ဘုရားစူး ဘုရားခိုက်
မြန်မာနိုင်ငံသည် ထေရ၀ါဒဗုဒ္ဓသာသနာ
တော်မြတ် ထွန်းလင်းတောက်ပဆုံးနိုင်ငံ
အဖြစ် ကမ္ဘာတွင်ထင်ရှားကျော်စောပါ၏။
မြတ်ဗုဒ္ဓသည် ဗုဒ္ဓဘာသာဝင်အားလုံး၏
အနှိုင်းမဲ့ ကိုးကွယ်ရာ ဦးညွှတ်ရာဖြစ်၏။
ဘုရားရှင်အပေါ်တွင်ကြည်ညိုသောသဒ္ဓါ
စိတ်သည် အင်အားလည်းကြီး၏။ အထု
လည်းကြီး၏။
သို့စဉ်လျက် အချို့အချို့သော ဗုဒ္ဓဘာ
သာဝင်များထံမှ ဘုရားစူးသည်။ ဘုရား
ခိုက်သည်။ ဘုရားရိုက်သည်ဟူသော
အသုံးအနှုန်းများကို ကြားရသည်မှာများ
စွာ အံ့သြဖွယ်လည်းဖြစ်ရပါ၏။ ၀မ်းနည်း
ဖွယ်လည်း ဖြစ်ရပါ၏။ မည်သူတွေက စ
တင်၍ ဤအသုံးအနှုန်းများကို ပြောကြား
ခဲ့သည် မသိ။ လက်ဆင့်ကမ်း၍ ခံယူသူ
တို့ကလည်း မဆင်မခြင်ပင်လက်ခံခဲ့ကြ
ဟန် တူပါသည်။
ဘုရားစူးပါရစေရဲ့ဟူသော စကားမျိုးကို
အမျိုးသမီးအချို့ပြောသံကို မကြာခဏ
ကြားရဖူးပါသည်။ မည်သို့သောအဓိပ္ပါယ်
မျိုးနှင့် ပြောကြလေသည်မှာမူ ကာယကံ
ရှင်များက ပို၍ သိလိမ့်မည်ထင်ပါသည်။
မြန်မာအဘိဓာန်တွင်မူ ဘုရားစူးဟူသော
ဝေါဟာရကို ဤသို့အဓိပ္ပါယ်ဖွင့်ဆိုခဲ့ပါသည်။
ဘုရားစူး = ဖယားစူး၊ ကြိ
၁။ ဘုရားကိုပြစ်မှားမိ၍ ဘေးဒဏ် သင့်
သည်။
၂။ ဘုရားကိုတိုင်တည်၍ ကျိန်ဆိုသည့်အတိုင်း
ဘေးဒဏ်သင့်သည်။
အမှန်ဆိုသော် မြတ်ဘုရားသည် ဤလောက
ဝယ်မရှိတော့ပြီ။ ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့ပြီးဖြစ်
၏။ ဘုရားရှင်သက်တော်ထင်ရှားရှိနေစဉ်က
ပင် ဘုရားသည် ဆုပေးခြင်း၊ ပြစ်ဒဏ်ခတ်ခြင်း
မျိုးကို ပြုလုပ်တော် မမူခဲ့။
သတ္တ၀ါတို့မည် ကံသာအမိ၊ ကံသာအဖဖြစ်
၏။ ကံစီမံရာခံရခြင်းဖြစ်၏။ ကောင်းသောအမူ
ကို ပြုလုပ်သော် ကောင်းကျိုးရမည်။ ဆိုးသော
အမူကိုပြုသော် ဆိုးကျိုးရမည်။
မည်သည့် တန်ခိုးရှင်ကမျှ ပြစ်ဒဏ်ခတ်ခြင်း
မဟုတ်။ အကယ်တန္တုဘုရားကိုပြစ်မှားမိ၍ဘေး
ဝင်ပြီ ဆိုပါစို့။ ယင်းမှာကမ္မနိယာမ သဘောအရ
ထိုက်တန်သော အကျိုးဖလကိုရခြင်းသာဖြစ်၏။
ကျေးဇူးတော်ရှင်မြတ်ဘုရားနှင့် မည်သို့မျှမပတ်
သက်။ သို့ဖြစ်၍ ဘုရားစူးသည်ဟု သုံးနှုန်းခြင်း
မှာ မသင့်လျော်ပါ။
ဘုရားရှင်ကိုတိုင်တည်၍ ကျိန်ဆိုသည့်အတိုင်း
ဘေးဒဏ်သင့်ခြင်းမှာလည်း ဘုရားရှင်နှင့်မပတ်
သက်။ မြတ်ဘုရားသည် သူ့အားတိုင်တည်၍
ကျိန်ဆိုကြရန်ဘုရားအဖြစ်ကို ရရှိလာခြင်းမဟုတ်
ပါ။ ဘုရားရှင်သာ သက်ရှိထင်ရှားရှိမည်ဆိုပါက
သူအားတိုင်တည်၍ ကျိန်ဆိုခြင်းမျိုးကို အလျှဉ်း
ပင်ခွင့်ပြုလက်ခံမည်မဟုတ်ပါ။
သို့ဖြစ်၍ ဘုရားရှင်ကိုပြစ်မှား၍ ဘေးဒဏ်သင့်
သည်ဖြစ်စေ၊ ဘုရားကိုတိုင်တည်၍ကျိန်ဆိုသည့်
အတိုင်း ဘေးဒဏ်သင့်သည်ဖြစ်စေ ကံ ကံ၏
အကျိုးပေးသာလျှင်ဖြစ်သောကြောင့် ဘုရားစူး
သည်ဟူသော အသုံးအနှုန်းမျိုးကိုလုံးဝမသုံးစွဲ
အပ်ပါပေ။
ဘုရားခိုက်သည် ဟူသော အသုံးအနှုန်းမှာ
လောကီ အစီအမံဖြင့် ရုပ်ပွားဆင်းတုတော်များ
ကို ထုလုပ် စီရင်ရာတွင် အိမ်တွင် မပူဇော်သင့်
သော ဆင်းတုတော်မျိုးကို ပူဇော်မိသဖြင့် စီးပွား
ရေးပျက်ပြားသည်။ ဘေးဒဏ် ကျရောက်သည်
ဟူသော အယူဝါဒမှ မြစ်ဖျားခံလာခြင်း ဖြစ်ပါ
သည်။ တစ်ခါက ဘုန်းကြီးကျောင်းသို့ အမျိုးသ
မီး တစ်ဦးသည် ရုပ်ပွားတော် တစ်ဆူကို လာ
ရောက် ကပ်လှူသည်။ ဘာကြောင့် ကပ်လှူရ
သနည်းဟူသည်ကိုလည်း နှုတ်ဖြင့် ဖွင့်ဟသည်
မှာ ဒီဘုရားကခိုက်တယ် ဟူ၍တည်း။ မည်မျှ
အပြစ်ကြီးမားလှဘိသနည်း။
စင်စစ်သော် ဆင်းရဲချမ်းသာဟူသည် လောကဓံ
တရားသာ ဖြစ်၏။ ခေါက်ရှာ ငှက်ပျံ လောကဓံ
ဟု ဆိုကြသည်။ ချမ်းသာတစ်ခါဆင်းရဲတစ်လှည့်
ပင်။ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ
မိမိ၏ကံကြောင့်ဖြစ်ရသည်ချည်းပင်။ ကံဟူသည်
မှာ ပစ္စုပ္ပန်ကံလည်းပါ၏။ အတိတ်ကံလည်းပါ၏။
လုပ်ငန်းတစ်ခုသည် ပစ္စုပ္ပန် ကံ ဉာဏ် ၀ီရိယတို့
ချို့ယွင်းသောကြောင့် ဆုံးရှုံးပျက်ပြားတတ်သည်။
ပစ္စုပ္ပန်ကံကောင်းနေစေကာမူ အတိတ်ကံဆိုးက
အင်နှင့်အားနှင့် စုပြုံအကျိုးပေးသည့်အခိုက်နှင့်
ဆုံကြုံလျှင်လည်း လုပ်ငန်း မအောင်မြင်တတ်ပေ။
ဗုဒ္ဓဘာသာဝင်မှန်သမျှ ကံ ကံ၏အကျိုးပေးမှုအ
ပေါ် သတိပြုမိဖို့လိုသည်။ ယုံကြည်ဖို့လိုသည်။
အထူးသဖြင့် အချို့လူတို့သည် လုပ်ငန်းတစ်ခု
မအောင်မြင်သော် မိမိ၏ အားနည်းချက်ချို့ယွင်း
ချက်များကို မရှာဖွေတတ်။ ဟိုလူ့လွှဲချ ဒီလူ့လွှဲချ
ဟိုအခြေအနေကြောင့် ဒီအခြေအနေကြောင့်
စသည့် အကြောင်းအမျိုးမျိုးပြတတ်ကြ၏။ မိမိ၏
ဉာဏ်ကို စစ်ဆေးဖို့ မိမိ၏၀ီရိယကို စစ်ဆေးဖို့ဝန်
လေးတတ်ကြ၏။ မိမိ၏ ကံ ဉာဏ် ၀ီရိယ ချို့တဲ့
ချက်ကြောင့် စီးပွားရေးမအောင်မြင်ခြင်း၊ ကျန်းမာ
ရေးကျဆင်းခြင်းဟူသော အမှန်တရားကိုထင်ရှား
အောင် မျက်မှောက်မပြုဘဲ ဘုရားခိုက်လို့ဟူဆို
ကာ အိမ်တွင်ကိုးကွယ်ထားသော ဆင်းတုတော်
အပေါ် ယိုးမယ်ဖွဲ့ခြင်းမှာ ကြီးမားသောအမှား
ပင်ဖြစ်ပါ၏။ ကြီးမားသော အကုသိုလ်မှုကြီးလည်း
ဖြစ်ပါ၏။ ယင်းအမှားမျိုးကိုပြန့်ပွားအောင် ဖြန့်ဖြူး
နေသော စာရေးသူများ ရှိနေသည်မှာလည်း
အမှန်ပင် ဗုဒ္ဓသာသနာတော်မြတ်အတွက် ဆူး
ညောင့်ခလုတ်များ ဖြစ်ပါ၏။
နာမည်ကျော် လောကီပညာ ရသစုံမဂ္ဂဇင်းကြီး
တစ်စောင်တွင် ဆောင်းပါးရှင်တစ်ဦးက ဓာတ်စုံ
နတ်စုံ အဖွင့်ဓာတ် အပိတ်ဓာတ်တို့ဖြင့် စီရင်၍
ရုပ်ပွားဆင်းတုတော် ထုလုပ်ပူဇော်နည်းများရေး
သားထားသည်ကို ဖတ်ရှုရဖူးပါသည်။ ထိုဆောင်း
ပါးရှင်သည် မြတ်ဘုရား၏ ရွှေမျက်နှာတော်ကို
မထောက်ပဲ ဤသို့ရေးသားသွားခဲ့ပေသည်။
ဘုရားထုနည်း
၁။ တစ်လက်မအရွယ် ဉာဏ်တော်ထားလျှင်
ခိုက်ရန်များသည်။
၂။ နှစ်လက်မအရွယ် ဉာဏ်တော်ထားလျှင်
ဆင်းရဲဒုက္ခများသည်။
၃။ သုံးလက်မအရွယ် ဉာဏ်တော်ထားလျှင်
မီးဘေးခံရတတ်သည်။
၎။ လေးလက်မအရွယ် ဉာဏ်တော်ထားလျှင်
လာဘ်လာဘပေါများ၏။
၅။ ငါးလက်မအရွယ်ဉာဏ်တော်ထားလျှင်
ဘေးဒုက္ခများ၏။
၆။ ခြောက်လက်မအရွယ် ဉာဏ်တော်ထားလျှင်
ဘုန်းတန်ခိုးကြီးမား၏။
၇။ ခုနှစ်လက်မအရွယ်ဉာဏ်တော်ထားလျှင်
ဘေးရန်ကင်းကွာ၏။
၈။ ရှစ်လက်မအရွယ် ဉာဏ်တော်ထားလျှင်
ကိုးကွယ်သူ ထိခိုက်တတ်၏။
ဒေါသကြီးမည် မောဟကြီးမည်ဆိုလျှင် ခိုက်ရန်
များမည်သာဖြစ်၏။ အကုသိုလ်တွေနှင့် လုံးထွေး
ရစ်ပတ်နေလျှင် ဆင်းရဲဒုက္ခများမည်သာဖြစ်၏။
မည်သည့်ဉာဏ်တော်အရွယ်ရှိ ရုပ်ပွားတော်ကိုး
ကွယ်မှုနှင့်မျှ မဆိုင်ပါ။ ဘုရားရှင်ကလည်းသူ၏
ရုပ်ပွားဆင်းတုတော်ကို မည်သည့်ဉာဏ်တော်
အရွယ်ကိုးကွယ်ပါဟု မိန့်တော်မမူခဲ့။ ဘုရားရှင်
လက်ထက်တော်က ရုပ်ပွားဆင်းတုတော် ထု
လုပ်ခဲ့ခြင်းလည်း မရှိပါ။
ဤလောကီ အစီအရင်များဖြင့် ရုပ်ပွားဆင်းတု
တော်ထုလုပ်ခြင်းမှာ ထေရ၀ါဒသာသနာ သွား
လေရာ အစဉ်လိုက်၍ နှောင့်ယှက်ခဲ့သော တန္တ
ရ၊ မန္တရ၊ ယန္တရ၀ါဒီတို့၏ လုပ်ငန်းဆောင်တာ
သာ ဖြစ်ပါ၏။ တစ်နည်းဆိုသော် သာသနာကို
အတွင်းဝင်၍ ပူးသတ်သော သာသနာပြင်ပပါပ
ဝါဒီတို့၏ လုပ်ငန်းဆောင်တာဖြစ်ပါ၏။ တစ်နည်း
ဆိုသော် သာသနာတော်ကို အတွင်းဝင်၍ ပူး
သတ်သော သာသနာပြင်ပြ ပါပ၀ါဒီတို့၏လုပ်
ရပ်သာ ဖြစ်ပါ၏။ အမှန်ဆိုသော် ဘုရားခိုက်
သည်။ ဘုရားရိုက်သည်ဟူသော အသုံးအနှုန်း
မျိုး သုံးကြခြင်းမှာ မြတ်စွာဘုရား၏ အနှိုင်းမဲ့
မဟာကရုဏာတော်မြတ်ကို ထိပါးစေသော
အသုံးအနှုန်းများသာ ဖြစ်ပါ၏။
မြတ်ဗုဒ္ဓသည် ကရုဏာတရား၏ကိုယ်ပွားရုပ်
သွင်ဖြစ်တော်မူပါ၏။ လေးသင်္ချေနှင့် ကမ္ဘာတစ်
သိန်းတိုင်အောင် ဖြည့်ကျင့်တော်မူသောပါရမီ
တော်များကြောင့် လောကအပေါ်အနှိုင်းမဲ့အနစ်
နာခံသူ ဖြစ်တော်မူပါ၏။ မြတ်ဗုဒ္ဓနှင့် ဆန့်ကျင်
ဘက် အယူအဆရှိသော ဗြာဟ္မဏဇယဒေဝ
ကပင် ဘုရားရှင်၏ မဟာကရုဏာတော်အပေါ်
ဤသို့ချီးကျူးတော်မူခဲ့ဖူးပါသည်။
အရှင်ဘုရားသည် ကရုဏာစိတ်ရှိတော်မူသည်။
တိရစ္ဆာန်ညှင်းပန်းသတ်ဖြတ်မှုကို ဖော်ပြသော
ယဇ်ပူဇော်မူ စည်းမျဉ်းဥပဒေများရှိသော်ကြောင့်
အရှင်ဘုရားသည် ဝေဒကျမ်းများကို ရှုတ်ချတော်
မူသည်။
သတ္တ၀ါဝေနေယျတို့အပေါ် ကြီးမားသော ကရု
ဏာတော် အစဉ်ပြဋ္ဌာန်းတော်မူသည့် ဘုရားရှင်
သည် လောကငြိမ်းချမ်းရေးအတွက် အောက်ပါ
အတိုင်း သွန်သင်ဆုံးမတော်မူခဲ့ပါ၏။
တစ်ကမ္ဘာလုံးကို မေတ္တာဖြင့် လွှမ်းထားပါ။ သိမ်
မွေ့သော ကြမ်းတမ်းသော မည်သည့်သတ္တ၀ါမ
ဆို သူတို့အား အန္တရာယ်ဖြစ်စေမည့် မည်သည့်
အမှတ်လက္ခဏာမျိုးမှ မမြင်တွေ့ကြရပါစေနှင့်။
ငြိမ်းချမ်းမှုနည်းလမ်းများကိုသာ ကြားသိပါရစေ။
( စူဠ၀ဂ် )
သတ္တ၀ါဝေနေယျတို့အပေါ် အနှိုင်းမဲ့ကြင်နာတော်
မူသော ဘုရား၏ မဟာကရုဏာတော်ကို ထိပါး
ရာရောက်သော ဘုရားစူးသည်၊ ဘုရားရိုက်သည်
ဟူသော အသုံးအနှုန်းများ ထေရ၀ါဒ သာသနာ
ဝေစည်ရာ ပြည်မြန်မာတွင် လုံးဝချုပ်ငြိမ်းပပျောက်
သင့်ပါပြီ။
မင်းနန် မော်ကျွန်း
အထက်တန်းစားဗုဒ္ဓဘာသာဝင်
ဒုတိယတွဲ

(ကျွန်တော်ရှာနေတာကြာပါပီဗျာ အခုမှပဲတွေ့လို့ တင်လိုက်ရပါတယ်.. ဗုဒ္ဓဘာသာတိုင်း သိသင့်တယ်ထင်ပါတယ်...)
http://dhammalectures.blogspot.com မှ
ကျော်စံလင်း ဝေမျှပါသည်...
No comments:
Post a Comment