မိုးပေါ်ပျံတက်စေတဲ့အရာ
==============
တစ်ခါက
မိုးပျံပူပေါင်းတွေကို ဈေးပွဲမှာရောင်းပြီးအသက်မွေးသူတစ်ယောက်ရှိပါတယ်။
သူ့မှာ အနီရောင်၊ အ၀ါရောင်၊ အစိမ်းရောင် တွေအပါအ၀င်
မိုးပျံပူပေါင်းရောင်စုံရောင်းပါတယ်။
-
သူဟာ ဈေးရောင်းမကောင်းတဲ့အခါတိုင်း ဟီလီယံဓာတ်ငွေ့ဖြည့်ထားတဲ့
မိုးပျံပူပေါင်းတွေကို ကလေးတွေရှေ့မှာ ကောင်းကင်ကိုလွှတ်တင်ပြပါတယ်။
အဲဒါကိုမြင်တဲ့ကလေးတွေဟာ မိုးပျံပူပေါင်းတွေကို ၀ယ်ချင်လာပါတယ်။
ကလေးတွေလာဝယ်ကြတဲ့အခါမှာ သူဟာ ဈေးရောင်းကောင်းလာပြန်ပါတယ်။ဒီလိုနည်းနဲ့သူ
တနေကုန်အောင်ရောင်းချပါတယ်။ ဒီလိုနဲ့ မိုးပျံပူပေါင်းရောင်းသမားရဲ့အိတ်ဟာ
တစ်နေ့အရောက်မှာ ဖောင်းလာရပါတယ်။
-
သူဈေးလှည့်ရောင်းနေတဲ့ တစ်နေ့မှာ ကောင်လေးတစ်ယောက်ကသူ့ကိုမေးတယ်။
“ဈေးသည်ကြီး၊ အနက်ရောင်ပူပေါင်းကို လွှတ်တင်လိုက်ရင်လည်း မိုးပေါ်ကိုပျံမှာပဲလား၊ သားမသိလို့” လို့မေးလာပါတယ်။
-
အဲဒီအခါမှာ မိုးပျံပူပေါင်းရောင်းတဲ့ ဈေးသည်ကြီးဟာ ကလေးငယ်ကို ဂရုဏာသက်စွာနဲ့ အခုလိုဖြေပေးပါတယ်။
“သားငယ်လေးရေ၊ မိုးပေါ်ပျံတက်ဖို့ရာ အရေးကြီးတာ ပူပေါင်းရဲ့အရောင်အဆင်းမဟုတ်ပါဘူး။ ပူပေါင်းအတွင်းထဲမှာ ထည့်ထားတဲ့အရာပါ။”
-
ကျွန်တော်တို့တွေရဲ့ဘ၀တွေဟာလည်း ထိုနည်းတူစွာပါပဲ။ အတွင်းပိုင်းမှာ
ရှိသောအရာကပဲ အရေးပါတာပါ။ အတွင်းပိုင်းမှာရှိတဲ့
မိုးပေါ်ကိုပျံတက်စေတဲ့အရာကတော့ ကျွန်တော်တို့တွေရဲ့ သဘောထားပါပဲ။
***********
Source: English-မြန်မာ စာပဒေသာ
No comments:
Post a Comment