ကိုကာကိုလာ ကုမ္ပဏီ စီအီးအို၏ ၃၀ စက္ကန့်သာကြာသော မိန့်ခွန်း ********************************************
ဘဝကို လေပေါ်မှာ ဘောလုံး (၅)ခု မကျအောင် ထိန်းနေရတဲ့ ဂိမ်းတစ်ခုလို့ ယူဆပါ။
ယင်းဘောလုံး (၅)ခုကတော့ .....
၁။ အလုပ်
၂။ မိသားစု
၃။ ကျန်းမာရေး
၎။ သူငယ်ချင်း
၅။ စိတ်ဓာတ် တို့ ဖြစ်ပါတယ်။
အလုပ်ဆိုတဲ့ ဘောလုံးဟာ ရာဘာဘောလုံး နဲ့တူတယ်ဆိုတာကို
သင်တစ်နေ့နားလည်လာပါလိမ့်မယ်။ သူဟာ မတော်လို့လွတ်ကျခဲ့ရင် ယင်းအားကြောင့်
ပြန်လည်ခုန်တက်လာပါတယ်။
ကျန်တဲ့ ဘောလုံး(၄)ခုဖြစ်တဲ့ မိသားစု၊
ကျန်းမာရေး၊ သူငယ်ချင်း၊ စိတ်ဓာတ် စတာတွေကတော့ ဖန်ဘောလုံးနဲ့တူပါတယ်။
လွတ်ချလိုက်မိပြီဆိုရင် ထိမယ်၊ ရှမယ်၊ ကွဲမယ်၊ ပျက်ဆီးမယ်။ သူတို့ဟာ
အမြဲတမ်းတူညီနေတော့မှာ မဟုတ်ပါဘူး။ သင်ဒါတွေကိုနားလည်းထား ရပါမယ်။
အလုပ်လုပ်ချိန်မှာ ကြိုးကြိုးစားစားလုပ်ပါ။ ပြီးတဲ့အခါမှာ ထားခဲ့ပါ။
ကျန်တဲ့အချိန်တွေကို မိသားစု၊ မိတ်ဆွေ၊ ကျန်းမာရေး နဲ့ သင့်တင့်မျှတတဲ့
အနားယူအပန်းဖြေမှုမျိုးများအတွက် အချိန်ပေးပါ။
တန်ဖိုးသိမှ တန်ဖိုးဆိုတာ ရှိလာမှာ ဖြစ်ပါတယ်။
-------------------------------------------------------
ကမ္ဘာ့ထိပ်တန်းက ကမ္မဏီ CEO တောင်မှ အဲဒီလိုပြောတယ်....
အလုပ်မှ အလုပ်ဆိုပြီး ပိုက်ဆံရူး၊ ရာထူးရူးနေတဲ့ သူတွေကို တကယ်ပြောတာ သနားမိတယ်
သူပြောတာက တစ်ဘ၀စာကိုပြောတာ .... သံတရာ အတွက်ဆိုရင်ကော...
ဒီတဘ၀စာ အတွက်နဲ့ သူတပါးကို နင်းနေကြတဲ့သူတွေနဲ့တွေ့ရင် သနားလိုက်ကြပါ။
ကျွန်တော်လဲ သနားတတ်အောင်ပဲ ကြိုးစားပါမယ်...
ကျော်စံလင်း
No comments:
Post a Comment