မယုံမရှိနဲ့ လောကမှာ ကိုယ့်ထက်အပူများသူတွေ တစ်ပုံကြီး
=================================
ကိုယ်က ရည်းစားနဲ့ပြတ်လို့ ငိုနေချိန်မှာ
တစ်ချို့မိန်းကလေးတွေ မုဒိမ်းကျင့်ခံရလို့ လူ့လောကမှာ ပျောက်ကွယ်သွားရတယ်။
ကိုယ်က အလှကုန်သစ်တွေ မ၀ယ်နိုင်ချိန်မှာ
တစ်ချို့ချို့တွေ ပါးကွက်ကြားနဲ့ လယ်စိုက်နေတယ်။
ကိုယ်က အပေါင်းအသင်း ရောင်းရင်းတွေနဲ့
ပျော်စရာ အဖော်သဟာတွေနဲ့
ကာရာအိုကေဆိုနေတဲ့အခိုက်မှာ
တစ်ချို့အမျိုးသမီးတွေ ၀မ်းရေးအတွက်
KTV နဲ့ Night Club မှာ
အသွေးသားကို ဈေးတင်ရောင်းနေကြတယ်။
ကိုယ်က ဘူဖေးကောင်းကောင်းနဲ့စားနေချိန်မှာ
တစ်ချို့အမျိုးသမီးလေးတွေ
အငတ်ငတ်အပြတ်ပြတ်နဲ့
ဝမ်းရေးတစ်နပ်ကို ဖြစ်သလိုကျော်ဖြတ်နေရတယ်။
ဒီလိုပါပဲ..
ဘ၀ဟာ ကိုယ်နဲ့တန်သလောက် ဖန်တီးပေးထားတယ်
လိုချင်တာ ရအောင်ယူဖို့
ကြိုးစားကြမှာမဟုတ်ဘူးလား
ကိုယ့်ကိုကိုယ် ပြန်သနား
ငါ့အဖြစ် ဆိုးလှချေလားလို့ မတွေးခင်
ပတ်ဝန်းကျင်ကို နှံ့နှံ့စပ်စပ် ကြည့်လိုက်စမ်းပါ
လောကဟာ... ဒုက္ခတွေအတိနဲ့ မှောင်မိုက်နေတယ်ညီမလေး....။
လောကမှာ ကိုယ့်ထက်အဖြစ်ဆိုးသူတွေ တစ်ပုံကြီးပါကွာ
No comments:
Post a Comment