Wednesday, June 24, 2015

ဖေ့ဘုတ်မှ ခေတ်မီထိုးဆေးများ ()

ဒီ post ကို တွေ့ ပြီး သေချာစဉ်းစားတယ်

ကောင်းပါတယ် . . အဆင်ပြေတယ် . . မြန်မာစာ အရေးအသား ရှင်းလင်းတယ် . . ပွင့်လင်း မြင်သာတယ် ဆိုတာဟာ ဒါမျိုးပေါ့ကွ . . အမြင်ကျယ်သူတွေရဲ့ အတွေးအရေး post လေးတွေ စိတ်ချမ်းသာ ဝမ်းမြောက်တယ်ကွာ . . ဒီတော့လည်း ဒါလေးမြင်ပြီး မမ
န့် ပဲ မနေနိုင်လို့ 

. . မင်းဟာက post ကို ကြည့်ပြီး ဘိုဂျီးမှန်းတော့ မသိဘူး ကွာ . .

ဂွက်ထော်ကိုလည်း ပြကြည့်သေးတယ် . . ကောင်းတယ် မန့် လိုက်ပါတဲ့ . .

ဦးရီးတော် သျောင်တစ်စောင်းနဲ့  မောင်သောင်းကလည်း မန့် ပါကွာတဲ့ ကွမ်းတွေဝါးရင်း အားပေးတယ်ကွ . . အရီးလေး စိန်စိန်ကလည်း နင်ခင်တဲ့ သူငယ်ချင်းဆို နင်မမန့် ပဲ နေခဲ့ဖူးလို့ လားဟဲ့ . . မန့် စရာရှိတာ မန့် လိုက်တော့ . . အချိန်ဆွဲ မနေပါနဲ့ ဟဲ့ . . ဆိုလို့  . .

နောက်ပြီး သူငယ်ချင်း သိန်းရွှေကြည်ကလည်း ဒါ မန့် သင့်တဲ့ post ပဲကွ မမြင်ရင်သာ ထားလိုက်ပါ မြင်လျှက်နဲ့  မမန့် ရင် ဘော်ဒါအရင်းတွေ စိတ်မကောင်းစရာ လို့  ဆိုတယ်လေ . . ဒါနဲ့ ပဲ မဖြစ်မနေ တစ်ခုခုတော့ မန့် မယ်ကွာ ဆိုပြီး မန့် လိုက်တယ်နော် . .

ဒီလိုနဲ့  ပို့ စ်မှာ သူများတွေ မန့် ထားတာ လိုက်ဖတ်ကြည့်ရင်း ဘာမန့်ရကောင်းမလဲ စဉ်းစားရင်း စဉ်းစားရင်းနဲ့ မတွေးတတ်တော့လို့

. . @ ပလာတာ လုပ်နည်းပဲ မန့်ပေးလိုက်တော့တယ် အဆင်ပြေတဲ့ အချိန် ပြေလည်တဲ့ အချိန် လုပ်စားကြည့်ပေါ့

သယ်ယင်းရေ

ပလာတာတွင် ပါဝင်ပစ္စည်းများ

ဂျုံ – ၄၅၀ ဂရမ်
့ဆီ – ခွက် ၃ပုံ၁ပုံ
ရေ – ၁ခွက်
ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း

ပလာတာ ပြင်ဆင်နည်း

၁။ အရင်ဆုံး ဇောက်ခွက်တစ်ခုထဲတွင် (ဂျုံ၊ ဆီ၊ ရေ၊ ဆား) တို့ကို သမအောင် ရောနုယ်ပေးပါ။

၂။ ဂျုံသား နူညံ့သည်အထိ နုယ်ပေးပါ။ မာနေလျှင် ရေအနည်းငယ် ထည့်ပေးပါ။

၃။ ဂျုံသား နူညံ့သွားလျှင် လက်နှစ်ဖက်ကို ဆီသုတ်ပေးပြီ ဂျုံဒိုးကို ၆ပိုင်းပိုင်းပေးကာ အလုံးလုံးပေးပါ။

၎။ အပေါ်မှ ဆီ(စားပွဲတင်ဇွန်း ၁ဇွန်း) ဖြူးပေးပြီ အ၀တ်သန့်ဖြင့် အပေါ်က အုပ်ပြီ ၃နာရီခန့် နုပ်ထားပေးပါ။

ကီးမားပလာတာ အစာသွပ်ရန် ပါဝင်ပစ္စည်းများ

ကြက်ရင်ပုံသား (သို့) ဆိတ်သား – ၄၅၀ ဂရမ် (နုတ်နုတ်စင်းပါ)
ကြက်သွန်နီ – ၂လုံး (နုတ်နုတ်စင်းပါ)
ငရုတ်သီးစိမ်း – ၄-၅ တောင့် (ပါးပါးလှီးပါ)
ခရမ်းချဉ်သီး – ၁လုံး (အစေ့ထုတ်ပြီ အတုံးသေးများ တုံးပါ)
ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
ဇီယာမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
နံနံစေ့မှုန့် – စားပွဲတင်ဇွန်း တ၀က်
မဆလာ – လက်ဖက်ရည်ဇွန်း တ၀က်
ဆား – လက်ဖက်ရည်ဇွန်း တ၀က်
နံနံပင် – စားပွဲတင်ဇွန်း ၂ဇွန်းစာ (နုတ်နုတ်စင်းပါ)
ကြက်သွန်နီ – ၃လုံး (ပါးပါးလှီးထားပါ) (အပေါ်က ဖြူးရန် အတွက်ဖြစ်သည်)
ကြက်ဥ – ၂လုံး (ခလောက်ထားပါ) (အပေါ်က ဖြူးရန် အတွက်ဖြစ်သည်)

ကီးမားချက်နည်း

၁။ ကီးမားချက်ရန် ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၁ဇွန်း) ထည့်ပြီး ကြက်သွန်နီငရုတ်သီးမှုန့်၊

၂။ ပြီးလျှင် ခရမ်းချဉ်သီး၊ ဆနွင်းမှုန့်၊ ငရုတ်သီးမှုန့်၊ ဆား ထည့်ပြီ ၁မိနစ်ခန့် ရောမွှေပါ။

၃။ ထို့နောက် ကြက်သား(သို့)ဆိတ်သား၊ ငရုတ်သီးစိမ်း၊ ဇီယာ၊ နံနံစေ့မှုန့်၊ တို့ကို ထည့်ပြီ ၂မိနစ်ခန့် ရောကြော်ပေးပါ။

၎။ နောက်ဆုံးမှ မဆလာ၊ နံနံပင် အုပ်ပေးပြီး ပန်းကန်တစ်ခုထဲ တွင် ပြန်ဆယ်ကာ ခေတ္တအအေးခံထားပါ။

ပြီးလျှင် အဖော်အပေါင်း တစ်သင်းတို့ ဖြင့် ငါးကြော်ရောင်းရင်း ပွဲတော်တည်နိုင် ပါပြီခင်ဗျာ
ငိငိ . . grin emoticon

မှတ်ချက်
ထို့နည်းအတိုင်းပလာတာ နဲ့  ကီးမားပလာတာ များကို ပြုလုပ်ပါ။

ရိုက်တဲ့ အခါ ၁ကြိမ်၊ ၂ကြိမ် လုပ်ရခက်ပါလိမ့်မယ်။ လုပ်သားကျရင် အဆင်ပြေသွားပါလိမ့်မယ်..tongue emoticon tongue emoticon wink emoticon wink emoticon

( grin emoticon သူညားဟာ ကူးချလာတာ ငိငိ ခွိ ခွိ )

ရိုးရိုးလေးပါ

ရိုးရိုးလေးပါ…..

တစ်ခါက ကုမ္ပဏီတစ်ခုမှာ အလုပ်လာလျှောက်သူတစ်ဦးဟာ ၀ရန်တာမှာကျနေတဲ့ အမှိုက်တစ်စကို ကောက်ပြီး အမှိုက်ပုံးထဲ ထည့်ခဲ့တယ်။ ဒါကို အနားကဖြတ်သွားတဲ့ အရာရှိက တွေ့သွားပြီး သူ့ကို အလုပ်ခန့်လိုက်တယ်။ တစ်ခြားသူ သတိထား နှစ်သက်ဖို့ရာ
လွယ်ပါတယ်။ ကောင်းတဲ့အကျင့်ကို မွေးမြူတတ်ဖို့ပဲ လိုတယ်။

ကလေးတစ်ယောက်က အမေကို “မေမေ ဒီနေ့အရမ်းလှတာပဲ” လို့ပြောတော့ အမေက “ဘာဖြစ်လို့လဲ” လို့ ပြန်မေးခဲ့တယ်။ “မေမေ ဒီနေ့စိတ်မတိုလို့” လို့ ကလေးက ပြန်ဖြေခဲ့တယ်။ လှပဖို့ရာ လွယ်ပါတယ်။ စိတ်မတို၊ စိတ်မဆိုး၊ ဒေါသမထွက်ဖို့ပဲ လိုတယ်။

အမြဲတမ်း မီးတွေနဲ့ထိန်လင်းနေတဲ့ ဆိုင်တစ်ဆိုင်ရဲ့ သူဌေးကို လူတစ်ယောက်က“ခင်ဗျားဆိုင်က အမြဲထိန်လင်းနေတာပဲ.. ဘာတံဆိပ် မီးချောင်းတွေများ သုံးသလဲ” လို့မေးတော့ သူဌေးက “ဒီမီးချောင်းတွေ ခဏခဏပျက်ပါတယ်။ တစ်လုံးပျက်ရင် တစ်ခုလဲလိုက်လို့ ခုလိုလင်းနေတာပါ” ပြန်ဖြေခဲ့တယ်။ အမြဲတမ်း ကြည်လင်နေဖို့ဆိုတာ လွယ်ပါတယ်။ မကောင်းတဲ့ အတွေးအခေါ်ဟောင်းတွေကို လှဲပေးဖို့ပဲ လိုတယ်။

ကြက်ကလေးတစ်ကောင်ဟာ ဥက ပေါက်ပေါက်ချင်း အနားကဖြတ်သွားတဲ့ လိပ်တစ်ကောင်ကို တွေ့မိခဲ့တယ်။ အဲဒီနောက် ကြက်ကလေးဟာ ကြီးပြင်းလာတဲ့အထိ ကျောမှာ ဥခွံကိုပဲ ပိုးထားတော့တယ်။ ကြီးလေးတဲ့ အတ္တတွေကို ခွါချပစ်လိုက်ဖို့ရာ လွယ်ပါတယ်။ ခေါင်းမာတဲ့၊ တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်တွေကို စွန့်ပစ်ဖို့ပဲလိုတယ်။

ရွှေရှာတဲ့အဖွဲ့တစ်ဖွဲ့ဟာ သဲကန္တာရတစ်ခုကို ခက်ခဲပင်ပန်းစွာ ဖြတ်ကျော်ကြရတယ်။ ဒါပေမယ့် အဖွဲ့ထဲက လူတစ်ယောက်က မပင်မပန်းဘဲ ပျော်ရွှင်နေတာကိုတွေ့တော့ လူတွေကသူ့ကို “ကျွန်တော်တို့ ပင်ပန်းလို့သေတော့မယ်။ ခင်ဗျားကြည့်ရတာ ပင်ပန်းပုံလဲ
မရဘူး” လို့ မေးတော့ “ကျွန်တော်လွယ်ပိုးထားတဲ့ ပစ္စည်းတွေ နည်းလို့ပါ” လို့ သူက ပြန်ဖြေခဲ့တယ်။ ပျော်ရွှင်ဖို့ရာ လွယ်ပါတယ်။ လောဘနည်း၊ လိုချင်တပ်မက်မှုနည်းဖို့ပဲ လိုတယ်။

လူ့ဘ၀မှာလည်း နေပျော်ဖို့ရာ လွယ်ပါတယ်။ တန်ဖိုးထားတတ်၊ ကိုယ်ချင်းစာတတ်၊ ကရုဏာထားတတ်၊ ကူညီတတ်၊ ကျေးဇူးသိတတ်၊ တင်းတိမ်ရောင့်ရဲတတ်၊ ချစ်ခင်တတ်ဖို့ပဲ လိုတယ်။

credit:စာပေရိပ်မွန် စာအုပ်စင်

ပြားသွားပြီ

အမငီးးးး .. တွားပါဘီ ...

ပြားသွားပြီ

ပီတာက အိမ်တစ်အိမ်ရဲ့ ဧည့်ခန်းကြီးမှာ
ကော်ဇောခင်းပေးနေပါတယ်။
အားလုံးပြီးစီးတဲ့ အချိန်မှာဆေးလိပ်သောက်မယ်ဆိုပြီး ကြည့်တော့သူ့
ဆေးလိပ်ဘူးကို ရှာမတွေ့တော့ပါဘူး။
ဒါနဲ့ လိုက်ရှာ ကြည့်တဲ့အခါ ကော်ဇောရဲ့အလယ်လောက်မှာ ဖုနေတာကို
တွေ့လိုက်ရပါတယ်......
ကော်ဇောကို အစအဆုံးပြန် မ.ယူဖို့ မဖြစ်နိုင်တာနဲ့..... ဖုနေတဲ့နေရာကို
ပြားသွားအောင် ပီတာက တူနဲ့ ထုချလိုက်ပါတယ်...
သူအလုပ်ပြီးသွားချိန်မှာ အိမ်ရှင်က ထွက်လာပြီ ပြောတာက...
" ပီတာရေ... မင်းစီးကရက်ဘူး ဒီမှာ ကျန်နေခဲ့တယ်။ ဒါနဲ့ ငါမွေးထားတဲ့....
ဟမ်းစတားလေးများ တွေ့မိသေးလား" တဲ့။

Credit - Original Writer

~ မောင်သော်

Tuesday, June 23, 2015

မိန်းမယူမယ်ဆိုရင်

မိန်းမယူမယ်ဆိုရင်

“ အမေ သား မိန်းမ ယူတော့မယ် သားကို မိန်းမ ပေးစားပါ”
“ ဟဲ့ နင် ကလေးပဲရှိသေးတာ ဘာလို့ယူမှာတုန်း”
“ ငင် အမေ သားအသက် မနက်ဖန် သန်ဘက်ခါပဲ သုံးဆယ် တောင်ပြည့်တော့မယ်လေ အခုထိ လူကြီး မဖြစ်သေးဘူးလား”
“ အေး နင်က ငါ့မျက်စိ ထဲမှာတော့ ကလေးပဲ”
“ တိန်”
သို့နှင့် မွေးသဖခင် ဆီ ခြေဦးလှည့်ရသည်။
“ အဖေ သား မိန်းမ ယူတော့မယ် သားကို မိန်းမ ပေးစားပါ”
“ အေး ယူလေကွာ”
“ ဟာ အဖေ တကယ်ပြောတာလား ဟေးဟေး”
“ အေး ဒါနဲ့ မင်း မီးချောင်းချုပ် တပ်တာ ဖြုတ်တာ လုပ်တတ်ပြီလား”
“ ငင် အိမ်မှာ ချုပ် မကောင်းတော့လို့လား”
“ မဟုတ်ဘူးလေ ငါမေးတာ ဖြေစမ်းပါ လုပ်တတ်ပြီလားလို့”
“ စမ်းတ၀ါးဝါးပဲ အဖေ လုပ်ကြည့်ရမှာပဲ”
“ ဒါဆို မင်းဘာလုပ်တတ်လဲ ပြောစမ်း”
“ ကျွန်တော်လား ပိုက်ဆံရှာတတ်ပြီလေ “
“ အေး ဟုတ်ပြီကွာ နောက်ရော”
“ အဲ အီး ကားမောင်းတတ်တယ်”
“ ပြီးတော့ရော”
ခေါင်းခြောက်အောင် စဉ်းစားလိုက်သည်။ ငါ ဘာတွေ လုပ်တတ်သေးလဲ။ ထိုစဉ် အဖေက တူနှင့် သံတစ်ချောင်းယူလာကာ
“ ရော့ကွာ ဒီသံကို ဟိုနံရံမှာ ရိုက်ကြည့်စမ်း”
အာ ဒီလောက်လွယ်တာကို ခိုင်းရတယ်။ ဘာများလဲလို့။ သို့နှင့် တူ နှင့် သံကို ယူကာ အုတ်နံရံ တွင်ရိုက်လိုက်သည်။ သံသာကွေးကောက်သွားသည်။ တစ်ခါတစ်လေ ထုနေတာက ချော်ပြီး လက်မ ကို သွားထိသေးပြန်သည်။ အီး ထင်သလောက်မလွယ်ပါလား။
“ အေး အဲ့ဒါပဲကွ ဒါ အုတ်ရိုက်သံ မဟုတ်ဘူးဆိုတာ တောင် မင်းမခွဲတတ်သေးဘူး အိမ်ထောင်ပြုပြီဆို မင်းက တစ်အိမ်လုံးမှာ အိမ်ထောင်ဦးစီး မင်းမရိုက်လို့ ဘယ်သူရိုက်မှာလဲ”
“ မိန်းမ ရိုက်တတ်တယ်ထင်တယ် နေအုံး ကျွန်တော် ဖုန်းဆက်မေးကြည့်အုံးမယ်”
“ ခွီးးးးး သံရိုက်တာတောင် မိန်းမ အားကိုးနေရသေးရင်တော့ မိန်းမ မယူပါနဲ့အုံးကွာ စောပါသေးတယ်”
“ တိန်”
သို့နှင့် သုံးရက်လောက် သံရိုက်ကျင့်လိုက်တာ အတော်ကျွမ်းကျင်သွားလေသည်။
“ အဖေ သား သံရိုက်တတ်ပြီ မိန်းမ ယူတော့မယ်”
“ အေး ယူလေကွာ နေအုံး မင်း ဖျူ့စ်ပြတ်ရင်ရော လဲ တတ်လား”
“ အာ အဖေကလဲ မီးသမား ခေါ်ခိုင်းမှာပေါ့”
“ ညရေး ညတာ ကျရင် ခေါ်ခိုင်းလို့ အဆင်ပြေမလားကွ ပြီးတော့ ၀ါယာကြိုးတွေရော သွယ်တတ်ပြီလား”
“ အဟင့် လုပ်တတ်သေးဘူး”
“ အေး ဒါဆို စောပါသေးတယ်ကွာ မယူပါနဲ့အုံး”
“ ဂျာ”
သို့နှင့် သုံးရက်ခန့် အဖေ့ဆီ ၀ါယာကြိုးသွယ်တန်း ပုံတွေ သင်ကြားပြီးသကာလ အောင်မြင်ကြောင်းလက်မှတ်ရသွားလေတော့သည်။
“ အဖေ သား ဖျူ့စ်လဲတတ်ပြီ ၀ါယာကြိုးလဲ သွယ်တတ်ပြီ သားကို မိန်းမ ပေးစားပါတော့”
“ အေး ယူလေကွာ”
“ ငင် လာပြန်ပြီ ဒီစကားကြီး ဘာတွေ ထပ်လုပ်ခိုင်းအုံးမလို့လဲငင်”
“ ရေပိုက်ခေါင်းလဲတတ်ပြီလား အင်တန်နာ ထောင်တတ်ပြီလား Safeguard ဆင်တတ်ပြီလား Skynet ဆင်တတ်ပြီလား အ၀တ်တန်းရိုက်တတ်ပြီလား မီးချောင်းလဲတတ်ပြီလား ဘထ္ထရီအိုး အက်ဆစ်လဲတတ်ပြီလား အင်ဗာတာ ဆင်တတ်ပြီလား ရေတိုင်ကီဖာတတ်ပြီလား လားလားလားလားလား ရေတစ်ခွက်ပေးကွာ မောထှာ”
“ အဟင့် အဖေ အဲ့ဒါတွေက အားလုံးတတ်ဖို့လိုလို့လားငင်”
“ အေး မလိုချင်လဲ မလိုဘူးပေါ့ကွာ ဒါပေမယ့် မင်းကို အရာရာ အားကိုးပြီး လိုက်နေမယ့်မင်းရဲ့ မိန်းမ စိတ်ထဲမှာ အိမ်မှာတစ်ခုခုဖြစ် ငါ့ယောက်ျားရှိတယ် ဆိုတဲ့ အားကိုးချင်တဲ့စိတ် ပေါ်လာအောင်တော့ ဒါတွေလုပ်တတ်ဖို့လိုလိမ့်မယ် ငါ့သား ပိုက်ဆံရှာတတ်တိုင်း ငါအားကိုးချင်စရာ ယောက်ျား ဖြစ်ပြီလို့ ဘယ်တော့မှ မတွေးမိလေနဲ့ တစ်ခါတစ်လေ ဒီလို အသေးအဖွဲလေးတွေက မိန်းမ တစ်ယောက်ရဲ့ ယုံကြည်ကိုးစား ခြင်းကို ခံရတတ်တယ် ငါ့သား”
“ ဟွတ်”
တကယ်တော့ သူ့အဖေသည် သူမလုပ်ဖူးတာတွေကို ခိုင်းနေခြင်းမဟုတ်။အကုန်သူလုပ်တတ်သည်။ သူဖြတ်သန်းခဲ့ရသော အိမ်ထောင် အတွေ့အကြုံနှင့် ယှဉ်ထိုးကာ ပြောပြနေခြင်းပင်။ တကယ်တော့ အဖေ တွေဆိုတာ တကယ့် ဆရာကြီးတွေပါပဲ။

ကိုပွ ဆီမှ ကူးယူသည်


မန္တလေးမြီးရှည်

မန္တလေးမြီးရှည်


လိုအပ်သမျှ

ဝက်နံရိုး
နန်းလတ်မုန့်ဖတ်
ပဲငပိ (အချို + အငံ)
ပဲငံပြာရည်အပျစ်
ဆီတိုဖူး
ရှမ်းချဉ်
ကြက်သွန်ဖြူ
ကော်မှုန့်
ငရုတ်သီးခွဲခြမ်း
နှမ်း
ပဲပုတ်ပြား



ပထမဆုံး ၀က်နံရိုးတွေကို ရေနွေးပူနဲ့ဆေးပြီး ပြုတ်ပါမယ်.. ကြက်သွန်ဖြူကို ညက်ညက်ထောင်းပြီး ရေနွေးလောင်းထည့် ဆားနည်းနည်းထည့်ပြီး ဖျော်ထားပါ.. ဆီတိုဖူးကိုလဲ ရေနွေးနဲ့ဖျော်ထားရပါမယ်.. ပဲငပိကို အချိုနဲ့အငံရောဖျော်ထားပေးပါ.. ရှမ်းချဉ်တွေကို ပါးပါးစဉ်းထားပါတယ်.. ပဲပုတ်ပြားကို မီးကင်ပြီး ညက်အောင်ထောင်းထားပါတယ်.. ငရုတ်သီးခွဲခြမ်းနဲ့ နှမ်းကို ဆီပူလောင်းပြီး တစ်ခွက်စီပြင်ထားပါ.. ကော်ရည်ကျိုထားပါ.. အားလုံးအဆင်သင့်ဖြစ်ရင် ၀က်နံရိုးတွေလဲ နူးလောက်ပြီလေ.. အသားနွှင်ပြီး ပြုတ်ရည်နည်းနည်းလောင်းထည့်ထားပါ.. ပြုတ်ရည်ထဲကို ဂျင်းနည်းနည်း လှီးထည့် ငရုတ်ကောင်းမှုန့်ဖြူးပါ.. လွယ်ကူမြန်ဆန်ခံတွင်းမြိန်စေမယ့် မြီးရှည်စားလို့ရပါပြီ..

အမှောင်ထဲမှာ အလုပ်လုပ်ရမှာလား

စိတ်ရောဂါကု ဆရာဝန်တစ်ဦးဟာ မနက်တိုင်း လုပ်နေကျအတိုင်း လူနာတွေကို လှည့်လည်
ကြည့်ရှုပါတယ်။


လူနာခန်း တစ်ခန်းထဲကို ၀င်သွားတဲ့အခါ ကြမ်းပြင်ပေါ်မှာထိုင်ပြီး သူ့လက်ဝါးစောင်းကို
လွှသဏ္ဌာန်လုပ်လို့ သစ်သားစလေး တစ်ခုကို ဖြတ်နေတဲ့ လူနာကို တွေ့လိုက်ရပါတယ်။

တစ်ချိန်တည်းမှာပဲ မျက်နှာကြက်တန်းကိုခိုပြီး တန်းလန်းကြီးရပ်နေတဲ့ နောက်လူနာတစ်ဦးကိုလည်း
တွေ့လိုက်ရပါတယ်။

ဆရာဝန် (ကြမ်းပြင်မှာ ထိုင်နေတဲ့ လူနာကို) - "ဘာလုပ်နေတာလဲကွ"

လူနာ (စိတ်တိုတဲ့ပုံစံ) - "သစ်သားစကို လွှနဲ့ ဖြတ်နေတာလေ၊ မမြင်ဘူးလား"

ဆရာဝန် - "ဟိုတစ်ယောက်က မျက်နှာကြက်တန်းကိုခိုပြီး ဘာလုပ်နေတာလဲ"

လူနာ - "အာ.. သူက ငါ့သူငယ်ချင်းလေ။ နည်းနည်းရူးနေတာ။ သူက သူ့ကိုယ်သူ 'မီးသီး' လို့
ထင်နေတာ"

ဆရာဝန် - "သူက မင်းသူငယ်ချင်းဆိုရင် သူထိခိုက်ဒဏ်ရာမရခင် အောက်ကို
ဆင်းလာသင့်တယ်လို့ မင်း မထင်ဘူးလား"

လူနာ - "ဘာပြောတယ်။ ဒါဆို ကျုပ်က အမှောင်ထဲမှာ အလုပ်လုပ်ရမှာလား"


ဘယ်သူရေးမှန်းမသိ 
ကူးချသည်....

 
 

Monday, June 8, 2015

သဘာဝ၀ိုင် လုပ်နည်း (Plum Wine)

သဘာဝ၀ိုင် လုပ်နည်း (Plum Wine)
--------------------------------------------

ကျွန်မရဲ့ မေမေ အမျိုးသမီးများ အသက်ကြီးလာချိန်မှာ ဖြစ်တဲ့ ဝေဒနာအတွက် ရှမ်းဆေးဆရာအဖိုးအို တစ်ယောက်က ရောဂါပျောက်ကင်းသက်သာအောင် ဒီဝိုင်လေးလုပ်ပြီးသောက်ဖို့အတွက် နည်းလေးပေးလိုက်တာပါ။ အဲ့ဒီလို ဝေဒနာတွေ မခံစားရအောင်လို့ ပျိုရွယ်စဉ် အချိန်ကတည်းက စပြီး နည်းနည်းချင်းသောက်သုံးသွားသင့်တယ်လို့ ဆိုပါတယ်။ wine yeast ထည့်ပြီးဖောက်ထားတဲ့ ဝိုင်မဟုတ်တာရယ်၊ ဝိုင်ဖောက်ချိန် သိပ်မကြာတာရယ်ကြောင့် alcohol ပါဝင်မှု အရမ်းနည်းပါတယ်။ မမူးပေမယ့် ချိုမြမြအရသာရယ်၊ နှစ်သက်ဖွယ်ကောင်းတဲ့ဝိုင်အနံ့ရယ်၊ ခပ်ထွေထွေ ခံစားရတာရယ်ကြောင့် အားလုံး နှစ်သက်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင် …

ဒီဝိုင်လေးလုပ်နည်းရဲ့ အချိုးအဆကတော့ အလေးချိန်အရ အသီး နှစ်ဆ၊ သကြား တစ်ဆ နဲ့ ရေပူကတော့ အမြဲတမ်း အသီးမြှုပ်အောင် ထည့်ရပါမယ်။ ဥပမာ အသီးအလေးချိန် 600 g ဆိုလျှင် သကြားအလေးချိန် 300 g ထည့်ရပါမယ်။

အချဉ်ဓါတ်များသော အသီးကို သုံးနိုင်လျှင် ပိုပြီးကောင်းသည့်အတွက် ချဉ်သည့်အသီးများဖြင့် လုပ်ပေးပါ။

***... plum wine လုပ်ရန် လိုအပ်တာလေးတွေ…

1. plum
2. သကြား
3. ပွက်ပွက်ဆူနေသော ရေနွေး
4. သန့်ပြန့်ပြီး အတော်လေး လေလုံသော ဖန်ဗူး
5. သန့်ပြန့်ပြီး အတော်လေး လေလုံသော ဖန်ပုလင်း

အညာဖြုတ်ကာ ပြောင်စင်အောင်ဆေးပြီး ရေတတ်နိုင်သမျှ ခြောက်အောင်လုပ်ထားသော plum များကို ခက်ရင်းဖြင့် ၄၊၅ ချက်ထိုးဖောက်ကာ သန့်ပြန့်သော ဖန်ဗူးထဲ ထည့်ပါ။ (ပွက်ပွက်ဆူနေသော ရေနွေးလောင်းထည့်ချိန်မှာ ပုလင်းအေးနေလျှင် ကွဲသွားနိုင်သဖြင့် ပုလင်းနွေးနေအောင် ရေနွေး (ရေပူမဟုတ်)ကို ထည့်၊ ပြီးမှ ပြန်သွန်ပစ်ကာ အသီးကို ထည့်ပေးပါ။)

သကြားထည့်ပါ။

ပွက်ပွက်ဆူနေသော ရေပူကို ပုလင်းအပြည့်မထည့်ပဲ ၁ လက်မခန့်ချန်ကာ အသီးမြှုပ်ရုံ ဖြည်းဖြည်းချင်းလောင်းထည့်ပြီးနောက်၊ ချက်ချင်းအဖုံးကို ပိတ်ပေးကာ အခန်းအပူရှိန်ဖြင့် နေရောင် တိုက်ရိုက်မရသော နေရာမှာ ရက် ၅၀ ထားပါ။ (ရက် ၅၀ မပြည့်မချင်း အဖုံးကို လုံးဝမဖွင့်ပါနှင့်။)

စပြီး အချဉ်ပေါက်လာ(ဘက်တီရီးယားတွေပေါက်လာ) ပြီဆိုရင် gas များထွက်လာတဲ့အတွက် (ပုလင်းထဲမှာဖြစ်လာတဲ့ လေကြောင့်) အဖုံးအရမ်းလုံနေရင် ကန်ပြီးပွင့်ထွက်သွားတတ်ပါတယ်။

ပွင့်ထွက်မှာစိုးတဲ့အတွက် အဖုံးသိပ်မလုံရင်လည်း အပြင်က လေဝင်ပြီး မှိုတက်လာပါတယ်။ (ကျွန်မ ယခုသုံးထားသည့် ဖန်ဗူးအမျိုးအစားကတော့ အပြင်မှ လေ မဝင်နိုင်ပေမယ့်၊ အတွင်းမှ လေ အပြင်ကို အနည်းငယ် တိုးထွက်နိုင်ရုံလေးဖြစ်လို့ အဆင်ပြေလျှင် ဤဗူးမျိုးကို သုံးစေချင်ပါသည်။)

ဒီလိုဗူးကို ဝယ်လို့မရ ရင်တော့ အလယ်လက် ၃ ချောင်းရဲ့ ထိပ်နေရာတွေမှာ အပ်ဖြင့် အပေါက်လေး တစ်ပေါက်စီဖောက်ထားသော သန့်ပြန့်သော တစ်ခါသုံး ရာဘာလက်အိတ်ကို အဖုံးနေရာမှာစွပ်ပါ။ (ပုလင်းအတွင်းမှ လေများ ထွက်လာစရာနေရာရှိအောင် အပေါက်ဖောက်ခြင်းဖြစ်ပြီး၊ လက်အိတ် အတွင်းဖက်တွင် powder မှုန့်များ ပါသည့်အတွက် ပြောင်းပြန်လှန်ပြီးမှ သုံးခြင်းဖြစ်ပါတယ်။)

ပြီးလျှင်စွပ်ထားသော နေရာမှ လေ မဝင်အောင် ပလာစတာဖြင့် ပတ်စီးပေးထားပါ။

တစ်ခါတစ်ရံ အပြင်မှ လေ မဝင်နိုင်ပေမယ့်၊ အတွင်းမှ လေ အပြင်ကို အနည်းငယ် တိုးထွက်နိုင်ရုံလေးဖြစ်နေသည့်အတွက် လေကန်အားကြောင့် အရည်အနည်းငယ် စိမ့်ထွက်လာတတ်သဖြင့် ပုလင်း အောက်မှာ လက်သုပ်ပဝါလေး ခံပေးထားပါ။
(ထိုကဲ့သို့ အရည်အနည်းငယ်စိမ့်ထွက်လာလျှင် ပုလင်းအပြင်ဖက်ကို ရေစို အဝတ်လေးဖြင့် သုတ်ပေးပါ။)

ရက်အနည်းငယ်ကြာလာလျှင် အရည်များ နောက်လာပြီး၊ ၁၅ ရက်ခန့် ကြာလျှင်တော့ သကြားအားလုံးနီးပါးပျော်သွားပါတယ်။ (ပုလင်းထဲလေခိုနေသည့် နေရာများရှိလျှင်၊ အသီးအချို့ အရည်ပေါ် အနည်းငယ်ပေါ်လာလျှင် ပုလင်းကို အနည်းငယ် ဟိုဖက်၊ ဒီဖက်စောင်းပြီး အရည်ပြန့်အောင် လုပ်ပေးနိုင်ပါတယ်။)

ရက် ၅၀ ပြည့်ပြီးနောက် အသီးများကို ဆယ်ထုတ်၊ အရည်တွေကို ရေစစ်ဖြင့် စစ်ကာ အရမ်းသန့်ပြန့်သော ပုလင်းတစ်လုံးထဲထည့်ပြီးလျှင်တော့ plum wine လေး စသောက်လို့ရပါပြီ။ (ဝိုင်ကို ပုလင်းပြည့်အောင် မထည့်ရပါ။)

ပုလင်းထဲပြောင်းထည့် အဖုံးဖုံးကာ နောက်ထပ် ၇ ရက်ခန့် အခန်းအပူရှိန်မှာပဲ ထပ်ထားပြီးမှ သောက်လျှင်တော့ ပိုပြီးကောင်းပါတယ်။

မူရင်း = Chaw Su's Food Friends

Sunday, June 7, 2015

အင်္ဂလိပ်.......ဟာသ

အင်္ဂလိပ်.......ဟာသ
================
(E N G L I S H - J O K E S )
(၁) နားအေးပါးအေး နေချင်တယ်
====================
Husband: : Today is Sunday and I have to enjoy it.So, I bought three movie tickets.
ခင်ပွန်း။ ။ဒီနေ့ ...တနင်္ဂနွေနေ့မို့ ပျော်ပျော်...နေမယ်။ဒါကြောင့် ရုပ်ရှင်လက်မှတ်သုံးစောင် ၀ယ်ခဲ့တယ်။
Wife: :Why three?
ဇနီး။ ။ဘာလို့ သုံးစောင် ၀ယ်ခဲ့တာလဲ။
Husband: : One for you and two for your parents.
ခင်ပွန်း။ ။တစ်စောင်က မင်းအတွက်.....နှစ်စောင်က.... မင့်မိဘတွေ အတွက်လေ။ ။
(၂) ပို့လိုက်ရရင်...မကောင်းဘူး
===================
A romantic woman, while she was out of the house having coffee with a friend, sent the following text to her husband.
သိပ်ချစ်တတ်တဲ့ အမျိုးသမီးတစ်ယောက် .......အိမ်ကထွက်လာပြီး... သူငယ်ချင်းတစ်ယောက်နဲ့ ကော်ဖီသောက်နေတုန်း သူမရဲ့ယောက်ျားဆီ မက်ဆေ့ပို့လိုက်တယ်။
If you are sleeping , send me your dreams.
အကို..အိပ်နေရင်.... ကျွန်မဆီ...အိပ်မက်ကလေးတွေ ပို့ပေးပါ။
If you are laughing , send me your smile.
အကို..ရယ် (ရီ) နေရင်....အပြုံးကလေးတွေ ပို့လိုက်ပါနော်။
If you are eating , send me a bite.
အကို..စားနေရင်...ကျွန်မဆီ...တစ်ကိုက်စာလောက်ဖြစ်ဖြစ်... ပို့ပေးပါ။
If you are drinking, send me a sip.
အကို..သောက်နေရင်...တစ်ငုံစာလောက် ပို့လိုက်ပါနော်..။
If you are crying , send me your tears, darling.
အကို..ငိုနေရင်လေ... ကျွန်မဆီ မျက်ရည်လေးတွေပို့လိုက်ပါ အစ်ကိုရယ်.။
I love you very much.
အစ်ကို့ကို...အရမ်း...ချစ်...တယ်။
The husband, being a no-nonsense sort of guy, texted back:
ယောက်ျားဖြစ်တဲ့လူကလည်း ..ခပ်ပြတ်ပြတ်လူစား ဆိုတော့...ပြန်ပြီး... မက်ဆေ့ပို့လိုက်ပါတယ်။
I'm on the toilet now. What should I send?
"ငါ...အခု ...အိမ်သာ...တက်နေတယ်။..ဘာ...ပို့..လိုက်..ရ...မလဲ.."..တဲ့။ grin emoticon
(၃) သူစိတ်ပါရင် ထည့်လိုက်ချင်လို့
=====================
A man brings his best buddy home for dinner unanounced at 5:30 after work.
အမျိုးသားတစ်ယောက်ဟာ ငါးနာရီခွဲ အလုပ်ဆင်းချိန်ရောက်တော့.. သူ့ရဲ့ အခင်ဆုံး သူငယ်ချင်ကို ညနေစာကျွေးဖို့ ...မပြောမဆို ....အိမ်ခေါ်လာတယ်။
His wife screams at him as his friend listens in:
သူ့သူငယ်ချင်း ...နားထောင်နေတဲ့ကြားကပဲ........သူ့မိန်းမဟာ.. သူ့ကို ဆူညံနေအောင် အော်ငေါက်ပြောဆိုလိုက်ပါသတဲ့..။
"My hair and makeup are not done,the house is a mess, the dishes are not done.I'm still in my pajamas and I can't be bothered with cooking tonight!Why did you bring him home?"
"ဒီမှာ..ဆံပင်လည်း... မဖီးရသေးဘူး။မိတ်ကပ်လည်း .......မလိမ်းရ...သေးဘူး။
တစ်အိမ်လုံးလည်း...... ရှုပ်ယှက်..ခတ်လို့။...ပန်းကန်...ခွက်ယောက်တွေလည်း မဆေးရ...သေးဘူး။ဒီမှာ...ညအိပ်ဝတ်စုံကြီးနဲ့ ရှိသေးတာ။ ဒီည...ဒုက္ခခံပြီး ထမင်း. မချက်..နိုင်ပါဘူး..တော်....။ရှင်က. ..ဘာဖြစ်လို့ ..သူ့ကို...ခေါ်လာရ တာတုန်း။"
The man answered, "Because he's thinking of getting married."
ယောက်ျားဖြစ်သူ.....ပြန်ဖြေလိုက်တာကတော့........
"သူက...အိမ်ထောင်ပြုဖို့...စိတ်ကူးနေတယ်.... ဆိုလို့ပါကွာ.."..တဲ့လေ။ ။
(ပြီးတာနဲ့....ခေါင်းစဉ်...ပြန်ဖတ်ပါလေ။)
(၄) WIFE (ဇနီး)ရဲ့...အဓိပ္ပါယ်
===================
Do you know the meaning of WIFE?
WIFE (ဇနီး)ရဲ့ အဓိပ္ပါယ်ကို သိလား။
It means....သူ့...အဓိပ္ပါယ်က...
W= Without, I = Information , F= Fighting , E= Everytime
(Without Information Fighting Everytime)
"ဘာမှ.. ခြေခြေမြစ်မြစ်..မသိဘဲ အမြဲတမ်းတိုက်ခိုက်နေသူ..." ပေါ့။
No,darling.It really means...
မဟုတ်ဘူး...အစ်ကိုရဲ့....။တစ်ကယ့်...အဓိပ္ပါယ်က...
W= With , I= Idiot , F= For , E= Ever
( With Idiot For Ever)
"ရူးကြောင်ကြောင်... လူကြီးနဲ့ ထာဝရ..နေထိုင်သူ.."....ပါ..။ grin emoticon grin emoticon grin emoticon
(၅) အလိုက်ကန်းဆိုးမသိတဲ့ မန်နေဂျာ
=======================
Husband : : ( frantically calls up Hotel Manager from his hotel room):Please come fast, I'm having an argument with my wife and she says she will jump off the window of your hotel.
ခင်ပွန်းဖြစ်သူ။ ။ (ဟော်တယ်မန်နေဂျာဆီ.. သူ့အခန်းကနေ.. ပျာပျာသလဲ ဖုန်းလှမ်း ခေါ်လိုက်တယ်။) အမြန်ဆုံးလာခဲ့ပါဦးဗျာ......။ စကားများပြီး ....ကျွန်တော့်မိန်းမက ခင်ဗျားတို့ဟော်တယ်...ပြတင်းပေါက်...ကနေ "ခုန်ချမယ်".. ပြောနေလို့။
Manager: :Sir,I am sorry,but it's your personal matter.
မန်နေဂျာ။ ။ စိတ်မကောင်းပါဘူး..ဗျာ...။အဲဒါ...ခင်ဗျားတို့ ကိုယ်ရေးကိုယ်တာ ကိစ္စပါ။
Husband: : Idiot,the window is not opening!!
ခင်ပွန်းဖြစ်သူ။ ။ပြတင်းပေါက်က...ဖွင့်မရလို့ ...ပြောနေတာ.... အရူးရဲ့။
----------------------------------------------------ဂိုဂို(ဆေးတက္ကသိုလ်)

Saturday, June 6, 2015

လောဂျစ်တွေ သတိထား

လောဂျစ်တွေ သတိထား (Beware of Logic)
(ဆောင်းပါးရှင်-ဒေါက်တာခင်မောင်ညို)
(၁)
လောဂျစ် (Logic)။ ကျွန်တော်တို့ မော်လမြိုင် ကောလိပ်တွင် ကျောင်းနေစဉ်က သင်ရသည်။
"ဗျိုင်းသည်ဖြူသည်။ ထုံးသည်ဖြူသည်။ ထို့ကြောင့် ထုံးသည် ဗျိုင်းဖြစ်သည်"
"ကျီးသည်မည်း၏။ မီးသွေးသည်မည်း၏။ ထို့ကြောင့် မီးသွေးသည် ကျီးဖြစ်၏"
ထိုလောဂျစ်များသည် မှားကြောင်းဆရာမက ထောက်ပြခဲ့သည်။
(၂)
အင်္ဂလိပ်တို့၏ စုန်းဟုတ်မဟုတ် စစ်ဆေးသောနည်းတွင် စုန်းယိုးသူကို ရေထဲချသည်။ ၁၅ မိနစ်ကြာတော့ ပြန်ဆယ်သည်။
မသေရင်စုန်း၊ မီးရှို့သတ်သည်။ သေရင်စုန်းမဟုတ်။ အပြစ်က လွတ်သည်။
ကြောက်စရာကောင်းသော လောဂျစ်ဖြစ်သည်။ နှစ် ၂၀၀ ကျော်ကြာမှ ထိုစီရင်ချက် မှားနေသည်ကို သိသည်။
ပြင်သစ်လူဝီဘုရင်၏ မိဖုရား Marie Antoinette (၁၇၅၅-၁၇၉၃) သည် ပြင်သစ်တော်လှန်ရေး ဖြစ်နေစဉ် လမ်းပေါ်တွင် ဘာတွေအော်နေတာလဲဟု သူမ၏ အထိန်းတော်များကို မေးသည်။ "လူတွေက ပေါင်မုန့်တောင်းနေတာပါ။ ငတ်နေကြလို့" ဟု အထိန်းတော်က ပြောသောအခါ "အတော်အတဲ့ လူတွေပဲ။ ပေါင်မုန့်မရှိရင် ကိတ်မုန့်စားပေါ့" ဟု ပြောဖူးသည်။
ထိုလောဂျစ်များကို အကန့်အသတ်ကြောင့်ဖြစ်သော လောဂျစ်မှားများဟု ဆိုသည်။ မိမိသိသော ဘောင်အတွင်းမှ တွေးတောရရှိသော လောဂျစ်သာ ဖြစ်သည်။
(၃)
ထိုလောဂျစ်မှားကြောင်း မသင်လည်း တတ်ပါသည်။ လူ၏ ဥာဏ်ရည်ဥာဏ်သွေး (Human Intelligence) သည် ဆင်ခြင်ခြင်းဖြင့် တိုးတက်သလို ဆင်ခြင်ရာမှလည်း ဥာဏ်ရည်ဥာဏ်သွေး တိုးတက်လာသည်။ အထူးသဖြင့် ကျွန်တော်တို့ မြန်မာလူမျိုးများသည် ဗုဒ္ဓအဘိဓမ္မာများကို ဖတ်ရသည်။ သင်ရသည် ဘုန်းတော်ကြီး ကျောင်းများတွင် တရားတွေ နာကြရသည်။
ခုံတော်မောင်ကျဘမ်းလို စာအုပ်တွေကို ဖတ်ရသည်။ စကားတောင်စားကို ဖတ်ရသည်။ ၅၅၀ နိပါတ်တော်၊ အီစွပ်ပုံပြင်များသည် ဥာဏ်ရည်ဥာဏ်သွေးကို ဆင်ခြင်တွေးခေါ်နိုင်သည့်ဘက်ကို ဦးတည်သည်။
ပုံပြင်များစွာတွင် ဒဿနတွေ ပါသလို လောဂျစ်တွေ ပါသည်။
ဗုဒ္ဓဘုရားရှင် လက်ထက်ကပါ။ သိဉ္စည်းဆရာကြီးကို တပည့်များက ပြောသည်။
"ဆရာကြီးဗုဒ္ဓရဲ့ တရားတွေဟာ အင်မတန် ကောင်းမွန်မှန်ကန် သင့်မြတ်တယ်။ ဒါကြောင့် လူလိမ္မာများစွာဟာ ဗုဒ္ဓဂေါတမနောက်ကို လိုက်သွားကုန်ကြပြီအရှင်၊ ဘယ်လိုလုပ်ကြမှာလဲ" ဒီလိုမေးတော့ ရဟန်းကြီးက ရယ်သတဲ့။
"တပည့်တို့ လောကမှာ လူမိုက်နဲ့ လူလိမ္မာ ဘယ်သူက များပါသလဲ"
"လူမိုက်က များပါတယ်"
"ဒါကြောင့် မင်းတို့မပူကြနဲ့။ ငါ့နောက်မှာလည်း တပည့်တွေများစွာ ရှိနေကြမှာပါပဲ"။ ၎င်းသည် လောဂျစ်ဖြစ်သည်။
အမှားအမှန်ကို ဆိုလိုသည် မဟုတ်။ ဒါဆိုရင် နောက်ဆက်တွေးကြည့်ပါ။ လူမိုက်အရေအတွက်တွေ များသည်။
ဆရာကြီးတွင် တပည့်တွေ များမည်။ ထို့ကြောင့် ဆရာကြီးသည် လူမိုက်ဖြစ်သည်။
သိဉ္စည်းဆရာကြီးကိုယ်တိုင် လူမိုက်တို့၏ ဆရာကြီးအဖြစ် မိမိကိုယ်မိမိ ခံယူကြောင်း သူ့စကားအရ သိနိုင်ပါသည်။
ဒီတော့ ဗုဒ္ဓ၏ မင်္ဂလာတရားကို ရှုနိုင်သည်။
"လူမိုက်ကို ပေါင်းသင်းရင် မင်္ဂလာ မရှိဘူး။ ပညာရှိကို ပေါင်းသင်းမှ မင်္ဂလာ ရှိမယ်"
မှန်သည်။ ထို့ကြောင့် မှန်ကန်သော လောဂျစ်ကိုရဖို့ ဆင်ခြင်ရန် လိုအပ်သည်။
(၄)
သို့သော် နိုင်ငံရေး နယ်ပယ်တွင် စကားအသုံးအနှုန်းတွေကို ပြင်ဆင်ကာ လူတွေကို လှည့်စားသည်။ ဥပမာ-
"ပြည်နယ်တွင် ပညာရေး တိုးတက်မှုအတွက် လုပ်ဆောင်ရာ အထက်တန်းကျောင်း အရေအတွက် ရာခိုင်နှုန်း ၂၀၀ တိုးမြင့်လာကြောင်း တွေ့ရသည်"။ ထိုသတင်းမျိုးကို ဖဆပလ လက်ထက်က တွေ့ရသည်။
အမှန်မှာ မူလက အထက်တန်းကျောင်း တစ်ကျောင်းသာ ရှိနေသော ပြည်နယ်တွင် ကျောင်းနှစ်ကျောင်း ဖြစ်လာကြောင်း ရေးနိုင်ပါသည်။ သို့သော် မရေးပါ။
ရာခိုင်နှုန်း ၂၀၀ တိုးတက်လာသည်ဟုရေးကာ လှည့်စားပါသည်။
မိုးလေ၀သကလည်း ကြေညာသည်။
ရွာရန်ရာခိုင်နှုန်း ၅၀ ဖြစ်ပါသည်တဲ့။ တကယ်တော့ "ရွာချင်ရွာမယ် မရွာချင်နေမယ်" ဟု ပြောသည်နှင့် တူသည်။
မကြာသေးမီက ဒေါက်တာဆိတ်ဖွားကို ရှာဖွေသည်။ (ကျွန်တော်လည်း နေပြည်တော်တွင် သွားရောက်အစစ်ခံရ ပါသည်)
ဤတွင် အစိုးရပိုင်းဆိုင်ရာ ပုဂ္ဂိုလ်တစ်ဦးက "ကျွန်တော်မဟုတ်ပါ။ ကျွန်တော့်လက်အောက် ၀န်ထမ်းလည်း တစ်ယောက်မှ မဟုတ်ပါ" ဟု ရဲရဲကြီး အာမခံသွားခဲ့သည်။
"ကျွန်တော်မဟုတ်ပါ" ဆိုသော စကားကို ဘယ်သူမဆို ပြောနိုင်ပါသည်။ ဒါပေမဲ့ "ကျွန်တော့်လက်အောက်က ၀န်ထမ်းလည်း တစ်ယောက်မှ မဟုတ်ပါ" ဆိုတာကိုတော့ စဉ်းစားစရာ ဖြစ်လာပါသည်။ ဘယ်အကြီးအကဲမှ မိမိဝန်ထမ်းဘာ ဆိုတာကို အတိအကျ မပြောနိုင်ပါ။ အမေရိကန်တို့၏ လျှို့ဝှက်ချက်ကို နာဆာမှဝန်ထမ်း ကွန်ပျူတာကျွမ်းကျင်သူ Edward Snowden သည် စုဆောင်းရယူခဲ့သည်။ ပြီးတော့ နိုင်ငံခြားကို ထွက်ပြေးခဲ့သည်။ ဒါကို အမေရိကန်တို့ မသိပါ။
မန္တလေးမှ ရဲစခန်းက အဖြစ်ကို ကြည့်ပါ။ ဆရာသည် တပည့်ကို နေရာတကာမှာ တာဝန်မခံနိုင်ပါ။ ထိုပုဂ္ဂိုလ်က သူတို့တစ်ယောက်မှ မဟုတ်ကြောင်း အတိအကျ ပြောနိုင်လျှင် ဆိတ်ဖွားသည် သူဖြစ်ရမည်ပေါ့။ ကျွန်တော်စွပ်စွဲသည် မဟုတ်ပါ။ လောဂျစ်ကို တင်ပြနေခြင်း ဖြစ်သည်။
(၅)
တစ်ခုတော့ ပြောလိုပါသည်။
စက်တင်ဘာ ၁၂ ရက်ထုတ် Daily Eleven သတင်းစာပါ နိုင်ငံဘဏ္ဍာငွေ အလွဲသုံးသူများ၏ နိုင်ငံခြားဘဏ် ငွေစာရင်း၊ အကောင့်ငါးခုနှင့် ပတ်သက်၍ မြန်မာအစိုးရ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်က Facebook စာမျက်နှာတွင် ရှင်းလင်းထားရာ အစိုးရအနေဖြင့် နိုင်ငံပိုင် ငွေများအား ပြည်ပတွင် လုံးဝအပ်နှံထားခြင်း မရှိကြောင်း ကမ္ဘာ့ဘဏ်ကလည်း ယင်းကိစ္စ မှန်ကန်မှု မရှိသည်ကို သတင်းထုတ်ပြန်ရန်ရှိကြောင်း ဖော်ပြထားသည်။
ထိုအချက်အလက်သည် သူ၏တင်ပြချက်ဖြစ်၍ လောဂျစ်သဘောအရ လက်ခံရပေမည်။
သို့သော် "ဒီလောက်များတဲ့ငွေတွေ ပြည်ပဘဏ်တွေမှာ (အပ်ထားတာကို)မြန်မာနိုင်ငံအပေါ် ဘဏ္ဍာရေးနဲ့ ငွေကြေးအရ အရေးယူပိတ်ဆို့ နှစ်ပေါင်းများစွာ လုပ်ဆောင်လာတဲ့ အမေရိကန် ပြည်ထောင်စုက မသိဘဲ နေပါ့မလား။ ဒီထက်နည်းတဲ့ ငွေစာရင်းတွေတောင် ရှာဖွေပြီး ပိတ်ဆို့နိုင်တဲ့ စွမ်းအားတွေ ရှိနေတယ်။ BIC လို NGO ကတောင် သိနိုင်ရင် အီးယူဘာကြောင့် မသိတာလည်း စဉ်းစားကြည့်ပေါ့" တဲ့။ ဤလောဂျစ်ကတော့ မှားပါသည်။
အမေရိကန် အစိုးရတို့ အီးယူတို့ မသိတာနဲ့ BIC လို NGO က သိတာကို ဆက်စပ်လို့ မရပါဘူး။
အချို့ကိစ္စကို တစ်ရပ်ကွက်လုံး သိကြပေမယ့် သမီးတို့အဖေ မသိတာမျိုးတွေ အများကြီးပါ။
မိဘနှစ်ပါးသာ သိပေမယ့် တစ်ရပ်ကွက်လုံး သိချင်မှ သိပါမည်။ ရပ်ကွက်ထဲက ဆိုက်ကားသမား မောင်တိုးသည် မြန်မာစကား ကျွမ်းကျင်သည်။ အေဘီစီဒီလောက်တော့ တတ်သည်။ သို့သော် အိုဘားမားက မင်္ဂလာပါဟုသာ ပြောနိုင်သည်။ ကကြီးခခွေး တတ်ပါ့မလား။ အိုဘားမားသည် အမေရိကန် သမ္မတကြီးပဲ ကကြီးခခွေးလောက်တော့ တတ်မှာပဲဟု မပြောနိုင်ပါ။
မြန်မာစကား ရှိသည်။ "ဆန်ခိုးမမိ ဖွဲခိုးမိတဲ့" နည်းတာကို သိပေမယ့် များတာမသိတာ ဘာမှမဆန်းပါဘူး။
(၆)
လောကကြီးမှာ မသိတာ မတတ်တာ အများကြီးပါ။ ပုံပြင်လေးတစ်ခုကို ပြောလိုသည်။
တစ်ခါက ခရစ်ယာန် ဘုန်းတော်ကြီးတစ်ပါးသည် လှေစီးကာ တစ်ဖက်ကမ်းသို့ ကူးသည်။ အခွင့်အခါရတုန်း တရားဟောမည်ဟု စိတ်ကူးကာ လှေသမားအား "မင်းဘုရားသခင်ကို သိလား"
"မသိပါအရှင်"
"ယေရှု ခရစ်တော်ကိုရော"
"မသိပါသခင်"
"ဒါဆို မယ်တော်မာရီကိုရော"
"မသိပါ"
"အင်း မင်းအတော်ခက်တဲ့ကောင်ပဲ မသိတာတွေ အများကြီးပဲ"
ဤတွင် မိုးသည်းထန်စွာ ရွာလာ၍ လေပြင်းတိုက်လာသည်။
"အရှင်ရေကူးတတ်လား"
"မတတ်ပါ"
"လှေကမှောက်တော့မယ်။ ကျွန်တော့် အင်္ကျီစကို သေသေချာချာ ဆွဲထားပါ။ မှောက်တဲ့လှေ ခိုစီးပြီးသွားမယ်။ ကျွန်တော့်ကို အသာဆွဲထား" လှေမှောက်သွားသည်။ သူတို့နှစ်ယောက် မှောက်သောလှေကို ခိုတွဲကာ ကမ်းကိုရောက်ခဲ့ကြသည်။
လောကမှာ မသိတာတွေ အများကြီးပါ။ အမေရိကန်နှင့် အီးယူတို့ကို အရမ်းအထင် မကြီးသင့်ပါ။
မြန်မာပြည်သူများလည်း သိတာတွေ အများကြီးပါ။ တစ်နှစ်တစ်နှစ် ဓာတ်ငွေ့ရောင်းရသော ဒေါ်လာဘီလျံ ဘယ်လောက်ရှိသလဲ။ သိသူတွေတော့ ရှိပါမည်။ အီးယူနှင့် အမေရိကန်တို့ မသိဘူးလို့တော့ မယူဆပါ။ (ဒါကတော့ ယူဆချက်သာ ဖြစ်သည်။ လောဂျစ်မဟုတ်ပါ)
စကားစ သတ်ပါတော့မည်။
အတွေးများကို မိမိသိသော ဘောင်အတွင်းမှ တွေးကြသည်။ မိမိကို သင်ကြားပေးသောကျောင်း (Institution) မှ ရရှိသော လောဂျစ်များဖြင့် ဆင်ခြင်ကြသည်။ ထိုဆင်ခြင်မှုသည် နှစ်ပေါင်း ၅၀ ကျော်အထိ အမြစ်စွဲနေကြသည်။
"ငါနှင့်မတူ ငါ့ရန်သူ" ဟူသော အတွေးမျိုးသည် မင်းအစိုးရ အားလုံးတွင် ရှိတတ်ကြသည်။ အမှန်တော့ နိုင်ငံသားအားလုံးတွင် တူညီသော ရည်ရွယ်ချက် ရှိသည်။ နိုင်ငံတော် တိုးတက်ဖို့ပါ။
ကမ္ဘာသား အားလုံးတွင်လည်း တူညီသော ရည်ရွယ်ချက် ရှိသည်။ ကမ္ဘာကြီး တိုးတက်ဖို့ပါ။
"ငါခေါင်းဆောင်ဖြစ်လို့ ငါပြောတာ မှန်တယ်" ဆိုသည့်ခေတ်ကို ထားပစ်ခဲ့ပါ။
မှန်ကန်စွာ ဆင်ခြင်တတ်ပါစေ။

ချိန်သီးမပါသောနာရီ

မပြောဖြစ်ခဲ့တဲ့ အတိတ်

”ရပ်နေတဲ့နာရီတောင်မှ တစ်နေ့မှာ နှစ်ခါမှန်တယ်”
၁၀ တန်းပြီးကာစ ကျွန်တော်စာဖတ်နေရင်း အဲ့ဒီစာတစ်ကြောင်းတွေ့သွားတော့ နောက်ထပ်စာဆက်မဖတ်နိုင်တော့ပါဘူး … ဆက်ပြီးစဉ်းစားနေလို့ပါ… ပြီးတော့မှ ဟုတ်ပေသားပဲ ….
အဲ့ဒီနောက်နေ့ကစပြီး ကျွန်တော့ရှေ့မှာ ဘယ်သူတွေ ဘယ်လောက်မှားနေနေ သူတို့ကို အပြစ်မပြောတော့ဘူး … သူတို့က ရပ်နေတဲ့ နာရီလဲဖြစ်နိုင်တယ်လို့ ကျွန်တော်သတ်မှတ်ထားလိုက်လို့ပါ…
ဒီလိုနဲ့ ပြက္ခဒိန်ပေါ်က နှစ်တွေ လက်တစ်ဖက်ချိုးရေစာလောက် ကုန်လာခဲ့တဲ့နောက်…
”မှားနေတဲ့ နာရီက ဘယ်တော့မှ မမှန်ဘူး” ဆိုတဲ့ စာတစ်ကြောင်းထပ်ဖတ်မိပြန်တယ်….
သေချာစဉ်းစားကြည့်လိုက်တယ်…. ဟုတ်ပ.. မှားနေတဲ့နာရီက ဘယ်တော့မှ မှန်မှာမဟုတ်ပါလား….
ဒါနဲ့ပဲ .. လူတစ်ယောက်မှားနေရင် ကိုယ့်ကိုယ်တွေ့နဲ့တိုက်ကြည့် (မှားနေတဲ့ နာရီနဲ့ ကိုယ့်နာရီနဲ့တိုက်သလို) ဒီလိုကွ ဒီလိုရှိတယ်ဟ.. ဆိုပြီး လိုက်ပြော… (ကိုယ်က ငပွကြီးဖြစ်) ရပါတယ်… ဘယ်သူမှ ပြန်မပြင်လဲ ကျွန်တော် ကိုယ့်အလုပ်လို့ သဘောထားပြီး ဆက်လုပ်ပါတယ် … (မှတ်ချက် - တစ်ယောက်ကို တစ်ကြိမ်သာပြောပါတယ်) နောက်ထပ်နောက်ထပ် နှစ်တွေကြာလာတော့ ကျွန်တော် ဟော်တယ်တစ်ခုကိုရောက်သွားတယ်…. အဲ့ဒီဟော်တယ် ဧည့်ကြိုကောင်တာမှာ နာရီ ၅ လုံး…. အချိန် ၅ မျိုး…… ချက်ချင်းတော့ ကျွန်တော်ကြောင်သွားတယ်… (အူကြောင်ကြောင်ဖြစ်ခြင်းကိုဆိုလိုသည် လေးဘက်ကြီးသွားခြင်းမဟုတ်)
ခဏနေမှ နာရီအောက်က စာလေးတွေ ဖတ်လိုက်မိတယ်… သြော် တခြားနိုင်ငံက စံတော်ချိန်တွေပါလား… ဒါဆို မှားနေတဲ့ နာရီဆိုတာလဲ ဒီနိုင်ငံက စံတော်ချိန်အတွက် မှားနေတာဖြစ်ပြီး တခြားနိုင်ငံရဲ့ စံတော်ချိန်ဖြစ်နေနိုင်တယ်…
ဒါဆို မှားနေတဲ့နာရီ တနည်းအားဖြင့် မှားနေတဲ့ လူဆိုတာ မရှိနိုင်ဘူး…. တကယ်လို့ မှားနေတယ်လို့ သတ်မှတ်ခံရတာများနေရင် နေရာဒေသ ပြောင်းကြည့်ဖို့လိုမယ် ဒါမှမဟုတ်ရင် အဲ့ဒီအမှားကိုပြင်ဖို့လိုပါလိမ့်မယ်ဗျ

ဒီတော့သူငယ်ချင်း မင်လုပ်သမျှ ငါဘာမှမပြောဘူးဆိုရင် မင်းက ရပ်နေတဲ့နာရီလို့သတ်မှတ်ထားလိုက်ပြီ ဆိုတာသိပါ
မင်းလုပ်တာကို ဒီလိုလေးကွ ဒါမျိုးဟ ဆိုပြီး ဆရာကြီးဝင်လုပ်နေရင် ငါ့အတွေ့အကြုံနဲ့ မင်းမှားနေတယ်လို့ထင်လို့ပါ
ငါမင်းနားမှာမရှိတော့ဘူးဆိုရင်တော့ ငါနဲ့ သင့်တော်တဲ့ နေရာသစ်ကို ရှာဖို့ထွက်သွားပြီလို့ သိလိုက်ပါ ကွာ

ကျော်စံလင်း (သို့) ချိန်သီးမပါသောနာရီ

Friday, June 5, 2015

အားဆေးသောက်တိုင်း ကောင်းသလား

အားဆေးသောက်တိုင်း ကောင်းသလား
“အားဆေး အညိုတောင့်ကြီးတွေ နေ့တိုင်း စားတယ်”
“ရေဆူ အားဆေးပြားကြီး တနေ့ နှစ်လုံး အမြဲစားတယ်လေ”
“ထမင်းစားပြီးတိုင်း အားဆေးပြား နှစ်မျိုး၊ သုံးမျိုးတော့ နေ့တိုင်း စားနေတာပဲ”
“စာအုပ်ထဲမှာပါတဲ့ အားဆေးတွေ ဖတ်ပြီး စားကြည့်နေတယ်”
အဆိုပါ “အားဆေး” ဆိုသည်မှာ အလွန် ရေပန်းစားနေပါသည်။ အရွယ်မရွေး အားဆေးစားသင့်သည်။ အားဆေးစားမှ ကျန်းမာမည်ဟု ယူဆထားလေ့ရှိကြပါသည်။

“ကျွန်တော်တို့ တင်သွင်းတဲ့ အားဆေးဟာ ဗီတာမင်၊ သတ္ထုဓာတ် ဆေးမြစ်တွေ အကုန်လုံး ပါဝင် ဖော်စပ်ထားပါတယ်။ အခု ရောင်းချနေတဲ့ တခြားအားဆေးတွေ နဲ့ နှိုင်းယှဉ်ပြထားပါတယ်။ ကျွန်တော်တို့ ဆေးက အများကြီး သာတယ်ဆိုတာ တွေ့ရပါမယ်။ ဒါကြောင့် ဒီဆေးကို သုံးကြည့်ပါ။ ညွှန်ပေးပါ” စသည်ဖြင့်လည်း ဆေးကုမ္ပဏီ အများအပြားက အလုအယက် ကြော်ငြာအားကောင်းနေသော အချိန်လည်း ဖြစ်ပါသည်။ အရောင်အသွေး စုံလင်စွာဖြင့် ဝယ်ယူသောက် ချင့်စဖွယ် ဆွဲဆောင်အားလည်း အလွန်ကောင်းပါသည်။
ထိုကဲ့သို့သော အခြေအနေမှာ ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် သာ ဖြစ်နေခြင်း မဟုတ်ပါ။ ကမ္ဘာနိုင်ငံ အသီးသီးတွင် ခေတ်မီ တိုးတက်ဖွံ့ဖြိုးလာသော ဆေးဝါးများ ထုတ်လုပ် ရောင်းချခြင်း၊ ဝယ်ယူ
တင်သွင်းခြင်း တို့ကြောင့် ထိုဆေးဝါးများနှင့် အထူးရင်းနှီးနေကြခြင်း ဖြစ်ပါသည်။ အမှန်တကယ်လည်း လူအများအပြား လက်ခံ သုံးစွဲနေကြပါသည်။ အမေရိကန်နိုင်ငံတွင် ထိုအားဆေး၊ ဗီတာမင်ဆေးများသည် အလွန်အရောင်းရဆုံး ဆေးပစ္စည်းဖြစ်ပြီး နှစ်စဉ် ၁.ဒသမ ၇.ဘီလျှံ ဒေါ်လာခန့် ရောင်းချနေရသည်။
အမေရိကန်နိုင်ငံသား ၄၀-ရာခိုင်နှုန်းမှာ ထိုဆေးများကို မှီဝဲနေကြပြီး နိုင်ငံသားများ အနှစ်သက်ဆုံး ဆေးမှာ ဗီတာမင်“စီ” ဆေးပြားဖြစ်ကြောင်း သိရသည်။ အအေးမိ နှာစေးသည်နှင့် ဗီတာမင်”စီ”ဆေးပြား သောက်သုံး တတ်ခြင်းသည် အိမ်သုံးဆေး ဆောင်ထားခြင်းကဲ့သို့ ဖြစ်ခဲ့ရာမှ ထိုဆေးပြားများနှင့် အမေရိကန်လူမျိုးတို့ ရင်းနှီးခဲ့ကြပါသည်။
မကြာသေးမီက အမေရိကန်အမျိုးသား သိပ္ပံ အကယ်ဒမီမှ သတင်းတခု ထုတ်ပြန်ခဲ့ပါသည်။ ထိုထုတ်ပြန်စာ၌ အမေရိကန် ဆေးရုံများတွင် အမှားအယွင်းများ ရှိခဲ့မှုများ ဖော်ပြထားပါသည်။ ထို့ပြင် အများကြိုက်နေသော ဗီတာမင်“စီ”နှင့်“အီး”ကို လိုအပ်သည်ထက် ပိုမိုသုံးစွဲစေခြင်း၊ သုံးစွဲနေခြင်း တို့ကြောင့် ကျန်းမာရေး ပြဿနာများ ဖြစ်ပွားနေကြောင်းနှင့် ထိုအခြေအနေကို ဝိုင်းဝန်း ထိမ်းသိမ်းကြရန် တိုက်တွန်းထားချက်တို့လည်း ပါဝင်ပါသည်။
လူ့ခန္ဓာကိုယ်ရှိ ဆဲလ်များသည် ဇီဝဖြစ်စဉ်များဖြစ်ပြီး ပျက်စီးသွားလိုက်၊ အသစ်ပြန်လည် တည်ဆောက်လိုက်ဖြင့် သံသရာလည်လျက်ရှိသည်။ ထိုဖြစ်စဉ်တို့တွင် Free Radicals ခေါ် ဓာတ်တိုးပစ္စည်းများ ထွက်လာတတ်ပါသည်။ ထိုပစ္စည်းတို့သည် ကျန်းမာ သန်စွမ်းနေသော ဆဲလ်အကောင်းများကို ထိခိုက်ပျက်စီးစေတတ်ပါသည်။ ထို့ပြင် ကင်ဆာရောဂါများ၊ နှလုံးနှင့် ပတ်သက်သော ရောဂါများမှအစ အယ်လ်ဇိုင်းမားရောဂါနှင့် အိုမင်းရင့်ရော်မှုများမှာလည်း ထိုပစ္စည်းများ ပါဝင်ပတ်သက်နေပါသည်။
ထိုမလိုလားအပ်သော ပစ္စည်းတို့ကို ဖယ်ရှားနိုင်ပါက ရောဂါဘယများမှ ကင်းဝေးနိုင်သည့်အပြင် အိုမင်းခြင်းမှပင် အတော်အတန် ဟန့်တားနိုင်မည်ဖြစ်သည်။ ထိုသို့ ဆောင်ရွက်နိုင်သော ဓာတုပစ္စည်းတို့ကို ရှာဖွေတွေ့ရှိထားပါပြီ။ ဗီတာမင် “စီ” ဗီတာမင် “အီး”နှင့် ဆီလီနီယမ် (Selenium) တို့ ဖြစ်သည်ဟု သိရသောအခါ လွန်ခဲ့သည့် နှစ်အနည်းငယ်က ထိုပစ္စည်းတို့ဖြင့် ဖော်စပ်ထုတ်လုပ်ရောင်းချသော ဆေးဝါးတို့သည် အလွန်လူကြိုက်များခဲ့ပါသည်။ အများအပြား ရောင်းချ၊ သုံးစွဲခဲ့ကြပါသည်။
အမေရိကန်နိုင်ငံ၊ တတ်ဖ်တက္ကသိုလ်မှ ဇီဝသိပ္ပံပညာရှင် နော်မန်ကရင်စ်စကီး ဦးဆောင်သော အဖွဲ့က အဆိုပါဆေးများ သုံးစွဲမှုကို လေ့လာခဲ့ပါသည်။ ဗီတာမင် “စီ”အပြည့်အဝပါသော အစားအစာများ၊ ဗီတာမင်“အီး”နှင့် ဆီလီနီယမ် အပြည့်အဝပါသော အစားအစာတို့ကို စားသုံးခြင်းဖြင့် နာတာရှည်ရောဂါများ ဟန့်တားခြင်းမှ အတော်အတန် ကာကွယ်နိုင်ကြောင်း သိရသည်။ သို့ရာတွင် ထိုပစ္စည်းတို့ဖြင့် ဖော်စပ်ထားသော ဆေးဝါးများကို အများအပြား သုံးစွဲမိပါက မလိုလားအပ်သော ကျန်းမာရေး ပြဿနာများ ရင်ဆိုင်ကြရကြောင်း တွေ့ရပါသည်။
ဗီတာမင်“အီး” အများအပြား စားသုံးမိသူများမှာ သွေးယိုစီးခြင်း (အစာအိမ်၊ ဦးနှောက်၊ သွားဖုံး စသည်များ) ဖြစ်ပွား၍ ဗီတာမင် “စီ” အလွန်အမင်း စားသူတို့မှာ ဝမ်းပျက်ခြင်း၊ ကင်ဆာရောဂါကုဆေး မှီဝဲနေရသူ ဖြစ်ပါက ထိုဆေး၏ အာနိသင်များ ထိခိုက်ပျက်ပြယ်စေခြင်းများ ဖြစ်ပွားကြောင်း တွေ့ရပါသည်။ ဆီလီနီယမ် အလွန်အမင်း စားမိသူများမှာ ဆံပင်ကျွတ်ခြင်း၊ လည်သည်းခွံများ ကျွတ်ခြင်း အထိပင် ဖြစ်ပွားကြောင်း တွေ့ရပါသည်။ ထို့ကြောင့် ထိုဆေးတို့ကို လိုအပ်မှ စားပါ၊ စားသင့်သည့် အချိန်အဆခန့်သာ စားပါဟု အမေရိကန်ပြည်သူတို့အား တိုက်တွန်းထားပါသည်။
ဗီတာမင် “စီ”ကို အမျိုးသမီးများ နေ့စဉ် ၇၅-မီလီဂရမ်၊ အမျိုးသားများ မီလီဂရမ် ၉၀-သာ စားသုံးသင့်သည်။ ဆေးလိပ်သောက်သူတို့မှာ ခန္ဓာကိုယ်မှရှိပြီး ဗီတာမင်“စီ”များ ဆေးလိပ်ကြောင့် ဆုံးရှုံး တတ်သဖြင့် နေ့စဉ် ၃၅-မီလီဂရမ် အပိုဆောင်း၍ သုံးစွဲရပါမည်။ သို့သော် မည်သူမျှ နေ့စဉ် ဗီတာမင်“စီ” ကို ၂၀၀၀-မီလီဂရမ်ထက် ပိုမစားသင့်ဟု ဆိုပါသည်။
ဗီတာမင်“အီး”ကို အမျိုးသား၊ အမျိုးသမီး များအတွက် နေ့စဉ် ၁၅-မီလီဂရမ် (၂၂ ယူနစ်) ခန့်သာ သုံးစွဲသင့်သည်။ ထိုအတိုင်းအဆသည် ဗီတာမင်“အီး”ကို လူ့သွေးတွင် သိုလှောင်ထားနိုင်ကာ ဆဲလ်များသို့လည်း သယ်ယူပို့ဆောင်နိုင်သည်။ ဗီတာမင်“အီး”ဟုသာ ခေါ်သော်လည်း အမျိုးမျိုးရှိသည်။ “အယ်လဖာတိုကို ဖီရောလ်” အမျိုးအစားသည် ထိုအခြေအနေအတွက် အသင့်တော်ဆုံး ဖြစ်ပါသည်။ “ဒီအယ်လ်ဖာ” အမျိုးအစားဖြစ်ပါက နေ့စဉ် ၁၀၀-မီလီဂရမ် (၁၅၀၀ ယူနစ်) “ဒီအယ်လ်၊ အယ်လ်ဖာ”အမျိုးအစား ဖြစ်ပါက နေ့စဉ် ၇၀၀-မီလီဂရမ် (၁၁၀၀ ယူနစ်)သာ သုံးစွဲသင့်သည်။ ထို့ကြောင့် မိမိဘာသာ သုံးစွဲနေကြခြင်းသည် အလွန်အန္တရာယ်များပါသည်။ ဆရာဝန်နှင့် တိုင်ပင်ကာ ညွှန်ကြားချက်အတိုင်း သောက်သုံးသင့်သည်။ ဆီလီနီယမ်ကို နေ့စဉ် ၅၅-မိုက်ခရိုဂရမ်ထက် ပိုမသုံးသင့်ဟုလည်း ဒေါက်တာမန်းက တိုက်တွန်းထားပါသည်။
အားရှိခြင်း-အားမရှိခြင်းဆိုသည်ကို မည်သို့တိုင်းတာသင့်ပါသနည်း။ လူတယောက် နေ့စဉ် စားသောက်သွားလာ လှုပ်ရှား အလုပ်လုပ်ကိုင်နေနိုင်လျှင် သူ၏ ပုံမှန်အလုပ် ဝတ္တရားများ လည်ပတ်နေနိုင်လျှင် အားရှိသည်၊ ကျန်းမာသည်။ ထိုသို့မဟုတ်ပါက မကျန်းမာခြင်း၊ ကျန်းမာရေး ချို့ယွင်းခြင်း၊ အားနည်းခြင်းဟု ဖွင့်ဆိုရမည် ထင်ပါသည်။ ကျန်းမာရေး ချို့ယွင်းခြင်း၊ အားနည်းဖြင်း ဖြစ်လျှင် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ အခြေခံ အကြောင်းတရားများ ရှိပါမည်။
ကိုယ်စိတ်ပင်ပန်းမှုများမှအစ ရောဂါဘယများအထိ ဖြစ်နိုင်ပါသည်။ ထိုအခြေအနေမျိုးတွင် “အားဆေး” တမျိုးတည်းဖြင့် ထိုပြဿနာကို မဖြေရှင်းနိုင်ပါ။ အရင်းခံ အချက်ကို ရှာဖွေ ကုသမှုသည်သာ အဓိကဖြစ်ပါသည်။ အားဆေးစားနေရုံမျှဖြင့် ပြန်ကောင်းမလာနိုင်ပါ။ မလိုအပ်ဘဲ ထိုအားဆေးဆိုသည်ကို စားသုံးခြင်းဖြင့်လည်း ဆေးကြောင့်လေးရမည့် နောက်ဆက်တွဲပြဿနာ များစွာရင်ဆိုင်ရတတ်ပါသည်။
ယခုအခါ နှလုံးအားဆေး၊ အသည်းအားဆေး၊ ကျောက်ကပ်အားဆေး၊ ဦးနှောက်အားဆေးဟူ၍ပင် ထုတ်လုပ်ရောင်းချနေကြပါသည်။ “အသည်း အားဆေးဆိုတာ ကျွန်တော့်အယူအဆအရတော့ မရှိဘူး။ အသည်းရောဂါကုတဲ့ ဆေးသာရှိတယ်။ လက်ခံတယ်ဆိုသော အသည်းရောဂါကု ဆရာဝန်ကြီးတဦး၏ အဆိုမှာ အလွန်ကောင်းမွန်ပါသည်။
အကြောင်းရင်းခံ တခုခု၊ ရောဂါတခုခုကြောင့်သာ နှလုံး၊ အသည်း၊ ကျောက်ကပ် စသည့် အင်္ဂါအစိတ်အပိုင်းတို့မှာ သူတို့၏ ပုံမှန်လုပ်ငန်းများ ပြည့်ပြည့်ဝဝ မဆောင်ရွက်နိုင်ကြခြင်း ဖြစ်ပါသည်။ သူတို့မှာ အားနည်း၍ မဟုတ်ပါ။ ရောဂါဖြစ်နေ၍ ဖြစ်ပါသည်။ ထို့ကြောင့် သူတို့အတွက် ရောဂါမြန်မြန်ပျောက်အောင် ကုသည့်ဆေးသည်သာ အဓိကကျသည်ဟု ယူဆပါသည်။ အားဆေးသည် အဓိကမဟုတ်ပါ။
အားဆေးဟူ၍လည်း ဆိုရန်ခက်ပါသည်။ သို့သော် အရက်သောက်သူများမှာ အသည်းထိခိုက်၍ ဗီတာမင်များ ကုန်ဆုံးတတ်ပါသည်။ သူတို့ကိုမူ လိုအပ်သော ဗီတာမင်ဆေးများ ပေးရ ပါသည်။ နာလန်ထစ လူနာများ၊ ကိုယ်ခံအား နည်းသူများကိုလည်း လိုအပ်သော ဗီတာမင်များ ပေးရပါသည်။ သွားလာလှုပ်ရှား နေနိုင်သူအတွက်မူ ထိုအားဆေး မလိုအပ်ပါ။ “သိပ်ပင်ပန်းနေသလား၊ ဒီဆေးတောင့်ကလေးကို သောက်လိုက် လန်းဆန်းသွားမယ်” ဟုဆိုသည့်အတိုင်း ထိုဆေးသောက်ရုံမျှဖြင့် မိမိကိုယ်အင်အား ပြည့်ဝမလာနိုင်ပါ။ ကိုယ်စိတ် အပြည့်အဝ အနားယူမှု၊ အာဟာရ ပြည့်ဝသော အစားအစာ စားသုံးမှုတို့သည်သာ အဓိကဖြစ်ပါသည်။ ထို့ကြောင့် နေ့စဉ် အသီးအရွက် ငါးမျိုးခန့် စားသုံးလေ့ရှိသူသည် သူ့အတွက် လိုအပ်သော ဗီတာမင် အပြည့်အဝ ရရှိပြီး ဖြစ်ပါသည်။
မြန်မာအစားအစာတို့တွင်
ဗီတာမင် “စီ”အပြည့်အဝပါသော ဆီးဖြူသီး၊ ခရမ်းချဉ်သီး၊ ဖန်ခါးသီး၊ သံပရာသီး၊ ချဉ်ပေါင်ရွက်၊ ကင်ပွန်းရွက်၊ မန်းကျည်းရွက်၊
ဗီတာမင်“အီး” အပြည့်အဝပါသော နေကြာစေ့၊ ဝါစေ့များ၊
ဆီလီနီယမ် အပြည့်အဝပါသော ကြက်သွန်ဖြူ၊ ငါး စသည်တို့ စားသုံးသင့်ပါသည်။
အရည်ရွှမ်းသော အသီးများဖြစ်သည့် လိမ္မော်သီး၊ ရှောက်သီး၊ ကျွဲကောသီး၊ စသည်များ၊ စတော်ဘယ်ရီသီး၊ အာလူး၊ ဂေါ်ဖီပန်းပွင့်၊ အစိမ်းရောင် ဟင်းရွက်များကို ကိုယ်စိတ်ပင်ပန်းသူများ ပြန်လည် လန်းဆန်းလာရန် အလျဉ်းသင့်သလို စားသုံးသင့်ပါသည်။ ထိုအစားအစာတို့မှာ အားဆေးတို့ထက် အဆများစွာ အာနိသင်ရှိပါသည်။
ထို့ကြောင့် “သင် သိပ်ပင်ပန်းနေသလား၊ လန်းဆန်းသွားအောင်စား”
“ဘာစားရမလဲ အားဆေးလား”
“မဟုတ်ဘူး၊ အစာစား၊ အခုပြောခဲ့တဲ့ အသီးအနှံ နဲ့ ငါးတွေ စား၊ ပြီးတော့ အနားယူ”
“အားဆေးရော မစားရဘူးလား”
“ဆေးဆိုတာ လိုအပ်မှ စားရတယ်။ ဆရာဝန်က ညွှန်ကြားလိမ့်မယ်။
ညွှန်ကြားမှ လိုအပ်မှ စား၊ မလိုအပ်ပဲ စားရင်၊ တန်ရုံထက် ပိုစားရင် ဆေးမဖြစ်ဘဲ “ဘေး”ဖြစ်မယ် ဟူ၍သာ ဆိုရပေတော့မည်။ “ကောင်းတယ်ဆိုတာတွေဟာ ကိုယ့်အတွက် အဆိုးဖြစ်လာတတ်တယ်”ဟု အနောက်တိုင်းသားတို့ ဆိုကြပါသည်။ ယနေ့ အလွန် ရေပန်းစားနေသော ဗီတာမင်များ၊ အထူးသဖြင့် စီနှင့်အီးတို့သည် အမှန်တကယ် အစွမ်းထက်ပါသည်။ ထိုဗီတာမင်တို့ကို လူတိုင်း သူ့အတိုင်းအတာနှင့်သူ လိုအပ်သည်။ စားသုံးသင့်သည်။ ယင်းတို့သည် သဘာဝ အသီးအရွက်၊ အစားအစာတို့တွင် လုံလောက်စွာ ပါဝင်ပါသည်။ ဆေးဝါးများတွင် ပါဝင်သော ထိုဗီတာမင်တို့မှာ လူတို့က ထိုသဘာဝမှ ပြန်လည်ဖန်တီး အသွင်ပြောင်းထားခြင်းသာ ဖြစ်ပါသည်။
သဘာဝ ဗီတာမင်လောက် ကောင်းသည်မဟုတ်ပါ။ ထိုဆေးတို့တွင် မလိုအပ်သော အဆိပ်အတောက် များလည်း ပါဝင်တတ်ရာ ကိုယ်ခန္ဓာ၏ အသည်းက အဓိက ချေဖျက်ပေးရပါသည်။ မလိုအပ်ပဲ အများအပြား စုပုံလာပါက လူ့သွေးထဲတွင် ထိုအဆိပ်အတောက်များ ပျံ့နှံ့ကာ ဖော်ပြသကဲ့သို့သော ဆိုးကျိုးများ ဖြစ်လာတတ်ပါသည်။
ထို့ကြောင့် သဘာဝ အသီးအရွက်၊ ငါးတို့ကို စားသုံးသင့်ပါသည်။ ဗီတာမင်ဆေး၊ အားဆေး အလုံးအတောင့် လှလှကလေးများကို အလွယ်တကူ မသုံးစွဲသင့်ပါ။ လိုအပ်မှ လိုအပ်သည့် အတိုင်းအတာ ကာလအထိ လိုအပ်သည့် ဆေးကို သုံးစွဲသင့်ပါကြောင်း ရေးသားလိုက်ပါသည်။
Credit to
ဒေါက်တာမြင့်သန်း
(ညောင်လေးပင်)

“ဗုဒ္ဓဘာသာဝင်တစ်ဦး၏ တစ်နေ့တာလုပ်ငန်း”

“ဗုဒ္ဓဘာသာဝင်တစ်ဦး၏ တစ်နေ့တာလုပ်ငန်း”
••••••••••••••••••••••••••••••••••••••••••••••••••
၁။ မေတ္တာဖြင့် နိုးထခြင်း
~~~~~~~~~~~~~~~~~~
အရုဏ်ဦးအချိန်ကာလကား နေ့တစ်နေ့၏ အစဖြစ်၏။ ထိုအချိန်ကာလတွင် ဗုဒ္ဓဘာသာဝင်တစ်ဦးသည်
မေတ္တာဖြင့် နိုးထ၍ နေ့တစ်နေ့ကို စတင်သင့်၏။
သတ္တ၀ါမှန်သမျှ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ ဟု
မေတ္တာပို့ခြင်းသည် အလွန်မွန်မြတ်သော အလုပ်ဖြစ်၏။

လောကကို မေတ္တာဖြင့် ရှုမြင်ခြင်း၊ အကောင်းမြင် အမြင်ဖြင့်
စတင်နိုးထခြင်းဖြစ်၏။ ဘာသာတရားကိုထိန်းသိမ်း၍
သူတော်ကောင်းဘ၀ဖြင့် တစ်နေ့တာ
ဆက်လက်ရပ်တည်ခြင်းလည်း မည်၏။
ကုသိုလ်ကောင်းမှုတို့၌ မမေ့မလျော့ခြင်း စသော မင်္ဂလာတရားနှင့်လည်း ညီ၏။
(၀ါ) မင်္ဂလာရှိပေ၏။
ရှေးဗုဒ္ဓဘာသာဝင်တို့သည် အရုဏ်ဦးနိုးထစ ကာလမှာ ဘုရားဝတ်ပြုခြင်း၊ မေတ္တာပို့သခြင်း၊ ကုသိုလ်အမျှကို
ပေးဝေခြင်းဖြင့် ကြေးစည်သံတဝေေ၀ လွင့်ပျံ့အောင် ရိုက်ခတ်လေ့ရှိကြသည်။
ကြေးစည်သံသည် ဘာသာတရား
ကိုင်းရှိုင်းမှု၏ သင်္ကေတ၊ သူတော်ကောင်း၏
သဘာဝ၊ မြန်မာ့ယဉ်ကျေးမှု၏ အလှအပတစ်ခုဖြစ်၏။
ထိုအစဉ်အလာကောင်းကို ဆက်လက်ထိန်းသိမ်းသင့်ပေသည်။
(၂)။ ရတနာသုံးပါးအား ရှိခိုးခြင်း
~~~~~~~~~~~~~~~~~~~~~~
ရတနာသုံးပါးကို ရှိခိုးသည့်အခါ ထိခြင်းငါးပါး ဖြင့် ရှိခိုးရ၏။
“ခြေ၊ လက်၊ နဖူး၊ တံတောင်၊ ဒူး ငါးဦးကြမ်းမှာတည်” ဟူသည်နှင့်အညီ
ခြေဖျား၊ လက်ဖ၀ါး၊ နဖူး၊ တံတောင်နှစ်ဖက်၊
ဒူးနှစ်ဖက်နှင့် ကြမ်းပြင်ကို ထိပြီး ဤထိခြင်း (တည်ခြင်း) ငါးပါးဖြင့် ရတနာသုံးပါး၏ ဂုဏ်တော်ကို ရည်မှန်း၍ -
ဗုဒ္ဓံ ပူဇေမိ (မြတ်စွာဘုရားကို ပူဇော်ပါ၏)။
ဓမ္မံ ပူဇေမိ (တရားတော်မြတ်ကို ပူဇော်ပါ၏)
သံဃံ ပူဇေမိ (သံဃာတော်မြတ်ကို ပူဇော်ပါ၏) ဟူ၍ စိတ်ဖြင့်ဖြစ်စေ၊ နှုတ်ဖြင့် အသံထွက် ရွတ်ဆို၍ ဖြစ်စေ ရှိခိုးဦးချရပါမည်။
ယင်းနောက် သြကာသ ကန်တော့ချိုး ဖြင့် အပြစ်ခပ်သိမ်း
ပပျောက်စေရန် ကန်တော့ရပါမည်။
(မိမိအိမ်ရှိ ဘုရားဆင်းတုတော်ရှေ့၌ ရွတ်ဆိုနိုင်ပါသည်။)
၃။ သြကာသ ကန်တော့ချိုး
~~~~~~~~~~~~~~~~~~
သြကာသ သြကာသ သြကာသ ကာယကံ ၀စီက မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း
အကျိုးငှာ ပထမ ဒုတိယ တတိယ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရား ရတနာ တရားရတနာ သံဃာရတနာ
ရတနာမြတ်သုံးပါးတို့ကို အရိုအသေ
အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော် မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။
ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရားလေးပါး၊
ဗျသနတရားငါးပါးတို့မှအခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍
မဂ်တရား ဖိုလ်တရား
နိဗ္ဗာန်တရားတော်မြတ်ကို ရပါလို၏
အရှင်ဘုရား။
မှတ်ချက် ။ ။ (ကန်တော့သူဆိုရန်) အကယ်၍
ဘုန်းကြီးထံမှာဆိုပါက ဘုန်းကြီးက ဆုပေးလျှင် ပေးသောဆုနှင့် ပြည့်စုံရပါလို၏ ဟုဆိုရပါမည်။
(ကန်တော့ခန်းရှင်းလင်းချက် ကြည့်ရန်)
၎။ သရဏဂုံနှင့် ငါးပါးသီလတောင်းပုံ ပါဠိ
~~~~~~~~~~~~~~~~~~~~~~~~~~~~~
အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံ ယာစာမိ၊
အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
ဒုတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ
ပဉ္စသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
တတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံ ယာစာမိ၊
အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
[အကယ်၍ ဘုန်းကြီးထံမှာဖြစ်ပါက ယမဟံ ၀ဒါမိ၊ တံ ၀ဒေထ (ငါဆိုသော စကားကို လိုက်ဆိုကြ) ဟု
ဘုန်းကြီးက ဆိုသောအခါ အာမ ဘန္တေ (မှန်ပါဘုရား) ဟု ကန်တော့သူကဆိုရမည်။]
“ဘုရားရှိခိုးပုံ”
•••••••••••••••
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
“သရဏဂုံ ဆောက်တည်ပုံပါဠိ”
••••••••••••••••••••••••••••••••••
ဗုဒ္ဓံသရဏံ ဂစ္ဆာမိ။ ဓမ္မံသရဏံ ဂစ္ဆာမိ။ သံဃံသရဏံ ဂစ္ဆာမိ။
ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆမိ။ ဒုတိယမ္ပိ ဓမ္မံသရဏံ ဂစ္ဆာမိ။ ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ။
တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ တတိယမ္ပိ ဓမ္မံသရဏံ ဂစ္ဆာမိ။
တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ။
[အကယ်၍ ဘုန်းကြီးထံမှာဖြစ်ပါက တိသရဏဂမနံ ပရိပုဏ္ဏံ
(သရဏဂုံ ဆောက်တည်ခြင်းကိစ္စပြည့်စုံပြီ) ဟု ဘုန်းကြီးက ဆိုသောအခါ အာမ ဘန္တေ (မှန်ပါဘုရား) ဟု ကန်တော့သူကဆိုရမည်။]
“ငါးပါးသီလ ခံယူဆောက်တည်ပုံ ပါဠိ”
•••••••••••••••••••••••••••••••••••••••••
ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
ကာမေသုမိစ္ဆာစာရာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
သုရာမေရယမဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
[အကယ်၍ ဘုန်းကြီးထံမှာဖြစ်ပါက
တိသရဏဂမနံ သဟ ပဉ္စသီလံ ဓမ္မံ သာဓုကံ ကတွာ အပ္ပမာဒေန သမ္ပာဒေထ ။
(သရဏဂုံ နှင့် ငါးပါးသီလကို ကောင်းကောင်းမွန်မွန်
မမေ့မလျော့ စောင့်ရှောက်လေ) ဟု ဘုန်းကြီးက ဆိုသောအခါ
အာမဘန္တေ (မှန်ပါဘုရား) ဟု ကန်တော့သူကဆိုရမည်။]
ငါးပါးသီလဆောက်တည်ပုံ ပါဠိ ပြီး၏။
(၅)။ ရှစ်ပါးသီလတောင်းပုံ ပါဠိ
~~~~~~~~~~~~~~~~~~~~~~
သြကာသ ကန်တော့ချိုး ဆိုရန်
သရဏဂုံနှင့် ရှစ်ပါးသီလတောင်းပုံ ပါဠိ
•••••••••••••••••••••••••••••••••••••••••••
အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ
ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
ဒုတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ
ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
တတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ
ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
နမောတဿ ဘုရားရှိခိုးပုံ ဆိုရန်
သရဏဂုံ ဆိုရန်
ရှစ်ပါးသီလခံယူဆောက်တည်ပုံပါဠိ
••••••••••••••••••••••••••••••••••••••••
ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
အဗြဟ္မစရိယာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
သုရာမေရယမဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
ဝိကာလဘောဇနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
နစ္စ ဂီတ ၀ါဒိတ ၀ိသူက ဒဿန မာလာ ဂန္ဓ ၀ိလေပန ဓာရဏ မဏ္ဍန ၀ိဘူသနဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
ဥစ္စာသယန မဟာသယနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
ရှစ်ပါးသီလ ဆောက်တည်ပုံ ပါဠိ ပြီး၏။
၆။ ကိုးပါးသီလတောင်းပုံ ပါဠိ
~~~~~~~~~~~~~~~~~~~~~
သြကာသ ကန်တော့ချိုး ဆိုရန်
သရဏဂုံနှင့် ကိုးပါးသီလတောင်းပုံ ပါဠိ
အဟံ ဘန္တေ တိသရဏေန သဟ န၀မသမန္နာဂတံ ဥပေါသထသီလံ
ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
ဒုတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ န၀မသမန္နာဂတံ ဥပေါသထသီလံ
ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
တတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ န၀မသမန္နာဂတံ ဥပေါသထသီလံ
ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
နမောတဿ ဘုရားရှိခိုးပုံ ဆိုရန်
သရဏဂုံ ဆိုရန်
ကိုးပါးသီလခံယူဆောက်တည်ပုံပါဠိ
••••••••••••••••••••••••••••••••••••••••
ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
အဗြဟ္မစရိယာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
သုရာမေရယမဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
ဝိကာလဘောဇနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
နစ္စ ဂီတ ၀ါဒိတ ၀ိသူက ဒဿန မာလာ ဂန္ဓ ၀ိလေပန ဓာရဏ
မဏ္ဍန ၀ိဘူသနဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
ဥစ္စာသယန မဟာသယနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
မေတ္တာသဟဂတေန စေတသာ သဗ္ဗပါဏ ဘူတေသု ဖရိတွာ ၀ိဟရာမိ။
ကိုးပါးသီလဆောက်တည်ပုံ ပါဠိ ပြီး၏။
၇။ အာဇီဝဋ္ဌမကသီလတောင်းပုံ
~~~~~~~~~~~~~~~~~~~~~~
သြကာသ ကန်တော့ချိုး ဆိုရန်
သရဏဂုံနှင့် အာဇီဝဋ္ဌမကသီလတောင်းပုံပါဠိ ••••••••••••••••••••••••••••••••••••••••••••••••••
အဟံ ဘန္တေ တိသရဏေန သဟ အာဇီဝဋ္ဌမကသီလံ ဓမ္မံ ယာစာမိ၊
အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
ဒုတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ အာဇီဝဋ္ဌမကသီလံ ဓမ္မံ ယာစာမိ၊
အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
တတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ အာဇီဝဋ္ဌမကသီလံ
ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
နမောတဿ ဘုရားရှိခိုးပုံ ဆိုရန်
သရဏဂုံ ဆိုရန်
အာဇီဝဋ္ဌမကသီလခံယူဆောက်တည်ပုံပါဠိ
•••••••••••••••••••••••••••••••••••••••••••••••
ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
အဗြဟ္မစရိယာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
ပိသုဏ၀ါစာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
ဖရုသ၀ါစာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
သမ္ဖပ္ပလာပါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
မိစ္ဆာဇီဝါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
အာဇီဝဋ္ဌမကသီလ ဆာက်တည်ပုံ ပါဠိ ပြီး၏။
၈။ ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~
အရဟတာဒိ န၀ဂုဏေဟိ - အရဟံအစရှိသော
ကိုးပါးသော ဂုဏ်တော်တို့နှင့်၊
သမန္နာဂတံ - ပြည့်စုံတော်မူသော၊
နာထံ - လူနတ်တို့၏ ကိုးကွယ်ရာဖြစ်တော်မူထသော၊
ဗုဒ္ဓံ - သက်တော်ထင်ရှားသဗ္ဗညု မြတ်စွာဘုရားကို
ဥဒ္ဒိဿ - ရည်မှတ်၍၊
ဝဏ္ဏ ဂန္ဓ ရသ သမ္ပန္နံ - အဆင်းအနံ့ အရသာနှင့်ပြည့်စုံသော -
ဣမံ ပိဏ္ဍပါတံ - ဤဆွမ်းတော်ကို၊
ဣမံ ဥဒကံ - ဤသောက်တော်ရေချမ်းကို၊
ဣမံ ပုပ္ဖံ - ဤပန်းကို၊
ဣမံ ပဒီပံ - ဤဆီမီးကို၊
အဟံ - ကျွန်ုပ်သည်၊ ဒေမိ ပူဇေမိ - ကပ်လှူပူဇော်ပါ၏ အရှင်ဘုရား၊
မေ - အကျွန်ုပ်၏၊ ဣဒံ ပုညံ-ဤကောင်းမှုသည်၊
အာသဝက္ခယာဝဟံ-အာသဝေါတရား လေးပါးတို့၏ ကုန်ရာကုန်ကြောင်းဖြစ်သော မဂ်ဖိုလ်နိဗ္ဗာန်ကို ရွက်ဆောင်သည်၊
ဟောတု-ဖြစ်ပါစေသတည်း။
[ ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီးတို့ကို တစ်မျိုးချင်း ကပ်လှူလိုပါက မလိုအပ်သည်များကို ချန်၍ ကပ်လှူပါ။ ]
၉။ မေတ္တာပို့ခြင်း
~~~~~~~~~~~~~~
ဘုရားရှိခိုးပြီးနောက် ပရိတ်ကြီး (၁၁) သုတ်မှ
လိုရာသုတ်ကိုဖြစ်စေ၊ အန္တရာယ်ကင်းပရိတ်ဂါထာကိုဖြစ်စေ၊
အခြားမိမိတို့ ကြိုက်နှစ်သက်ရာ ပရိတ်ဂါထာများကို ဖြစ်စေ
ရွတ်ပွား၍ ဘ၀အတွက် အရံအတား ပြုလုပ်ရပါမည်။
ပရိတ်တော်အရံအတားပြုပြီးနောက်
သတ္တ၀ါတို့အား မေတ္တာပို့သရမည်။
အရပ်မျက်နှာ အသီးသီးကို ဖြန့်ကြက်၍ ပို့သသော (ဒိသာဖရဏ) မေတ္တာပို့ကို ဖော်ပြပေးပါမည်။
တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အဘိဓဇမဟာရဋ္ဌဂုရု
ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသက
ပဋိသမ္ဘိဒါမဂ်ပါဠိတော်နှင့်အညီ
ရေးသားတော်မူသည့်မေတ္တာပို့ဖြစ်သည်။
အရပ်ဆယ်မျက်နှာ မေတ္တာဖြန့်ဝေခြင်း=
ဒိသာဖရဏ မေတ္တာဘာဝနာ ပွားနည်း။
•••••••••••••••••••••••••••••••••••••••
၁။ အရှေ့အရပ်၌ ရှိသော
အနန္တစင်္ကြဝဠာ အနန္တသတ္တဝါတို့ -
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်းငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်းငြိမ်း ကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ ။
၂။ အနောက်အရပ်၌ ရှိသော
အနန္တစင်္ကြာဝဠာအနန္တသတ္တဝါတို့ -
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်းငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်းငြိမ်း ကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ ။
၃။ မြောက်အရပ်၌ရှိသော
အနန္တစင်္ကြာဝဠာအနန္တသတ္တဝါတို့ -
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်းငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်းငြိမ်း ကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ ။
၎။ တောင်အရပ်၌ ရှိသော
အနန္တစင်္ကြာဝဠာ အနန္တ သတ္တဝါတို့ -
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်းငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်းငြိမ်း ကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ ။
၅။ အရှေ့တောင်ထောင့်အရပ်၌ ရှိသော
အနန္တစင်္ကြာဝဠာအနန္တသတ္တဝါတို့ -
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်းငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်းငြိမ်း ကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ ။
၆။ အနောက်မြောက်ထောင့်အရပ်၌ ရှိသော
အနန္တစင်္ကြာဝဠာအနန္တသတ္တဝါတို့ -
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်းငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်းငြိမ်း ကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ ။
၇။ အရှေ့မြောက် ထောင့် အရပ်၌ ရှိသော
အနန္တစင်္ကြာဝဠာအနန္တသတ္တဝါတို့ -
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်းငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်းငြိမ်း ကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ ။
၈။ အနောက်တောင်ထောင့် အရပ်၌ ရှိသော
အနန္တစင်္ကြာဝဠာအနန္တသတ္တဝါတို့ -
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်းငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်းငြိမ်း ကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
၉။ အောက်အရပ်၌ ရှိသော ထက်ဝန်းကျင်
အနန္တစင်္ကြာဝဠာ အပါယ်ဘုံသား အနန္တ သတ္တဝါ တို့ -
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်းငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်းငြိမ်း ကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
၁၀။ အထက်အရပ်၌ ရှိသော ထက်ဝန်းကျင်
အနန္တစကြာဝဠာ အနန္တ နတ်ဗြဟ္မာတို့  -
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်းငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်းငြိမ်း ကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
မေတ္တာဘာဝနာ (၁၁) မျိုး
••••••••••••••••••••••••••••
ဤမေတ္တာဘာဝနာ (၁၁) မျိုးကား မေတ္တသုတ်
ပရိတ်တော်လာ မေတ္တာပို့နည်းဖြစ်သည်။
တိပိဋကဓရ ဓမ္မာဘဏ္ဍာဂါရိက အဘိဓဇမဟာရဋ္ဌဂုရု
ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ ဆရာတော်က
ရွတ်ဆိုလွယ်စေရန် သံပေါက်ကဗျာဖြင့် ရေးဖွဲထားပါသည်။
“မေတ္တာသုတ်လာ မေတ္တာ ဘာဝနာပွားနည်း (၁၁)နည်း။”
••••••••••••••••••••••••••••••••••••••••••••••••••
၁။ လုံးစုံများစွာ၊ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပါဒ်ရန်ဘေး၊ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၂။ ကြောက်တတ်၊ မကြောက်တတ်၊ နှစ်ရပ်များစွာ
သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၃။ မြင်အပ်၊ မမြင်အပ်၊ နှစ်ရပ်များစွာ၊
သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၎။ ဝေးနေ၊ နီးနေ၊ နှစ်ထွေများစွာ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၅။ ဘ၀ဇာတ်ဆုံး၊ မဆုံးများစွာ၊ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၆။ ရှည် တို အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၇။ ကြီး ငယ် အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၈။ ဆူ ကြုံ အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၉။ လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။
၁၀။ အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။
၁၁။ ဆင်းရဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။
မေတ္တာပို့ပြီး၏။
၁၀။ ဆုတောင်းအမျှဝေ
~~~~~~~~~~~~~~~~~~~~~
မေတ္တာပို့ပြီးသောအခါ အာနာပါန (ထွက်သက် ၀င်သက် ရှုမှတ်မှု)
စသော သမထကျင့်စဉ် တစ်မျိုးမျိုးကိုဖြစ်စေ၊ ၀ိပဿနာကျင့်စဉ်ကိုဖြစ်စေ
ရှုမှတ်ရမည်။ လုပ်ငန်းအားလုံး ပြီးဆုံးပြီးနောက် ပြုလုပ်ပြီးသမျှ
ကုသိုလ်ကောင်းမှုနှင့် ပတ်သက်၍ ဖော်ပြလတ္တံ့ပါအတိုင်း
ဆုတောင်းပြီး အမျှဝေရမည် ဖြစ်သည်။
ဤသို့ပြုရ၊ မြတ်ပုညကြောင့်၊ ချမ်းမြအေးကြည် ဘေးမဲ့မည်သည်၊ ရွှေပြည်ထုတ်ချောက်၊ လမ်းမကောက်ဘဲ၊
ရောက်ရပါလို၊ တောင်းဆုဆို၏။ ထိုထိုဘ၀၊ ကျင်လည်ရလည်း၊
ဒုက္ခဘေးဒဏ်၊ ရန်မာန်အပေါင်း၊ မကောင်းဟူသမျှ၊ မတွေ့ရဘဲ၊
သဗ္ဗဣ စ္ဆာ၊ မင်္ဂလာကို၊ ရွယ်ကာ တ တိုင်းရစေသော်။
ယနေ့ယခု၊ ပြုပြုသမျှ၊ မြတ်ဘာဂကို၊ မိဘဆရာ၊ မျိုးသဟာနှင့်၊ ကိုယ်မှာစောင့်ကြပ်၊ ကိုယ်စောင့်နတ်က၊ အရင်းစ၍၊ ရှိသမျှလုံးစုံ၊ ဘုံသုံးဆယ့်တစ်၊ ဖြစ်ဖြစ်သမျှ၊ ဝေနေယျတို့၊ ရကြပါစေ၊ ပေးငှဝေသည်၊ များထွေသာဓုခေါ်စေသော်။
ဆုတောင်းအမျှဝေပြီး၏။
-【ဗုဒ္ဓဘာသာကောင်း တစ်ယောက် စာအုပ် - မှ ကောက်နှုတ်ပူဇော်မျှဝေပါသည်။ 】
••••••••••••••••••••••••••••••••••••••••••••••••••
မေတ္တာဖြင့် ဓမ္မစကူးလ်ဆုံရာ

ကြက်ကချင်ချက် ချက်နည်း

ကြက်ကချင်ချက် ချက်နည်း
----------------------------------
ကြက်ကချင်ချက် ဟင်းလျာက တကယ်ကို ထမင်းမြိန်တဲ့ ဟင်းတခွက်ပါ။ ၀တ်ရည် အကြိုက်ဆုံး ဟင်းလျာထဲက တမျိုးအပါဝင်ဖြစ်ပါတယ်။ ကြက်သားကို ချဉ်စော်ခါးသီးရည်၊ ဖက်ဖယ်ရွက်၊ နံနံပင်၊ ပင်စိမ်း၊ တို့ဖြင့် ရောချက်ကြပါတယ်။ ကြက်ကချင်ချက်မှာ မျှစ်ချဉ်ပါ ထည့်တာမို့ ချဉ်စပ် အရသာလေးနဲ့ အရမ်းစားလို့ ကောင်းပါတယ်။ ထမင်းမြိန်မြိန် စားချင်သူတွေ ဒီဟင်းလျာကို ချက်ဖို့ မမေ့ကြနဲ့နော်…
-------------------------------------------------

ပါဝင်ပစ္စည်များ
ကြက် ပေါင်၊ ရင်ဗုံ – ၂တွဲ(အတုံးသေးများ တုံးပါ)
မျှစ်ချဉ် – ၁ခု (အရှည်ပါးပါးလှီးပါ)
ကြက်သွန်ဖြူ – ၃မွှာ (ထောင်းထားပါ)
ဂျင်း – လက်တဆစ် (ထောင်းပြီ အရည်ညှစ်ပါ)
နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
ငရုတ်သီးမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
ငရုတ်သီးစိမ်း – ၃-၄ တောင့် (အစပ်ကြိုက်သူများ ၅တောင့်ထိ ထည့်နိုင်သည်)
နံနံပင် – ၁စည်း (နှုတ်နှုတ်စဉ်းပါ)
ပင်စိမ်း – စားပွဲတင်ဇွန်း ၁ဇွန်း (နှုတ်နှုတ်စဉ်း)
ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ကြက်သားမှုန့် – စားပွဲတင်ဇွန်း တ၀က်
ဆီ – စားပွဲတင်ဇွန်း ၄ဇွန်း
ချဉ်စော်ခါးသီးခြောက် – လက်တဆုပ်စာ (၁၀မိနစ်ခန့် ရေစိမ်ထားပါ)
ဖက်ဖယ်ရွက် – လက်တဆုပ်စာ
(ချဉ်စော်ခါးသီးခြောက်၊ ဖက်ဖယ်ရွက် သံဈေးတွင် ၀ယ်ယူနိုင်သည်)
-------------------------------------------------
ပြင်ဆင်နည်း
၁။ အရင်ဆုံး ကြက်သားတုံးများကို ကြက်သွန်ဖြူ၊ ဂျင်း၊ နနွင်းမှုန့်၊ ဆား(လက်ဖက်ရည်ဇွန်း တ၀က်)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း တ၀က်) တို့ဖြင့် သမအောင် ရောနုယ်ပြီ ၁၅မိနစ်ခန့် နုပ်ထားပေးပါ။
၂။ နံနံပင်၊ ပင်စိမ်း၊ ငရုတ်သီးစိမ်း၊ ဖက်ဖယ်ရွက် တို့ကို ဆုံထောင်းဖြင့် ညက်ညက်ထောင်းပေးပါ။
၃။ ချဉ်စော်ခါးသီး ခြောက်များကို ၁၀မိနစ်ခန့် ရေစိမ်ထားပေးပါ။
-------------------------------------------------
ချက်ပြုတ်နည်း
၁။ ဒယ်ထဲ ဆီထည့် ဆီပူလာလျှင် ငရုတ်သီးမှုန့် ထည့်ပြီ နုပ်ထားသော ကြက်သားများကို ထည့်ကာ ၁မိနစ်ခန့် ရောမွှေပေးပါ။
၂။ ပြီမှ ချဉ်စော်ခါးသီးစိမ်ထားတဲ့ အရည်(စားပွဲတင်ဇွန်း ၄ဇွန်း)၊ ရေ(၄ခွက်)၊ ပင်စိမ်း၊ ဖက်ဖယ်ရွက်၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ ဆား(လက်ဖက်ရည်ဇွန်း တ၀က်)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့်ကာ အဖုံးအုပ်ပြီ ကြက်သား ကျက်သည်အထိ တည်ထားပါ။
၃။ ကြက်သားကျက်ခါနီးတွင် မြေအိုးထဲ ပြောင်းထည့်ပါ။
၎။ မျှစ်ချဉ်ထည့်ကာ နောက်ထပ် ၃မိနစ်ခန့် တည်ပေးပါ။ ရေလိုလျှင် ရေထပ်ထည့်ပေးပါ။
၅။ ကြက်သား ပေါ်ရုံ ရေကျန်လျှင် အရသာ အနေတော် မြည်းကြည့်ပါ။ အပေါ့အငံ အနေတော်လျှင် အပေါ်မှ နံနံပင်၊ ဖက်ဖယ်ရွက်၊ ပင်စိမ်းအုပ်ပေးပြီ မီးပိတ်လိုက်ပါ။
၆။ အရသာရှိသော ကြက်ကချင်ချက်ကို ထမင်းပူပူလေးဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ…
-------------------------------------------------
Credit to Wutyee Food House
သင့်မိတ်ဆွေများကိုလည်း ပြန် SHARE ပေးဖို့ မမေ့နဲ့နော်။

အသက်(၃၀)မတိုင်ခင် ကျူးလွန်ထားသင့်သည့် အမှား(၁၇)ခု

အသက်(၃၀)မတိုင်ခင် ကျူးလွန်ထားသင့်သည့် အမှား(၁၇)ခု
ဖတ်ထားရုံနဲ့ အကျိုးရှိမှာပါ
✤✤✤============== ZawGyi==================✤✤✤
လူတိုင်းမှားတတ်ကြပါတယ်။ အမှားလုပ်မိတာကြောင့် စိတ်အားငယ်မှုတွေ၊ နာကျဉ်ဝမ်းနည်းမှုတွေ ကြုံတွေ့ရတယ်ဆိုပေမယ့် အမှားကနေတဆင့် ဆင်ခြင်လေ့လာသင်ယူခြင်းဖြင့် ပိုပြီးပြည့်စုံလာစေနိုင်ပါတယ်။ တချို့အမှားတွေက အတွေ့အကြုံကောင်းတွေ ရရှိစေပြီး သင်ခန်းစာယူတတ်ရင် အနာဂတ်အောင်မြင်မှုအတွက် အထောက်အကူဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အသက် (၃၀)မတိုင်ခင် ကြုံတွေ့ထားသင့်တဲ့ အမှား(၁၇)ခုကို ဖော်ပြပေးလိုက်ပါတယ်။
(၁) လူအများရှေ့စကားပြောမှားခြင်း
ယနေ့ခေတ်မှာ အတွေ့အကြုံရှိ ကျွမ်းကျင်ဟောပြောသူတွေတောင် စကားပြောမှားတတ်ကြပါတယ်။ ဒါကြောင့် လူအများရှေ့စကားပြောမှားမှာကို ကြောက်မနေပဲ ရဲရဲဝံ့ဝံ့နဲ့ပြောဖို့လိုအပ်ပါတယ်။ စကားပြောမှားသွားခဲ့လည်ူ ရှက်နေစရာမဟုတ်သလို နေညက်တစ်ကြိမိအကောင်းဆုံးဖြစ်ဖို့ ဆောင်ရန် ရှောင်ရန်တွေကို နားလည်သွားမှာဖြစ်ပါတယ်။
(၂) အဆင်မပြေနိုင်သူနှင့် ချိန်းတွေ့ကြည့်ပါ။
သမီးရည်းစားတွေဖြစ်ပြီးမှ အဆင်မပြေတဲ့အတွက် လမ်းခွဲရတဲ့ အမှားမျိုးကို ဆိုလိုပါတယ်။ ဒီလိုအမှားမျိုးကြုံဖူးမှသာ သင့် တစ်ဘ၀လုံးစာအတွက် အသင့်တော်ဆုံး လက်တွဲဖော်ကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။
(၃) စိတ်ပျက်စရာအလုပ်မှာ ၀င်လုပ်မိခြင်း
သင့်အလုပ်မှာ အထက်လူကြီးက စိတ်ပျက်စရာကောင်းပြီး လစာနည်းတယ်ဆိုရင်တောင်မှ ငါမှားပြီဆိုပြီး လက်လျော့ကာ အလုပ်မပြောင်းလိုက်ပါနဲ့ဦး။ စိတ်ပျက်စရာလုပ်ငန်းခွင်ထဲမှာ နေခဲ့ဖူးတဲ့ သင့်အတွက် အထက်လူကြီးနေရာရောက်လာတဲ့ အခါမှာ လက်အောက်ငယ်သားတွေကို ဘယ်လိုဆက်ဆံရမလဲဆိုတာ ကောင်းကောင်းသိလာပါလိမ့်မယ်။
(၄) သင့်ကိုသင် အရေးပါအရာရောက်ပြီဟု တွေးခြင်း
သင့်ကိုသင် ရာထူးတိုးတော့မယ်၊ အရေးကြီးစီမံကိန်းတစ်ခုကို ဦးဆောင်ရတော့မယ်လို့မျှော်လင့်ပြီး တကယ်ဖြစ်မလာတော့မှ မှားမှန်းသိရတာမျိုးကလည်း အနည်းဆုံးတစ်ကြိမ်လောက်တော့ဖြစ်ဖူးသင့်ပါတယ်။ ဒီလိုအမှားမျိုးကနေ ဘယ်အရာမှမသေချာဘူးဆိုတာနဲ့ အခွင့်အရေးတွေဟာ သင့်ဆီကိုအလိုလိုရောက်မလာဘူးဆိုတာတွေကို သင်ခန်းစာယူနိုင်မှာဖြစ်ပါတယ်။
(၅) အဆိုးဆုံးအခြေအနေများနှင့်ရင်ဆိုင်ရခြင်း
ကမ္ဘာကျော် ဟယ်ရီပေါ်တာဇာတ်လမ်းတွဲတွေကို ရေးသားခဲ့တဲ့ စာရေးဆရာမ J. K Rowling ဟာ အသက်(၃၀)ကျော်အရွယ်မှာ ကလေးတစ်ယောက်အမေဖြစ်ပြီး အလုပ်မရှိ၊ ၀င်ငွေမရှိနဲ့ လူမှုဖူလုံရေးအထောက်အပံ့ကို မှီခိုနေခဲ့ရဖူးသူဖြစ်ပါတယ်။ ဒီလို အနိမ့်ကျဆုံးအခြေအနေကို ရောက်ရှိခဲ့ခြင်းက သူမအတွက် ပထမဆုံးဟယ်ရီပေါ်တာစာအုပ်ကို အပြီးသတ်ရေးသားဖြစ်စေဖို့ တွန်းအားဖြစ်စေခဲ့ကြောင်း သူမအောင်မြင်ပြီးနောက်ပိုင်း ဟောပြောပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။ ဒါကြောင့်လုပ်မှားကိုင်မှားဖြစ်ပြီး ဘ၀ပျက်မတတ်အဆိုးဆုံးအခြေအနေထိရောက်ဖူးတာဟာလည်း သင့်ဘ၀အောင်မြင်ရေးအတွက် အတွေ့အကြုံကောင်းဖြစ်နိုင်ပါတယ်။
(၆) အလုပ်ထုတ်ခံရခြင်း
အကြောင်းတစ်ခုခုကြောင့် အလုပ်ထုတ်ခံရတာမျိုးကိုလည်း အသက် (၂၀)ကျော်အရွယ်မှာ ကြုံဖူးသင့်ပါတယ်။ အလုပ်မှ ထုတ်ပယ်ခံရတာဟာ ခါးသီးတဲ့ဘ၀အတွေ့အကြုံတစ်ခုဖြစ်ပေမယ့် သင့်ရဲ့စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်ဖို့လိုပြီဆိုတဲ့ အသိကိုစောစီးစွာ ရရှိစေနိုင်ပါတယ်။ သင့်ဝါသနာနဲ့မကိုက်ညီတဲ့ အလုပ်မျိုးဖြစ်ခဲ့မယ်ဆိုရင်လည်း အချိန်မှီပြင်ဆင်နိုင်မှာဖြစ်သလို ဘ၀ရှေ့ရေးအတွက် အစီအစဉ်ကောင်းတွေချမှတ်တတ်ဖို့နဲ့ ကိုယ့်ဘ၀ကိုတာဝန်ယူနိုင်ဖို့ တွန်းအားရရှိလာနိုင်ပါတယ်။
(၇) အလုပ်သုံးခု ပြောင်းခြင်း
အလုပ်အကိုင်မတည်မြဲခြင်းဟာ ကိုယ်ရေးအကျဉ်းမှာ ဖော်ပြလို့ကောင်းတဲ့အချက်မဟုတ်ပါဘူး။ ဒါပေမယ့် မတူညီတဲ့အလုပ် (၃)ခုလောက်လုပ်ကြည့်ပြီးမှာသာ သင့်ဝါသနာ သင့်ပင်ကိုယ်အရည်အချင်းနဲ့ကိုက်ညီတဲ့ အသက်မွေးဝမ်းကျောင်းအလုပ်တစ်ခုကို အကောင်းဆုံးရွေးချယ်နိုင်မှာဖြစ်ပါတယ်။
(၈) အကြောင်းရင်းတစ်ခုကြောင့် စိတ်မပါသည့်အလုပ်ကို လုပ်ခြင်း
ငွေကြေးကြောင့်ပဲဖြစ်ဖြစ်၊ အခြားရွေးချယ်စရာမရှိခဲ့လိုပဲဖြစ်ဖြစ် ၀ါသနာမပါတဲ့အလုပ်ကို လုပ်နေကြရတတ်ပါတယ်။ ဒီလိုအမှားမျိုး ငယ်ရွယ်စဉ်မှာ လုပ်ခဲ့ဖူးမယ်ဆိုရင် ဘ၀တစ်လျှောက်လုံးအတွက် အသင့်တော်ဆုံးအလုပ်အကိုင်တစ်ခုကို ရွေးခယ်နိုင်ဖို့သင်ခန်းစာယူပြီး ကြိုတင်ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။
(၉) စိတ်ထဲရှိသမျှ ပြောခြင်း
ပြောချင်ရာပြောပြီး တစ်ဖက်လူစိတ်ထိခိုက်သွားစေတဲ့ အမှားမျိုးကိုလည်း ငယ်ရွယ်စဉ်မှာလုပ်ခဲ့ဖူးသင့်ပါတယ်။ ဒီလိုအမှားမျိုးကနေ နောင်တစ်ချိန်မှာ တဖက်လူအတွက် ငဲ့ညှာစဉ်းစားပေးတတ်လာဖို့ သင်ခန်းစာယူနိုင်မှာဖြစ်သလို ပြောဆိုဆက်ဆံမှုစွမ်းရည် တိုးတက် လာစေဖို့ကိုလည်း အထောက်အကူဖြစ်စေပါတယ်။
(၁၀) အားမနာတမ်းအဆက်အသွယ်ဖြတ်ခြင်း
စကားဝိုင်းတစ်ခုကနေဖြစ်ဖြစ်၊ ဆွေးနွေးပွဲတစ်ခုကနေဖြစ်ဖြစ် မပြီးပြတ်သေးပဲထထွက်လာတာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ ဒီလိုလုပ်တာဟာ တစ်ဖက်လူကိုခံရခက်စေပြီး လူမှုဆက်ဆံရေးကိုထိခိုက်နိုင်ပါတယ်။ ဒါပေမယ့် ဒီအမှားမျိုးက သင့်ဘ၀တလျှောက် ခက်ခဲကျပ်တည်းတဲ့အခြေအနေကြုံတွေ့ရတဲ့အခါမျိုးမှာ ဘယ်သူ့ကိုမှအားမနာပဲ အမှန်ကန်ဆုံးရုန်းထွက်နိုင်ဖို့ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။
(၁၁) အလုပ်ကိုလျစ်လျူရှုပြီး အပေါင်းအသင်းများနှင့် အချိန်ဖြုန်းခြင်း
ဒါဟာလည်း ငယ်ရွယ်စဉ်မှာ ကျူးလွန်ထားသင့်တဲ့အမှားတစ်ခုပဲဖြစ်ပါတယ်။ အသက်အရွယ်ရလာချိန်မှာဆိုရင် တာဝန်တွေပိုများလာမှာ ဖြစ်တဲ့အတွက် အရေးကြီးတာဝန်ဝတ္တရားတွေမရှိသေးတဲ့ ငယ်စဉ်အချိန်မှာ မှားထားသင့်ပါတယ်။ ဘာကြောင့်လဲဆို လူငယ်တစ်ယောက် အတွက် အလုပ်ပြီးအောင်လုပ်ဖို့ အချိန်ရောနည်းလမ်းပါ ပြန်လည်ရှာဖွေလို့ရနိုင်ပေမယ့် သူငယ်ချင်းတွေနဲ့ ဆုံတွေ့ချိန်တွေက ပြန်ရဖို့ မသေချာ တာကြောင့် ဖြစ်ပါတယ်။
(၁၂) အစအနောက်လွန်ခြင်း
ဒီအမှားမျိုးက သိပ်ပြဿနာမရှိဘူးလို့ ထင်ရပေမယ့် လုပ်ငန်းခွင်မှာ အလွန်အကျွံစနောက်ခြင်းကြောင့် အလုပ်ပြုတ်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် စနောက်ခြင်းကြောင့် လူတစ်ကိုယ် စိတ်တစ်မျိုးရှိတာကို သဘောပေါက်ပြီး လူကိုလိုက်ပြီး ပေါင်းသင်း ဆက်ဆံတတ်လာမှာဖြစ်ပါတယ်။
(၁၃) လိုတာထက်ပိုပြီး အရေးစိုက်ခြင်း
လုပ်ငန်းခွင်မှာ ဒါမှမဟုတ် ချစ်မှုရေးရာကိစ္စတွေမှာ လိုတာထက်ပိုပြီး အစစအရာရာ သဲသဲလှုပ်ဖြစ်နေတာဟာ အမှားတစ်ခုလို့ လူအများစုက ယူဆကြပါတယ်။ ဒါပေမယ့် အရာရာကို အလေးထားလုပ်ဆောင်ခြင်းကြောင့် သင်အောင်မြင်ဖို့ ပိုမိုနီးစပ်သလို ကျရှုံးခဲ့ရင်လည်း အတွေ့အကြုံတွေ အများကြီးရမှာဖြစ်ပါတယ်။
(၁၄) တုံဏိဘာဝေနေခြင်း
ဘယ်သူဘာပြောပြော အကျိုးသင့်အကြောင်းသင့် ပြန်လည်မရှင်းပြပဲ ငြိမ်ခံနေတာလည်း စောစီးစွာကြုံတွေ့ထားသင့်တဲ့ အမှားဖြစ်ပါတယ်။ ဒီအမှားမျိုး လုပ်ဖူးမှသာ လုပ်သမျှသည်းခံပြီး အလိုရှိရာကို မတောင်းဆိုတတ်ရင် အခွင့်အရေးတွေနဲ့လွဲချော်သွားနိုင်တာကို သဘောပေါက်မှာ ဖြစ်ပါတယ်။ ဒီအချက်ကို စောစောသိလေ သင့်အတွက် ပိုအကျိုးရှိလေပဲဖြစ်ပါတယ်။
(၁၅) သင်ပြောသမျှအမှန်ဟုယူဆခြင်း
ဒီအမှားမျိုးကို ဘ၀တစ်လျှောက်လုံးထပ်ကာထပ်ကာ လုပ်တတ်ကြပါတယ်။ တစ်ကြိမ်လုပ်မိတိုင်း သင်အမြဲမမှန်နိုင်ဘူးဆိုတာ သိလာမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီအမှားမျိုးကို တတ်နိုင်သမျှစောစောလုပ်ထားဖူးတာ ကောင်းပါတယ်။
(၁၆) သင့်အမှားကို တစ်စုံတစ်ယောက်အားလွှဲချခြင်း
တစ်ခါတစ်ရံမှာ သင့်အမှားအတွက် အခြားတစ်စုံတစ်ယောက် ဒါမှမဟုတ် တစ်စုံတစ်ခုကို အပြစ်ပုံချတာမျိုးလုပ်တတ်ကြပါတယ်။ ဒီလို အပြစ်တင်တာဟာ အသုံးမ၀င်ဘူးဆိုတာကို လုပ်ဖူးသူတိုင်းသိကြပါတယ်။ ဒါကြောင့် ဒီအမှားမျိုးလုပ်ဖူးရင်တော့ တစ်ခုခုအဆင်မပြေတိုင်း လက်ညိုးထိုးအပြစ်တင်ဖို့ တရားခံရှာနေမယ့်အစား ဖြေရှင်းဖို့နည်းလမ်းရှာရှာတာ အကောင်းဆုံးဖြစ်တယ်ဆိုတာကို သိလာမှာပါ။
(၁၇) အမှားလုပ်မိမှာကို အစိုးရိမ်လွန်ခြင်း
အမှားလုပ်ဖို့ ကြောက်နေတာဟာလည်း အမှားတစ်ခုပဲဖြစ်ပါတယ်။ အမှားတွေကနေ သင်ခန်းစာယူတတ်မယ်ဆိုရင် အမှားတွေဟာ သင့်ဘ၀အောင်မြင်ရေးအတွက် လှေကားထစ်တွေပဲဖြစ်ပါတယ်။ ဒါကြောင့် ငယ်ရွယ်စဉ်အချိန်မှာ မှားယွင်းမှုတွေကို စိုးရိမ်ကြောက်ရွံ့မနေပဲ လုပ်စရာရှိတာတွေကို လုပ်ရမှာဖြစ်ပါတယ်။ အမှားများက တဆင့်သင်ခန်းစာယူပြီး အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ကြပါစေ။
Copy form Gentleman Magazine

ကင်ဆာရောဂါ ဖြစ်ပွားစေတဲ့ အစားအစာ (၁၀) မျိုး

ကျွန်ုပ်တို့ နေ့စဉ်စားနေကျ အစားအစာ အများစုဟာ ကင်ဆာရောဂါအန္တရာယ် ဖြစ်ပွားနိုင်ခြေ ရှိနေကြပါတယ်။ သင်ရော… အဲဒီအစားအစာတွေနဲ့ ပတ်သက်နေမိသလား။
တတ်နိုင်သလောက် ရှောင်သင့်တဲ့ ကျန်းမာရေးနဲ့ မသင့်တော်ဆုံး၊ ကင်ဆာရောဂါဖြစ်ပွားစေမှု အများဆုံး အစားအစာတွေကတော့
() စက်ရုံသန့်စင်ဂျုံမှုန့်
() တာရှည်ခံအောင် ဆေးထိုး/သွင်း ထိန်းသိမ်းထားတဲ့ GMOs အစားအစာများ
() ထုပ်ပိုးထားသော အစားအစာများ
() စည်သွတ်ဗူးထဲက အစားအစာများ
() ပေါက်ပေါက်စုတ်
() ကစီဓာတ်နည်းသော အစားအစာများ
() ဆိုဒါရည်
() မွေးမြူရေးခြံထွက် ဆော်လမွန်ငါးများ
() ဟိုက်ဒရိုဂျင်နှိုက်တက် ဆီများ
(၁၀) အာလူးချောင်းကြော် စတာတွေပဲ ဖြစ်ပါတယ်။