“မင်းစကားပုံတွေ ကျွမ်းတယ်ဆို ငါအစပြောမယ်ကွာ မင်းကျန်တာဆက်ဆို”
ဟု ကျွန်တော့် သူငယ်ချင်းကပြောသည်။
“အေးကွာမေးမေး”
“မေးပြီ ကြာကြာဝါး”
“ခါးညောင်း”
“မအိပ်မနေ”
“မျက်တွင်းချောင်”
”တိန်! မနောက်နဲ့လေကွာ”
“ငါမနောက်ပါဘူးကွ မယုံရင် မအိပ်ပဲနေကြည့် မျက်တွင်းချောင်ကိုချောင်တယ်”
“မေးပါများ”
“နားငြီး”
“လုပ်ပြန်ပီ မေးပါများ စကားရပါ”
“မဟုတ်ပါဘူးကွာ ခဏခဏမေးတော့ နားငြီးတယ်ကွ”
“သွားပါများ”
“ဖိနပ်ပါး”
“ကျားကြီး”
“နေပြည်တော်ပို့”
“ဟေ့ကောင် ဘာတွေပြောနေတာလဲကွ”
“ငါအကောင်းဖြေတာပါကွ နေပြည်တော်မှာ တိရိစ္ဆာန်ရုံဖွင့်ထားတယ် မတိဝူးလား”
“တောင်ကြီး”
“ရထားလမ်းဖောက်”
“ငွင့် တောင်ကြီး ဖ၀ါးအောက်ပါကွာ”
“တောင်ပေါ်မှာ ရထားလမ်းတွေဖောက်နေတယ်လေကွာ”
“သူ့မယားလိုချင်”
“ကိုယ့်မယား အရင်ကွာ”
“လုပ်ပြန်ပီ သူ့မယားလိုချင် သူ့လင်လှံနဲ့ ထိုးပါ”
“မင်းရူးနေလား သူ့လင်လှံနဲ့ထိုးတော့ ငါထောင်ကျမှာပေါ့ဟ”
“ကိုယ့်ငါးချဉ်”
“ကိုယ်သုတ်စား”
“ဂိန် အဲယေ တိန်! ကိုယ့်ငါးချဉ်ကိုယ်ချဉ် ပဲကြားဖူးပါတယ်ကွာ”
“ကိုယ်သုတ်စားမှ ချဉ်လား မချဉ်လား သိမှာပေါ့ဟ ဟုတ်ဝူးလား ခိခိ”
“နောက်ဆုံးတစ်ခုမေးမယ်ကွာ”
“ကတုံးပေါ်”
“ဒူးရင်းသီးလှိမ့်”
“ဟေ ကုတုံးပေါ်ထိပ်ကွက်ပါဟ ”
“မင်းမသိလို့ ဒူးရင်းသီလှိမ့်တာပိုကောင်းတယ် ငိငိ”
အဲ့ဒီ ကတည်းကျွန်တော့်ကို အဲ့ကောင်လေးစားသွားတာဗျာ
ပညာရှင်မှန်းလည်းသိရော နောက်မမေးရဲတော့ဘူး ငှဲငှဲ..
credit@heheharhar
No comments:
Post a Comment