အသည်းကွဲနေသူတွေအတွက် သိမှတ်ထားရမယ့် အချက် (၁၀)ချက်
ချစ်သူနဲ့ပြတ်တာ၊ ရည်းစားနဲ့ လမ်းခွဲလိုက်တာမျိုးဟာ အဲ့ဒီလူအတွက် နာကျင်ခံစားရမယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ ဒါပေမယ့် ဒီလိုပြောင်းလဲခြင်းမျိုးဟာ သင့်ဘ၀ပိုကောင်းလာဖို့၊ ဒီ့ထက်ကောင်းတဲ့ချစ်သူမျိုး ပိုင်ဆိုင်စေဖို့လည်း ဖြစ်ကောင်းဖြစ်နိုင်တာပဲ။ အသည်းကွဲတဲ့အခါ အရာအားလုံးကို စိတ်အေးအေးထားပြီး တွေးကြည့်ပါ။ အကောင်းမြင်ပေးဖို့လည်း လိုပါတယ်။ ဒီလိုအချက်လေးတွေက သင့်အသည်းကွဲရောဂါကို သက်သာသွားစေမှာမို့ ဖတ်ကြည့်လိုက်ပါဦး။
၁။ကိုယ်ပေးထားတဲ့အရာတွေက သူနဲ့တန်ပါသလား။ သူကရော ကိုယ်ပေးသလောက် ကိုယ့်အပေါ် ပြန်ကောင်းပါရဲ့လား။
အချစ်စစ်မှာ
ညီမျှမှုရှိနေပါတယ်။ သူတကယ် ကိုယ့်ကိုချစ်သလားဆိုတာ စိတ်ကအလိုလိုကို
သိနေတာပါ။ ဒီလိုမဟုတ်ပဲ သူကအယူချည်း၊ ကိုယ်ကတော့ ခံဘက်ကချည်း ဖြစ်နေရင်တော့
ပြတ်သွားတာ ကိုယ့်အတွက် ကောင်းပါတယ်။
၂။တစ်ဦးနဲ့တစ်ဦး လေးစားမှုမရှိရင် သင့်အချစ်ရေးဟာ ပျက်စီးသွားမှာပါပဲ။
ချစ်သူနှစ်ဦး
သူကိုယ့်အပေါ်ကောင်းတာ၊ ကိုယ်ကရော သူ့အပေါ်ဘာတွေနားလည်ပေးတာဆိုတာမျိုး၊
တစ်ဦးနဲ့တစ်ဦး လေးစားတဲ့ ဆက်ဆံရေးကတော့ ရှိကိုရှိသင့်ပါတယ်။ ကိုယ့်အပေါ်
ဘာလေးစားမှုမှ မရှိဘူး။ ပြောချင်ရာပြော ဆိုချင်ရာဆို
ဖြစ်ချင်တိုင်းဖြစ်နေတဲ့ ဆက်ဆံရေးဟာ ဘယ်လောက်ထိ တည်မြဲမှာတဲ့လဲ။
၃။ဝေဖန်မှုဒဏ်က လွတ်မြောက်ခြင်းအတွက် ပျော်ရွှင်ပါ။
တစ်ရက်တစ်ရက်
ပိန်လိုက်တာ၊ ၀လာပြန်ပြီ၊ ဆံပင်ဘာအရောင်ဆိုးထားတာလဲ စတဲ့ ဝေဖန်မှုတွေနဲ့
နေနေရတာ မွန်းကျပ်နေပြီလို့ ခံစားရတယ် မဟုတ်လား။ ပြတ်သွားတဲ့
သံယောဇဉ်ကြိုးအတွက် နည်းနည်းနာကျင်ပေမယ့် အချိန်နည်းနည်းရလာတာနဲ့
ကိုယ့်ရဲ့လွတ်လပ်မှုကို တန်ဖိုးထားတတ်လာပါလိမ့်မယ်။ ကိုယ့်ရဲ့ပျော်ရွှင်မှုဟာ
တစ်ခြားသူလက်ထဲရောက်မနေပါစေနဲ့။
၎။ဘယ်လောက်ရင်းနှီးခဲ့သူဖြစ်ပါစေ ဖိအားပေးတာမျိုး လုပ်လို့မရနိုင်ဘူးဆိုတာ သိထားပါ။
ကိုယ်ချစ်သလောက်
သူကပြန်မချစ်လို့ ဆိုပြီး သူ့ကိုအပြစ်ဆို၊ ဖိအားပေးလို့မရပါဘူး။
တွက်ကပ်နေလို့လည်း မရပါဘူး။ ငါကတော့ သူ့ကိုဆို အားလုံးထက်ကို ချစ်ရတယ်၊
သူကကျတော့ ငါ့ကိုအဲ့ဒီလို မဟုတ်ဘူးဆိုတဲ့ အတွေးမျိုးတွေ ရှိနေရင်
ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ပါ။ နောက်ထပ် ကိုယ်နဲ့ပတ်သက်လာမယ့်
လူတွေအပေါ်လည်း အရင်ကလို မဆက်ဆံပါနဲ့။ မမျှော်လင့်ပါနဲ့။
၅။ကိုယ့်ရဲ့တန်ဖိုးကို ချမပစ်လိုက်ပါနဲ့။
ကိုယ်ဖြစ်ချင်တာတွေ၊
ကိုယ်လုပ်ချင်တာတွေ၊ အိပ်မက်တွေကို လူတစ်ယောက်အတွက်
ပြောင်းမပစ်လိုက်ပါနဲ့။ ကိုယ့်တန်ဖိုးကို ဘယ်တော့မှ မချပစ်ပါနဲ့။
ပိုကြိုးစားပါ။ ကိုယ်နေချင်တဲ့ပုံစံအတိုင်းနေသွားပါ။ အဲ့ဒီလိုမှ မဟုတ်ရင်
နောက်ပိုင်းမှာ နောင်တရစရာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ သူ့တန်ဖိုးသူသိတဲ့
မိန်းမတစ်ယောက်လောက် ဆွဲဆောင်အားပြင်းတာ ဘာမှမရှိပါဘူး။
၆။ဘာပြောပြော ခေါင်းညိတ်ခဲ့တာတွေကို ပြင်လိုက်ပါ။
အရင်ကဆို
သူ့ကိုချစ်လွန်းလို့ သူပြောသမျှကို ခေါင်းညိတ်နားထောင်ခဲ့တာပါပဲ။ ဒါပေမယ့်
အဆုံးသတ်ကျတော့ရော နှစ်ဦးသားလမ်းခွဲသွားရတာပဲ မဟုတ်လား။
နောက်အချိန်တွေမှာ ကိုယ့်ကိုယ်ကိုယ် ဆုံးမထားရမှာက တစ်ဖက်လူပြောသမျှ
အားလုံးကို မလိုက်လျောဖို့ပါပဲ။ စဉ်းစားပါ၊ တွေးပါ၊ ဖြစ်နိုင်မှ
ခေါင်းညိမ့်ပါ။
၇။သူများကို မချစ်ခင် ကိုယ့်ကိုယ်ကိုယ် အရင်ဆုံးချစ်တတ်ပါစေ။
သူများတကာကို
ချစ်ဖို့ဆိုတာ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ်
ချစ်တဲ့အခါ ကိုယ်ဘာလိုချင်လဲဆိုတာ သေသေချာချာ သိမှာမို့လို့ပါ။
၈။အချစ်ရေးတစ်ခုကို အဆုံးသတ်ဖို့ နောက်ထပ်အချစ်သစ် မရှာပါနဲ့။
ကိုယ့်ရဲ့လက်ရှိအချစ်ရေးကို
အဆုံးသတ်ပစ်လိုက်ဖို့ လိုနေပြီလို့တွေးပြီး ဒီတစ်ခုမပြတ်သေးခင်
နောက်တစ်ယောက်ထပ်ထားကာ ပထမအချစ်ရေးကို ဖြတ်တောက်ပစ်တာမျိုးတွေ မလုပ်ပါနဲ့။
အချိန်ပေးပါ။ ဘယ်အရာကိုမှ အလျင်စလို မဆုံးဖြတ်ပါနဲ့။
၉။အရမ်းမမျှော်လင့်မိပါစေနဲ့။
ကိုယ့်အတွက်
သူကပြောင်းလဲသွားရမယ်ဆိုတဲ့ မျှော်လင့်ချက်မျိုးတွေ မထားပါနဲ့။ ဒါက
ဖြစ်နိုင်ချေနည်းလွန်းအားကြီးလွန်းလို့ပါ။ အဲ့ဒီလိုမျှော်လင့်မယ့်အစား
ကိုယ့်ကိုယ်ကိုယ်သာ ဘယ်လိုပြုမူနေထိုင်သင့်တယ်၊ ဘယ်လိုတစ်ဖက်လူကို
ဆက်ဆံသင့်တယ်ဆိုတာမျိုး တွေးပါ။
၁၀။လူတိုင်းမှာ ဒုတိယအကြိမ်မြောက် ရရှိလာမယ့် အခွင့်အရေးရှိသေးတယ်ဆိုတာ သတိရပါ။
ငါ
ဘာ့ကြောင့်များ အချစ်ရေးမှာ ကံခေရသလဲဆိုပြီး အဆုံးထိ မတွေးထားပါနဲ့။
လူတိုင်းဟာ နာကျင်စရာတွေ တွေ့ကြုံပြီးတဲ့အခါ ပျော်ရွှင်မှုကို ခံစားရမယ့်
အခွင့်အရေးသစ်တွေ ပေါ်ပေါက်လာတတ်ပါတယ်။ ကိုယ့်ဘာသာကိုယ်
အကောင်းဆုံးပြင်ဆင်နေထိုင်ပါ။ စိတ်ဓာတ်မကျပါနဲ့။Ref:womenshealthmag.com
No comments:
Post a Comment