သူများပြောတိုင်း အားနာပြီး ခေါင်းမညိတ်ပါနဲ့...။ ကိုယ့်ကိုယ်ကိုတန်ဖိုးထားပါ...။ ငြင်းစရာကြုံလာရင် အခင်မင် မပျက် ငြင်းတတ်ပါစေ....။
◕လုပ်ချင်တာ...၊ ဖြစ်ချင်တာ...၊ မလုပ်ရ... မဖြစ်ရလို့ ပူညံပူညံ
မလုပ်ပါနဲ့...။ ကိုယ်လုပ်ချင်တာ...၊ ဖြစ်ချင်တာကို သေချာရွေးချယ်ပါ...။
မအောင်မြင်မချင်း အားသွန်ခွန်စိုက်လုပ်ပါ....။
◕လူတိုင်းကို
လိုက်ထိန်းချုပ်ဖို့ မကြိုးစားပါနဲ့...။ လူတိုင်းကိုယ်စီ တန်ဖိုးရှိကြတာကို
အသိအမှတ်ြ...ပုပါ...။ တစ်ပါးသူရဲ့ အရည်အချင်းကို လေးစားပါ...။
တန်ဖိုးထားပါ...။ ယုံကြည်ပေးပါ....။
◕ကိုယ့်ကို အဆိုးမြင်သူတွေ နဲ့ ဝေးဝေးနေပါ...။ ကိုယ့်ကို အကောင်းမြင်သူ
အားပေးသူတွေကြားမှာ နေနိုင်အောင်ကြိုးစားပါ....။ ဒါမှ တက်ကြွတဲ့
စိတ်ရဲ့တွန်းအားကြောင့် နေပျော်တဲ့ ဘ၀တစ်ခု ပိုင်ဆိုင်နိုင်မှာပါ....။
◕အသစ် အသစ်များ စမ်းသပ်ဖို့ရာ ပထမဆုံးခြေလှမ်း စလှမ်းဖို့
မကြောက်ပါနဲ့...။ မိမိစိတ်ထဲတွေးကြောက်နေတဲ့ အဆိုးမြင်စိတ်လောက်
ပြင်ပလောကကြီးက ကြောက်စရာ မကောင်းတာကို သတိရပါ.....။
(ဖတ်မိပြီး ကြိုက်လို့ သိမ်းထားတဲ့ စာတိုလေးတွေ ပြန်ဝေမျှလိုက်ပါတယ်...)
No comments:
Post a Comment