"ကောင်းမှု (၁၀) ပါး"
=============
• ရေမှာ ရေ၏ စွမ်းအင် ရှိသကဲ့သို့ မီးမှာလည်း မီး၏
မီး၏ စွမ်းအင် ရှိ၏ ။
• နေမှာ နေ၏ စွမ်းအင် ရှိသကဲ့သို့ လ, မှာလည်း လ,၏
စွမ်းအင် ရှိ၏ ။
ထို့အတူ သတ္တ၀ါတွေမှာလည်း တစ်ဦးနှင့် တစ်ဦး တစ်ယောက်နှင့် တစ်ယောက်မတူညီသော စွမ်းအင်တွေ ရှိကြ၏ ။
ဒါကြောင့် အရာဝတ္ထုတိုင်း အရာဝတ္ထုတိုင်းမှာ
စွမ်းအင် ဆိုတာ ရှိနေကြမြဲပင် ဖြစ်၏ ။ ကုသိုလ်တရားသည်
ကုသိုလ်ရှင်၏ ဘ၀ကို မြှင့်တင်ပေးနိုင်သော စွမ်းအင် ၊ ကုသိုလ်ရှင်၏ အလိုဆန္ဒကို ပြည့်စုံအောင် ဖြည့်ပေးနိုင်သည့် စွမ်းအင် ရှိပေ၏ ။
မြတ်စွာဘုရားရှင်သည်က
“ ပုညံသုခံ ဇနေတိ”
သင်တို့ပြုသော ကုသိုလ်တရားသည်
၁။ လူ့ချမ်းသာ လိုချင်လျှင် လူ့ချမ်းသာ ရအောင်၊
၂။ နတ်ချမ်းသာ လိုချင်လျှင် နတ်ချမ်းသာ ရအောင် ၊
၃။ နိဗ္ဗာန်ချမ်းသာ လိုချင်လျှင် နိဗ္ဗာန်ချမ်းသာ ရအောင်
ဆောင်ရွက်ပေးလိမ့်မည်ဟု ဟောတော်မူပါသည် ။
လောကသားတိုင်း မလုပ်မဖြစ် ပြုလုပ်ရမည့် ကောင်းမှု (၁၀) ပါး ရှိပေသည် ။
၁။ ဒါနကုသိုလ် = စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း ။
၂။သီလကုသိုလ် = ကိုယ်နှင့် နှုတ်ကို အပြစ်ကင်းအောင်
စောင့်ထိန်းခြင်း ။
၃။ ဘာဝနာကုသိုလ် = တရားအားထုတ်ခြင်း ။
၎။ အပစာယနကုသိုလ် = ရိုသေထိုက်သူကို ရိုသေခြင်း ။
၅။ ဝေယျာဝစ္စကုသိုလ် = သူတစ်ပါး၏ အပြစ်ကင်းသော ကိစ္စကြီးငယ်တို့ကို ဆောင်ရွက်လုပ်ကိုင်ပေးခြင်း ။
၆။ ပတ္တိဒါနကုသိုလ် = ကုသိုလ်ကောင်းမှု ပြုပြီး အမျှပေးခြင်း ။
၇။ ပတ္တာနုမောဒနကုသိုလ် = သာဓုခေါ်ဆိုမှု ၊
ဝမ်းမြောက်ဝမ်းသာ နှုတ်မြွတ်ခြင်း။
၈။ ဓမ္မဿဝနကုသိုလ် = တရားနာခြင်း ၊ ဓမ္မစာပေ ကြည့်ရှုခြင်း ။
၉။ ဓမ္မဒေသနာကုသိုလ် = တရားဟော ။ တရားပြ ၊ စာရေး ၊ စာချခြင်း ။
၁၀။ဒိဌိဇုကမ္မကုသိုလ် = အယူဝါဒကို ဖြောင့်မှန်အောင် ယူခြင်း ။
(မဟာကန်ပတ်လည်ကျောင်းတိုက် )
No comments:
Post a Comment