Tuesday, June 10, 2014

စိတ်ဓါတ်အားကောင်းတဲ့ သူတွေ

စိတ်ဓါတ်အားကောင်းတဲ့ သူတွေ မလုပ်တဲ့ အချက် (၁၃) ချက်
၁။ သူတို့ဟာ ဖြစ်လာတဲ့ အခြေအနေတွေ၊ တခြားသူတွေက သူတို့ကို ဘယ်လို ဆက်ဆံတယ် ဆိုတာမျိုးတွေနဲ့ ပတ်သက်ပြီး ဘယ်တော့မှ ၀မ်းနည်း မနေတတ်ဘူး။ အဲဒီအစား သူတို့ လုပ်စရာ ရှိတာတွေကို ပဲ လုပ်နေတတ်တယ်။ ဘ၀က အမြဲတမ်း လွယ်မနေနိုင်ဘူး ဆိုတာကို နားလည် လက်ခံထားတယ်။
၂။ သူတို့ရဲ့ စွမ်းအားတွေ ကို အလဟဿ မဖြစ်စေဘူး။ တခြားသူ တွေရဲ့ ထိန်းချုပ်တာမျိုးကို မခံဘူး။ `ငါ့သူဌေးက ငါ့ကို စိတ်ညစ်အောင် အရမ်းလုပ်တာပဲ။´ ဆိုတာမျိုးကို ဘယ်တော့မှ မပြောတတ်ကြဘူး။ ဘာလို့လဲ ဆိုတော့ သူတို့ကိုယ်တိုင်က စိတ်ခံစားချက် တွေကို ထိန်းချုပ်နိုင်ပြီး သူတို့ ဘယ်လို တုန့်ပြန်မလဲ ဆိုတာကို ကိုယ်တိုင် ရွေးချယ်လို့ရတယ် ဆိုတာ နားလည်ထားလို့ပါပဲ။
၃။ ပြောင်းလဲရမှာကို ရှက်စရာလို့ မမြင်ဘူး။ ဖြစ်သင့်တဲ့ မှန်ကန်တဲ့ ပြောင်းလဲမှု မျိုးကို အမြဲ ကြိုဆိုတတ်ကြတယ်။
၎။ သူတို့ ထိန်းချုပ်လို့ မရတဲ့ အရာတွေ အပေါ်မှာ အင်အား အကုန်မခံဘူး။ စိတ်ဓါတ် အင်အား ကောင်းတဲ့သူတွေက ကားပိတ်ဆို့တာတွေ ပေါ်မှာ တဗျစ်တောက်တောက် ပြောဆို နေတာမျိုးကို ဘယ်တော့မှ ကြားရမှာမဟုတ်ဘူး။
၅။ လူတိုင်းကို စိတ်ကျေနပ်အောင် လုပ်ပေးနေမှာလည်း မဟုတ်ဘူး။ လိုအပ်တဲ့အခါမျိုးမှာ No ဆိုပြီး ငြင်းတတ်ဖို့ ၊ ရဲရဲ ပြောဖို့ ဆိုဖို့ ကို ဘယ်တော့မှ ကြောက်မှာ မဟုတ်ဘူး။
၆။တွက်ချက်ပြီး စွန့်စားတဲ့ စွန့်စားမှု မျိုးကိုလည်း ကြောက်ရွံ့ နေမှာမဟုတ်ဘူး။ မစွန့်စားခင်မှာတော့ သေသေချာချာ တွက်ချက်တယ်။ ဒါပေမယ့် ဆုံးဖြတ်ချက် ချပြီးပြီဆိုရင် နောက်တွန့် မနေဘူး။
၇။ အတိတ်မှာ နစ်မွန်း မနေဘူး။
၈။အမှား တစ်ခု တည်းကို ထပ်ခါ ထပ်ခါ မလုပ်တတ်ဘူး။ ဖြစ်ခဲ့တဲ့ အမှားတွေ ကနေ သင်ခန်းစာ ယူတယ်။ အနာဂတ်မှာ ပိုကောင်းတဲ့ ဆုံးဖြတ်ချက် မျိုးတွေ ချနိုင်အောင် ကြိုးစားတယ်။
၉။ တခြားသူတွေ ရဲ့ အောင်မြင်မှု တွေကိုလည်း မုဒိတာ ပွားနိုင်တယ်။ သူတစ်ပါးရဲ့ အောင်မြင်မှုကို မနာလိုဖြစ်တာမျိုး အဖြစ်မခံဘူး။
၁၀။ ပထမဆုံးအကြိမ်မှာ ရှုံးနိမ့်ခဲ့ရင်တောင် လက်မလျှော့ဘူး။ ရှုံးနိမ့်မှုကို နောက်ထပ် ပိုကောင်းအောင် လုပ်လို့ ရတဲ့ အခွင့်အရေး အဖြစ်မြင်တယ်။
၁၁။ တစ်ယောက်တည်း ဖြစ်နေမှာကို မကြောက်တတ်ဘူး။ တစ်ယောက်တည်း ဖြစ်နေတဲ့ အချိန် မျိုးတွေကို ပိုပြီး အလုပ်ပြီးတဲ့ အချိန်အဖြစ် အသုံးချတယ်။
၁၂။ လောကကြီးက သူတို့အပေါ်မှာ တစ်ခုခု ပေးစရာ ရှိနေသေးတယ် လို့ မတွေးဘူး။
၁၃။ ရလဒ်တွေဟာ ချက်ချင်းကြီး ဖြစ်လာရမယ် လို့ မမျှော်လင့်ဘူး။ သူတို့မှာ ရှိသမျှ ကျွမ်းကျင်မှုတွေ ၊ အချိန်တွေ ၊ အရည်အချင်းတွေ ကို ထုတ်သုံးမယ်။ ဒါပေမယ့် တကယ့် တကယ် ပြောင်းလဲမှု တွေဟာ အချိန်ယူ တတ်တယ် ဆိုတာကို နားလည်တယ်။
_ 13 things mentally strong people don't do_
Source : Thinking Humanity

No comments:

Post a Comment