အမှိုက်ကား…
အမှိုက်ကား…
==========
တစ်နေ့ကပေါ့…ကျနော်တက္ကစီငှားပြီး လေဆိပ်ဘက်ထွက်လာခဲ့တယ်…။ ကျနော်စီးလာတဲ့တက္ကစီက လမ်းကြောင်းမှန်အတိုင်းမောင်းလာခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ကားပါကင်တစ်ခုဆီကနေ အနက်ရောင်ကားတစ်စီးဟာ ကျနော်စီးလာတဲ့ကားရှေ့ကိုဖြတ်ဝင်လာပါတယ်…။
တက္ကစီဒရိုင်ဘာလည်း အလန့်တကြား ဘရိတ်ကိုဆောင့်အုပ်လိုက်ပါတယ်…။ကံကောင်းထောက်မစွာ သီသီလေး လွဲသွားပါတယ်။
ရှေ့ ကားထဲကလူက ကားပြူတင်းပေါက်က ခေါင်းပြူထွက်ပြီး ကျနော်တို့ကို မိုက်မိုက်ရိုင်းရိုင်းတွေ လှမ်းဆဲပါတော့တယ်…
ကျနော့တက္ကစီဒရိုင်ဘာကတော့ ပြန်ပြုံးပြပြီး လက်ပါဝေ့ရမ်းနုတ်ဆက်လိုက်ပါသေးတယ်…။တကယ့်ကိုရင်းရင်းနှီးနှီး ပြန်တုံ့ပြန်ခဲ့တာပါ…။ ကျနော်လည်း မနေနိုင်တော့မေးကြည့်တယ်…။
“ ခင်ဗျား ဘယ်လို တုန့်ပြန်လိုက်တာလဲ …သူကခင်ဗျားကားပျက်ဆီးပြီး ကျနော်တို့ကိုပါ ဆေးရုံရောက်အောင်ပို့တော့မလို့ဟာကို…” အဲဒီတော့ သူကဘာပြန်ပြောသလဲဆိုတော့…
“ အေးကွ…လူတော်တော်များများဟာ အမှိုက်ကားနဲ့တူတယ်ကွ…သူတို့ရဲ့ အမျက်ဒေါသတွေ…စိတ်အလိုမကျမှုတွေ…စိတ်ပျက်နာကျည်းမှုတွေ ဆိုတဲ့ အမှိုက်တွေအပြည့်နဲ့ပြေးလွှားနေကြတာကွ…သူတို့မှာ အမှိုက်တွေပြည့်လျှံလာတဲ့အခါ…အဲဒီအမှိုက်တွေစွန့်ဖို့နေရာလိုလာတယ်… တစ်ခါတစ်လေ မင်းအပေါ်ပုံလာတတ်တယ်…အဲဒီအခါ အဲဒီအမှိုက်တွေကို လက်မခံမိစေနဲ့
သူတို့ကိုပြုံးပြလိုက်ပါ…လက်ပြနုတ်ဆက်လိုက်ပါ…မေတ္တာပို့ပေးလိုက်ပါ…
သူတို့အမှိုက်တွေကို သယ်ပြီး အိမ်ကလူတွေ…အလုပ်ကလူတွေ…ရပ်ကွက်ထဲကလူတွေဆီ အမှိုက်တွေလက်ဆင့်မကမ်းမိပါစေနဲ့ကွာ…..” တဲ့…။့
No comments:
Post a Comment