဆိုးကျိုးတွေ ရှိလာနိုင်မလဲ
(၁) ဆီးချို မဖြစ်အောင် ထိန်းသိမ်းပေးတဲ့ အင်ဆူလင်ဟော်မုန်း (Insulin) ရဲ့ လုပ်ငန်းဆောင်တာမှာ အနှောင့်အယှက်တစ်ရပ် ဖြစ်စေလို့ ဆီးချိုဖြစ်စေဖို့ ကောင်းကောင်း အထောက်အကူပြုပါတယ်။
(၂) အစာ အလွန်အကျွံ စားချင်စိတ်ကို တိုးပွားဖြစ်ပေါ်စေသလို အ၀လွန်ခြင်းကို တားဆီးပေးတဲ့ ဟော်မုန်းများကိုပါ ပိတ်ဆို့လို့ အ၀လွန်ခြင်းကို ဖိတ်ခေါ်ပါတယ်။ အ၀လွန်ခြင်း ရောက်လာရင် သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောပိတ်စတဲ့အဖော်အပေါင်းတွေပါပါလာပါလိမ့်မယ်။
(၃) ဦးနှောက်ဆဲလ်တွေကို မြန်မြန် ပျက်စီးယိုယွင်း စေပါတယ်။ မှတ်ဥာဏ်ကို အရွယ်မတိုင်ခင် ပျောက်ဆုံးစေပြီး မေ့တတ်တဲ့ ရောဂါတွေ ဖြစ်စေဖို့ အလားအလာ အရမ်း များစေပါတယ်။ အချိုမှုန့်ကို မွေးကင်းစကတည်းကနေ စပြီး စားတဲ့ ကလေးတွေမှာ ဥာဏ်ရည်ပိုင်း ယုတ်လျော့မှု ရှိတာကို တွေ့ရှိရပါတယ်။
(၄) ဂျာမနီနိုင်ငံမှာ အချိုမှုန့် သုံးစွဲမှုကို လုံးဝဖြတ်တောက်ရှောင်ကြဉ်ဖို့ အမျိုးသားအဆင့် ကြေငြာချက်တွေ ဥပဒေတွေ အလန့်တကြား ထုတ်ခဲ့ရဖူးပါတယ်။ ဂျာမန်ကျန်းမာရေး ပညာရှင်တွေ ဘာတွေ့ရလို့လဲ ဆိုတာ စာဖတ်သူတို့ သိပါသလား။ အချိုမှုန့် စားတဲ့ ကိုယ်ဝန်ဆောင်တွေ မွေးလာတဲ့ ကလေးတွေဟာ အင်ဆူလင်ဟော်မုန်း စွမ်းရည်ကျဆင်း၍ မတိုးတော့ခြင်း (Insulin-resistant) မွေးရာပါ ဖြစ်လာတာ တွေ့ရပါတယ်။ ဒါကြောင့် ဒီကလေးတွေဟာ ကြီးလာရင် ဆီးချိုဖြစ်ဖို့ သေချာသလောက် ဖြစ်ပါတယ်။ ဒီအချက်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဆီးချိုဖြစ်ပွားနှုန်း မြင့်မားနေတဲ့ အချက်တွေထဲက တစ်ခု အပါအ၀င် ဖြစ်ပါတယ်။
(၅) နောက်တစ်ချက်က ကိုယ်ဝန်ဆောင် မိခင်တွေ အချိုမှုန့်စားတဲ့ အကျင့်ကြောင့် မွေးလာတဲ့ ကလေးတွေရဲ့ medulla oblongata, thalamus, or hypothalamus ဆိုတဲ့ ဦးနှောက် အစိတ်အပိုင်းတွေမှာ ရှိတဲ့ အာရုံကြောဆဲလ်တွေကို ပျက်စီးစေပါတယ်။ ဒီနေရာတွေဟာ အစားအသောက် စားချင်စိတ်ကို အဓိက ထိန်းချုပ်တဲ့ ဦးနှောက်ဧရိယာတွေ ဖြစ်လို့ ဒီလို ကလေးတွေဟာ ကြီးလာရင် အစားအသောက် အလွန်အကျွံစားတဲ့ အကျင့်ရှိကာ အ၀လွန်ပြီး ရောဂါတွေ ထူစေတတ်တာ ကမ္ဘာတစ်ဝန်း လေ့လာတွေ့ရှိ ထားပါတယ်။
(ဒါဟာ အချို့မှုန့်ကပေးတဲ့ အမျိုးသား ကျန်းမာရေး/ လူမှုရေး ၀န်ထုပ်ဝန်ပိုး (National Health/Social Burden) ဖြစ်ပါတယ်။ ဒါ့အပြင် အချိုမှုန့် ၀ယ်ယူတင်သွင်းရတဲ့အတွက် နိုင်ငံနဲ့လူမျိုး အကျိုးရှိစေမယ့် တခြားအရာတွေ ၀ယ်ယူဖို့ နိုင်ငံခြားငွေ လျော့စေလို့ တိုင်းပြည်အတွက်လဲ နစ်နာပါတယ်)
(၆) မျိုးပွားစွမ်းရည် ကျဆင်းခြင်း၊ သားသမီးရနိုင်စွမ်း ကျဆင်းခြင်းတွေ ဖြစ်နိုင်ပါတယ်။ Chinese Restaurant Syndrome ခေါ် တရုတ်စားတော်ဆက်ရောဂါစု ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါစုဟာ အချိုမှုန့် လွန်ကဲစွာ ပါတဲ့ အစားအသောက် စားပြီးပြီးချင်းမှာ မျက်နှာ၊ လည်ပင်း နဲ့ တစ်ကိုယ်လုံးမှာ အနီစက်တွေ ထွက်လာခြင်း၊ ခေါင်းအရမ်းထိုးကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ မျက်နှာမှာ တင်းကြပ်နေတယ်လို့ ခံစားရတတ်ခြင်း၊ မေးလှုပ် ပါးစပ်ဖွင့်ရတာ လေးခြင်း၊ ဗိုက်အောင့်ခြင်း၊ ခါးနာခြင်း စတာတွေ ခံစားရတတ်တဲ့ အချိုမှုန့်နဲ့ ဓာတ်မတည့်တဲ့ ရောဂါ ဖြစ်ပါတယ်။
(၇) ပန်ကရိယခေါ် မုန့်ချိုအိတ်ရောင်ရောဂါ အပါအ၀င် ကိုယ်တွင်းကလီစာ တစ်ခုခု ရောင်ယမ်းတဲ့ ရောဂါ ရှိနေသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ စာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေ အထူးရှောင်ကြဉ် သင့်ပါတယ်။
(၈) လူအများစုက ဆားကအငန် အချိုမှုန့်က အပေါ့ ဆိုပြီး တလွဲမှတ်ယူထားကြပါတယ်။ ဒီတော့ ဆားထည့်လွန်လို့ ငန်သွားရင် အချိုမှုန့်များများ ထပ်ထည့် ပါတယ်။ အမှန်က ဆားက Sodium chloride ၊ အချိုမှုန့်က Monosodium glutamate ဖြစ်လို့ နှစ်ခုလုံး ဆိုဒီယမ် (Sodium) ဆားဓာတ်ဖြစ်ကာ နှစ်ခု ပြိုင်စားသုံးရင် သွေးတွင်းဆိုဒီယမ် မြင့်တက်မှု အရမ်းများလာစေကာ သွေးတိုးရောဂါကို ဖြစ်စေပါတယ်။ ဒါကြောင့် သွေးတိုးရောဂါ ကာကွယ်လိုသူများနဲ့ ရှိသူများဟာ အချိုမှုန့်ကို အထူးရှောင်ကြဉ်သင့်ပါတယ်။
အချိုမှုန့် စွဲလမ်းနေခြင်းကို ဘယ်လို လျှော့ချ အမြစ်ဖြတ်ကြမလဲ
(၁) လျှော့ချသုံးခြင်းဖြင့် စတင်ပါ။ အချိုမှုန့်ဟာ အသားတွေရဲ့ အရသာကိုသာ မြှင့်တင်ပေးတာ ဖြစ်လို့ အသီးအနှံတွေမှာ လုံးဝမသုံးပါနဲ့။
(၂) ယေဘုယျလမ်းညွှန် (General Guideline) အရ ပြောရရင် အစားအသောက် တစ်ကီလို (၂.၂ပေါင်) ကို အချိုမှုန့် လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်းထက် ပိုမသုံးပါနဲ့။ ဒါဆိုရင်တော့ အန္တရာယ် နည်းတယ်လို့ သိရပါတယ်။
(၃) ရယ်ဒီမိတ် အစားအသောက်တွေ အားလုံးနီးပါးမှာ အချိုမှုန့် ပါပြီးသားဆိုတာ သတိထားပါ။ ဘယ်တော့မှ အချိုမှုန့် ထပ်မထည့်ပါနဲ့။
(၄) ရယ်ဒီမိတ် စားစရာတွေ ၀ယ်ရင် လေဘယ်လ် ပေါ်မှာ ပါတဲ့ အချိုမှုန့်ပါဝင်မှု ပမာဏကို ရှာဖွေပါ။ အဆင့်အတန်းရှိတဲ့ အစားအသောက်တံဆိပ်တွေ အားလုံးရဲ့ ပါဝင်ဖက်ပစ္စည်းစာရင်း (Ingredient List) ရဲ့ အောက်ဆုံးမှာ အချိုမှုန့် တကယ်သုံးထားရင် သုံးထားကြောင်း ပမာဏ အတိအကျ ပါပါတယ်။
(၅) ရိုးရာ ဟင်းခတ်အမွှေးအကြိုင်တွေ (ဥပမာ ပုစွန်ခြောက်၊ ငါးပိ စတာတွေ) ကို ပြန်လည်အစားထိုး သုံးသင့်ပါပြီ။ ကျွန်တော်တို့ရဲ့ ရှေးအစဉ်အဆက် ဘိုးဘွားများဟာ ထွားကျိုင်းသန်မာ ရောဂါကင်းခဲ့တာ အချိုမှုန့် မစားခဲ့ကြတာလည်း ပါပါတယ်။
credit>>>Mg Mandalay

Wednesday, August 13, 2014

လူတွေသဘောတွေ့ လာစေမယ့် နည်း ( ၆ ) နည်း

သင့်ကို လူတွေသဘောတွေ့ လာစေမယ့် နည်း ( ၆ ) နည်း
၁ ) တစ်ဖက်လူအပေါ်မှာ ရိုးသားစွာ စိတ်ဝင်စားပါ ၊ တစ်ဖက်လူရဲ့ ပြဿနာကို
စိတ်ဝင်စားပါ ။ ကိုယ်ကျိုးမကြည့်ရပါ ၊ သူမွေးသက္ကရာဇ်ကို မှတ်ထားပြီး
သူ့မွေးနေ့မရောက်မီ တစ်ရက်အလိုမှာ အသိပေးလိုက်ပါ ။
အံ့သြ၀မ်းသာနေပါလိမ့်မည် ။

၂ ) ပြုံးပါ ။ အပြုံးဟာ နုံးခွေနေသူကို အားရှိစေပါတယ် ။
သောကကိုပြေပျောက်စေပါတယ်။ အပြုံးဟာ ငွေပေးဝယ်လို့ မရသလို
ချေးငှားယူလို့လည်း မရပါ ။ ပေးတတ်ရင် အသုံးကျတဲ့ ပစ္စည်းတစ်မျိုးပါ ။
၃ ) သူ့နာမည်ကို မှတ်ထားပါ ။ လူဆိုတာ တခြားသူတွေရဲ့ နာမည်ထက်
ကိုယ်နာမည်ကို ပိုစိတ်ဝင်စားသူတွေပါ ။ လွယ်လင့်တကူ သူ့နာမည်ကို ပြုံးပြီး
ခေါ်လိုက်ပါ ၊ သူ သင့်ကို စိတ်ဝင်စားသွားပါလိမ့်မယ် ။
၎ ) သူပြောတာ စိတ်ဝင်တစား နားထောင်ပါ ၊ ပြောနေသူ ဆက်ပြောနိုင်အောင်
တွန်းအားပေးပါ ။
၅ ) တစ်ဖက်လူ အကျိုးရှိမယ့်ဘက်က စပြောပါ ၊ သူစိတ်ဝင်စားတဲ့
သူတန်ဖိုးထားတဲ့ အကြောင်းအရာကို စပြောပါ ။
၆ ) တစ်ဖက်လူ အရေးပါတယ်ဆိုတာ သူသိအောင် ရိုးသားဖြူစင်စွာ ပြုပါ ။
ပြောပါ ။ တစ်ဖက်လူရဲ့ ကောင်းကွက်ကိုရှာပြီး အားတက်သရော ချိုးကျုးပြောဆိုပါ ၊
မြှောက်ပြောခြင်းမဟုတ်ဘဲ ရိုးသားဖြူစင်သော စိတ်ဖြင့်ထုတ်ပြောပါ ။
စကားလက်ဆောင် တရားလက်ဆောင်(၅)
ပုဂံအွန်လိုင်းမီဒီယာ

လှေခါး (၃၀)

လူ့ဘဝ၏ အောင်မြင်တိုးတက်ခြင်း သို့သွားရာ လှေခါး (၃၀)"
၁။ ကတိအပေးနည်းပါစေ။
၂။ အမှန်ကို အမြဲပြောပါ။
၃။ မိတ်ကောင်းဆွေကောင်းထားရှိပါ။
၎။ သူတစ်ပါး မကောင်းကြောင်း ဘယ်အခါမှ မပြောနှင့်။
၅။ မိမိဝင်ငွေနှင့် လောက်ငှအောင် သုံးစွဲပါ။ှ
၆။ မိမိ၏ဘယ်လုပ်ငန်းတွင်မဆို ကျွမ်းကျင်မှုရှိပါစ။
၇။ မူးယစ်စေသည့် အရာများကို ရှောင်ကြဉ်ပါ။
၈။ သဒ္ဓါမရောက်မီ တရားမျှတမှု ရှိပါစေ။
၉။ လောင်းကစားမှုကို လုံးဝရှောင်ကြဉ်ပါ။
၁၀။ လျှို့ဝှက်သင့်သည်ကို မပေါက်ကြားပါစေနှင့်။
၁၁။ အကျင့်စာရိတ္တကောင်းခြင်းမွန်သည်သာ ဘဝ၏အောင်မြင်တိုးတက်ခြင်းကိုဖြစ်စေသည်။
၁၂။တတ်နိုင်ပါက ချေးငှားမှုအား ဘယ်သောအခါမှ မပြုပါနှင့်။
၁၃။ သင်၏ပျော်ရွှင်ချမ်းမြေ့ခြင်းသည် သင့်၏ကျေနပ်မှုနှင့်လုပ်ငန်းအပေါ်မှာမူတည်ပါလိမ့်မယ်။
၁၄။ ကြွယ်ဝချမ်းသာမှုကို ဆောင်ရွက်ရာတွင် အလောသုံးဆယ်မပြုလုပ်သင့်။
၁၅။ သူတစ်ပါးအား ပြောဆိုရန်ရှိလျှင် ထိုသူ့မျက်နှာကို ကြည့်ရ်ျပြောပါ။
၁၆။ မယားတစ်ယောက်ကို လုပ်ကြွေးနိုင်မှ ထိမ်းမြားမင်္ဂလာ ပြုသင့်ရာသည်။
၁၇။ ကြီးလာသည့်အခါ သုံးစွဲနိုင်ရန် ငယ်ရွယ်စဉ်က ချွေတာစုဆောင်းရာ၏။
၁၈။ အပေါ်ယံသာယာမှုကိုကြည့်၍ အပျော်အပါးများအားမလိုက်စားသင့်။
၁၉။သူတစ်ပါးတို့အားကူညီရာတွင် ကဲ့ရဲ့ ပြစ်တင်ရှုတ်ချမှုကိုဂရုမစိုက်သင့်။
၂၀။ ကောင်းသောစိတ်ထားခြင်း၊ကောင်းသောစကား ဆိုခြင်းသည် မွန်မြတ်ခြင်းဖြစ်၏။
၂၁။ မှန်မှန်ကန်ကန်နှင့်ကြိုးစားမှုကြောင့်တိုးတက်ခြင်းသည်ထိုက်တန်အောင်မြင်ခြင်းဖြစ်၏။
၂၂။ ညအိပ်ယာဝင်သည့်အခါတစ်နေ့တာလုပ်ဆောင်ခဲ့သမျှကို ပြန်လည်သုံးသပ်ခြင်းသည်
နောက်နေ့လုပ်ဆောင်ရမည့်အလုပ်အတွက် တိကျမှုကိုဖြစ်စေ၏။
၂၃။ သင့်အပြုအမူဆောင်ရွက်ချက်မှလွဲရ်ျ သင့်အကျင့်စာရိတ္တကိုထိခိုက်စေမည့်အကြောင်းမရှိနိင်။
၂၄။ အလုပ်တစ်ခုကို စဉ်းစားဆုံးဖြတ် သုံးသပ်ပြီးမှအကောင်အထည်ဖေါ်ရာ၏။
၂၅။ အလုပ်နှင့်ဘယ်အခါမှ ကင်းကွားမှုမဖြစ်စေပဲ လက်များကိုအကျိုးရှိစွာအသုံးချပါ။
၂၆။ကိုယ့်အကျိုးသာကြည့်ပြီး သူတစ်ပါးအကျိုးမကြည့်သောသူများအားမိတ်ဆွေအဖြစ်မပြုသင့်။
၂၇။အကျင့်စရိုက်ကြမ်းတန်းသူများနှင့်အတူတကွမနေသင့်။
၂၈။သြဇာအားဏာရှိသူသော်ငြားလည်း ယုတ်မာရက်စက်လူမဆန်သူများနှင့်ဝေးဝေးနေသင့်၏။
၂၉။သူတော်မဟုတ်သူယုတ်တို့နှင့်ကင်းကင်းနေက ကိုယ် စိတ်နှစ်ဖြာချမ်းသာရ၏။
၃၀။ကိုယ့်အကျိုး သူ့အကျိုး မျှမျှတတဆောင်ရွက်ငြားက မိတ်ကောင်းသဟာပေါကြွယ်ပါ၏။

ထာဝရအလင်းတန်းများ

Tuesday, August 12, 2014

မိန်းမယူမယ်ဆိုရင် သိဖို့

မိန်းမယူမယ်ဆိုရင် သိဖို့


“ အမေ သား မိန်းမ ယူတော့မယ် သားကို မိန်းမ ပေးစားပါ”
“ ဟဲ့ နင် ကလေးပဲရှိသေးတာ ဘာလို့ယူမှာတုန်း”
“ ငင် အမေ သားအသက် မနက်ဖန် သန်ဘက်ခါပဲ သုံးဆယ် တောင်ပြည့်တော့မယ်လေ အခုထိ လူကြီး မဖြစ်သေးဘူးလား”
“ အေး နင်က ငါ့မျက်စိ ထဲမှာတော့ ကလေးပဲ”
“ တိန်”
သို့နှင့် မွေးသဖခင် ဆီ ခြေဦးလှည့်ရသည်။
“ အဖေ သား မိန်းမ ယူတော့မယ် သားကို မိန်းမ ပေးစားပါ”
“ အေး ယူလေကွာ”
“ ဟာ အဖေ တကယ်ပြောတာလား ဟေးဟေး”
“ အေး ဒါနဲ့ မင်း မီးချောင်းချုပ် တပ်တာ ဖြုတ်တာ လုပ်တတ်ပြီလား”
“ ငင် အိမ်မှာ ချုပ် မကောင်းတော့လို့လား”
“ မဟုတ်ဘူးလေ ငါမေးတာ ဖြေစမ်းပါ လုပ်တတ်ပြီလားလို့”
“ စမ်းတ၀ါးဝါးပဲ အဖေ လုပ်ကြည့်ရမှာပဲ”
“ ဒါဆို မင်းဘာလုပ်တတ်လဲ ပြောစမ်း”
“ ကျွန်တော်လား ပိုက်ဆံရှာတတ်ပြီလေ “
“ အေး ဟုတ်ပြီကွာ နောက်ရော”
“ အဲ အီး ကားမောင်းတတ်တယ်”
“ ပြီးတော့ရော”
ခေါင်းခြောက်အောင် စဉ်းစားလိုက်သည်။ ငါ ဘာတွေ လုပ်တတ်သေးလဲ။ ထိုစဉ် အဖေက တူနှင့် သံတစ်ချောင်းယူလာကာ
“ ရော့ကွာ ဒီသံကို ဟိုနံရံမှာ ရိုက်ကြည့်စမ်း”
အာ ဒီလောက်လွယ်တာကို ခိုင်းရတယ်။ ဘာများလဲလို့။ သို့နှင့် တူ နှင့် သံကို ယူကာ အုတ်နံရံ တွင်ရိုက်လိုက်သည်။ သံသာကွေးကောက်သွားသည်။ တစ်ခါတစ်လေ ထုနေတာက ချော်ပြီး လက်မ ကို သွားထိသေးပြန်သည်။ အီး ထင်သလောက်မလွယ်ပါလား။
“ အေး အဲ့ဒါပဲကွ ဒါ အုတ်ရိုက်သံ မဟုတ်ဘူးဆိုတာ တောင် မင်းမခွဲတတ်သေးဘူး အိမ်ထောင်ပြုပြီဆို မင်းက တစ်အိမ်လုံးမှာ အိမ်ထောင်ဦးစီး မင်းမရိုက်လို့ ဘယ်သူရိုက်မှာလဲ”
“ မိန်းမ ရိုက်တတ်တယ်ထင်တယ် နေအုံး ကျွန်တော် ဖုန်းဆက်မေးကြည့်အုံးမယ်”
“ ခွီးးးးး သံရိုက်တာတောင် မိန်းမ အားကိုးနေရသေးရင်တော့ မိန်းမ မယူပါနဲ့အုံးကွာ စောပါသေးတယ်”
“ တိန်”
သို့နှင့် သုံးရက်လောက် သံရိုက်ကျင့်လိုက်တာ အတော်ကျွမ်းကျင်သွားလေသည်။
“ အဖေ သား သံရိုက်တတ်ပြီ မိန်းမ ယူတော့မယ်”
“ အေး ယူလေကွာ နေအုံး မင်း ဖျူ့စ်ပြတ်ရင်ရော လဲ တတ်လား”
“ အာ အဖေကလဲ မီးသမား ခေါ်ခိုင်းမှာပေါ့”
“ ညရေး ညတာ ကျရင် ခေါ်ခိုင်းလို့ အဆင်ပြေမလားကွ ပြီးတော့ ၀ါယာကြိုးတွေရော သွယ်တတ်ပြီလား”
“ အဟင့် လုပ်တတ်သေးဘူး”
“ အေး ဒါဆို စောပါသေးတယ်ကွာ မယူပါနဲ့အုံး”
“ ဂျာ”
သို့နှင့် သုံးရက်ခန့် အဖေ့ဆီ ၀ါယာကြိုးသွယ်တန်း ပုံတွေ သင်ကြားပြီးသကာလ အောင်မြင်ကြောင်းလက်မှတ်ရသွားလေတော့သည်။
“ အဖေ သား ဖျူ့စ်လဲတတ်ပြီ ၀ါယာကြိုးလဲ သွယ်တတ်ပြီ သားကို မိန်းမ ပေးစားပါတော့”
“ အေး ယူလေကွာ”
“ ငင် လာပြန်ပြီ ဒီစကားကြီး ဘာတွေ ထပ်လုပ်ခိုင်းအုံးမလို့လဲငင်”
“ ရေပိုက်ခေါင်းလဲတတ်ပြီလား အင်တန်နာ ထောင်တတ်ပြီလား Safeguard ဆင်တတ်ပြီလား Skynet ဆင်တတ်ပြီလား အ၀တ်တန်းရိုက်တတ်ပြီလား မီးချောင်းလဲတတ်ပြီလား ဘထ္ထရီအိုး အက်ဆစ်လဲတတ်ပြီလား အင်ဗာတာ ဆင်တတ်ပြီလား ရေတိုင်ကီဖာတတ်ပြီလား လားလားလားလားလား ရေတစ်ခွက်ပေးကွာ မောထှာ”
“ အဟင့် အဖေ အဲ့ဒါတွေက အားလုံးတတ်ဖို့လိုလို့လားငင်”
“ အေး မလိုချင်လဲ မလိုဘူးပေါ့ကွာ ဒါပေမယ့် မင်းကို အရာရာ အားကိုးပြီး လိုက်နေမယ့်မင်းရဲ့ မိန်းမ စိတ်ထဲမှာ အိမ်မှာတစ်ခုခုဖြစ် ငါ့ယောက်ျားရှိတယ် ဆိုတဲ့ အားကိုးချင်တဲ့စိတ် ပေါ်လာအောင်တော့ ဒါတွေလုပ်တတ်ဖို့လိုလိမ့်မယ် ငါ့သား ပိုက်ဆံရှာတတ်တိုင်း ငါအားကိုးချင်စရာ ယောက်ျား ဖြစ်ပြီလို့ ဘယ်တော့မှ မတွေးမိလေနဲ့ တစ်ခါတစ်လေ ဒီလို အသေးအဖွဲလေးတွေက မိန်းမ တစ်ယောက်ရဲ့ ယုံကြည်ကိုးစား ခြင်းကို ခံရတတ်တယ် ငါ့သား”
“ ဟွတ်”
တကယ်တော့ သူ့အဖေသည် သူမလုပ်ဖူးတာတွေကို ခိုင်းနေခြင်းမဟုတ်။အကုန်သူလုပ်တတ်သည်။ သူဖြတ်သန်းခဲ့ရသော အိမ်ထောင် အတွေ့အကြုံနှင့် ယှဉ်ထိုးကာ ပြောပြနေခြင်းပင်။ တကယ်တော့ အဖေ တွေဆိုတာ တကယ့် ဆရာကြီးတွေပါပဲ။
Credit to ~ ကိုပွ

Thursday, August 7, 2014

အပါယ်ဘဝ ရောက်ဖူး မရောက်ဖူး

ဘုရားအလောင်း အပါယ်ဘဝ ရောက်ဖူး မရောက်ဖူး

        တတိယအမေးက ဘာတဲ့လဲကွယ့်

          တတိယအမေးက ဂေါတမဘုရားအလောင်းတော်ဟာနိယတဗျာဒိတ်ရပြီးတဲ့ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းအတွင်း အပါယ်လေးပါး ကျရောက်ပါသေးသလားတဲ့ဘုရား

          နိယတဗျာဒိတ်ပန်းဆင်မြန်းပြီးတဲ့ အလောင်းတော်ဟာ၁၈-ရပ်သော အဘဗ္ဗဋ္ဌာနမှာ မဖြစ်ဘူးလို့ သုတ္တနိပါတ် (ဋ္ဌ၊ ပ၊ ၄၅) ခဂ္ဂဝိသာဏသုတ် အဖွင့်မှာလာတယ်။
          အလောင်းတော် ဖြစ်ထိုက်တဲ့ အဘဗ္ဗဋ္ဌာန ၁၈-ပါးဆိုတာက -

          (၁) အမိဝမ်းတွင်းက ကန်းလာတဲ့ ဇစ္စန္ဓပုဂ္ဂိုလ်မဖြစ်ဘူး၊
          (၂) အမိဝမ်းတွင်းက နားပင်းလာတဲ့ ဇစ္စဗဝိရပုဂ္ဂိုလ်မဖြစ်ဘူး၊
          (၃) ရူးသွပ်သောသူ မဖြစ်ဘူး၊
          (၄) စကားမပြောတက်တဲ့ သူအ မဖြစ်ဘူး၊
          (၅) ဆွံ့သောသူ မဖြစ်ဘူး၊
          (၆) တောတွင်းသား မိလက္ခူအမျိုးမှာ မဖြစ်ဘူး၊
          (၇) ကျွန်မရဲ့ ဝမ်းမှာ မဖြစ်ဘူး၊
          (၈) နိယတ မစ္ဆာဒိဋ္ဌိ မဖြစ်ဘူး၊
          (၉) ယောက်ျားအဖြစ်မှ လိင်ပြန်ခြင်း မဖြစ်ဘူး၊
          (၁၀) ပဉ္စာနန္တရိယကံ ကျူးလွန်သူမဖြစ်ဘူး၊
          (၁၁) နူသောသူ မဖြစ်ဘူး၊
          (၁၂) တိရစ္ဆာန်ဖြစ်သော်လည်း ငုံး၊ နှံစုတ်ငှက်အောက်ငယ်သော တိရစ္ဆာန် မဖြစ်ဘူး၊
          (၁၃) ခုပ္ပိပါသိကပြိတ္တာ၊ နိဇ္ဈာမတဏှိတပြိတ္တာမျိုးမှာမဖြစ်ဘူး၊
          (၁၄) ကာလကဥ္စိက အသုရာမျိုးမှာ မဖြစ်ဘူး၊
          (၁၅) အဝီစိငရဲ၊ လောကန္တရိက ငရဲမှာ မဖြစ်ဘူး၊
          (၁၆) ကာမာဝစရ နတ်မျိုးမှာလည်း မာရ်နတ် မဖြစ်ဘူး၊
          (၁၇) အသညသတ်ဘုံ၊ သုဒ္ဓါဝါသဘုံ၊ အရူပဘုံမှာမဖြစ်ဘူး၊
          (၁၈) တစ်ပါးသော စကြဝဠာတို့မှာ မဖြစ်ဘူး၊

          ဒီ ၁၈-ဌာနဟာ နိယတဗျာဒတ်ရပြီးတဲ့ ဘုရားလောင်းတော်များမဖြစ်ထိုက်တဲ့ ဌာနတွေပဲကွယ်၊ ဒီဌာတွေထဲမှာ ဘုရားအလောင်းတော်ဟာ ငရဲတော့ကျသေးတယ်၊ ငရဲကျကြောင်းကိုတေမိဇာတ်မှာ ကြည့်လျှင် သိသာတယ်ကွယ့်

          ဘယ်လို သိသာတာပါလဲဘုရား

          သိသာပုံက ဒီလိုကွယ့်၊ တေမိမင်းသားကိုဖွားမြင်ပြီး ထီးဖြူရိပ်မှာ သိပ်ထားတယ်၊ မင်းသားငယ်ဟာ မျက်စိဖွင့်ကြည့်လိုက်တော့ ထီးဖြူကိုမြင်တဲ့အတွက် ငါဟာ မင်းမျိုးမှာ ဖြစ်တယ်လို့သိတယ်၊ ဒီမင်းမျိုးကို ဘယ်ဘဝက လာဖြစ်တာလဲလို့ဇာတိဿရဉာဏ်ဖြင့် ထပ်ကြည့်လိုက်တော့ တာဝတိံသာနတ်ပြည်က လာဖြစ်တာကို မြင်တယ်၊ တာဝတိံသာနတ်ပြည်ကိုဘယ်ဘဝကဖြစ်တာလဲကြည့်ပြန်တော့ ဥဿဒငရဲပြည်က ဖြစ်တာကို မြင်တယ်၊ ဥဿဒငရဲပြည်ကို ဘယ်ကလာဖြစ်တာလဲလို့ကြည့်ပြန်တော့ ဗာရာဏသီပြည်မှာ နှစ်ပေါင်း ၂၀-မင်းပြုခဲ့တဲ့ဘဝက လာဖြစ်တာကို မြင်တယ်၊အဲဒါကြောင့် အလောင်းတော်ဟာ နိယတျဗျာဒိတ်ရပြီး ဖြစ်သော်လည်း ငရဲတော့ ကျသေးတာပဲ၊ သို့သော်အဝီစိငရဲ၊ လောကန္တရဇ် ငရဲတော့ မကျဘူးလို့မှတ်ရမယ်၊ တိရစ္ဆာန်ဘဝမှာ ငုံးအောက်၊ နှံစုပ်ငှက်အောက်ငယ်တဲ့ တိရစ္ဆာန်တော့ မဖြစ်ဘူး၊ အခြားတိရစ္ဆာန်ဘဝမှာတော့ အများအပြားဖြစ်ပါတယ်၊ ဘုရားအလောင်းတိရစ္ဆာန်ဖြစ်ပုံကို ၅၅၀-နိပါတ်မှာ အများအပြား ပြထားပါတယ်၊ ပြိတ္တာကလည်း  သာသနာတော်ဝင် ကျမ်းအလိုအားဖြင့် လေးမျိုးရှိတယ်၊

လေးမျိုးဆိုတာ -

          (၁) ပရဒတ္တူပဇီဝိတပြိတ္တာ = သူတစ်ပါးကိုမှီပြီးအသက်မွေးရတဲ့ ပြိတ္တာမျိုး၊
          (၂) ခုပ္ပိပါသပြိတ္တာ = မစားရ မသောက်ရ အမြဲငတ်မွတ်ဆာလောင်နေတဲ့ ပြိတ္တာမျိုး၊
          (၃) နိဇ္ဈာမတဏှိကပြိတ္တာ = ခန္ဓာကိုယ် ပူလောင်ခြင်းခံနေရတဲ့ပြိတ္တာမျိုး၊
          (၄) ကာလကဥ္စိကပြိတ္တာ = အသုရကာယ်မျိုး ဖြစ်တဲ့ပြိတ္တာ၊
          တို့ ဖြစ်ကြတယ်၊ ဒီပြိတ္တာလေးမျိုးထဲက ပရဒတ္တူပဇီဝိတပြိတ္တာမျိုးတော့ဘုရားအလောင်း ဖြစ်သေးတယ်၊ ကျန်တဲ့ ပြိတ္တာမျိုးတော့ မဖြစ်ဘူး

          ကာလကဥ္ဇိကပြိတ္တာ ဆိုတာ ဘယ်လို ပြိတ္တာမျိုးလဲဘုရား

          ကာလကဥ္စိကပြိတ္တာ ဆိုတာ အသူရကာယ်မျိုးဖြစ်တဲ့ ပြိတ္တာကြီးတဲ့၊ အဲဒီပြိတ္တာကြီးရဲ့ ပုံသဏ္ဌာန်ကို သုတ်ပါထိက (ဋ္ဌ၊၅) မှာ ဒီလိုဖွင့်ပြထားတယ်၊ ကာလကဥ္ဇိကအသူရကာယ်ဟာ ခန္ဓာကိုယ် သုံးဂါဝုတ်လောက် ကြီးတယ်၊ အသားအသွေးနည်းပါးတယ်၊ဖက်ရွက်လျော်နှင့် တူတယ်၊ ပုဇွန်မျက်စိလို မျက်စိဟာ ထွက်ပြီး ဦးထိပ်မှာ တည်တယ်၊ ခံတွင်းကလည်းအပ်နဖားမျှလောက်သာရှိပြီး ဦးထိပ်မှာပဲ တည်တယ်တဲ့။

          ခန္ဓဝဂ္ဂသံယုတ် (ဋ္ဌ၊ ၂၆၇-၂၆၈)မှာ ဖွင့်ပြထားတာကကာလကဥ္စိက အသူရကာယ်တစ်ဦးဟာ ရေငတ်မွတ်တဲ့ဒဏ်ကို သည်းမခံနိုင်တော့တဲ့အတွက် တစ်ယူဇနာလောက်နက်ပြီး တစ်ယူဇနာလောက် အပြောကျယ်တဲ့ ဂင်္ဂါမြစ်ကြီးအတွင်း ဆင်းသတဲ့၊ အသူရကာယ်ကြီး ရောက်တဲ့နေရာမှာရေပြတ်သွားပြီး မီးခိုးတွေထွက်သတဲ့၊  အလွန်ပူပြင်းတဲ့ကျောက်ဖျာအပေါ် စင်္ကြံသွားနေသလို ဖြစ်နေသတဲ့၊ တဝေါဝေါစီးနေတဲ့ ရေသံကိုတော့ နားကကြားနေရတယ်၊ရေသံကြားလို့ ရေကိုရှာရင်း မိုးလင်းလာသတဲ့၊ မိုးလင်းတဲ့အချိန်မှာ ရဟန်းတော် သုံးကျိပ်တို့ဟာသပိတ်ပိုက်ပြီး ဆွမ်းခံကြွတော်မူလာကြတယ်၊ ဂင်္ဂါမြစ်ကမ်းပါးမှာ ကြောက်စရာအကောင်ကြီးကိုမြင်ကြတော့ ရဟန်းတော်များက သင် ဘယ်သူတုန်းလို့ မေးကြသတဲ့၊ တပည့်တော် ပြိတ္တာပါဘုရားလို့လျှောက်ထားတော့ ရဟန်းတော်များက သင် ဘာရှာနေသလဲလို့ မေးကြသတဲ့၊ တပည့်တော် ရေသောက်ချင်လွန်းလို့ရေရှာတာပါဘုရားလို့ လျှောက်ထားတော့ ရဟန်းတော်များက ဒါဟာ ရေပြည့်လျှံနေတဲ့ ဂင်္ဂါမြစ်ကြီးကပဲ၊  သင်ဘာကြောင့် မမြင်သလဲလို့ မေးကြသတဲ့၊ ပြိတ္တာကြီးကတပည့်တော် ဘယ်လိုမျှ ရေကို မမြင်မတွေ့ရပါဘူးဘုရားလို့ လျှောက်ထားတော့ ရဟန်းတော်များကဒီလိုဆိုလျှင် ဒီဂင်္ဂါမြစ်ကမ်းမှာ သင် ပက်လက်အိပ်ပေတော့၊ သင့်ခံတွင်းထဲ ငါတို့ ရေလောင်းထည့်ကြမယ်လို့ပြောပြီး ပြိတ္တာကြီးကို ပက်လက်အိပ်စေကြတယ်၊ ရဟန်းတော် သုံးကျိပ်တို့ဟာ သပိတ်များနှင့်ဂင်္ဂါရေကို ခပ်ယူကြပြီး ပြိတ္တာကြီးရဲ့ ခံတွင်းထဲလောင်းထည့်ကြတယ်၊ လောင်းရင်း လောင်းရင်းနှင့်ပင်မိုးစင်စင်လင်းလာတယ်။

          ဒီအခါ ရဟန်းတော်များက ငါတို့ဆွမ်းခံချိန်ရောက်နေပြီ၊ သွားကြဦးမယ်၊ ဘယ့်နှယ်လဲ၊ သင် သက်သာရာများ ရရဲ့လားလို့ မေးကြသတဲ့၊ ဒီတော့ပြိတ္တာကြီးက အရှင်ဘုရားများ သွန်းလောင်းတဲ့ရေ တစ်လက်ဖက်ဝက်မျှလည်ချောင်းသို့ ဝင်ခဲ့ပါလျှင်ပြိတ္တာဘဝက မကျွတ်ဘဲရှိပါစေလို့ ကျိန်ပြောရှာသတဲ့၊ အဲဒီလို စားချင်လျက် မစားရ၊ သောက်ချင်လျက်မသောက်ရ၊ အကုသိုလ်ကံဆိုးကြီးရဲ့ အနှိပ်စက်ခံနေရတဲ့ ပြိတ္တာမျိုးကြီးကို ကာလကဉ္စိက အသုရကာယ်မျိုးလို့ခေါ်သတဲ့၊ ဘုရားအလောင်းတော်ဟာ အခြားပြိတ္တာမျိုးတော့ ဖြစ်တက်ပါတယ်၊ ဒါပေမယ့် ခုပ္ပိပါသပြိတ္တာ၊နိဇ္ဈမတဏှိကပြိတ္တာ၊ ကာလကဉ္စိက အသုရာမျိုးတော့ မဖြစ်ဘူးလို့ မှတ်သင့်တာပေါ့ကွယ်

          သာဓု - သာဓု -  သာဓု


(စာမျက်နှာ-- ၁၂၂-၁၂၅)
ဆက် - ဟာအာရလေးပါး

***ဆက်ရန်***
 ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ -  အမှတ်စဉ်(၁၀၉) - ဟာအာရလေးပါး
 
***ကောက်နုတ်ချက်***
နိုင်ငံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ
အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တဒေဝိန္ဒာဓိပတိ (ထီးချိုင့်မြို့ - တည်တောဆရာတော်ကြီး)
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ အတွဲ(၃) (စာမျက်နှာ ၁၂၂- ၁၂၅)   မှ ကောက်နုတ်ပူဇော်ပါသည်။



"ထေရဝါဒ ရနံ့"   မှ ပြန်လည်ရေးသားပူဇော်ပါသည်။

အုန်းသီးလေးရဲ့လျှို့ ဝှက်ချက်


အုန်းသီးလေးရဲ့လျှို့ ဝှက်ချက်
တကယ်လို့များ သင်ဟာ ပင်လယ်ကမ်းခြေကို ရောက်ဖူးသူဆိုရင် အုန်းသီးစိမ်းထဲက အုန်းရည်ကို
သောက်ခဲ့ဖူးမယ် ထင်ပါတယ်နော်.. ပင်လယ်ကမ်းခြေ မရောက်ဖြစ်တောင် မိမိတို့နေထိုင်တဲ့မြို့
ရှိ ဆိုင်တွေမှာ အုန်းရည်ကို သောက်သုံးလို့
ရပါသေးတယ်.. အုန်းရည်ဟာ ချိုမြမြ ရှတတအရသာ
ရှိတယ်ဆိုတာ လူတိုင်းက သိကြပေမဲ့ အုန်းရည်ရဲ့ အသုံးဝင်ပုံ လျှို့ဝှက်ချက်လေးကိုတော့ သိသူနည်းမယ်
ထင်ပါတယ်.. အုန်းသီးတစ်လုံးထဲက သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ အုန်းရည်အကြောင်းနဲ့အတူ
အုန်းသီးရဲ့ အသုံးဝင်ပုံလေးကို ဖတ်မိထားသလောက် ပြန်လည် ဝေမျှပါဦးမယ်ရှင်။

အုန်းသီးလေးရဲ့လျှို့ ဝှက်ချက်
အုန်းသီးဟာ လူတွေအတွက် ကောင်းမွန်ထူးခြားတဲ့ အစာတစ်မျိုးဖြစ်ပါတယ်.. အထူးခြားဆုံးက လူ့အသက်ကိုတောင် ကယ်တင်နိုင်စွမ်းရှိတဲ့ အသီးဖြစ်ပါတယ်.. အုန်းသီးဟာ သွေးတွင်း သကြားဓာတ်ကို တည်ငြိမ်စေနိုင်စွမ်းရှိခြင်း၊ ကိုလက်စရောကို လျော့ချပေးနိုင်စွမ်းရှိခြင်း၊ ရေဓာတ်ကို ထိန်းသိမ်းပေးခြင်းနဲ့ အရေးပေါ် သွေးရေကြည်သွင်းဖို့ လိုအပ်နေသူများကိုတောင်မှ အုန်းရည်ဖြင့် အစားသွင်းကုသပေးနိုင်ခြင်းစတဲ့ အုန်းသီးရဲ့ အသုံးဝင်အရေးပါပုံကို သိရှိသူမှာ လူအနည်းစုလောက်သာ ရှိပါတယ်.. ခေတ်ပေါ် ဆေးသုတေသနပြုသူများကလည်း အုန်းသီးဟာ ကျန်းမာရေးအတွက် အလွန်အကျိုးပြုစေနိုင်သော အသီးဖြစ်ကြောင်း လေ့လာတွေ့ရှိရပါတယ်..
အုန်းရည်
အုန်းသီးထဲမှ အုန်းရည်ဟာ လူ့အသက်ကို ကယ်တင်ပေးနိုင်စွမ်း ရှိပုံနဲ့ပတ်သက်ပြီး အကောင်းဆုံး သက်သေတစ်ခုကို ပြောပြရမယ်ဆိုရင် ဒုတိယကမ္ဘာစစ်အတွင်းက ပစိဖိတ်ဒေသစစ်ပွဲတွေမှာ စစ်သားတွေ အများအပြား ဒဏ်ရာရကြတဲ့အခါ အရေးပေါ် သွေးသွင်းဖို့ လိုအပ်နေပေမဲ့ စစ်မြေပြင်ဖြစ်တာကြောင့် သွေးရည်ကြည်ပုလင်းတွေကို အချိန်မှီ ရရှိဖို့ အခက်အခဲ ဖြစ်နေချိန်မှာ ဆရာဝန်တွေဟာ အုန်းသီး နုနုထဲက သန့်စင်တဲ့ အုန်းရည်ကို သွေးရည်ကြည်အစား ထိုးသွင်းကုသပြီး အသက်ကယ်ခဲ့ရတဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်.. အုန်းရည်ဟာ လူခန္ဓာကိုယ်ရှိ သွေးရည်ကြည်နဲ့ ထပ်တူနီးပါး တူညီပြီး သွေးအမျိုးအစား အားလုံးနဲ့ သင့်တော်တယ်လို့ သိရပါတယ်..
အုန်းရည်ဟာ ဓါတ်တိုးပစ္စည်းပါဝင်မှု များပြားပြီး လူတွေကို အထူးအကျိုးပြုကြောင်း လေ့လာတွေ့ရှိရပါတယ်..
ကိုလက်စရောကို ကျဆင်းစေခြင်း
အစာခြေနိုင်စွမ်း မြင့်မားစေခြင်း
အရေပြားတွန့်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း
သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း
ဗိုင်းရပ်စ်ပိုးများကို ကာကွယ်တိုက်ဖျက်ခြင်း
ဆဲလ်အသစ်များကို တိုးပွားစေခြင်း
ဟိုမုန်းကို ထိန်းချုပ်ပေးခြင်း
ကိုယ်အလေးချိန်ကို လျော့ချပေးနိုင်ခြင်း
အဟာရဓာတ်နှင့် အောက်ဆီဂျင်ကို ဆဲလ်များအတွင်း ပို့ဆောင်ပေးနိုင်ခြင်း
ဇီဝရုပ်ဖြစ်ပျက်ခြင်းကို တိုးတက်စေခြင်း
ရောဂါများကို ခုခံကာကွယ်ပေးခြင်း
မှတ်ဥာဏ်ချို့ယွင်းမှုကို ကာကွယ်ပေးခြင်း
ဘက်တီးရီးယားများကို သေစေနိုင်ခြင်း
စတဲ့ အကျိုးဆက်များစွာကို ပေးနိုင်တဲ့အတွက်ကြောင့် ကျန်းမာရေးအတွက် အဖိုးတန်တဲ့
အုန်းသီးဖြစ်ပါတယ်..
natureenergycares.

ခဲတံနဲ့ လူ့ဘဝ

ခဲတံနဲ့ လူ့ဘဝ
==========
ပညာရှိတွေက ခဲတံကို အချက်(၅)ချက်နဲ့ ဖွဲ့ဆိုတယ်။
(၁) လူတွေရဲ့ဆုပ်ကိုင်ခြင်းကို သင်ခံနိုင်ရည်ရှိမှ သင့်ရဲ့တာဝန်ကို သင်ပြီးမြောက်နိုင်မှာဖြစ်တယ်။
(၂) ချွန်မြအောင် အချွန်ခံရတဲ့နာကျင်ဒဏ်ကို သင်ခံနိုင်မှ သင့်အရည်အချင်းကို သင်ထုတ်ပြနိုင်မှာဖြစ်တယ်။
(၃) သင်တစ်သက်မှာ အမှားမလုပ်မိဘူးဆိုတာ မရှိဘူး။ အမှားလုပ်မိတဲ့အခါ ရိုးရိုးသားသား၊ ပွင့်ပွင့်လင်းလင်းနဲ့ ခဲဖျက်ရဲ့အကူအညီကိုယူပါ။ ဒါမှ လှပတဲ့အရာတွေကို သင်အရာထင်ဖန်တီးနိုင်မှာဖြစ်တယ်။
(၄) ချောမွတ်တဲ့အရာပေါ်ရောက်လေ သင့်အားကို ပိုစိုက်ထုတ်ရလေပါ။ ဒါမှ သင့်ဘဝ အရာထင် ကျန်ရစ်နိုင်ခဲ့မှာဖြစ်တယ်။
(၅) သင့်ရဲ့အရေးပါဆုံးအရာဟာ သင့်အပြင်ပန်းသဏ္ဌာန်မဟုတ်ဘူး.. သင့်ရဲ့အတွင်း "အဆံ"ဆိုတာကို အမြဲမှတ်ထားပါ။
လူ့ဘဝဟာလည်း ခဲတံတစ်ချောင်းနဲ့တူပါတယ်။ အောင်မြင်တဲ့ဘဝတစ်ခုကို ပိုင်ဆိုင်ချင်ရင် အောက်ကအချက်(၅)ချက်ကို မှတ်သားရပါတယ်။
======================================================
(၁) သူတစ်ပါးလက်အောက်မှာ အလုပ်လုပ်ဖို့ ခံနိုင်ရည်ရှိမှ သင့်စိတ်ကူးအိပ်မက်ကို သင်အကောင်အထည် ဖော်ဖြစ်နိုင်မှာဖြစ်တယ်။
(၂) ဘဝရဲ့အခက်အခဲ၊ ပြဿနာတွေကို ခါးစီးခံနိုင်မှ စိတ်ဓာတ်ကြံ့ခိုင်အား၊ လုပ်နိုင်အားစွမ်းရည်တွေက သင်ပိုင်ဆိုင်မှာဖြစ်တယ်။
(၃) သင့်ဘဝမှာ အမှားမလုပ်မိဘူးဆိုတာ မရှိနိုင်ဘူး။ အမှားလုပ်မိတဲ့အခါ ရိုးရိုးသားသား၊ ပွင့်ပွင့်လင်းလင်းနဲ့ တခြားသူရဲ့အကူအညီကို ယူပါ။ ဒါမှ လှပတဲ့ဘဝကို သင်ဖန်ဆင်းနိုင်မှာဖြစ်တယ်။
(၄) ဆင်းရဲဒုက္ခများတဲ့ ပတ်ဝန်းကျင်ရောက်လေ သင်အားစိုက်ထုတ် ကြိုးစားရလေပါ။ ဒါမှ သင့်ဘဝ အောင်မြင်မှုတွေ ရမှာဖြစ်တယ်။
(၅) သင့်ဘဝရဲ့ အရေးပါဆုံးအရာက သင့်ပြင်ပအရာဝတ္ထုတွေ မဟုတ်ဘူး.. သင့် အတွင်းစိတ်ဆိုတာကို မြဲမြဲမှတ်ထားပါ။
Credit: ဗဟုသုတမှတ်စုများ