သုံးတတ်ရင်ဆေး
______________________________
ဆေးခြောက်
(Marijuana) ဆိုတာ ကမ္ဘာတ၀န်းမှာ တရားဝင် ပိတ်ပင်ထားပေမယ့် အကျယ်တ၀င့်
သုံးနေတဲ့ အရာဖြစ်ပါတယ်။ ဆေးခြောက် ရှူတာများလွန်းရင် စွဲသွားတတ်တယ်ဆိုတာ
လူတိုင်း သိမှာပါ။ ဒါ့အပြင် ကိုယ့်ရဲ့ IQ ကိုလည်း ဆုံးရှုံးစေနိုင်ပါသေးတယ်
လေ့လာချက် အသစ်အရ တွေ့ရတယ်လို့ ဆိုတယ်။
ဒါ့အပြင် ရေရှည်သုံးပြီး
ဖျက်လိုက်တဲ့ အခါမှာလည်း ဘယ်ဆေးဝါးကမှ စိတ်ပိုင်းဆိုင်ရာ ပြန်လည်
ဖွံ့ဖြိုးအောင် မလုပ်နိုင်တော့ပါဘူး။လို့  ဆေးပညာရှင်တွေဘယ်လောက်ပြောနေကြစေ
ယခုချိန်ထိ တကမ္ဘာလုံးက လူငယ်တွေရဲ့  အသဲစွဲဖြစ်နေပါသေးတယ်။
လူငယ်ကာလသားတွေညဆိုဆေးခြောက်ပါမှပြည်စုံတယ်လိုတောင်ထင်နေသေးတယ်၊ရေရှည်အလွန်အကျွံ
စွဲသုံးတဲ့သူတွေအတွက် တော့ဆေးခြောက်ဟာ ဆိုးကြိုးတွေဖြစ်လာပါလိမ့်မယ်၊
အမှန်တကယ်ရောဂါခံစားနေရတဲ့သူတွေအတွက်တော့ ဆေးခြောက်ဟာ နတ်သကြားဖန် ဆင်းပေး တဲ့ ဆေးတခွတ်ပါ၊
လက်တွေကြုံရတာတော့ ပိုလီအကြောဆွဲနေတဲ့ ခလေးငယ်တဦးကို ခလေးဆရာဝန်တဦး
ရဲ့ ညွှန်ကြားချက်အတိုင်းနေ့ စဉ် သူစားတဲ့အခါ အရေးကြိုထားတဲ့
ဆေးခြောက်လက်ရည် တဇွန်းခန့် ထည့်ပြီး တိုက်ကျွေးရာမှာ ခလေးဟာ
တစ်နှစ်အတွင်းမှာ အကြောတွေသန်လာပြီး စကားပြောနိုင်လာတာပါဘဲ၊
အောက်ဖေါ်ပြထားတာကတော့ ဆေးခြောက်ကို ဆေးလို့ သုံးရင်ပြောက်ကင်းနိုင်တဲ့ ရောဂါဝေဒ နာများဖြစ်ပါတယ်။
(၁) နာတာရှည်နာကျင်ကိုက်ခဲဝေဒနာအသုံးပြုနေကျ အကိုက်အခဲဆေးများနှင့်
မသက်သာတော့သော လူနာများအတွက် ဆေးခြောက်နှင့် ကုသပေးနိုင်သည်။Multiple
Sclerosis ရောဂါ၊ ကင်ဆာ ရောဂါတို့ကဲ့သို့ နာကျင်မှုအလွန်ပြင်းထန်သော
ဝေဒနာများကို ဆေးခြောက်ဖြင့် သက်သာစေနိုင်သည်။
(၂) ခံတွင်းပျက်ခြင်း
ရံဖန်ရံခါ ခံတွင်းပျက်ခြင်းမဟုတ်ဘဲ ကင်ဆာရောဂါ၊ AIDS ရောဂါ၊ cystic
fibrosis ရောဂါများကြောင့် ဘ၀အရည်အသွေး ကျဆင်းရလောက်အောင် ခံတွင်းပျက်ပါက
ဆေးခြောက်ဖြင့် အစာစားချင်စိတ်လှုံ့ဆော်နိုင်သည်။
(၃) ဓာတုကုထုံး ဆေးဒဏ်များ
ကင်ဆာရောဂါအတွက် ဓာတုကုထုံး (chemothe-rapy) ခံယူခြင်းကြောင့်
မူးဝေခြင်း၊ အန်ခြင်းတို့ကို သက်သာစေသည်။ သို့သော် ဆေးခြောက်ကြောင့်
အိပ်ငိုက်ခြင်း စိတ်အခြေအနေပြောင်းခြင်းတို့ ဖြစ်စေတတ်သည်။
(၄) သူငယ်ပြန်မေ့လျော့ဝေဒနာ
သူငယ်ပြန်မေ့လျော့ဝေဒနာ (dementia)ာကြောင့် ကိုယ်အလေးချိန်တက်လာခြင်း၊ အပြုအမူ မမှန်ခြင်းများကို သက်သာစေသည်။
(၅) အတက်ရောဂါ
အတက်ရောဂါထိန်းဆေးများနှင့် ဆေးခြောက်ကို တွဲသောက်ပါက အတက်ရောဂါ ထကြွနှုန်း လျော့နည်းစေသည်။
(၆) ရေတိမ်
ရေတိမ် (glaueoma)ကြောင့် မျက်စိအာရုံကြောပျက်စီးပြီး အမြင်အာရုံဆုံးရှုံးခြင်း မဖြစ်စေရန် ဆေးခြောက်ဖြင့် ကာကွယ်နိုင်သည်။
(၇) ကင်ဆာရောဂါ
ဆေးခြောက်တွင်ပါဝင်သည့် အဓိကအစိတ်အပိုင်း ဖြစ်သော canabinoid သည်
ကင်ဆာရောဂါ ပြန့်ပွားနှုန်း ထိန်းချုပ်နိုင်ပြီး ကင်ဆာဆဲလ်များကို
သေစေနိုင်သည်။
(၈) အယ်လ်ဇိုင်းမားရောဂါ
ဆေးခြောက်တွင်ပါဝင်သည့်
ဆေးဖက်ဝင်ပစ္စည်းများသည် ဦးနှောက်တွင်း အနည်ကျသည့် ဖြစ်စဉ်များကို
ဟန့်တားပေးနိုင်သောကြောင့် အယ်လ်ဇိုင်းမား ရောဂါကို ကာကွယ်နိုင်ကြောင်း
သုတေသနများစွာက တွေ့ရှိထားသည်။အမေရိကန် ပြည်ထောင်စုတွင် ပြည်နယ် ၂၀ သည်
ဆေးခြောက်ကို ဆေးဖက်ဆိုင်ရာ ကုထုံးအဖြစ် တရားဝင် အသုံးပြုခွင့် ပေးထားပြီး
ဖြစ်သည်။ ၎င်းတို့အနက် ကော်လိုရာဒိုနှင့် ဝါရှင်တန်ပြည်နယ်တို့သည်
ဆေးဖက်ကုထုံး အဖြစ်သာမက စိတ်လက်အပန်းဖြေရန်အတွက်ပါ ခွင့်ပြုထားပါသည်။
ယခု ၂၀၁၄ နှစ်ဆန်း ၁ ရက်နေ့တွင် ကော်လိုရာဒိုပြည်နယ်သည် အမေရိကန်
ပြည်ထောင်စုတွင် ဆေးခြောက်ကို အပန်းဖြေရေးအတွက် တရားဝင် ရောင်းချသော
ပထမဆုံး ပြည်နယ် ဖြစ်လာသည်။ ကော်လိုရာဒိုနှင့် ဝါရှင်တန်ပြည်နယ်တို့သည်
ဆေးခြောက် စိုက်ပျိုးခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း၊ အသုံးပြုခြင်း ဆိုင်ရာ
ဥပဒေစည်းမျဉ်းများကို ရေးဆွဲပြဋ္ဌာန်းပြီးဖြစ်သည်။ ဝါရှင်တန်ပြည်နယ်သည်
ယခုနှစ်ကုန်ပိုင်းတွင် တရားဝင် လက်လီဆိုင်များ ဖွင့်လှစ်ရောင်းချရန်
စီစဉ်ထားသည်။
Health Updates Journal
No comments:
Post a Comment